“ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ကမ်ပွန်း(Kampung) ရှိ
မြန်မာဘုန်းတော်ကြီးကျောင်းအနီးတွင်နေထိုင်သော
မြန်မာနိုင်ငံသားများအား အကြမ်းဖက်ရိုက်နှက်သက်ဖြတ်ခံရမှု
အား ကူညီစောင့်ရှောက်ပေးပါရန် မြန်မာအစိုးရနှင့် မလေးရှား
အစိုးရသို့ မေတ္တာရပ်ခံပန်ကြားချက် ”
၂၀၁၃၊ ဇွန်၊ ၁ရက်။ ( နေ့လယ် ၄း၀၀ နာရီ )
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့အနီး ကမ်ပွန်း( KamPung )ရှိ
ခုနှစ်ရက်သားသမီးနာရေးကူညီမှုအသင်းရှိရာ မြန်မာဘုန်းတော်ကြီး
ကျောင်းအတွင်းတွင် မြန်မာဒုက္ခသည် (၅၀)ခန့်ရောက်ရှိနေသည်ဟု
သိရှိရသည်။
မလေးရှားနိုင်ငံတွင်ရောက်ရှိနေသော ဘင်္ဂလားဒေ့ရှ်မှ
ဘင်္ဂါလီများသည် လာရှိုးတွင် ဖြစ်ပွားသည့် ဖြစ်ရပ်ကို မကျေနပ်ဟု
ဆိုကာ ဘုန်းကြီးကျောင်းအနီးရှိ မြန်မာမိသားစုများအား ယနေနံနက်
စောစောပိုင်းတွင် ၀င်ရောက်အကြမ်းဖက်ရိုက်နှက်မှုဖြစ်ပွားခဲ့သည်။
မြန်မာ ၂-ယောက်သေဆုံး၊ အခြား ၄-ယောက် ဆေးရုံတွင်အရေးပေါ်
တင်ထားရပြီး၊ အကြမ်းဖက်ရိုက်နှက်ခံရမှုများအတွက် မြန်မာသံရုံးသို့
အကြိမ်ကြိမ်ဆက်သွယ်အကူညီတောင်းခဲ့သော်လည်း မည်သို့မျှ
အကြောင်းပြန်ကြားခြင်းမရှိသေးဟု သိရသည်။
ယခုအခြေအနေသည် ဘုန်းကြီးကျောင်းအတွင်းနှင့် ပတ်ဝန်းကျင်ရှိ မြန်မာနိုင်ငံသားများ၏ အသက်အန္တရာယ်မှာ စိုးရိမ်ရပြီး အကာအကွယ်အစောင့်အရှောက်မဲ့ နေကြောင်းသိရပါသဖြင့်- သက် ဆိုင်ရာမှ စုံစမ်းစစ်ဆေးပြီး လိုအပ်သလို အမြန်ဆုံးအရေးယူဆောင်ရွက်ပေးနိုင်ရန် ဤသတင်းအားဖြန့်ဝေ ပေးလိုက်ပါသည်။
- မလေးရှားနိုင်ငံမှ သတင်းပေးပို့အကူညီတောင်းသဖြင့် ကျွန်ုပ်တို့
ဗုဒ္ဓဘာသာလူငယ်များအသင်း(မြန်မာပြည်) Page မှတစ်ဆင့်
ထပ်ဆင့်အကူညီတောင်းအပ်ပါသည်။
Young Buddhist's Association

ဖေ့ဘွတ်မှ ကူးယူသည်

No comments:
Post a Comment