Monday, June 17, 2013

မကွေးဖွံ့ဖြိုးရေးဖောင်ဒေးရှင်းဖွံ့ဖြိုးရေးအဖွှဲ့ “စေတနာဖြိုး” လူနာတင်ယာဉ် လှူဒါန်း

မကွေး၊ဇွန်လ၁၇
မကွေးဖွံ့ဖြိုးရေးဖောင်ဒေးရှင်းဖွံ့ဖြိုးရေးအဖွဲ့မှလှူဒါန်းသည့် “စေတနာဖြိုး” လူနာတင်ယာဉ်ပေးအပ်ပွဲနှင့် အလှူငွေပေးလှူခြင်းကို
ယနေ့နံနက်(၉)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အစည်းဝေးခမ်းမတွင်ကျင်းခဲ့ကြောင်းသတင်းရရှိသည်။

ပေးအပ်လှူဒါန်းသောလူနာတင်ယာဉ်မှာ ဘောက်ဆော
အမျိုး အ စားဖြစ်ပြီး၊ဟိုက်ဟရောလစ်ဖြင့် လူနာမတင်နိုင်ခြင်း၊အရေးပေါ်ချွဲစုပ်စက်များပါရှိခြင်း
၏၊ အောက်ဆီဂျင် အိုး(၂) အိုးဖြင့် ပွိုင့်(၂)ခုတို့တပ်ဆင်ထား၍ အသေးစားကျန်းမာရေးသုံးဆေးဝါးပစ္စည်းများ ပါရှိပြီး
တန်ဘိုးကျပ်သိန်း(၃၇၅)သိန်းဖြစ်သည်ဟုသိရသည်။
မကွေးတိုင်းဒေသကြီး ၀န်ကြီး ချုပ်ဦးဘုန်းမော်ရွှေက ယခုလိုလူနာတင်ယာဉ်(၂)စီးမှာယူခဲ့ပါကြောင်း
တစ်စီးကိုမကွေးတိုင်းဆေးရုံကြီးသို့လှူဒါန်းခဲ့ပါကြောင်း၊
အစပထမတွင် ပခုက္ကူသို့ပို့ဆောင်မည်ဟုရည်မှန်းထား သော် လည်း၊ မကွေး၊မင်းဘူး၊ရေနံချောင်း၊တောင်တွင်းအစရှိသဖြင့်
ဒေသများပါမှီခိုနိုင်သောကြောင့်၊မကွေးပြည်ခိုင်ဖြိုး တွင်ထားရန်ဆုံးဖြတ်လှူဒါန်းခြင်းဖြစ်သည်ဟုဆိုပါသည်။ “ အခြားလူမှုရေးအဖွဲ့အစည်းတွေအနေနဲ့
ကူညီလုပ်ကိုင်ဆောင်ရွက်ပေးတာရှိနေပေမဲ့၊မကွေး
မြို့ ပေါ်မှာနေထိုင်မှုလူဦးရေတိုးပွားလာတာနဲ့အမျှ ကျန်းမာရေးကူညီစောင့်ရှောက်မှုလိုအပ်ချက်ရှိ လာနိုင် တဲ့အတွက်၊
ကျနော်တို့ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းအနေနဲ့အဖွဲ့တစ်ဖွဲ့ဖွဲ့ပြီး၊ပြည်သူ့
ကျန်းမာ ရေးစောင့်ရှောက် မှုကို ရည်ရွယ်လုပ်ဆောင်ခဲ့တာပါ။
ကျနော်တို့အသင်းအနေနဲ့ယခုရက်ပိုင်းအတွင်းမှာပဲ
နိုင်ငံတကာက၀င် ရောက် လာမဲ့အလုပ်အကိုင်အခွင့်အလန်းတွေမှာ
လူငယ်တွေအဆင်ပြေချောမွေ့စွာဝင်ရောက်လုပ်ကိုင်နိုင်ဘို့ အင်္ဂလိပ်စကားပြောသင်တန်းကိုသင်တန်းသား(၁၂၀)လောက်နဲ့
ဖွင့်ပေးနိုင်ခဲ့ပါတယ်၊ပါတီဝင်မှမဟုတ်ဘဲ၊တခြား ပါတီဝင်သားသမီးများကိုပါတက်ရောက်သင်ကြားလိုသူတိုင်း၊
သင်ကြားပေးခဲ့တာပါ၊ဒါတွေအားလုံး ဟာ ပြည် သူအကျိုးပြုလုပ်ငန်းအနေနဲ့လုပ်ကိုင်ဆောင်ရွက်တာဖြစ်ပါတယ်”
ဟုပြည်ခိုင်ဖြိုးပါတီမကွေးခရိုင် အတွင်းရေးမှူး ဦးဆန်းညွန့်အောင်မှရှင်းပြောကြားခဲ့သည်။
ပြည်သူကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ရေးပေါ်
လူနာတင်ယာဉ်အသုံးပြုခနှုံးထား များကို အသက် သာဆုံးဖြစ်အောင်စီမံဆောင်ရွက်ထားရှိပြီး၊လိုအပ်ချက်ရှိသူများအနေဖြင့် လူကိုယ်တိုင်လာရောက် ရန်မလိုအပ်ဘဲ 0947200779သို့ဖုန်းများဖြင့်ဆက်သွယ်ခေါ်ယူနိုင်ပါကြောင်းသတင်းရရှိသည်။
ဦးမင်း


No comments: