မလေးရှားနိုင်ငံသို့ အလုပ်သမား စေလွှတ်မှုကို ဇွန် ၁၃ ရက်မှ စတင်ကာ
ကာလအကန့်အသတ်မရှိ ရပ်ဆိုင်းထားကြောင်း အလုပ်သမား အလုပ်အကိုင်နှင့်
လူမှုဖူလုံရေး ၀န်ကြီးဌာနမှ သိရသည်။
မလေးရှားနိုင်ငံတွင် လတ်တလော ဖြစ်ပေါ်နေသည့် မြန်မာအလုပ်သမားများ
အကြမ်းဖက် ခံနေရမှုကြောင့် ယခုကဲ့သို့ အလုပ်သမား စေလွှတ်မှု
ရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး အေဂျင်စီ များကိုလည်း အလုပ်သမား
ဆက်လက်ပို့ဆောင်ခြင်း မရှိစေရန် ပြည်ပအလုပ်အကိုင်
အေဂျင်စီအဖွဲ့ချုပ်မှတစ်ဆင့် ညွှန်ကြားထားကြောင်း သိရသည်။
''လတ်တလော မလေးရှားမှာ ဖြစ်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ရပ်ဆိုင်းလိုက်တာပါ။
ဟိုမှာကတော့ အခြေအနေ တည်ငြိမ်နေပြီလို့ သိရတယ်။ ဖြစ်နေတဲ့ အခြေအနေအပေါ်မှာ
ခဏစောင့်ကြည့်တဲ့ သဘောပါ။ ဘယ်အချိန်အထိ ဆိုတာတော့ ပြောလို့မရသေးပါဘူး။
ဒီနေ့မှ ကိုယ်စားလှယ် အဖွဲ့က ပြန်ရောက်မှာဆိုတော့ သူတို့နဲ့
တိုင်ပင်ရဦးမှာပါ'' ဟု အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး
ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အိမွန်စိုးက ဆိုသည်။
''မလေးရှားမှာ အလုပ်သွားလုပ်ဖို့ လေယာဉ်လက်မှတ် ပြင်ဆင်နေတဲ့
သူတွေကိုလည်း နောက်ဆုတ်ခိုင်းထားတယ်'' ဟု ယင်းက ဆက်လက်ပြောကြားခဲ့သည်။
လက်ရှိတွင် မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် Smart Card
လျှောက်ထားသည့် အလုပ်သမား ၅၀၀ ကျော်ရှိကြောင်း အလုပ်သမား အလုပ်အကိုင်နှင့်
လူမှုဖူလုံရေး ၀န်ကြီးဌာနမှ သိရသည်။
eleven....
No comments:
Post a Comment