Tuesday, June 11, 2013

မလေးရှားရောက် မြန်မာများ အကြမ်းဖက်ခံရမှု အလုပ်သမား ၀န်ကြီးဌာနမှ သွားရောက်ဖြေရှင်းပေးမည်

6.10.6
ပြည်ပသို့ အလုပ်သမား စေလွှတ်မှုနှင့် ပတ်သက်၍ အလုပ်သမား ၀န်ကြီးဌာနမှ ပြည်ပအလုပ်အကိုင်ဆိုင်ရာ အေဂျင်စီများကို ရန်ကင်းအလုပ်သမား သင်တန်းကျောင်း၌ ခေါ်ယူတွေ့ဆုံခဲ့စဉ်
မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ အကြမ်းဖက် သတ်ဖြတ်ခံရနေမှုအပေါ် အလုပ်သမား ၀န်ကြီးဌာနမှ မကြာမီ ကာလအတွင်း သွားရောက်ကာ ပြဿနာများကို ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်အိမွန်စိုးက ဇွန် ၁၀ ရက်က ပြောကြားခဲ့သည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန လက်အောက်ရှိ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များဖြင့် ပါဝင် ဖွဲ့စည်းထားသည့် ပြည်ပအလုပ် လုပ်ကိုင်သူများ ကြီးကြပ်ရေး ကော်မတီ အနေဖြင့် မလေးရှားနိုင်ငံသို့ သွားရောက်ကာ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ မြန်မာအလုပ်သမား သံအရာရှိတို့နှင့် ပူးပေါင်း၍ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ ပြုလုပ်သွားမည်ဟု သိရသည်။
မလေးရှားနိုင်ငံတွင် မေ ၃၀ ရက်မှ စတင်၍ ဇွန် ၈ ရက်အထိ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် မြန်မာလူမျိုး ခြောက်ဦးသေဆုံးကာ ၁၂ ဦး ဆေးရုံတင်ထားရကြောင်း သိရသည်။ မလေးရှားနိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား သုံးသိန်းခန့်ရှိကာ တရားမ၀င် အလုပ်သမား လေးသောင်းခန့် ရှိကြောင်း သိရသသည်...eleven..

No comments: