မကွေးသားလေး...သန်းကျော်မြင့်
သန်းကျော်မြင့်
Sunday, June 30, 2013
TIME မဂ္ဂဇင်းကို ဆန္ဒပြ Sunday, June 30, 2013 ဗုဒ္ဓဘာသာကို အကြမ်းဖက် ပုံဖော်ခဲ့သည့် TIME မဂ္ဂဇင်းကို ကန့်ကွက်သည့် အနေနှင့် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ရဟန်းရှင်လူ ၅၀၀ ထက်မနည်း ဆန္ဒပြခဲ့ကြသည်။ ဆရာတော် ဦးဝီရသူပုံကို မျက်နှာဖုံးတွင် ဖော်ြ
...
ပကာ ‘The Face of Buddhist Terror’ ဆောင်းပါးကို ဖော်ပြခဲ့သည့် TIME မဂ္ဂဇင်းဖော်ပြချက်ကို ဗုဒ္ဓဘာသာ သာသနာကို ထိခိုက်စေနိုင်သဖြင့် ယင်းသို့ ကန့်ကွက်ခြင်းဖြစ်သည်။ ဆန္ဒဖော်ထုတ်ရာတွင် အမျိုးဘာသာ၊ သာသနာကို ကာကွယ်ရေး၊ (ဒို့အရေး) စောင့်ရှောက်ရေး (ဒို့အရေး) ဗုဒ္ဓဘာသာ အရှည်တည်တံ့ရေး (ဒို့အရေး) ဗုဒ္ဓ တရားတော်နှင့် အညီ ငြိမ်းချမ်းစွာနေထိုင်ရေး(ဒို့အရေး) အမျိုးသားရေး ကာကွယ်မှုကို ဆန့်ကျင်သည့် လူ့အခွင့်အရေး ချိုးဖောက်သူ များကို တိုက်ဖျက်ရေး (ဒို့အရေး) တိုင်းမ် မဂ္ဂဇင်းကို ဆန့်ကျင်ရေး (ဒို့အရေး) စသည့် အချက်များကို ကြွေးကြော်ခဲ့ကြသည်။ TIME မဂ္ဂဇင်းကို ကန့်ကွက်ကြောင်း ထုတ်ဖော်ခဲ့သည့် နိုင်ငံတော် သမ္မကြီးကို ထောက်ခံကြောင်း၊ အမျိုးဘာသာ သာသနာကို စောင့်ရှောက်ရေး ကြိုးပမ်းနေသည့် ဆရာတော် ဦးဝီရသူ ထောက်ခံကာ ဆုတောင်း မေတ္တာ ပို့ခဲ့ကြသည်။ ဆန္ဒပြပွဲကို မွန်းလွဲ တစ်နာရမှာ စတင်ခဲ့ပြီး ၃နာရီတွင် ပြီးဆုံးခဲ့သည်။ Zin Yaw....
Myanmar Online News
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment