မလေးရှားရောက် မြန်မာများထံ Ytalk မှတစ်ဆင့် အခမဲ့ ဖုန်းခေါ်ဆို နိုင်မည်ဖြစ်ကြောင်း Y-talk international call shop မှ သိရသည်။
ထိုသို့ခေါ်ဆိုရာတွင် မိနစ်အကန့်အသတ်မရှိ ခေါ်ဆိုနိုင်မည်ဖြစ်ပြီး ဇွန် ၁၃
ရက်မှ ၃၀ ရက်အထိ မည်သူမဆို အခမဲ့ လာရောက်ခေါ်ဆို နိုင်မည်ဖြစ်ကြောင်း
ဖုန်းခေါ်ဆိုလိုသူများ အနေဖြင့် ဗဟန်းမြို့နယ် ရေတာရှည်လမ်းသစ်ရှိ Y-talk
call shop နှင့် တာမွေမြို့နယ်၊ သတိပဌာန်လမ်းရှိ Y-talk call shop များ
ရှိရာတွင် သွားရောက်ခေါ်ဆိုနိုင်ကြောင်း သိရသည်။
"မလေးရှား ရောက်နေတဲ့ မြန်မာတွေကို ဒီကမိသားစုဝင်တွေက စိုးရိမ်ကြတယ်လေ။
သူတို့ဟိုမှာ အဆင်ပြေမပြေ သိရအောင် တတ်နိုင်တဲ့ဘက်ကနေ ကူညီတာ ဖြစ်ပါတယ်"
ဟု Y-talk international call shop မှ မဖြိုးက ယင်းသို့ အခမဲ့ ခေါ်ဆိုစေသည့်
ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းပြသည်။ လက်ရှိတွင် မြန်မာနိုင်ငံမှ
မလေးရှားနိုင်ငံသို့ ဖုန်းခေါ်ဆိုသည့် နှုန်းထားမှာ တစ်မိနစ်လျှင် ၅၁ ကျပ်
ဖြစ်ကြောင်း သိရသည်။
မလေးရှား နိုင်ငံတွင် မေ၂၉ ရက် နောက်ပိုင်းမှ စတင်ကာ
မြန်မာနိုင်ငံသားများအပေါ် အကြမ်းဖက် တိုက်ခိုက်မှုများ ရှိလာခဲ့ပြီး
သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများ ရှိခဲ့ကာ မြန်မာနိုင်ငံသို့
ပြန်လာလိုသူများမှာ အခက်အခဲများစွာ ရှိနေဆဲ ဖြစ်သည်ဟု သိရသည်။
eleven
No comments:
Post a Comment