Monday, July 15, 2013

ဆိုတေး ပြန်လည် သတိ ရနိုင် ချေရှိ

ဆိုတေး ပြန်လည် သတိ ရနိုင် ချေရှိ

554053_294258224017401_963999318_n

i
တောင်သာ မြို့  ဖျော် ဖြေ ပွဲ သို့  သွား သည့် ခရီးစဉ် တွင် ရန်ကုန် – မန္တလေး အဝေး ပြေး
လမ်းမ ၏ မိတ္ထီလာ မြို့  မိုင်တိုင် ၂၉၁/၃ တွင် ယာဉ်တိမ်းမှောက် မှု ကြောင့် မန္တလေး ဆေး
ရုံ ကြီး တွင် အတွင်း လူနာ အဖြစ် တက် ရောက် ကုသခံ နေရသည့် အဆိုတော် ဆိုတေး
သည် ပုံ မှန် နှလုံး ခုန် မှု ရှိ လာ ပြီး နာရီ့ အနည်း ငယ် ကြာ လျှင် သတိ ပြန်ရလာ နိုင်
သည် ဟု မန္တလေး ဦးနှောက်နဲ့အာရုံကြော ခွဲစိတ်အထူးကုဌာန မှ အမည် မဖော် လို သည့်
ဆရာဝန် တစ်ဦး က FNG ကို ပြောသည်။
KIA အမျိုးအစား မော်တော် ကား မှောက် မှု ကြောင့် ကား ပေါ် တွင် လိုက် ပါ လာသူ သုံး
ဦး အနက် မချောချောသည် ယမန် နေ့  ကွယ်လွန် သွား ခဲ့သည်။
အတွင်း လူနာ အဖြစ် တက် ရောက် ကုသ ခံ နေရသည့် ယာဉ်မောင်း ကိုသန်းဝင်းလှိုင် ကို
ရဲက မဆင် မခြင် မောင်း နှင် မှု ဖြင့် အမှု ဖွင့် အရေးယူထား သည်။
မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် ၏ ပြော ရေး ဆို ခွင့် ရသူ ဦး ရဲထွဋ် က ရန်ကုန် – မန္တလေး
လမ်း သည် နိုင်ငံ တကာ အဆင့် မှီ လမ်း ဖြစ်သည် ဟု ပြော ဆို ခဲ့ သော် လည်း လစဉ် မော်
တော် ကား တိမ်းမှောက် မှု များ ကြောင့် လူ့  အသက် ပေါင်း များ စွာ သေဆုံး ခဲ့ပြီး ဖြစ်သည်။

face book...

အဆိုတော် ဆိုတေး၏ ယာဉ်ယာဘက်ရှေ့ဘီးပေါက်ကာ တိမ်းမှောက်သဖြင့် ၁ ဦးသေ ၃ ဦး ဒဏ်ရာရ

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

၁၄-၇-၂၀၁၃ ရက်နေ့ ၁၂၃၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၉၁/၃-၄)ကြားတွင် ရန်ကုန်မှမန်္တလေးသို့ ဒဂုံမြို့သစ်မြောက်ပိုင်းနေ သန်းဝင်းလှိုင် (၃၂)နှစ်မောင်းနှင်သော ၃စ/xxxx SPORTAGE အဖြူရောင်ယာဉ်မှာ ယာဘက်ရှေ့ဘီး ပေါက်၍ လမ်းယာဘက်ဘေးတွင်ကာရံထားသော သံဇကာတန်းများအား ၀င်ရောက်တိုက်မိပြီး အနက်ပေ(၂၀)ခန့် ရှိချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့သည်။
...
ထိုသို့တိမ်းမှောက်သဖြင့် ဒဂုံမြို့သစ် မြောက်ပိုင်း၊ သပြေညိုလမ်းနေ အဆိုတော် ဆိုတေး(ခ)အောင်သက်ပိုင်(၂၃)နှစ်တွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲ၊ ယာနားထင်ပေါက်ပြဲ၊ ယာနားစုတ်ပြဲ၊ ၀မ်းဗိုက်ယာဘက်စုတ်ပြဲ၊ ယာပေါင်စုတ်ပြဲ၊ ၀ဲခြေမ ပေါက်ပြဲဒဏ်ရာများနှင့် ၎င်း၏ဇနီးဖြစ်သူ မချောချော(ခ)မ၀င်းဂရိသူ(၂၂)နှစ်တွင် ဦးခေါင်းနောက်စေ့ ဖူးရောင်၊ လည်ပင်းစုတ်ပြဲ၊ မေးစေ့ယာဘက်ညိုမဲ၊ ၀ဲလက်မောင်းဖူးရောင်၊ ယာခြေကျင်းဝတ်စုတ်ပြဲ ဒဏ်ရာများ၊ ယာဉ်မောင်းဖြစ်သူ သန်းဝင်းလှိုင်ပါ(၂)ဦးတွင် ၀ဲလက်ကောက်ဝတ်၊ ယာတံတောင်ဆစ်၊ ၀ဲခြေသလုံးနှင့် ယာဖနောင့်တို့တွင် ပေါက်ပြဲဒဏ်ရာများ၊ ယာနဖူး ဖူးရောင်ဒဏ်ရာများ အသီးသီး ရရှိခဲ့သည်။ အဆိုပါဒဏ်ရာရရှိသူများအား မိတ္ထီလာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ ဒဏ်ရာရရှိသူ မချောချော(ခ)မ၀င်းဂရိသူမှာ ဆေးဝါးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့သဖြင့် သန်းဝင်းလှိုင်အား သီးကုန်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၃/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။-

----------------------------------
နောက်ဆုံးကြားရသည့် သတင်းများအရ ဆိုတေး ကျန်းမာရေး အခြေအနေ ကောင်းမွန်လာသည်ဟု အင်တာနက် သတင်းများတွင် ဖော်ပြကြသည်။
See More

fire fox နဲ.အင်တာနတ်ကိုခပ်မြန်မြန်လေးသုံးကြစို.

     ပထမဆုံး Firefox ကို ဖွင့်လိုက်ပါ ။
Short key နဲ့ပဲ သုံးကြရအောင်ဗျာနော် ။
Ctrl +Shift+Jကို နိပ်လိုက်ပါဗျာ ။
box တစ်ခုတက်လာမယ်ဗျာ ။
အဲဒီမှာ All ကို တစ်ချက်နိပ်ပေးပြီး Clear ကို နိပ်လိုက်ပါ ။
ဒါပါပဲဗျာ ။
အခု ကျွန်တော်ဆိုဒ်ကို စဖွင့်ပြီဆိုတာနဲ့ Ctrl+Shift+J ကို နိပ်လိုက်ပါ ။ ပြီးရင် Atl + C ကို နိပ်ပါ ။ Error တွေ ထပ်တက်လာသေးရင် Alt  + C ကို ထပ်နိပ်လိုက်ပါ ။ Alt နည်းတွေကို ကျွန်တော်ရေးပြပြီးပါပြီ သေချာကြည့်လိုက်ပါ ။ ထပ်ပြောပြပါမယ်ဗျာ မသိသေးတဲ့ သူတွေအတွက်ပါ ။ C စကားလုံးရဲ့ အောက်မှာ မျဉ်းသားထားတာကို တွေ့တယ် မလား ။ သင်္ကေတပေါ့ ဗျာ ။ အဲဒါကို မနိပ်ချင်လို့ ရှောပ်ကပ်နဲပ သုံးချင်တယ်ဆိုရင် Alt+C တွဲနိပ်ပါ ဆိုတဲ့ သဘော ကျန်တဲ့ နေရာတွေမှာလည်း ဒီနည်း၎င်းပဲ ။ ပြီး အဲဒီ box ကို ပိတ်ချင်တယ်ဆိုရင် Ctrl +w နဲ့ဖြစ်ဖြစ် Alt+F4 ပဲဖြစ်ဖြစ် ပိတ်နိုင်ကြောင်းပါ ။ စမ်းကြည့်လိုက်ပါ ။ အခုပဲ စမ်းကြည့်ပါ ။ သိသာမြန်ဆန်ကြောင်း ကျွန်တော် အာမခံပါသည် ။
http://dailandinchindawntann.weebly.com/-software-41164106415341524... မှကူးယူတင်ပြသည်

Monday, July 8, 2013

Softwere မလို Youtube ဒေါင်းနည်း

ကဲဒီတစ်ခါတော့ youtube ကို Softwere မလိုတော့ပဲ ဒေါင်းကြရအောင်နော်။
၁။ ပထမဆုံး www.youtube.com ထဲကိုဝင်ပါ။ ကိုယ် ဒေါင်းချင်တဲ့ video ကို search.
၂။ ကိုယ်ကြိုက်တဲ့ Video လေးရပြီဆိုရင် LINK လေးကို COPY လိုက်ပါ။
၃။ New Tap ဖွင့်ပြီး http://www.clipconverter.cc/ ထဲဝင်ပါ။
... ၄။ Media URL ဆိုတဲ့ နေရာလေးမှာ youtube က ရထားတဲ့ LINK လေးကို PASTE လိုက်။ ( ဖုန်းနှင့်ဆိုရင် Clic...k ဆိုတာလေးကို နှိုက်လိုက်)
၅။ Avi, Flv, Mp4, Mp3, etc… ကိုယ်ကြိုက်တဲ့ Size ကို ရွေးပေါ့။ Size ကလည်း ပြောင်းလို့ရပါသေးတယ်ဗျ။
၆။ Size ရွေးပြီးပြီ ဆိုရင် Continue လေးကို နှိုက်။ ခဏစောင့်လိုက်ပါ။ START လေးပေါလာပါလိမ့် မည်။
၇။ ပေါလာတဲ့ Start လေးကိုနှိုက်လိုက်ပါ။
ကဲ Download က စတင်ပြီဗျာ။
Enjoy ****************************************-**-**-***********
ပျော်ရရင်ကြပါစေ။See More
Softwere မလို Youtube ဒေါင်းနည်း ကဲဒီတစ်ခါတော့ youtube ကို Softwere မလိုတော့ပဲ ဒေါင်းကြရအောင်နော်။ ၁။ ပထမဆုံး www.youtube.com ထဲကိုဝင်ပါ။ ကိုယ် ဒေါင်းချင်တဲ့ video ကို search. ၂။ ကိုယ်ကြိုက်တဲ့ Video လေးရပြီဆိုရင် LINK လေးကို COPY လိုက်ပါ။ ၃။ New Tap ဖွင့်ပြီး http://www.clipconverter.cc/ ထဲဝင်ပါ။ ၄။ Media URL ဆိုတဲ့ နေရာလေးမှာ youtube က ရထားတဲ့ LINK လေးကို PASTE လိုက်။ ( ဖုန်းနှင့်ဆိုရင် Click ဆိုတာလေးကို နှိုက်လိုက်) ၅။ Avi, Flv, Mp4, Mp3, etc… ကိုယ်ကြိုက်တဲ့ Size ကို ရွေးပေါ့။ Size ကလည်း ပြောင်းလို့ရပါသေးတယ်ဗျ။ ၆။ Size ရွေးပြီးပြီ ဆိုရင် Continue လေးကို နှိုက်။ ခဏစောင့်လိုက်ပါ။ START လေးပေါလာပါလိမ့် မည်။ ၇။ ပေါလာတဲ့ Start လေးကိုနှိုက်လိုက်ပါ။ ကဲ Download က စတင်ပြီဗျာ။ Enjoy ****************************************-**-**-*********** ပျော်ရရင်ကြပါစေ။
Like · · 7 hours ago via mobile ·

*face book

Sunday, July 7, 2013

တရုတ်တွင် ကလေးမွေးဖွားပေးခဲ့ရသော လူကုန်ကူးခံရသူ အမျိုးသမီး ပြန်ရောက်ရှိချိန်တွင် အမှုဖွင့်

ရန်ကုန်၊ ဇူလိုင် ၆

တရုတ်နိုင်ငံတွင် ကလေးမွေးဖွား ပေးခဲ့ရသော လူကုန်ကူးခံရသူ အသက် ၂၂နှစ် အရွယ်အမျိုးသမီးသည် ရန်ကုန်သို့ ပြန်လည် ရောက်ရှိချိန်တွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ရဲစခန်းတွင် ကိုယ်တိုင်လာရောက် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
...
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် (၇) ရပ်ကွက်နေ မအိပြည့်ဖြိုး ၂၂ နှစ်သည် ၂၀၁၁ ခုနှစ် ဧပြီလက တရုတ်နိုင်ငံသို့ လူကုန်ကူး ရောင်းချ ခံခဲ့ရပြီး ၂၀၁၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက် ရှိခဲ့ကာ ဒဂုံမြို့သစ် (အရှေ့ပိုင်း) ရဲစခန်းတွင် လူကုန်ကူးသူ မဇာနည်ထွန်း၊ ကိုညီနှင့် ကိုသူတို့ကို အရေးယူပေးရန် ကိုယ်တိုင်သွားရောက် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း မအိပြည့်ဖြိုးက The Vocie သို့ ပြောကြားသည်။

မအိပြည့်ဖြိုးသည် ၂၀၁၁ ခုနှစ် ဧပြီလ၌ တစ်ရပ်ကွက်တည်းနေ သူငယ်ချင်း မဇာနည်ထွန်းက မန္တလေးတွင် ကျောက်သွေး အလုပ်ဖြင့်တစ်လ ကျပ်၆သိန်းရမည် ပြောသဖြင့် လိုက်ပါသွားခဲ့ပြီး ထိုမှတစ်ဆင့် တရုတ်နိုင်ငံ ရွှေလီမြို့သို့ ရောက်ရှိပြီး မဇာနည်ထွန်းနှင့် သူငယ်ချင်းများဖြစ်သည့် ကိုညီနှင့် ထိုသူတို့သုံးဦးသည် မိမိကိုတရုတ်လင်မယား ထံရောင်းချခဲ့ကာ ပြန်သွားခဲ့ကြောင်း၊ အဆိုပါ လင်မယားက တရုတ်အမျိုးသား မာခဒက်ထံသို့ တရုတ်ယွမ်ငွေ ၅၅,၀၀၀ နှင့် ထပ်မံ ရောင်းချခံခဲ့ရကြောင်း ၎င်းကပြောသည်။

မိမိသည် တရုတ်နိုင်ငံသားနှင့် အဓမ္မ လက်ထပ်ထိမ်းမြားခဲ့ရပြီး ၂နှစ်နှင့် သုံးလကြာ နေထိုင်စဉ်အတွင်း သားယောက်ျားလေး တစ်ဦး မွေးဖွားပြီးနောက် ခွင့်တောင်း ပြန်လာခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ အမျိုးသမီးက The Voice သို့ ပြောကြားသည်။

“သမီးကိုတွေ့တော့ ရင်ထဲ ဆို့နင့်သွားတယ်။ မတွေ့ရတော့ဘူးလို့ကို ထင်ထားတာ။ သမီးနှစ်ယောက်ရှိတာ သူကအငယ်” ဟု မိခင်ဖြစ်သူ ဒေါ်ချိုချိုမြင့်က ပြောဆိုသည်။

လူကုန်ကူးသူ မဇာနည်ထွန်းကို ဇူလိုင် ၄ ရက်နေ့ နေ့လယ် ၁၂ နာရီတွင် နေအိမ်တွင် အိပ်နေစဉ် ဖမ်းဆီးရမိကြောင်း သိရှိရသည်ဟု ၎င်းကပြောဆိုသည်။ အဆိုပါ ဖမ်းဆီးရရှိမှုနှင့် ပတ်သက်ပြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ အမှုစစ် ရဲအရာရှိက မိမိတွင် ဖြေဆိုခွင့် မရှိကြောင်း ဖြေကြားပြီး စခန်းမှူးထံ ဆက်သွယ်မေးမြန်းရာ ဖုန်းကိုင်ခြင်း မရှိပေ။

မဇာနည်ထွန်း၊ ကိုညီနှင့် ကိုသူတို့ကို လိင်လူကုန်ကူးမှုဖြင့် အရေးယူပေးရန် မအိပြည့်ဖြိုး၏ တရားလိုပြုလုပ် တိုင်တန်းမှုကို ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရဲစခန်းတွင် (ပ) ၃၂၇/၁၃၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ-၂၄ ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်း သိရှိရသည်။
The Voice Weekly
 

မင်္ဂလာဒုံမြို့နယ်ရှိ စားသောက်ဆိုင် တစ်ခုအတွင်း အုပ်စုဖွဲ့ ဓားကိုင်၍ ၀င်ရောက်ကာ စားသုံးသူများအား ခြိမ်းခြောက်ငွေတောင်းယူမှု ဖြစ်ပွား

privacy2-july7
အခင်းဖြစ်ပွားရာ စားသောက်ဆိုင်အား တွေ့ရစဉ်။ (ဓာတ်ပုံ-အောင်မျိုးသန့်)
အုပ်စုဖွဲ့ ဓားကိုင်၍ မင်္ဂလာဒုံမြို့နယ်ရှိ PRIVACY II စားသောက်ဆိုင် တစ်ခုအတွင်း ၀င်ရောက်ကာ ဆိုင်အတွင်း စားသုံးသူများကို ခြိမ်းခြောက်ငွေတောင်းယူမှု ဇူလိုင် ၄ ရက်ည ၁၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မင်္ဂလာဒုံမြို့နယ်၊ ပြည်တော်သာ ရပ်ကွက်တွင် နေထိုင်သော ကျော်လင်းသည် အရှည် ၁၈ လက်မခန့်ရှိဓားကို ကိုင်ဆောင်ကာ အခြားလူငယ် ခုနစ်ဦးတို့သည် ည ၁၀ နာရီကျော်တွင် ဆိုင်အတွင်းသို့ ၀င်ရောက်လာပြီး စားပွဲဝိုင်းတစ်ခု၌ အရက်နှင့် ရေသန့်မှာယူကာ စားသောက်နေကြောင်း၊ ယင်းနောက် ကျော်လင်းနှင့် အတူပါလာသူ ခုနစ်ဦးတို့သည် အခြားစားသောက်ဝိုင်းရှိ စားသုံးသူများထံသို့ ကူးသွားပြီး အရက်ဖိုး တောင်းခံခဲ့ပြီး "မပေးလျှင် ဓားကိုကြည့်" ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း၊ ထိုအခါ ဆိုင်အတွင်း စားသုံးသူ အချို့မှာ ကြောက်လန့်ပြီး ငွေကြေးပေးခြင်း၊ အချို့မှာ ယင်းစားသောက်ဆိုင်မှ ပြန်လည်ထွက်ခွာခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့က ဆိုင်သိမ်းပြီး အိမ်မှာအိပ်နေတာပါ။ ဆူညံသံတွေကြားလို့ အပြင်ကို ထွက်ကြည်တော့ ဓားတွေကိုင်နေတဲ့ လူအုပ်စုကို စားသောက်ဆိုင်ထဲမှာ တွေ့ရတယ်။ ကျွန်တော့်အထင် လူကခုနစ်ဦး မကဘူး။ ၁၃ ဦးလောက် ရှိမယ်လို့ ထင်တယ်။ သူတို့တွေက တစ်ဝိုင်းပြီးတစ်ဝိုင်း ခုံပေါ်ကို ဓားထောက်ပြိး ပိုက်ဆံတောင်းတယ်။ ထိုင်နေတဲ့ လူတွေကလည်း ဓားတွေနဲ့ဆိုတော့ ကြောက်ပြီး ပါတဲ့ပိုက်ဆံတွေ အကုန်ထုတ်ပေးကြတယ်။ ကျော်လင်းကိုင်တဲ့ဓားက တော်တော်ရှည်တယ်" ဟု အဆိုပါ ရပ်ကွက်တွင် နေထိုင်ပြီး ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သူ အသက် ၃၀ ကျော်ခန့် အမျိုးသား တစ်ဦးက ဆိုသည်။
မင်္ဂလာမြို့မ ရဲစခန်းမှ အမှုစစ်ဖြစ်သူ ဒုရဲအုပ်ညွန့်ဝင်းက "ဒီဖြစ်စဉ်မှာ ကျော်လင်းပါ ခုနစ်ဦးတို့က တခြားဝိုင်းတွေဆီမှာ ငွေတောင်းနေတယ်။ အဲဒီအချိန်မှာ ဆိုင်မန်နေဂျာက ရဲစခန်းကို ဖုန်းနဲ့အကြောင်းကြားတယ်။ အဲဒါနဲ့ ကျွန်တော်တို့က ဆိုင်ကိုချက်ချင်း ရောက်လာပြီး ခုနစ်ဦး ဖမ်းဆီးရမိခဲ့တယ်။ ကျော်လင်းဆိုသူက ထွက်ပြေးသွားတယ်။ နောက်ပြီး ဓားတစ်လက်ကိုလည်း ဆိုင်ထဲမှာတွေ့ရှိလို့ သိမ်းဆည်းခဲ့တယ်။ လွတ်မြောက်နေတဲ့ ကျော်လင်းကိုတော့ ရဲတပ်ဖွဲ့တွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး အမြန်ဆုံး ဖမ်းဆီးရမိအောင် ဆောင်ရွက်နေပါတယ်" ဟု ပြောပါသည်။ အဆိုပါဖြစ်စဉ်အား မင်္ဂလာဒုံမြို့မ ရဲစခန်းမှ (ပ) ၄၀၃/၂၀၁၃၊ ပြစ်မှုပုဒ်မ- ၃၈၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသသည်
eleven...

အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး သံဃာနှစ်ပါး အပါအ၀င် ငါးဦးဒဏ်ရာရ

7.7.1
ဇူလိုင် ၇ ရက် နံနက်ပိုင်းက ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည့် ဗုဒ္ဓဂါယာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း အပျက်အစီးများကို ရဲများက စစ်ဆေးနေစဉ်
အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်မှ ဗုဒ္ဓဂါယာရှိ ဘုန်းတော်ကြီး ကျောင်းဝင်း တစ်ခုအတွင်း ဇူလိုင် ၇ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများကြောင့် သံဃာနှစ်ပါး အပါအ၀င် ငါးဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ပေါက်ကွဲသည့် ဗုံးများသည် အားမပြင်းသောကြောင့် ဘုန်းတော်ကြီးကျောင်းနှင့် ဗောဓိညောင်ပင်တို့ ပျက်စီးခဲ့ခြင်း မရှိကြောင်း အိန္ဒိယရဲများက သတင်းထုတ်ပြန်ခဲ့သည်။
“ဗောဓိညောင်ပင်ကိုတော့ ထိခိုက်မှု မရှိခဲ့ပါဘူး။ ဒဏ်ရာရတဲ့ လူတွေတော့ ရှိပါတယ်” ဟု ဘီဟာပြည်နယ် ရဲချုပ်အဘရာနန်က အေအက်ပီသို့ ပြောကြားခဲ့သည်။
ပေါက်ကွဲမှု ရှစ်ခုဖြစ်ပွားခဲ့ပြီး ဒဏ်ရာ ရရှိခဲ့သူများတွင် သံဃာတော်နှစ်ပါး ပါဝင်ခဲ့သည်ဟု မျက်မြင်သက်သေများနှင့် ရဲအရာရှိများက ပြောကြားခဲ့သည်။ ဒဏ်ရာရသူများအနက် တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။
နံနက် ၅ နာရီခွဲခန့်တွင် ပထမဆုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ကျန်ပေါက်ကွဲမှုများသည် နှစ်မိနစ်ခန့်ခြားကာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပေါက်ကွဲမှုများ ဖြစ်ပွားသည့် အချိန်တွင် ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း ဗုဒ္ဓဘာသာဘုရားဖူး ၂၀၀ ခန့် ရှိနေခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုများသည် အကြမ်းဖက် တိုက်ခိုက်မှု ဟုတ်၊ မဟုတ်ကို အတည်ပြုရန် အချိန်စောသေးကြောင်း အိန္ဒိယ ပြည်ထဲရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
လုံခြုံရေးများကို တိုးမြှင့်ချထားကြောင်း ခရိုင်ရဲ အရာရှိက ပြောကြားခဲ့ပြီး NDTV ရုပ်သံဌာနကလည်း မပေါက်ကွဲသေးသော ဗုံးတစ်လုံးကို ထပ်မံရှာဖွေ တွေ့ရှိခဲ့ကြောင်း သတင်းဖော်ပြခဲ့သည်။
ဗုဒ္ဓဂါယာသည် ဘီဟာပြည်နယ်၏ မြို့တော်ပတ္တနား တောင်ဘက် ၆၈ မိုင် အကွာတွင်ရှိပြီး ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် နေရာအဖြစ် ၂၀၁၂ ခုနှစ်တွင် ယူနက်စကိုက အသိအမှတ် ပြုခဲ့သည်။
ဗုဒ္ဓဂါယာတွင် သိဒ္ဓတ္ထမင်းသား ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည့် ဗောဓိညောင်ပင်၊ မဟာဗောဓိ ရုပ်ပွားတော်နှင့် မြတ်စွာဘုရား သီတင်းသုံးခဲ့သော ကျောင်းတော်နေရာများ ရှိသည်။
Ref:AFP