Sunday, September 1, 2013

မလေးမှာ မြန်မာတွေဟာ သာမာန်ထက်ပိုတဲ့တုန့်ပြန်မှုတွေကို ခံနေရပါပြီ။


မြန်မာနိုင်ငံသားတွေကို ရွေးပြီး အော်ပရာစီတယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ အော်ပရာစီနေပါတယ်။
သူတို့လည်း သူတို့ပိုင်နက်မှာ သူတို့သဘောပါပဲ။ အဲလိုပါပဲ၊ ကိုယ်လည်း ကိုယ့်ပိုင်နက်ထဲမှာ ကိုယ့်သဘောပါပဲ။

မလေးရှားကို ဓာတ်ငွေ့တွေရောင်းတဲ့အကြောင်း လွှတ်တော်ကနေ ပြန်စဉ်းစားကြည့်ရအောင်..ပီထရိုနပ်ကို ဓါတ်ငွေ့တွင်း တစ်တွင်း လုပ်ခွင့်ပေးထားပါတယ်။ မြန်မာနိုင်ငံက ဓာတ်ငွေ့တစ်ယူနစ် ဘယ်လောက်ဆိုတဲ့ ဈေးနှုန်းနဲ့ ပီထရိုနပ်ကို ရောင်းတာပါ။ ပီထရိုနပ်ကနေပြီးတော့ ထိုင်းကို ဆက်ရောင်းတယ်လို့ မှတ်သားမိပါတယ်။ပီထရိုနပ်နဲ့ စာချုပ်ချုပ်ပြီး လုပ်ခွင့်ပေးထားတာ ဖြစ်တဲ့အတွက်ကြောင့် ဆက်လက်လုပ်ခွင့်ပေးရပါမည်။

သို့သော် ဓာတ်ငွေ့ တစ်ယူနစ်ရောင်းဈေးကိုမူ ပေါက်ဈေးအတိုင်းရရှိရန်လိုပါသည်။ထိုသို့ပေါက်ဈေးအတိုင်း ရရှိရန်အတွက် လွှတ်တော်မှ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသို့ မေးခွန်းမေးမြန်းရန် လိုအပ်ပါတယ်။ပေါက်ဈေးအတိုင်းမဟုတ်တာကို တွေ့ရှိရပါက ပေါက်ဈေးအတိုင်း ရရှိရန်အတွက် ဈေးနှုန်း ပြန်လည်ညှိနှိုင်းရန် လွှတ်တော်မှ ဆုံးဖြတ်သင့်ပြီး စုံစမ်းရေးကာလ၊ ဈေးနှုန်းညှိနှိုင်းစဉ်အတွင်း ထုတ်လုပ်မှုကို ရပ်ဆိုင်းထားရန် လွှတ်တော်မှ မဲခွဲဆုံးဖြတ်သင့်ပါကြောင်း နားလည်မိသလို ပြောပါရစေဗျာ။

No comments: