ရန်ကုန်၊ ဇွန် ၁၈
အကြမ်းဖက်မှုများ စတင်ဖြစ်ပွားခဲ့သည့် မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ
ဆာလာယန်းဈေးသည် လုံခြုံမှု မရှိသေးသဖြင့် မြန်မာနိုင်ငံသားများ
မသွားသင့်သည့် နေရာအဖြစ် ယာယီ သတ်မှတ်ပေးရန် အလုပ်သမား အလုပ်အကိုင်နှင့်
လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က နိုင်ငံခြားရေး ဝန်ကြီးဌာနကို တောင်းဆိုသည်။
မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကတစ်ဆင့် ယင်းကိစ္စကို လုပ်ဆောင် ရန်
နိုင်ငံခြားရေး ဝန်ကြီးဌာနကို ဦးမောင်မြင့်က ဇွန်လ ၁၇ ရက်နေ့ က
နေပြည်တော်တွင် ပြုလုပ်သည့် ပြည်ပတွင် အလုပ် လုပ်ကိုင်မှု ကြီးကြပ်ရေး
ကော်မတီ အစည်းအဝေးတွင် တောင်းဆိုလိုက်ခြင်းဖြစ်သည်။
မလေးရှားနိုင်ငံတွင် လွန်ခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် မြန်မာများ
အကြမ်းဖက်ခံရမှု ဖြစ်စဉ်များမှာ ဆာလာယန်းဈေးမှ စတင်ခဲ့ခြင်းဖြစ်ပြီး
ယင်းဈေးအနီးတွင် နေထိုင်သည့် မြန်မာ အများစုမှာလည်း တရားမဝင်
နေထိုင်သူများဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ကွာလာလမ်ပူ မြို့တော်၏
အဓိက အားထားရသည့် ဟင်းသီးဟင်းရွက်၊ သားငါး ရောင်းချသည့် ဈေးကြီးဖြစ်သည့်
ဆာလာယန်းဈေးသည် မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ လူသတ်မှု အပါအဝင်
ဒုစရိုက်ပေါင်းစုံ ဖြစ်ပွား သည့် နေရာလည်း ဖြစ်ကြောင်း၊ ဒုစရိုက်မှုများကို
မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့ များ မကိုင်တွယ်နိုင်သည့် နေရာမျိုးဖြစ်ကြောင်း
မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ် ဦးတင်လတ်က ပြောဆိုထားသည်။
ဆာလာယန်ဈေး အနီးတွင် မလေးရှား ရဲတပ်ဖွဲ့က လုံခြုံရေး ယူထားပြီး
မြန်မာများအတွက် အရေးပေါ် ဆက်သွယ် အကူအညီ တောင်းနိုင်သည့် မလေးရှား တော်ဝင်
ရဲတပ်ဖွဲ့ ဖုန်းနံပတ်များကို ပါ တရားဝင် ထုတ်ပြန်ထားကြောင်း
မလေးရှားနိုင်ငံသို့ သွားရောက်ခဲ့သည့် အထူး ကိုယ်စားလှယ်အဖွဲ့မှ အလုပ်သမား
အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက
ပြောကြားသည်။
မလေးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် မြန်မာ ငါးဦး သေဆုံးကြောင်း မြန်မာအစိုးရက တရားဝင် ထုတ်ပြန်ထားသည်။
ဖေ့ဘွတ်...
No comments:
Post a Comment