Sunday, June 16, 2013

ဆင်းကတ်များကို ပြည်နယ်နှင့်တိုင်း ငါးခုတွင် ပိုရောင်းချပေးမည်

ရန်ကုန် (မဇ္ဈိမ)။   ။ ဇွန်လ၂၀ ရက်တွင် စတင်ရောင်းချပေးမည့် တန်ဖိုးနည်း မိုဘိုင်းဖုန်း ဆင်းကတ်များကို စက်ပစ္စည်းများနှင့် BTS စခန်းအသစ်များ တိုးချဲ့ တပ်ဆင်ထားပြီးသည့် ပြည်နယ်နှင့်တိုင်း ငါးခုတွင် ပိုမိုရောင်းချပေးမည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှတဆင့် သိရသည်။

“စက်ပစ္စည်းနဲ့ BTS စခန်းအသစ်တွေ တိုးချဲ့တပ်ဆင်ထားပြီးဖြစ်တဲ့ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (အရှေ့ပိုင်းနဲ့ တောင်ပိုင်း) တို့မှာ မိုဘိုင်းဖုန်းတွေကို အရင်လကထက် ပိုပြီး ရောင်းချပေးသွားမှာပါ” ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

နေပြည်တော်၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ဧရာဝတီတိုင်းတို့တွင် ဖုန်းလိုင်းကြပ်၍ ဆက်သွယ်ရေး အဆင်မပြေမှုများ မဖြစ်စေရန် ဆင်းကတ်အရေအတွက် လျှော့ရောင်းသွားမည်ဟု ဆိုသည်။

“ချင်းပြည်နယ် ဟားခါးနဲ့ ဖလမ်းဒေသတွေအတွက် မိုဘိုင်းစက်ပစ္စည်းတွေ တပ်ဆင်ပြီးစီးမယ့် ဇူလိုင် ၁၅ ရက်က စတင်ပြီး CDMA800 MHz  မိုဘိုင်းဖုန်း ဆင်းကက်တွေကို ၁,၅၀၀ ကျပ်နဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

တန်ဖိုးနည်း ဆင်းကတ်များကို ပြည်နယ်နှင့်တိုင်း အစိုးရအဖွဲ့များ၏ အစီိအစဉ်ဖြင့် လစဉ် ၃၅၀,၀၀၀ ကတ်စီကို ဧပြီနှင့် မေလတို့တွင် ရောင်းချပေးခဲ့ပြီး ဖြစ်သည်။

“တယ်လီဖုန်းတွေ ချပေးပြီးတဲ့ နောက်ပိုင်း ရန်ကုန်မှာလည်း ဖုန်းတွေ ဆက်သွယ်ပြောဆိုရတာ အဆင်မပြေတော့ စိတ်ညစ်ဖို့ အလုပ်ပေးထားသလို ခံစားရတယ်။ လူတန်းစားစုံ၊ အလွှာစုံ ဖုန်းကိုင်နိုင်တဲ့ အနေအထားတွေက မုဒိတာ ပွားစရာပါ” ဟု ကုမ္ပဏီဝန်ထမ်း မမေစုလှိုင် က ပြောဆိုသည်။
ဖေ့ဘွတ်.....

No comments: