Saturday, June 15, 2013

ပီနန်းမြို့၏ အခြေအနေ တည်ငြိမ်နေသော်လည်း သိန်းချီရှိနေသော တရားမ၀င် မြန်မာအလုပ်သမား အများစု အောက်လမ်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ပြန်ရန် ဆန္ဒရှိနေ

AddThis Social Bookmark Button
myanmarworkerinmalaysia-june16
မလေးရှားနိုင်ငံ ပီနန်းမြို့ တစ်နေရာအား ဇွန် ၁၅ ရက် နေ့လယ်ပိုင်းက တွေ့ရစဉ်
မလေးရှားနိုင်ငံ ပီနန်းမြို့၏ အခြေအနေမှာ တည်ငြိမ်မှု ရှိနေပြီး အကြမ်းဖက်ခံရမှုများ မရှိသော်လည်း ပီနန်းမြို့တွင် သိန်းချီရှိနေသော တရားမ၀င် မြန်မာအလုပ်သမား အများစုမှ အောက်လမ်းမှတစ်ဆင့် မြန်မာနိုင်ငံပြန်ရန် စိတ်အားထက်သန်နေကြောင်း မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော The Daily Eleven ၏ အကြီးတန်း သတင်းထောက်က သတင်းပေးပို့သည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အနီးရှိ ဆလာရန်း အပါအ၀င် နေရာအချို့တွင် မြန်မာအလုပ်သမားများ အကြမ်းဖက် ခံခဲ့ရပြီး သေဆုံး၊ ဒဏ်ရာရရှိမှုများ ရှိခဲ့သည်ကို အကြောင်းပြု၍ ပီနန်းမြို့မှ တရားမ၀င် မြန်မာအလုပ်သမားများလည်း ပြည်aတ်ာပြန်ရန် စိတ်အားထက်သန်နေခြင်း ဖြစ်ပါသည်။
သို့သော် ပီနန်းမြို့တွင် ရှိနေသော မြန်မာအလုပ်သမားများကို ကူညီရန် ဖွဲ့စည်းထားသော ပီနန်း နာရေးကူညီမှုအသင်း အပါအ၀င် မွတ်စလင် လူမှုကူညီရေး အဖွဲ့အစည်းများတို့ ပူးပေါင်းပြီး ပီနန်းမြို့တွင် ကွာလာလမ်ပူမြို့၌ ဖြစ်ပေါ်ခဲ့သော ဖြစ်ရပ်မျိုး မဖြစ်ပွားစေရန် လုပ်ဆောင်နေသဖြင့် ပီနန်းမြို့၏ အခြေအနေမှာ တည်ငြိမ်နေကြောင်း သိရသည်။
"ပီနန်းမြို့မှာ အေးအေးဆေးဆေးပါပဲ။ ဘာမှမဖြစ်ပါဘူး။ ဒီမှာရှိနေတဲ့ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံ သားတွေရော၊ အစ္စလာမ် ဘာသာဝင် မြန်မာနိုင်ငံသားတွေရော ဘာမှမဖြစ်အောင် ပူးပေါင်းဆောင်ရွက် နေပါတယ်" ဟု ပီနန်းမြို့ နာရေးကူညီမှုအသင်းမှ ဦးဘိုမြက ဇွန် ၁၅ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။
"မိဘတွေ စိတ်ပူလို့ ပြန်ခေါ်နေကြတာရယ်၊ ဆလာရန်းမှာ ဖြစ်တဲ့ကိစ္စကို စိုးရိမ်တာရယ်ကြောင့် ပြန်ချင်တဲ့လူတွေကတော့ တော်တော်များများ ရှိနေပါတယ်" ဟု ဦးဘိုမြက ဆိုသည်။
ပီနန်းမြို့ကို ရောက်ရှိနေသော တရားမ၀င် မြန်မာအလုပ်သမား အများစုမှာ မြန်မာနိုင်ငံမှတစ်ဆင့် ဘုရားသုံးဆူ၊ မြ၀တီ-မဲဆောက်၊ ကော့သောင်း အစရှိသော မြို့များမှ ထိုင်းနိုင်ငံသို့ တရားမ၀င် ဖြတ်သန်းကာ မလေးရှားနိုင်ငံသို့ ရောက်ရှိနေကြသူများ ဖြစ်ကြသည်။ အများစုမှာ တရားမ၀င် လုပ်သားများ ဖြစ်နေပြီး မြန်မာနိုင်ငံသို့ ပြန်ရန်အတွက် မြန်မာသံရုံးသို့ သွားရောက်ပြီး မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထား (CI) နှင့် မလေးရှား အစိုးရ၏ ဌာနပြန်ခွင့် ခွင့်ပြုချက်ကို လျှောက်ထားခွင့် ရှိသော်လည်း ကွာလာလမ်ပူမြို့သို့ မသွားရဲကြဘဲ အောက်လမ်းမှတစ်ဆင့် ပြည်တော်ပြန်ရန် စိတ်အားထက်သန်နေခြင်း ဖြစ်သည်။
"ဒီမှာ ဘာမှမဖြစ်တဲ့အတွက် မပြန်ချင်ဘူး။ ဒါပေမဲ့ မိဘတွေက အတင်းပြန်လာခိုင်းတော့ ပြန်ရမယ့် အခြေအနေ ရှိတယ်။ အောက်လမ်းက လာတဲ့အတွက် အောက်လမ်းကပဲ ပြန်မယ်။ မြန်မာငွေ နှစ်သိန်းလောက်ပဲ ကုန်မယ်။ မြန်မာသံရုံးသွားပြီး CI လျှောက်၊ မလေးလ၀ကမှာ လက်ဗွေနှိပ်ပြီး အပေါ်လမ်းက ပြန်လို့ရပေမယ့် ပီနန်းမြို့ကနေ ကွာလာလမ်ပူ သွားတဲ့လမ်းမှာ ရဲဖမ်းတာ ခံရမလား။ အလု ခံရမလား။ အလိမ်ခံရမလားဆိုတာ ဘယ်သူမှ အာမခံချက် မပေးနိုင်ဘူး" ဟု ပီနန်းမြို့၌ တံငါလုပ်ငန်း လုပ်ကိုင်နေသူ ကိုaအာင်ခန့်က ပြောကြားပါသည်။
ပီနန်းမြို့တွင် လုပ်ကိုင်နေသော တရားမ၀င် မြန်မာအလုပ်သမားများသည် တံငါလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းနှင့် အထည်ချုပ် လုပ်ငန်းများကို အများဆုံး လုပ်ကိုင်နေပြီး စုစုပေါင်း နှစ်သိန်းဝန်းကျင်ခန့် ရှိနေကြောင်း သိရသည်။
ဆလာရန်း အကြမ်းဖက်မှု ဖြစ်ခဲ့ပြီးaနာက်ပိုင်း ထိုကဲ့သို့ အကြမ်းဖက်မှု ဖြစ်နိုင်ခြေရှိသော မြို့များထဲတွင် ပီနန်းမြို့လည်း စိုးရိမ်စရာကောင်းသော မြို့အဖြစ် မလေးရှားရှိ လူမှုကူညီရေး အဖွဲ့များက စောင့်ကြည့်နေပါသည်။
လက်ရှိအချိန်အထိ ပီနန်းမြို့တွင် မည်သည့်အကြမ်းဖက်မှုမျှ ပေါ်ပေါက်ခြင်း မရှိသေးဘဲ ပီနန်းမြို့ အနီးတွင် အကြမ်းဖက်မှု ဖြစ်နိုင်ခြေရှိသော နာဂါဆာရီဒေသတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်မလာစေရန်အတွက် မြန်မာအလုပ်သမားများ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ကိုလည်း ယခုရက်ပိုင်းအတွင်း ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။
eleven.....

No comments: