၁၅.၆.၂၀၁၃ ရက်နေ့ ၀၆၃၀ အချိန် ဒဂုံဆိပ်ကမ်း မြို့နယ်၊ (၆၀)ရပ်ကွက်၊
ရတနာလမ်းတွင် လိုင်းကားမှ ရပ်ထားသော နောက်တွဲယာဉ်အား တိုက်မိ၍ လိုင်းကား
ယာဉ်မောင်းသေဆုံး၊ ခရီးသည်များ ဒဏ်ရာရ ရှိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး
ရဲတပ်ဖွဲ့ မှ သတင်း ထုတ်ပြန်ထားပါသည်။
သာကေတ မြို့နယ်ဘက်မှ
မောင်းနှင်လာသော ၆က/၆၆၈၂ ၊ (၈၉)လိုင်း ၊ ခရီးသည်တင် ဒိုင်နာယာဉ်သည်
ဆရာမအိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှေ့အရောက်တွင်လမ်းဘေး၌ ရပ်ထားသော
၅ခ/---- နီဆန်း နောက်တွဲယာဉ်အား နောက်မှ ၀င်ရောက်တိုက်မိခဲ့ ခြင်း
ဖြစ်ပါသည်။
ယာဉ်တိုက်မှုကြောင့် လိုင်းကား ယာဉ်မောင်းဖြစ်သူ
မြင့်သိန်းဦး၊ ၄၂နှစ်၊ (ဘ)ဦးသန်းဌေး၊ သာကေတမြို့နယ်နေသူမှာ
ယာလက်မောင်းပြတ်၊ ၀မ်းဗိုက်ပေါက်ပြဲ၊ ဦးခေါင်းကွဲဒဏ်ရာများဖြင့်
အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ ပါသည်။
ယာဉ်ပေါ်ပါခရီးသည်များမှ
ဒဂုံဆိပ်ကမ်း မြို့နယ်နေသူများ ဖြစ်သည့် မမာမာဝေ၊ ၃၁နှစ်တွင်
ဝဲခြေဖမိုးပေါက်ပြဲ၊ ယာလက်မောင်း နာကျင်ဒဏ်ရာနှင့် အောင်ဇော်ဌေး၊
၃၀နှစ်တွင် နဖူးပွန်းပဲ့၊ ခါးနာကျင်ဒဏ်ရာများ ရရှိခဲ့သဖြင့် သင်္ကန်းကျွန်း
စံပြဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့ရသောကြောင့် လိုင်းကားယာဉ်မောင်း
မြင့်သိန်းဦး (သေဆုံး)အား ဒဂုံဆိပ်ကမ်းမြို့မရဲစခန်း ယာဉ်(ပ)၁၆/၂၀၁၃၊
ပုဒ်မ ၃၀၄-က ဖြင့်အမှုဖွင့်အရေးယူ ထားရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး
ရဲတပ်ဖွဲ့ သတင်း ထုတ်ပြန်ချက် အရသိရပါသည်။
သစ်ထူးလွင်
No comments:
Post a Comment