မလေးရှားရှိ မြန်မာများအတွက် အစွမ်းကုန် ကာကွယ်စောင့်ရှောက်ပေးရန်
မလေးရှား နိုင်ငံသို့ သွားရောက်မည့် မြန်မာအထူး ကိုယ်စားလှယ် အဖွဲ့အား သမ္မတ
ဦးသိန်းစိန်က တွေ့ဆုံမှာကြားခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးမှ
သတင်းရရှိသည်။
မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားများ အကြမ်းဖက်
အသတ်ဖြတ်ခံနေရမှုနှင့် စပ်လျဉ်း၍ လေ့လာစုံစမ်းမှုများ ပြုလုပ်သွားရန်
နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး၊ အလုပ်သမား ၀န်ကြီးဌာန
ဒုတိယ၀န်ကြီး ဦးဆောင်သည့် မြန်မာအထူး ကိုယ်စားလှယ်အဖွဲ့သည်
မလေးရှားနိုင်ငံသို့ မြန်မာနိုင်ငံမှ ဇွန် ၁၁ ရက် ညနေပိုင်းတွင် မလေးရှား
လေကြောင်းလိုင်းဖြင့် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အဖွဲ့တွင် ပြည်ပအလုပ်အကိုင် အေဂျင်စီ အသင်းချုပ်မှ ခြောက်ဦးလည်း
ပါဝင်မည်ဖြစ်ပြီး အေဂျင်စီ ကိုယ်စားလှယ် တစ်ဦးမှာ ရှေ့ပြေးသွားရောက်ပြီး
ဖြစ်ကြောင်း သိရသည်။
"ဒီအထူး ကိုယ်စားလှယ် အဖွဲ့ရဲ့ လေ့လာတင်ပြချက်တွေပေါ် မူတည်ပြီး အစိုးရ
အနေနဲ့ လိုအပ်တာ မှန်သမျှ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ မိမိ
နိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ လုပ်လို့ရတာ အကုန်လုပ်ဖို့၊
လုပ်နိုင်တာ အကုန်လုပ်ဖို့ သမ္မတကြီးကိုယ်တိုင် ပြောကြားထားပါတယ်။ ပထမဆုံး
ဖြစ်စဉ်တွေ ဖြစ်လာချိန်မှာ နိုင်ငံအချင်းချင်း ဆက်ဆံရေးဆိုင်ရာ
ကွန်ဗင်းရှင်းတွေနဲ့အညီ သံတမန်ရေးအရ ညှိနှိုင်းဆောင်ရွက် ရပါတယ်။
မိတ်ဆွေနိုင်ငံရဲ့ ဖြေရှင်းဆောင်ရွက် မှုတွေကိုလည်း စောင့်ကြည့်ရပါတယ်။
ဆက်လက်ဖြစ်ပေါ်လာတဲ့ အခြေအနေတွေပေါ် မူတည်ပြီး အခုလို ဖြစ်စဉ် ဖြစ်ရပ်
အမှန်တွေကို တိတိကျကျ သိရှိနိုင်ဖို့၊ မိမိနိုင်ငံ သားများကို
ခိုင်ခိုင်မာမာ အကာအကွယ် ပေးနိုင်ဖို့ ခုလိုစေလွှတ်လိုက်တာ ဖြစ်ပါတယ်" ဟု
နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။
"မလေးရှားမှာရှိတဲ့ မြန်မာနိုင်ငံ သားတွေကိုယ်စား ဖြစ်ရပ်တွေ၊
လိုအပ်ချက်တွေ၊ အစိုးရချင်း ညှိနှိုင်းဆောင်ရွက် ပေးစေလိုတဲ့ အချက်တွေကို
ဒီအထူး ကိုယ်စားလှယ်အဖွဲ့နဲ့ ဆက်သွယ်ပြီး ပြည့်ပြည့်စုံစုံ ခိုင်ခိုင်မာမာ
အသိပေးကြဖို့ အရေးကြီးပါတယ်။ တချို့ဖြစ်ရပ်တွေ၊ လိုအပ်ချက်တွေကို အကုန်အစင်
အသေးစိတ် သိရှိနိုင်ဖို့ ခဲယဉ်းနိုင်တာကြောင့် ဖြစ်ပါတယ်" ဟု ၎င်းက
ဆက်လက်ပြောကြားသည်။
မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများ အကြမ်းဖက်
သတ်ဖြတ်ခံရမှုကြောင့် မေ ၃၀ ရက်မှ ဇွန် ၈ ရက်အထိ သေဆုံးသူဦးရေ ၆ ဦး
ရှိသွားပြီဖြစ်ပြီး အတွင်းလူနာအဖြစ်
ဆေးရုံတင်ထား ရသူဦးရေမှာ ၁၂ ဦး ရှိသွားပြီဖြစ်ကြောင်း မလေးရှားနိုင်ငံရှိ ကပုန်းနာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောကြားသည်။........eleven..
No comments:
Post a Comment