မြန်မာနိုင်ငံ ရဲတပ်ဖွဲ့
၁၄-၇-၂၀၁၃ ရက်နေ့ ၁၂၃၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၉၁/ ၃-၄)ကြားတွင်
ရန်ကုန်မှမန်္တလေးသို့ ဒဂုံမြို့သစ်မြောက်ပိုင်းနေ သန်းဝင်းလှိုင်
(၃၂)နှစ်မောင်းနှင်သော ၃စ/xxxx SPORTAGE အဖြူရောင်ယာဉ်မှာ ယာဘက်ရှေ့ဘီး
ပေါက်၍ လမ်းယာဘက်ဘေးတွင်ကာရံထားသော သံဇကာတန်းများအား ၀င်ရောက်တိုက်မိပြီး
အနက်ပေ(၂၀)ခန့် ရှိချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့သည်။
...
ထိုသို့တိမ်းမှောက်သဖြင့် ဒဂုံမြို့သစ် မြောက်ပိုင်း၊ သပြေညိုလမ်းနေ အဆိုတော် ဆိုတေး(ခ)အောင်သက်ပိုင်(၂၃)နှစ် တွင်
ဦးခေါင်းနောက်စေ့ ပေါက်ပြဲ၊ ယာနားထင်ပေါက်ပြဲ၊ ယာနားစုတ်ပြဲ၊
ဝမ်းဗိုက်ယာဘက်စုတ်ပြဲ၊ ယာပေါင်စုတ်ပြဲ၊ ၀ဲခြေမ ပေါက်ပြဲဒဏ်ရာများနှင့်
၎င်း၏ဇနီးဖြစ်သူ မချောချော(ခ)မ၀င်းဂရိသူ(၂၂)နှစ် တွင်
ဦးခေါင်းနောက်စေ့ ဖူးရောင်၊ လည်ပင်းစုတ်ပြဲ၊ မေးစေ့ယာဘက်ညိုမဲ၊
ဝဲလက်မောင်းဖူးရောင်၊ ယာခြေကျင်းဝတ်စုတ်ပြဲ ဒဏ်ရာများ၊ ယာဉ်မောင်းဖြစ်သူ
သန်းဝင်းလှိုင်ပါ(၂)ဦးတွင် ၀ဲလက်ကောက်ဝတ်၊ ယာတံတောင်ဆစ်၊ ၀ဲခြေသလုံးနှင့်
ယာဖနောင့်တို့တွင် ပေါက်ပြဲဒဏ်ရာများ၊ ယာနဖူး ဖူးရောင်ဒဏ်ရာများ အသီးသီး
ရရှိခဲ့သည်။ အဆိုပါဒဏ်ရာရရှိသူများအား မိတ္ထီလာပြည်သူ့ဆေးရုံသို့
ပို့ဆောင်ပေးခဲ့ရာ ဒဏ်ရာရရှိသူ မချောချော(ခ)မ၀င်းဂရိသူမှာ
ဆေးဝါးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့သဖြင့် သန်းဝင်းလှိုင်အား
သီးကုန်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၃/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၀၄-က/၃၃၈ ဖြင့်
အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။-
------------------------------ ----
နောက်ဆုံးကြားရသည့် သတင်းများအရ ဆိုတေး ကျန်းမာရေး အခြေအနေ ကောင်းမွန်လာသည်ဟု အင်တာနက် သတင်းများတွင် ဖော်ပြကြသည်။See More

၁၄-၇-၂၀၁၃ ရက်နေ့ ၁၂၃၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၉၁/
...
ထိုသို့တိမ်းမှောက်သဖြင့် ဒဂုံမြို့သစ် မြောက်ပိုင်း၊ သပြေညိုလမ်းနေ အဆိုတော် ဆိုတေး(ခ)အောင်သက်ပိုင်(၂၃)နှစ်
------------------------------
နောက်ဆုံးကြားရသည့် သတင်းများအရ ဆိုတေး ကျန်းမာရေး အခြေအနေ ကောင်းမွန်လာသည်ဟု အင်တာနက် သတင်းများတွင် ဖော်ပြကြသည်။See More

No comments:
Post a Comment