Sunday, September 1, 2013
ပည်တွင်းပြည်ပမိုဘိုင်းဖုန်းဆိုင်ရာသတင်းများ | By သက်နိုင်စိုး
GSM နှင့် WCDMA ဖုန်းများတွင် SMS စနစ်ဖြင့် အင်တာနက် လျှောက်ထားရာ ၌ ပြဿနာ အနည်းငယ် ပေါ်ပေါက်လျှက်ရှိ
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွင် သွားရောက် လျှောက်ထားရသော မိုဘိုင်းဖုန်း
အင်တာ နက် လျှောက်ထားမှု များကို ၁-၈-၂၀၁၃ ရက်နေ့မှ စတင်ပြီး SMS စနစ်
အသုံးပြုလျှောက် ထားခွင့် ပြုခဲ့သော် လည်း လျှောက်ထားရာ၌ ပြဿနာ အနည်း ငယ်
ပေါ်ပေါက် လျှက်ရှိကြောင်း ၃-၈-၂၀၁၃ ရက်က သိရသည်။
“ညီမကော သူငယ်ချင်းတွေပါ ဖုန်းကနေတဆင့် 1331 နံပါတ်ကို order data service
လို့ ရိုက်ပြီး Massage ပို့ အင်တာနက် လျှောက်ခဲ့ပါတယ်။ ဘာလို့လဲမသိဘူး
Massage လည်း ပြန်မပို့ဘူး။ ပြီးတော့ ပိုက်ဆံလည်း လျော့မသွားပါဘူး။
အဲဒီတော့ ညီမတို့ orderdata service လို့ ရိုက်ပြီး ထပ်ပို့တော့လည်း မရဘူး။
လုပ်တာနည်းလည်း စုံနေပါပြီ။ အင်တာနက်လိုင်းတွေ ကျပ်နေလို့လား မသိပါဘူး” ဟု
SMS ဖြင့် အင်တာနက် လျှောက်ထားမည့်သူ တစ်စုက ပြောသည်။
မိုဘိုင်းဖုန်းဖြင့် အင်တာနက် လျှောက်ထားရာတွင် Massage နံပါတ် 1331 ကို
ရိုက်နှိပ်ပြီး order data service ရေးပြီး Massage ပေးပို့ လျှောက်ထားရမည်
ဆိုသော်လည်း လျှောက်ထားသည့် အခါတွင် အခက်အခဲများ ဖြစ်ပေါ်လျှက်ရှိကြောင်း
သိရသည်။
အဆိုပါ ဖြစ်ပေါ်နေသော အခက်အခဲများနှင့် ပတ်သက်ပြီး Call
Centre သို့ ဆက်သွယ်မေးမြန်းရာ “အင်တာနက် လျှောက်ထားတဲ့ နေရာတွေမှာ ပြဿနာ
ဖြစ်တာ မရှိဘူး။ တစ်ခုရှိတာ က ရေးတဲ့ စာသား မှားယွင်းပို့မိတာမျိုး
ဆိုရင်တော့ သူတို့က ပိုက်ဆံလည်း မဖြတ်ဘူးပေါ့။ အင်တာနက် လျှောက်လို့လည်း
ရမှာ မဟုတ်ပါဘူး။
1331 သို့ SMS ပေးပို့ လျှောက်ထားရာမှာ
ရေးသားပေးရမယ့် စာသားမှာ Orderdata service ဖြစ်ပါတယ်။ ရေးတဲ့အခါမှာ
သတိထားရမှာက Order-data ကို တွဲလျက်ရေးရမယ် ပြီးရင် spacebar ခြားပြီးတော့
service ကို ရေးကို ရေးပေးရပါမယ်။
အဲ့လို ရေးတဲ့အခါမှာလည်း ရှေ့က
(O) ကိုလည်း အကြီးနဲ့ ရေးပေးရမှာ ဖြစ်ပြီးတော့ (s) ကိုလည်း အသေးနဲ့
ရေးပေးရမှာ ဖြစ်ပါတယ်” ဟု ပြန်လည် ပြောကြားခဲ့သည်။
ယင်းသို့ SMS
စနစ်ကို အသုံးပြု အင်တာနက် လျှောက်ထားရာတွင် စာသားမှားယွင်း ရေးသား
ရိုက်နှိပ်မှုများကြောင့် အင်တာနက် အသုံးပြု ဝန်ဆောင်မှု မရရှိခြင်း များ
ဖြစ်ပေါ်လျှက်ရှိသည့် အတွက် အထက်ပါအတိုင်း စာသားမှန်ကန်စွာ ရိုက်နှိပ်
ပို့ဆောင်ပေးသင့်သည်။
မှန်ကန်စွာ စာသားရိုက်နှိပ်ပြီး 1331 သို့
ပေးပို့လျှောက်ထားပြီးလျှင် မိမိဖုန်းအင်တာနက် ရရှိပြီဖြစ် သာ စာတိုမက်ဆေ့
“You have orderservice successfully” ဆိုပြီး မက်ဆေ့ခ်ျ ပြန်ပို့ပေး မည်
ဖြစ်သည်။
SMS စနစ်ဖြင့် အင်တာနက် လျှောက်ရန်အတွက်
မိုဘိုင်းဖုန်းအတွင်း ကျပ် ၁၀၀၀၀ ကျော် ထည့် သွင်းရမည်ဖြစ်ပြီး SMS
ပေးပို့ခကို ဖြတ်တောက်သွားမည် မဟုတ်ကြောင်း သိရသည်။
Ref & Credit:ပြည်မြန်မာ
မလေးရှား၌ တရားမ၀င် နေထိုင်သူများအား အထူးစီမံချက်ဖြင့် စတင်ဖမ်းဆီးသည့် ပထမနေ့တွင် မြန်မာအပါအ၀င် ၇၁ ဦး ဖမ်းဆီးခံရ
စက်တင်ဘာ ၁ ရက်က တရားမ၀င် အလုပ်သမားများ နေထိုင်သည့် အိမ်တစ်အိမ်ကို မလေးအရာရှိ တစ်ဦးက ၀င်ရောက်ရန် ကြိုးပမ်းစဉ်
မလေးရှား အစိုးရက နိုင်ငံတွင်း တရားမ၀င် နေထိုင်သူများအား စက်တင်ဘာ ၁
ရက်မှစ၍ အထူးစီမံချက်ဖြင့် ဖမ်းဆီးခဲ့ရာတွင် စတင်ဖမ်းဆီးသည့် ပထမနေ့၌
မြန်မာနိုင်ငံသားများ အပါအ၀င် ၇၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများတွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနှင့်
နီပေါနိုင်ငံများမှ အမျိုးသား ၆၀ ဦးနှင့် အမျိုးသမီး ၁၁ ဦး ပါဝင်ပြီး
နေထိုင်ခွင့် စာရွက်စာတမ်း အတုများ ကိုင်ဆောင်မှု၊ အလုပ်လုပ်ခွင့်
ပါမစ်အတုနှင့် နိုင်ငံတွင်း သက်တမ်းကျော် နေထိုင်မှုများဖြင့် ဘူခစ်ရာဂျာ၊
ကလန်းနှင့် ဒန်ကေးမြို့များရှိ ၎င်းတို့နေထိုင်သည့် အိမ်များတွင်
ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
အထူးစီမံချက်ဖြင့် အဆိုပါ မြို့များ၌ ဖမ်းဆီးခဲ့မှုတွင်
လူဝင်မှုကြီးကြပ်ရေးဌာန၊ ရဲတပ်ဖွဲ့၊ စစ်တပ်၊ အရန်ရဲတပ်ဖွဲ့၊ အရပ်ဘက်
ကာကွယ်ရေး တပ်ဖွဲ့၊ အမျိုးသား မှတ်ပုံတင် ဌာနတို့မှ ၀န်ထမ်းပေါင်း ၁၅၀
ပါဝင်ခဲ့ကြောင်း သိရသည်။
သုံးလကြာ ဆက်တိုက်ပြုလုပ်မည့် ယခုစီမံချက်အရ ဖမ်းဆီးခံရသည့် တရားမ၀င်
နေထိုင်သူများအား နေထိုင်ခွင့် မှတ်ပုံတင်ရေးနှင့် မိမိတို့ အစီအစဉ်ဖြင့်
နေရပ်ပြန်စေခြင်းတို့ကို ခွင့်မပြုဘဲ မလေးရှား အစိုးရက သက်ဆိုင်ရာ
နိုင်ငံများသို့ ပြန်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၁ ခုနှစ်၊ အောက်တိုဘာလတွင် ပြီးဆုံးခဲ့သည့် သုံးလကြာ ဆောင်ရွက်ခဲ့သော
အလုပ်သမားများ မှတ်ပုံတင်ရေး အစီအစဉ်တွင် နေထိုင်ခွင့် အထောက်အထား မရှိသော
နိုင်ငံခြား အလုပ်သမား နှစ်သန်းခန့်အနက် ၁ ဒသမ ၃ သန်းသာ လာရောက်မှတ်ပုံ
တင်ခဲ့ကြောင်း သိရသည်။
ထိုစဉ်က မှတ်ပုံတင် လျှောက်ထားခဲ့သူများအနက် ၅၀၀၀၀၀ ကိုသာ လက်ခံခဲ့ပြီး ၃၃၀၀၀၀ ဦးကို နေရပ်သို့ ပြန်ပို့ခဲ့သည်။

စက်တင်ဘာ ၁ ရက် ဒေသစံတော်ချိန် နံနက် ၃ နာရီက ကွာလာလမ်ပူမြို့ပြင်
ကလန်း၌ ဖမ်းမိခဲ့သည့် တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားများကို
ကုန်တင်ကားဖြင့် ခေါ်ဆောင်ရန် ပြင်ဆင်နေစဉ် (Photo:AFP)
စက်တင်ဘာ ၁ ရက် နံနက် ၃ နာရီခန့်က ဒန်ကေးမြို့တွင် ပြုလုပ်ခဲ့သည့်
ဖမ်းဆီးမှုတွင် တရားမ၀င် အလုပ်သမား အချို့သည်
ခွေးဟောင်သံများကြောင့်နိုးပြီး ၎င်းတို့၏ နေအိမ်များမှ နီးစပ်ရာ တောတွင်းသို့
ထွက်ပြေးသွားခဲ့သော်လည်း ၂၁ ဦးကို ၎င်းတို့နေအိမ်များတွင် ၀ှက်ထားသည့်
ဆာမူရိုင်း ဓားရှည်တစ်ချောင်း၊ တူများနှင့်အတူ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။
"ကျွန်တော့်အနေနဲ့ အလုပ်လုပ်ခွင့် ပါမစ်အစစ် လိုချင်ခဲ့ပေမယ့်
ကျွန်တော့်ရဲ့သူဌေးက ကျွန်တော့်ကို လိမ်ခဲ့တယ်။ ပါမစ်လျှောက်ပေးမယ်ပြောလို့
ကျွန်တော်သူ့ကို ရင်းဂစ် ၃၀၀၀ ပေးခဲ့ရပေမယ့် အခုအချိန်အထိ
လုပ်မပေးခဲ့ပါဘူး" ဟု ဖမ်းဆီးခံခဲ့ရသူ အသက် ၃၄ အရွယ်
အင်ဒိုနီးရှားနိုင်ငံသား ဆူဟာမင်က ပြောကြားသည်။
ပြည်ပအလုပ်သမားများ မှတ်ပုံတင် အစီအစဉ်တွင် အဘယ်ကြောင့် လျှောက်ထားမှု
မပြုလုပ်ရခြင်းအပေါ် ဖမ်းဆီးရေး အရာရှိများက မေးမြန်းရာတွင် မိမိအနေဖြင့်
နေရပ်သို့ ပြန်ပို့ခံရမည်ကို စိုးရိမ်သောကြောင့်
မလျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း ဆူဟာမင်က ပြောကြားခဲ့သည်။
ဖမ်းဆီးခံရသူများကို ပုဒ်မ ၆၊ ၁၅ (၄) နှင့် ၅၅ တို့အရ
စစ်ဆေးသွားမည်ဖြစ်ပြီး နေရပ်သို့ ချက်ခြင်းပြန်ပို့ မည်ဖြစ်ကြောင်း
လူဝင်မှုကြီးကြပ်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဆာရာဗာနာ ကုမာက ပြောကြားသည်။
"အခုလို ဖမ်းဆီးမှုဟာ အလုပ်ရှင်တွေ အနေနဲ့ တရားမ၀င် အလုပ်သမားတွေကို
မငှားရမ်းဖို့ ပြတ်ပြတ်သားသား သတိပေးခြင်း ဖြစ်ပါတယ်" ဟု ဆာရာဗာနာက
ပြောကြားခဲ့သည်။
၂၀၁၃ ခုနှစ် ကုန်ပိုင်းအထိ ပြုလုပ်မည့် ယခုစီမံချက်တွင် တရားမ၀င်
နေထိုင်သူ ၄၀၀၀၀ ခန့်နှင့် ၎င်းတို့ကို အလုပ်ခန့်ထားသည့် အလုပ်ရှင် ၄၅၀၀၀
ခန့်ကို ဖမ်းဆီးအရေးယူခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
"တစ်နိုင်ငံလုံးမှာရှိတဲ့ တရားမ၀င် အလုပ်သမားတွေရဲ့ နေအိမ်တွေ၊
ခြံလုပ်ငန်းတွေ၊ ဖြေဖျော်ရေး နေရာတွေနဲ့ အနှိပ်ခန်းတွေကို
ဝင်ရောက်ဖမ်းဆီးသွားမှာ ဖြစ်ပါတယ်။ အရင်ဖမ်းဆီးမှုတွေမှာ စီးပွားရေး
လုပ်ငန်းအမျိုးမျိုးအတွက် တရားမ၀င် နေထိုင်သူတွေကို ငှားရမ်းလုပ်ကိုင်နေတဲ့
အလုပ်ရှင် ၂၀၀ ကိုလည်း အရေးယူထားပြီး ဖြစ်ပါတယ်" ဟု ဆာရာဗာနာက
ပြောကြားခဲ့သည်။
ယခု စီမံချက်ဖြင့် ဖမ်းမိသော အလုပ်သမားများကို နေရပ်သို့
ချက်ခြင်းပြန်ပို့သွားပြီး ၎င်းတို့၏ အလုပ်ရှင်များကို ရင်းဂစ် ၅၀၀၀ သို့မဟုတ်
ထောင်ဒဏ်ငါးနှစ် သို့မဟုတ် ကြိမ်ဒဏ်ခြောက်ချက် သို့မဟုတ် ပြစ်ဒဏ်အားလုံး
ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
Eleven Media Group
မလေးက ရွှေမြန်မာတို့အရေး သွေးအေးလို့ မနေသင့်ပီ.
မလေးမှာ လတ်တလော
ဖြစ်နေတဲ့အခြေနေတွေကြားရတာ အတော်စိတ်မကောင်းဖြစ်မိတယ်..အဲဒီမှာ
ဦးဇင်းကျောင်းမှာနေပီး အလုပ်သွားလုပ်နေသူတွေရှိသလို
ကျောင်းကထွက်တဲ့သင်တန်းသားတွေလည်း အတော်များများ ရောက်နေကြတယ်...တစ်ချို့က
အခြေနေရ အိုဗာစတေးနေပီး အလုပ်လုပ်နေကြတယ်...သူများနိုင်ငံမှာ
ကျွန်တမျှအလုပ်လုပ်နေရပီး မတောက်တခေါက်လစာလေးနဲ့ အိမ်ကမိသားစုတွေကို
ထောက်ပံ့ပေးနေရှာတဲ့ ကိုယ့်နိုင်ငံသားတွေအတွက် ဘာလုပ်ပေးနိုင်လဲ
စဉ်းစားကြည့်မိတယ်..ကိုယ်လည်း အစိုးရအရာရှိမဟုတ်သလို ငွေကြေးတွေပုံအောပီး
အထောက်ပံ့ပေးနိုင်တာမဟုတ်တော့မလေးက မြန်မာနိုင်ငံသားတွေအရေး သွေးအေးလို့
မနေသင့်ဆိုတဲ့ပို့စ်ရေးတင်ရင် ကောင်းမယ်လို့ စဉ်းစားမိတယ်..အဲဒီအတွက်
မြန်မာနိုင်ငံက သမ္မတကြီးကအစ အစိုးရ တာဝန်ရှိသူတွေနဲ့ နိုင်ငံသားအားလုံးကို
ဒီပို့်စ်လေးရေးပီး နှိုးဆော်ပေးလိုက်တာပါ...တကယ်တော့ မလေးမှာရောက်နေတဲ့
အလုပ်သမားအများစုဟာ ကိုယ့်တိုင်းပြည်မှာ လုပ်ခလစာနဲတဲ့အတွက် လူမျိုးမတူ
ဘာသာမတူ၊ ယဉ်ကျေးမှုမတူတဲ့ သူများနိုင်ငံကို ငွေကုန်ကြေးကျခံပီး
အလုပ်သွားလုပ် နေကြရတာပါ....ကိုယ့်တိုင်းပြည်ကို မချစ်လို့
ပစ်သွားတဲ့သူတွေမဟုတ်ပါဘူး...အခုလို သူတို့တစ်တွေ ဒုက္ခရောက်နေကြတာကို
ခွေးပစ်ဝက်ပစ် ပစ်ထားမယ်ဆိုရင် မြန်မာနိုင်ငံ အစိုးရနဲ့
မြန်မာနိုင်ငံသားတွေအနေနဲ့ တရားပါသလား....အဲဒါလေး
စဉ်းစားကြည့်ပါ...မလေးဆိုတာ တကယ်တော့ မနေ့တစ်နေ့ကမှ အရှေ့တောင်အာရှမှာ
လူရာဝင်လာတဲ့ နိုင်ငံပါ...တစ်ချိန်က မြန်မာနိုင်ငံကို
သွားရည်ယိုအားကျနေခဲ့ရတာ သမိုင်းရှိပါတယ်..အခုတော့ ဘာမဟုတ်တဲ့ အဲလို
နိုင်ငံမှာ ကိုယ့်လုပ်အားနဲ့ မတန်တဲ့ လစားလေးအတွက် ဒုက္ခမျိုးစုံ ခံစားပီး
အနှိမ်ခံဘ၀နဲ့ နေနေရတဲ့ မြန်မာနိုင်ငံသားများ လူမဆံစွာ
ဆက်ဆံခံနေရပီ...ခွေးနှိမ်ဝက်နှိမ်အနှိမ်ခံနေရပီ...ဒါတွေဟာ တကယ်တော့
ကိုယ့်နိုင်ငံလူစဉ်မမီခြင်းက အခြေခံအကြောင်းရင်ပါ...နှစ်ပေါင်းများစွာ
ဖိနှိပ်ချုပ်ချယ်ပီး နိုင်ငံသားတွေ အရေးကို လျစ်လျူရှုခဲ့ခြင်းရဲ့
ဆိုးကျိုးတွေပါ...ဘွဲ့ရ အလုပ်လက်မဲ့ ဒဏ်ကို
မခံစားနိုင်လို့ထွက်ပေါက်ရှာခဲ့တဲ့ အဖြစ်တွေပါ..တကယ်တော့
မြန်မာနိုင်ငံသားဆိုတာ မြန်မာပြည်မှာပဲပျော်ကြတာပါ...ဦးဇင်း ကိုယ်တိုင်
အခု ပြည်ပမှာနေတာ ၄နှစ်ပြည့်တော့မယ်.. ပျော်လို့လားမေးရင် မြန်မာပြည်က
စထွက်ကထဲက ပြန်ရမဲ့ရက်ကို လက်ချိုးရေတွက်နေတာလို့ မညာတမ်း
အဖြေပေးပါမယ်..ပညာရေး အတွက်မို့ မှီတ်ကျိတ်နေတာပါ..အမေရိကန် ၊ အင်္ဂလန် ၊
ဥရောပလိုနိုင်ငံတွေမှာ ရောက်နေတဲ့ မြန်မာနိင်ငံသားအများစုတောင်မှ
ကိုယ့်နိုင်ငံကို လွမ်းဆွတ်ရင်းနဲ့ စီးပွားရေးအတွက်မှိတ်ကျိတ်ပီး
ခရီးဆက်နေကြတာ သေခြာမေးကြည့်လို့ သိရပါတယ်...မလေးလို
မွတ်စလင်နိုင်ငံ..နောက်ပီး.မြန်မာတွေကို အထူးရွေးပီး နှိုပ်ကွပ်တဲ့
နိုင်ငံမှာ ဘယ်မြန်မာနိုင်ငံသားမှ ပျော်ပျော်ပါးပါး
နေထိုင်နေကြတာမဟုတ်ပါဘူး....သူ့နိုင်ငံသားတွေ မလုပ်လိုတဲ့ အလုပ်တွေမှာ
နိုင်ငံတကာစံချိန်နဲ့ မကိုက်ညီတဲ့ အလုပ်ချိန်...လုပ်ခတွေကို သိသိနဲ့
ကျိတ်မှိတ်ပီး လုပ်ကိုင်နေကြတာပါ....ဒီကြားထဲ
မြန်မြန်မာအချင်းချင်းလှည့်ဖြားပီး အမြတ်ကြီးစားတဲ့ အေ့ဂျင့်တွေရဲ့
ဒဏ်ကိုလည်း ခံကြရပါသေးတယ်..အဲဒါကြောင့် သူတို့အများစုက
အိုဗာစတေးဖြစ်နေကြတာပါ..အဲဒီအတွက် တန်ရာတန်ဖိုး ပေးပါလျက် တန်ရာတန်ဖိုး
မရတဲ့အပြင် အခုလို နှိပ်ကွပ်ခံနေရတာဟာအတော်ကို
ခံပျင်းစရာကောင်းပါတယ်..တကယ်ပြောရရင် သူတို့တစ်တွေဟာ ကိုယ့်နိုင်ငံ
လူစဉ်မမီခြင်းရဲ့ ဆိုးကျိုးကို ခံစားရတဲ့ သူတွေပါ...်အဲဒီအတွက်
လက်ရှိအစိုးရတာဝန်ယူထားသူတွေအနေနဲ့ အရင်က အတိတ်အမွေဆိုးဒဏ်ခံစားနေရတဲ့
ကိုယ့်ပြည်သူများ အရေးကို ထိထိရောက်ရောက်
ကူညီဖြေရှင်းပေးစေချင်ပါတယ်...မြန်မာပြည်သူတွေအနေနဲ့လည်း
ကိုယ်တတ်နိုင်တဲ့ဘက်က ၀ိုင်းဝန်းပီး ကူညီဖြေရှင်းပေးစေချင်ပါတယ်..အဲဒီလို
ကူညီဖြေရှင်းပေးခြင်းဟာ မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ ညာတတ္ထစရိယ
ကုသိုလ်ယူရာရောက်ပါတယ်...ွအခုလို ကိုယ့်နိုင်ငံသား ကိုယ့်လူမျိုးအတွက်
အရေးတကြီး လိုအပ်နေတဲ့ ကွက်လပ်လေးကို အစိုးရပိုင်းအနေနဲ့ရော စွမ်းနိုင်တဲ့
အဖွဲ့အစည်းများနဲ့ တသီးပုဂ္ဂများအနေနဲ့ပါ...တတ်စွမ်းသမျှ
ကူညီစောင်ရွက်ပေးစေလိုကြောင်း မေတ္တာဖြင့်
တိုက်တွန်းနှိုးဆော်လိုက်ပါတယ်...သဗ္ဗေ သတ္တာ ဒို့မြန်မာ မြန်စွာ ဒုက္ခ
ကင်းပါစေ...
ကောင်းလိုက်တဲ့ ဦးဇင်းရဲ့ စာသားလေးပါ...
Credit > Ashin Kumuda Bawdhitahtaung
မလေးရှားနိုင်ငံမှာ မြန်မာ၂၀၀ နီးပါး ထပ်မံအဖမ်းခံရ
မလေးရှားနိုင်ငံမှာ မြန်မာ၂၀၀ နီးပါး ထပ်မံအဖမ်းခံရ
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ တရားမ၀င်နေထိုင်သူတွေကို ဖမ်းဆီးတဲ့စီမံချက် ဒီကနေ့စတင်ခဲ့ရာ မြန်မာနိုင်ငံသား ၂၀၀နီးပါး အဖမ်းခံရတယ်လို့ သိရပါတယ်။
အဖမ်းခံရသူတွေထဲမှာ ချင်းတိုင်းရင်းသား ၁၀၀ ခန့်ပါဝင်ပြီး သူတို့ဟာ ခရစ်ယန်ဘာသာဝင်တွေမို့ တနင်္ဂနွေနေ့ ဘုရားကျောင်းကိုအလာမှာ အဖမ်းခံရတာဖြစ်ပါတယ်။
ကွာလာလမ်ပူမြို့ နေရာ ၃နေရာလောက်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး စောစောပိုင်းမှာ နိုင်ငံကူးလက်မှတ် စစ်ဆေးမူတွေလုပ်သလို နိုင်ငံကူးလက်မှတ် မိတ္တူကိုင်ဆောင်ထားသူတွေရဲ့ လက်မှတ်တွေကိုလည်း စစ်ဆေးတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ စစ်ဆေးပြီး လက်မှတ်မပါသူတွေ၊ လက်မှတ်အတုကိုင်သူစတဲ့ သူတွေကို ဖမ်းတာဖြစ်ပါတယ်။ အဖမ်းခံရသူတွေကို လော်ရီကားတွေနဲ့ တင်သွားတယ်လို့ ကွာလာလမ်ပူမြို့ သွေးလှူအဖွဲ့က ကိုသက်က ပြောပါတယ်။
“လော်လီကား အရှည်ကြီး ၅ စင်းလောက်နဲ့ လူတွေကို မတ်တပ်ရပ်ပြီး အပြည့်တင်သွားတယ်၊ ကျနော့်အထင်တော့ တစ်စီးကို ၆ဝ လောက်တော့ပါလိမ့်မယ်၊ ဗမာရော၊ ဘင်္ဂလားရော၊ နီပေါရော အကုန်ရောနေတာပေါ့”
အဲဒီဖမ်းဆီးမှုတွေမှာ မြန်မာနိုင်ငံသား ၇၀ ကျော်လောက်ပါနိုင်တယ်လို့ မလေးရှားနိုင်ငံရောက် မြန်မာတချို့ကပြောပါတယ်။ ဘုရားရှိခိုးကျောင်းမှာ အဖမ်းခံရတဲ့ ချင်းတိုင်းရင်းသားတွေကို ဒီကနေ့ Miharja မှာ ဖမ်းခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၃၀ ခန့်က ၀င်ဖမ်းတာဖြစ်ပါတယ်။
ကလေးတွေနဲ့ မိခင်တွေကိုတော့ မဖမ်းပဲ ကျန်သူတွေကို လော်ရီကား ၂ စီး နဲ့ တင်သွားတယ်လို့ Chinland Guardian သတင်းစဉ်မှာဖေါ်ပြပါတယ်။
RFA Burmese
၁ ရက်နေ့ ည ကလန်း (klang) တွင်ဖမ်းဆီးမှု မြင်ကွင်း

ယနေ့ကွာလာလမ်ပူရှိ မြန်မာဆိုင်တန်းများနှင့် ကွာလာလမ်ပူမြို့တစ်ချို့နေရာများတွင် စတင်ဖမ်းဆီးနေပြီ
ယနေ့ မလေးရှားအစိုးရ၏ ကြော်ငြာချက်အတိုင်း မလေးရှား ကွာလာလမ်ူရှိ မြန်မာဆိုင်တန်းများတစ်လျှောက်တွင် ရဲ ၊ လဝက ၊ ရေးလား ၊ ပြည်သူ့စစ် ၊ သတင်းသမားများ စသဖြင့် စုံလင်စွာ ဖမ်းဆီင်္းမှုကိုစတင်ခဲ့သည် ။
တရားမဝင် နေထိုင်သူ ၊ အထောက်အထားမပြည့်စုံသူအားလုံးကို ဆွဲခေါ်ပုံစံဖြင့်ဖမ်းဆီးသွားခဲ့ပြီး ကား ၃ စီးအပြည့်တင်ဆောင်သွားခဲ့သည် ။
ထို့အတူ ကလန်းလားမား ၊ Miharja ၊ Maluri ၊ Kuchin Lama ၊ Klang ၊ စသည့်အလုပ်သမား များနေထိုင်ရာ နေရာများတွင် ဖမ်းဆီးနေဆဲဖြစ်သည် ။
ထို့အပြင် Jalan prima setapak 5 - of jalan genting klang. setapak တွင်လည်းဖမ်းဆီးနေပြီဖြစ်ကြောင်း မလေးရှားရောက် မြန်မာများ Facebook အသုံးပြုသူမှ သတင်းပေးသွားသည် ။
အလားတူ မလေးရှားနိုင်ငံတစ်ဝှမ်းဖြစ်သော Malaka , Mua , Johor , Penang တို့ရှိ နိုင်ငံခြားသားအလုပ်သမားများနေထိုင်သော နေရာများတွင်လည်းဖမ်းဆီးနေပြီဖြစ်ကြောင်းနှင့် ယနေ့ 1.9.2013 နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူနှင့်နေရာတော်တော်များများတွင် ဆက်တိုက်ဖမ်းဆီးနေပြီဖြစ်ကြောင်းကို မလေးရှားရောက်မြန်မာများမှ သတင်းပေးသွားခဲ့သည် ။
အထူးသဖြင့် မိမိတို့နေအိမ်သည် နိုင်ငံခြားသားများနေသည့်အိမ်ပုံစံအတိုင်း ၊ ရှုပ်ရှက်ခတ်နေသော အဝတ်စားများလှမ်းခြင်း ၊ ကွမ်းတံတွေးများဖြင့် ညစ်ပတ်ခြင်း ၊ အများသိသာလွယ်သော နိုင်ငုံခြားသားများနေအိမ်ပုံစုံ ဖြစ်နေခြင်းတို့ရှိပါက သန့်ရှင်းထားရန် လိုအပ်သည် ။
ဝင်ရောက်စစ်ဆေးသွားသောနေအိမ်များသည် နိုင်ငံခြားသားများနေထိုင်သည်ဟု သေချာသော အိမ်များကိုသာ ဝင်ရောက်သွားကြောင်းသိရသည် ။
ဆက်လက်ပြီး ယနေ့ညနေ ရရှိမည့်သတင်းများကို ဆက်လက်တင်ဆက်ပေးသွားမည် ။
www.facebook.com/mmrinmy

window 8 gtalk မြန်မာစာပြသနာအတွက်ကူညီပေးတာပါ
control panel >> Network and Share Center >> အဲဒီမှာ ဘယ်ဘက်ဒေါင့် အောက်နားလေးက
internet options ကိုနှိပ်လိုက်ပါ >> အဲမှာ box တစ်ခုတက်လာရင်
ညာဘက်ဒေါင့်ဆုံးက advanced
ကိုနှိပ်ပါ>> ပြီးရင် အောက်နားလေးက reset ကိုလုပ်ပီး တက်လာရင် ok
သာလုပ်လိုက်ပါ အဆင်ပြေသွားမှာပါ
စာရေးသူ ကွန်ပျူတာမှ မြန်မာဖောင့်မ၇လို့ သူငယ်ချင်းတယောက်ဆီ အကူညီတောင်းထားတာပါ
ဒါမျိုးလေး လုပ်ကြည့်ကြပါ အဆင်လိမ့်မယ်....စာရေးသူသသည် တတ်လို့ မဟုတ်ပါ တခြားဆိုဒ်များမှ လိုတာလေး နောင်တချိန်မှာ ပြနှ်ရှာရလွယ်အောင်လို့ ဆုဆောင်းထားခြင်း ဖြစ်ပါသည်....
Windows 8 အသုံးပြုသူများအတွက် Zawgyi-One Font အသုံးပြုနည်း
Windows 8 အသုံးပြုသူများအတွက် Zawgyi-One Font အသုံးပြုနည်း
ဒီတစ်ခါတော့
Windows 8 အသုံးပြုသူများအတွက် Zawgyi-One Font အသုံးပြုနည်းလေး
ပြောပြပါ့မယ်။ အရင်ဆုံးကျွန်တော်အောက်မှာပေးထားတဲ့ Link လေးတွေကနေ Zawgyi
Font ကိုဒေါင်းလော့ချလိုက်ပါ။ ပြီးရင် Winrar ဖို်င်လေးကိုဖြည်လိုက်ပါ။
ပထမဖိုင်လ်ထဲမှာ Setup ဆိုတာလေးကို အရင် Install လုပ်ပါ။ ပြီးရင်
ဒုတိယဖိုင်ထဲက IEZawGyiGtalkfont ဆိုတာကို install လုပ်ပါ။ Window 8 32bit
အတွက်ဆိုရင် ဒီအဆင့်မှာဘဲ ပြီးပါပြီ။
ဒုတိယအဆင့်က Control Panel ထဲဝင်ပြီး Language Setting ကိုပြင်ဖို့လိုပါတယ်။
အဆင့်(၂) အဲဒီမှာ Advaced Settings ဆိုတာကို လကစ်ပေးပါ။
အဆင့်(၃) Override for default input method ဆိုတာကိုရှာ၊ အဲဒီအောက်က ဘားလေးထဲမှာ English(United States)- Zawgyi Myanmar Unicode L ဆိုတာလေးကို ရွေးပေးပါ။ ဒါဆိုရင် Zawgyi Font ကို windows 8 မှာ အသုံးပြုလို့ရပါပြီ။
Download Link Update 21 April 2013
Posted in: window 8, window 8 Activator, နည်းလမ်းများ, ဗဟုသုတ
Subscribe to:
Posts (Atom)