Sunday, June 30, 2013

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် ရှစ်ဦး သေဆုံးလေးဦး ဒဏ်ရာရ

ဗန်ကောက်    ဇွန်   ၂၉ ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် ရှစ်ဦး သေဆုံးလေးဦး ဒဏ်ရာရ
ထိုင်းနိုင်ငံတောင်ပိုင်း ယာလာပြည် နယ်တွင် ဇွန် ၂၉ ရက်က ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွားသောကြောင့် တပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အမှတ် (၁၃) စစ်ဆင်ရေး အထူးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၁ဝ ဦးသည် စစ်ဆင်ရေး တာဝန်များ ပြီးဆုံး၍ အိမ်အပြန် ခရီးစဉ်တွင် ဒေသစံတော်ချိန် နံနက် ၆ နာရီ မိနစ် ၃ဝ ခန့်က မြေမြှုပ်ဗုံး တစ်လုံးပေါက် ကွဲမှုကြောင့် ထရပ်ကားပေါ်တွင် ပါဝင်သည့် တပ်ဖွဲ့ဝင် ၁ဝ ဦးအနက် ရှစ်ဦးမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးကာ တပ်ဖွဲ့ ဝင်နှစ်ဦးနှင့်ရွာသား နှစ်ဦးမှာ ဒဏ်ရာ ရရှိခဲ့ကြောင်း နှင့် အဆိုပါ ဒဏ်ရာရရှိသူ များအား ကရောင်းပီနန်း ဆေးရုံသို့ပို့ ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ၄ မီတာ ကျယ်ပြီး ၂ မီတာနက်သည့် မြေကျင်း တစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ထို့အပြင် အခင်းဖြစ်ပွား ရာအနီးအနား၌ ပွိုင့် ၃၈ လက်လုပ် သေနတ်တစ်လက်ကိုလည်း တွေ့ရှိရကြောင်း၊ အဆိုပါ သေနတ်သည် အကြမ်း ဖက်သမားများ၏ လက်နက်ဖြစ်နိုင်ကြောင်း သိရသည်။
၂ဝဝ၄ ခုနှစ်ကတည်းက စတင်ဖြစ် ပွားခဲ့သော ထိုင်းနိုင်ငံ တောင်ပိုင်းစွန်း ပြည်နယ် ခြောက်ခုရှိ မူဆလင် လူမျိုးများ ၏ ပြည်နယ် ခွဲထွက်ခွင့် တောင်းဆိုမှုများကြောင့် အဆိုပါ အကြမ်းဖက်များနှင့် ထိုင်းအစိုးရတို့ အကြား တိုက်ပွဲပေါင်း ၁၁ဝဝဝ ကျော် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများကြောင့် လူပေါင်း ၅ဝဝဝ ကျော်သေဆုံး ၍ ၉ဝဝဝ ကျော် ဒဏ်ရာရရှိခဲ့သည်။

မြ၀တီ...

ချင်းတွင်းမြစ်အတွင်း ရေယာဉ်နှစ်စင်းတိုက်

Sunday, June 30, 2013
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် မင်းကင်းမြို့နယ်အနီး ချင်းတွင်းမြစ်အတွင်း ဇွန်လ ၂၇ ရက်နေ့ နံနက် ၁၀နာရီ ၄၅ မိနစ်ခန့်က ရေယာဉ်တစ်စင်း စက်ချို့ယွင်း၍ အခြားရေယာဉ်နှင့် တိုက်မိကာ တိမ်းမှောက်ခဲ့ကြောင်း မင်းကင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။

မုံရွာမြို့မှ ဆယ်ဇင်းသို့ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာသော ရွှေညီမွှာ ကုန်တင်ေ...ရယာဉ်မှာ မင်းကင်းမြို့နယ် သံပေါက်ကျေးရွာသို့ အရောက်တွင် စက်ချို့ယွင်းပြီး လှနန်းဒေဝီ တွဲရေယာဉ်ကို ကန့်လန့်ဖြတ် တိုက်မိသဖြင့် ရွှေညီမွှာရေယာဉ်မှာ နစ်မြုပ်သွားခဲ့ကြောင်း၊ ယင်းကုန်တင် ရေယာဉ်ပေါ် လိုက်ပါလာသော ခရီးသည် ခြောက်ဦးမှာ ထိခိုက်သေဆုံးမှု မရှိဘဲ ဆန်အိတ် ၈၀ အိတ်၊ ဒီဇယ် ပေပါ ၁၅၀ လုံး၊ ခြောက်လုံးထိုး အင်ဂျင်နှစ်လုံး၊ မှုန်စုပ်စက် တစ်လုံး၊ သံပိုက်ရှစ်လုံး၊ ရေခဲသေတ္တာ တစ်လုံးတို့မှာ ရေထဲ နစ်မြုပ်ခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

အဆိုပါ အမှုအတွက် ရေယာဉ်မောင်း ဦးမောင်ချိုနှင့် ဦးစိုင်းမြင့်ဦးတို့ကို မောက္ကတော်နယ်မြေ ရဲစခန်းက ယာဉ်(ပ) ၄/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၂၈၀) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်နေကြောင်း မင်းကင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

The Voice Weekly
TIME မဂ္ဂဇင်းကို ဆန္ဒပြ Sunday, June 30, 2013 ဗုဒ္ဓဘာသာကို အကြမ်းဖက် ပုံဖော်ခဲ့သည့် TIME မဂ္ဂဇင်းကို ကန့်ကွက်သည့် အနေနှင့် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ရဟန်းရှင်လူ ၅၀၀ ထက်မနည်း ဆန္ဒပြခဲ့ကြသည်။ ဆရာတော် ဦးဝီရသူပုံကို မျက်နှာဖုံးတွင် ဖော်ြ...ပကာ ‘The Face of Buddhist Terror’ ဆောင်းပါးကို ဖော်ပြခဲ့သည့် TIME မဂ္ဂဇင်းဖော်ပြချက်ကို ဗုဒ္ဓဘာသာ သာသနာကို ထိခိုက်စေနိုင်သဖြင့် ယင်းသို့ ကန့်ကွက်ခြင်းဖြစ်သည်။ ဆန္ဒဖော်ထုတ်ရာတွင် အမျိုးဘာသာ၊ သာသနာကို ကာကွယ်ရေး၊ (ဒို့အရေး) စောင့်ရှောက်ရေး (ဒို့အရေး) ဗုဒ္ဓဘာသာ အရှည်တည်တံ့ရေး (ဒို့အရေး) ဗုဒ္ဓ တရားတော်နှင့် အညီ ငြိမ်းချမ်းစွာနေထိုင်ရေး(ဒို့အရေး) အမျိုးသားရေး ကာကွယ်မှုကို ဆန့်ကျင်သည့် လူ့အခွင့်အရေး ချိုးဖောက်သူ များကို တိုက်ဖျက်ရေး (ဒို့အရေး) တိုင်းမ် မဂ္ဂဇင်းကို ဆန့်ကျင်ရေး (ဒို့အရေး) စသည့် အချက်များကို ကြွေးကြော်ခဲ့ကြသည်။ TIME မဂ္ဂဇင်းကို ကန့်ကွက်ကြောင်း ထုတ်ဖော်ခဲ့သည့် နိုင်ငံတော် သမ္မကြီးကို ထောက်ခံကြောင်း၊ အမျိုးဘာသာ သာသနာကို စောင့်ရှောက်ရေး ကြိုးပမ်းနေသည့် ဆရာတော် ဦးဝီရသူ ထောက်ခံကာ ဆုတောင်း မေတ္တာ ပို့ခဲ့ကြသည်။ ဆန္ဒပြပွဲကို မွန်းလွဲ တစ်နာရမှာ စတင်ခဲ့ပြီး ၃နာရီတွင် ပြီးဆုံးခဲ့သည်။ Zin Yaw....

ဆက်သွယ်ရေးလိုင်စင် ရွေးချယ်မှု မကျေနပ်က ရွေးချယ်ရေးအဖွဲ့ကို တရားစွဲနိုင် ဟုဆို

နေပြည်တော်၊ ဇွန် ၂၉

နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက် ဖြင့် ဆက်သွယ်ရေး လုပ်ငန်းလိုင်စင် တင်ဒါ စိစစ်ရွေးချယ်ရေး ကော်မတီက ဇွန်လ ၂၇ ရက်နေ့တွင် ဆက်သွယ်ရေးလိုင်စင် ရရှိသူနှစ်ဦး၏ အမည်စာရင်းကို ရွေးချယ် ထုတ်ပြန်ခဲ့ရာ အဆိုပါရွေးချယ်မှုကို မကျေနပ်ပါက တင်ဒါရွေးချယ်ရေး အဖွဲ့ကို တရားစွဲဆို နိုင်ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ပြောကြားသည်။

နေပြည်တော် စက်မှုဝန်ကြီးဌာန တွင် ပြည်ထောင်စုဝန်ကြီး အချို့နှင့် ပြည်တွင်းပြည်ပ မီဒီယာများ တွေ့ဆုံစဉ် သမ္မတရုံးဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
ဆက်သွယ်ရေးလိုင်စင် ရွေးချယ်ရာတွင် ကာတာအခြေစိုက် ကုမ္ပဏီကို လိုင်စင် ရွေးချယ်ပေးအပ်ခြင်းမှာ မလိုလားအပ်သည့် နောက်ဆက်တွဲ ပြဿနာများ ပေါ်ပေါက် လာနိုင်ကြောင်း၊ ဘာသာခြား အဖွဲ့အစည်း တစ်ခုဖြစ်၍ ပြည်သူများက ကန့်ကွက်မှုမျိုး ကြုံလာနိုင်ကြောင်း အင်တာနက်စာမျက်နှာ များတွင် ဝေဖန်မှုများ ရှိနေသောကြောင့် ဝန်ကြီးက ယင်းအတိုင်း တုံ့ပြန်ဖြေကြားခြင်း ဖြစ်သည်။

"ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ရာမှာ တန်းတူညီမျှ အခွင့်အရေး ပေးရပါတယ်။ ခွဲခြားလို့မရဘူး။ ဆက်သွယ်ရေးလိုင်စင် မှာဆို မလေးရှားကလည်း ပြိုင်တာပဲ၊ အင်ဒိုနီးရှားကလည်း ပြိုင်တာပဲ။ ကော်မတီက အသင့်တော်ဆုံးလို့ ယူဆသူကို ရွေးတာ။ သဘောမတူ မကျေနပ်ရင် ရွေးတဲ့အဖွဲ့ မေးလို့ရတယ်။ တရားစွဲလို့ရတယ်" ဟု ဦးစိုးသိမ်းက ဆိုသည်။

ဆက်သွယ်ရေးလိုင်စင် ရွေးချယ် ပေးအပ်ရာတွင် နိုင်ငံနှင့် ပြည်သူအကျိုး အတွက် အဘက်ဘက်က လေ့လာသုံးသပ်ပြီး နိုင်ငံတကာစံနှုန်း များအတိုင်း ရွေးချယ် ပေးအပ်ခြင်းဖြစ်ကြောင်း၊ မည်သည့် ပယောဂမျှ ပါဝင်ခြင်းမရှိဘဲ စည်းမျဉ်း စည်းကမ်းများနှင့် အညီ ပွင့်လင်းမြင်သာမှု အရှိဆုံးလုပ်ငန်း တစ်ခုအဖြစ် ဆောင်ရွက် ထားခြင်းဖြစ်ကြောင်း တင်ဒါကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။

ဆက်သွယ်ရေးလိုင်စင် အတွက် ငွေကြေးအင်အား တောင့်တင်းမှုတစ်ခု တည်းဖြင့်သာ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ ရွေးချယ်ရေးစည်းကမ်းပေါင်း ၂၀၀ ကျော်ရှိ ကြောင်း၊ ထိုအထဲမှ ပြည်သူအတွက် အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်မည်ဟု ယူဆသူကိုသာ အသေအချာ ရွေးချယ်ခြင်းဖြစ်ကြောင်း တင်ဒါကော်မတီ ထံမှ စုံစမ်းသိရှိရသည်။

ကာတာကုမ္ပဏီ Ooredoo ဆက်သွယ်ရေးလိုင်စင် ရရှိသွားခြင်းမှာ အကြံပေးအဖွဲ့ Roland Berger ၏ အမှတ်ပေးစည်းမျဉ်း များကို ကြိုတင်သိရှိနေပြီး အဆိုပါအမှတ် ပေးစနစ်အရ အမှတ်အများဆုံး ရရှိအောင် ဆောင်ရွက်သွားခြင်း ဖြစ်သည်ဟု မိမိတို့ ကြားသိရကြောင်း ဆက်သွယ်ရေးလိုင်စင် ဝင်ရောက်ယှဉ်ပြိုင်သည့် ပြည်တွင်းကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးရန် ပြည်ပဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းကုမ္ပဏီ နှစ်ခုကို အဆင့်ဆင့်စိစစ် ရွေးချယ်ကာ လုပ်ငန်းလိုင်စင် ပေးအပ်ခြင်းဖြစ်ပြီး နောက်ဆုံးအဆင့် တင်ဒါဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်ပအဖွဲ့အစည်း ၁၁ ခုမှ နော်ဝေကုမ္ပဏီ Telenor နှင့် ကာတာ ကုမ္ပဏီ Ooredoo ကို ရွေးချယ် ပေးအပ်ခဲ့သည်။
The Voice Weekly 

Saturday, June 29, 2013

အစ္စလာမ်ခင်ပွန်း၏ နှိပ်စက်မှုကြောင့် ဦးခေါင်းဒဏ်ရာ (၄)ချက် ချုပ်ခဲ့ရသော မခင်မျိုးဦး ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းပွဲ ကျင်းပ"

================ "ဆွမ်းလောင်း၊ ဘုရားဆွမ်းတော်ကပ်၊ ဘုရားရှိခိုးတိုင်း ပြင်းထန်စွာတားမြစ်ပြီး မကြားခဏရန်ဖြစ်တယ်။ ကျွန်မဦးခေါင်းကို ရိုက်ခွဲတဲ့အထိ ပြင်းထန်စွာ နာကျင်ဝေဒနာခံစားရအောင် ပြုလုပ်တယ်။ နေမကောင်းဖြစ်ရင်လည်း ဆေးခန်းပို့မပေးဘူး။ စိတ်ဆင်းရဲပြီ...း သေအောင်သတ်မယ်လို့ အကြိမ်ကြိမ် ကျိန်းမောင်း ပြောဆိုခဲ့ပါတယ်"ဟု ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းသူ မခင်းမျိုးဦးက ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းရှိ တိပိဋကနိကာယ်ကျောင်းတိုက်တွင် (၂၃-၆-၂၀၁၃) တနင်္ဂနွေနေ့၊ ညနေ ၃း၀၀ နာရီက ကျင်းပပြုလုပ်ခဲ့သော ဗုဒ္ဓဘာသာပြန်လည်ကူးပြောင်းပွဲ အခမ်းအနားတွင် စာနယ်ဇင်းများ၏ မေးမြန်းချက်များတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။ မခင်မျိုးဦးမှာ စစ်ကိုင်းတိုင်းဒေသကြီး ၊ စစ်ကိုင်းကျယ်လူးရွာ ဇာတိဖြစ်၍ အဖွား ဒေါ်ပြုံးရင်နှင့် အတူနေထိုင်ကာ မူလတန်းပညာကို သင်ယူရင်း ကျောင်းထွက်၍ အသက် (၁၈)နှစ်တွင် အမဲသားသည် ကိုကာတင်နှင့် တွေ့ဆုံကာ ခိုးရာလိုက်ပြီး အစ္စလာမ်ဘာသာဝင် အဖြစ်သို့ ခံယူခဲ့ရခြင်းဖြစ်သည်။ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ကာ ရှေ့နေဦးအေးပိုင်မှ မခင်မျိုးဦး ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာရခြင်းအကြောင်းကို ရှင်းပြကာ ရွှေရတု တိပိဋကဓရ ဆရာတော်ကြီး ဦးသီလက္ခန္ဓာဘိဝံသမှ သြဝါဒကထာကို မိန့်ကြားရာတွင် "ရှေးဦးစွာ စကားကို စွန့်လွတ်ရတယ်။ နောက်တော့ စိတ်ထဲကနေ စွန့်လွတ်ရတယ်၊ နောက်ဆုံးမှ အယူဝါဒကို စွန့်လွတ်ရတယ်"ဟု လမ်းပြညွန်ကြားတော်မူသည်။ ထို့နောက် မခင်မျိုးဦးမှ ဆရာတော် ဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသ၊ ပစ္စာသမဏ ဆရာတော်၊ ဒဂုံအရှေ့ ကေသရာရာမဆရာတော် အရှင်ကေသရ၊ မင်္ဂလာမဏ္ဍိုင်ဆရာတော်၊ ဒဂုံအရှေ့ မာဂဓီသာစည်ဆရာတော် အရှင်နေမိန္ဒ စသည့် ဆရာတော် (၅)ပါးရှေ့တွင် ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းလိုကြောင်း လျှောက်ထားပြီး မင်္ဂလာမဏ္ဍိုင်ဆရာတော်ထံမှ (၅)ပါးသီလ ဆောက်တည်ကာ ရတနာမြတ်သုံးပါးနှင့် သရဏဂုံးအကျိုးကို ရှင်းလင်းမိန့်ကြားတော်မူသည်။ ဆက်လက်၍ ကေသရာရာမဆရာတော် အရှင်ကေသရမှ ဗုဒ္ဓဘာသာဝင် ဖြစ်ရခြင်း၏ မြင့်မြတ်ပုံအကြောင်းကို မိန့်တော်မူ၍ မခင်မျိုးဦးက ရတနာသုံးပါး ဆည်းကပ်ကိုးကွယ်ခြင်း သရဏဂုဏ်နှင့် သီလကို ပေးကာ မင်္ဂလာမဏ္ဍိုင်ဆရာတော်နှင့် ကေသရာရာမဆရာတော် တို့ရှေ့တွင် ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းခြင်း စာချုပ်ကို လက်မှတ်ရေးထိုးပါသည်။ ဆရာတော်များမှလည်း အသိအမှတ်ပြု ပြန်လည်ရေးထိုးခဲ့သည်။ ထို့နောက် ဖခင် ဦးမျိုးတင့်နှင့် ဦးလေး ဦးဝင်းသိန်းတို့မှ မခင်မျိုးဦး ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းခြင်း အတွက် ဝမ်းသာစကားပြောကြားခဲ့သည်။ ထို့နောက် ထေရဝါဒ ဓမ္မကွန်ယက် သဘာပတိ ဆရာဦအောင်ကြိုင်မှ ဆုံးမစကားပြောကြားကာ စာနယ်ဇင်းများမှ မေးမြန်းသမျှကို မခင်မျိုးဦးက ပြန်လည် ဖြေကြားခဲ့သည်။ ဆက်လက်၍ မခင်မျိုးဦးကို ဝိသာခါ သီလရှင်ကြီး ဒေါ်ကိဿရထေရီ မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုကြောင်း မိန့်ကြား၍ ငွေ ကျပ် (၅၀၀၀၀)လှူဒါန်းခဲ့သည်။ ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းပွဲနဲ့ ပတ်သက်၍ ထေရဝါဒ ဓမ္မကွန်ယက်မှ နာယကဆရာတော်တစ်ပါးဖြစ်သော အရှင်နေမိန္ဒ က "ဒီလို ဗုဒ္ဓဘာသာ ပြန်လည်ကူးပြောင်းပွဲတွေကို တရားဝင် ထင်ထင်ရှားရှားပြုလုပ်ပေးတာဟာ အင်မတန်ကောင်းမွန်လှပါတယ်။ ဘာလို့လဲ ဆိုရင် ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးတွေဟာ ဟိရိ သြတပ္ပ တရား အလွန်ကြီးမားကြတော့ ပြန်လည်ကူးပြောင်းချင်ပါလျက် အရှက်အကြောက်တရားကြောင့် မကူးပြောင်းရဲကြသူတွေလည်း ကူးပြောင်းဖို့ အခွင့်အလမ်းတွေ ရရှိသွားကြတာပေါ့။ ဆရာတော်တို့ကတော့ ကိုယ့်ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းလာကြမယ့် လူတွေကို နွေးထွေးစွာ ကြိုဆိုနေကြဆဲ ဖြစ်ပါတယ်"ဟ ရီပိုတာဂျာနယ်သို့ မိန့်ကြား ပြောဆိုခဲ့သည်။

တင်ထွန်းအေး (The Reporter- NEWS JOURNAL. 30-June- 2013-ပါ သတင်းဖြစ်ပါသည်။)

သံဃာတော် ၁၅၀၀ ကျော် ထောက်ခံမှုဖြင့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်း

သံဃာတော်အပါး ၁၅၀၀ကျော်၏ ထောက်ခံမှုဖြင့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကို ဇွန်လ ၂၇ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်း အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြဝါဒခံယူပွဲနှင့် ဦးဆောင် ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲ သတင်းထုတ်ပြန်ရေးအဖွဲ့မှ အရှင်စန္ဒာသီရိက မိန့်ကြားသည်။ အဆိုပါ အဖွဲ့တွင် ဗဟို အလုပ်အမှုဆောင် အဖွဲ့နှင့် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ အဖြစ် ရွာမပရိယတ္တိ စာသင်တိုက် (အင်းစိန်)၊ နိုင်ငံတော် သြဝါဒစရိယ အဂ္ဂမဟာ ပဏ္ဍိတ ဆရာတော်ဘဒ္ဒန္တ တိလောကာဘိဝံသ တာဝန်ယူမည် ဖြစ်ပြီး သံဃာတော် အပါး ၆၁ ပါးဖြင့် ကနဦး ဖွဲ့စည်းလိုက်ကြောင်း၊ ဥပဒေပညာရှင်များနှင့် လူပုဂ္ဂိုလ်များကိုလည်း ထည့်သွင်း ဖွဲ့စည်းရန် စီစဉ်ထားကြောင်း ၎င်းက ထပ်မံမိန့်ကြားသည်။ “နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကို ခွင့်ပြုချက် တောင်းခံဖို့ စီစဉ်နေတယ်” ဟု အရှင်စန္ဒာသီရိက မိန့်ကြားသည်။ အင်းစိန်မြို့နယ် အောင်ဆန်းတောရ တပ်ဦးကျောင်းတိုက်တွင် ဇွန်လ ၂၇ရက်နေ့က ပြုလုပ်သော သံဃာတော်အပါး ၁၅၀၀ ကျော် တက်ရောက်ခ...ဲ့သည့် အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး သြဝါဒခံယူပွဲနှင့် ဦးဆောင် ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲတွင် သံဃာတော်များ ထောက်ခံမှုဖြင့် အဆိုပါအဖွဲ့ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ပဋိပက္ခ မဖြစ်ရန် အသိပညာပေး တားဆီးရန်၊ နိုင်ငံသားများ ညီညွတ်မှု၊ စည်းကမ်းရှိမှုဖြင့် ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး စည်းရုံးရန်၊ အမျိုးဘာသာ သာသနာကို တရားဥပဒေနှင့်အညီ ကာကွယ်ထိန်းသိမ်း ရန်ရည်ရွယ်ကာ ယင်းအဖွဲ့အစည်းကို ဖွဲ့စည်းခြင်း ဖြစ်ကြောင်း၊ သာသနာ ပြန့်ပွားစေရန် ဟောပြောခြင်း၊ သင်တန်းပေးခြင်းများကို ဓမ္မနှင့်အညီ လုပ်ဆောင်ရန်၊ အသိအမြင်၊ အတွေးအခေါ်၊ ပညာရေး မြင့်မားရေး လုပ်ငန်းများကို ဆောင်ရွက်ရန်၊ မျိုးစောင့် ဥပဒေတစ်ရပ် ထွက်ပေါ်ရန် လုပ်ဆောင်မည် ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရှိရသည်။ ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ တိုင်းမ်မဂ္ဂဇင်း ဖော်ပြချက်ကဲ့သို့ အလားတူ ပြဿနာများတွင် နိုင်ငံတကာကို ဖြေရှင်းနိုင်ရေးနှင့် အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် ဦးဆောင်လမ်းညွှန် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းသင့်ပြီး ယင်းကော်မတီတွင် နိုင်ငံတကာ အသိအမြင်ရှိသည့် လူပုဂ္ဂိုလ်များကို ထည့်သွင်းရန် သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဒေါက်တာအရှင်ဉာဏိဿရက ယင်းတွေ့ဆုံညှိနှိုင်း အစည်းအဝေးတွင် အကြံပြု တိုက်တွန်းခဲ့သည်။ အဆိုပါ အစည်းအဝေး အပြီးတွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ကို ဖွဲ့စည်းရန် ထောက်ခံရေး၊ မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းရေး၊ အရှင်ဝီရသူ The Face of Buddhist Terror ဆောင်းပါးကို ဖော်ပြခဲ့သည့် တိုင်းမ် မဂ္ဂဇင်းကို အပြင်းအထန် ကန့်ကွက်ရေး၊ နိုင်ငံတော် အစိုးရနှင့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့တို့က အမျိုးဘာသာ သာသနာရေးတွင် အကူအညီပေးရေး၊ ပဋိပက္ခ မဖြစ်ပွားရန် ဝိုင်းဝန်း ထိန်းသိမ်းရေး အချက်ငါးချက် ပါဝင်သည့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ တိုင်းမ်မဂ္ဂဇင်း ဖော်ပြချက်နှင့် ပတ်သက်၍ သံဃာတော်များက သည်းခံ၊ ခွင့်လွှတ်ရန် မေတ္တာရပ်ခံခဲ့ပြီး မဟုတ် မမှန်သည့် အကြောင်းကို မဟုတ်ကြောင်း ပြန်လည်ရှင်းလင်းရန်၊ ဟုတ်မှန်ပါက ဟုတ်မှန်ကြောင်း ဝန်ခံရန် လိုအပ်ကြောင်း ဒေါက်တာအရှင်ဉာဏိဿရက ယင်းအခမ်းအနားတွင် မိန့်ကြားသည်။

The Voice Weekly
See More

မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုနှင့် အရေးယူခံရသည့် သရုပ်ဆောင်ဘုန်းလျှံ

Saturday, June 29, 2013

ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် ဟိန်းထူးလင်း(ခ) ဘုန်းလျှံအား မူးယစ်ဆေးဝါးများလက်ဝယ်ထားရှိသုံးစွဲမှု ဖြင့် ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။



... ဇွန် ၂၈ ရက်နေ့က မူးယစ်အထူးအဖွဲ့မှ မူးယစ်ဆေးဝါးသတင်းအရ ယင်း ရုပ်ရှင်သရုပ်ဆောင် ခေတ္တနေထိုင်ရာ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ သာယာဝတီလမ်း၌ရှိသော Inn တစ်ခုအတွင်းသို့ ၀င်ရောက်ရှာဖွေရာမှ ၎င်း၏ အဖော်ဖြစ်သူ ဦးမောင်ထွန်းလှဆိုသူနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

၎င်းတို့နေသော အခန်းအတွင်းရှိ ကုတင်ခေါင်းရင်း ကြမ်းပြင်ပေါ်တွင် ချထားသော ခရီးဆောင် လက်ဆွဲ အိတ်အတွင်းတွင် Red Ruby စီးကရက်ဗူး ခွံတစ်ခုတွေ့ရပြီး ထိုစီးကရက်ဗူးခွံထဲ၌ WY စာတမ်းပါရှိသော လိမ္မော်ရောင် စိတ်ကြွဆေးပြား (၄၇)ပြား၊အစိမ်း ရောင် (၂)ပြား၊စုစုပေါင်း (၄၉)ပြား နှင့်အတူ ဦးမောင်ထွန်းလှ အိပ်သော ကုတင်ခေါင်းရင်းမှ ဂျာနယ်ခေါက်ထဲ၌ တိပ်အကြည်ဖြင့်ကပ်လျက် အဖြူရောင် တစ်ရှုးစက္ကူအတွင်း ပလတ်စတစ်အိတ်အကြည်ဖြင့် ထုတ်လျက်ထား ရှိသော လိမ္မော်ရောင် စိတ်ကြွဆေးပြား(၉၉)ပြားအား တွေ့ရှိကာ ဖမ်းဆီးရမိခြင်းဖြစ်သည်။

အဆိုပါအခန်းအတွင်းတွင် စိတ်ကြွဆေးပြားများနှင့်အတူ စိတ်ကြွဆေးပြားသုံးစွဲရာတွင်အသုံးပြုရသော ရေသန့် ဘူးဘေးဘက်တွင် ပိုက်တပ်လျက်နှင့်(၆)လက်မခန့်ရှိ ခဲပြား (၂)ပြား၊မီးခြစ် (၁)လုံးတို့ကိုသိမ်းဆည်းရမိပြီး စုစု ပေါင်းစိတ်ကြွဆေးပြား ကျပ်(၇)သိန်းလေးသောင်းဖိုးခန့် ဖမ်းဆီးရမိခြင်းဖြစ်သည်။

ဗဟန်းမြို့နယ်ရဲစခန်းမှ သရုပ်ဆောင် ဘုန်းလျှံနှင့်အဖော်ဖြစ်သူ ဦးမောင်ထွန်းလှတို့အား မူးယစ်ဆေးဝါးနှင့်စိတ် ကိုပြောင်းလဲစေသောပုဒ်မ ၁၅/၁၉(က)/၂၁ဖြင့် အမူဖွင့်အရေးယူထားကြောင်း သိရသည်။

“ဆေးအပြား(၃၀)နဲ့အထက်ဆို ၁၉(က) ဆို ထောင်ဒဏ်က ၁၀ နှစ်ကနေ နှစ်အကန့်အသတ်မရှိ ကျခံရနိုင်တယ်။ အပြား၃၀ အောက်ဆိုရင်တော့ ၁၆
(ဂ) ဆို ၅ နှစ် ကနေ ၁၀ နှစ်အထိ အရေးယူနိုင်တယ်” ဟု မှုးယစ်အထူးအဖွဲ့မှ ဒု-ရဲမှူး ဦးခင်မောင်သိန်းကပြောသည်။

myitmakhamediagroup

"ဒေါ်စုသာ အာဏာရခဲ့ရင် ..."

===============
ဒေါ်စုသာ အာဏာရခဲ့ရင် ...ခင်ဗျားတို့ သဘောမတူတာတွေကိုလည်း သူ ဆုံးဖြတ်တာမျိုးရှိကောင်းရှိမယ်။ဒါပေမဲ့ သဘောမတူရင် မတူကြောင်း လွတ်လပ်စွာ ဝေဖန်ကန့်ကွက်ခွင့်ရှိလိမ့်မယ်။
...
ဒေါ်စုသာ အာဏာရခဲ့ရင် ...အမျိုးပျောက်မှာ စိုးကြောက်တယ်လို့ ဒလန်တွေက အသံကုန်အော်ကြဒါပေမဲ့ အနောက်တံခါးက ဘင်္ဂလီသန်းဝက်ကျော်ကို အလုံးအရင်းသွင်းခဲ့တာ ဒေါ်စု မဟုတ်ဘူး။သူ့လက်ထက်မှာ ဒီလူတွေဝင်မယ်ဆိုလည်း ကျုပ်တို့ လူသိရှင်ကြား သိခွင့် တားဆီးခွင့်ရမယ်။

ဒေါ်စုသာ အာဏာရခဲ့ရင် ...ကမ္ဘာမှာရှိတဲ့ လက်ချိုးရေလို့ရသော သက်ရှိဂန္ဓ၀င်နိုင်ငံရေးခေါင်းဆောင်စာရင်းမှာ ထိပ်ဆုံးတန်း စာရင်းပေါက်သူတစ်ယောက်ကျုပ်တို့နိုင်ငံကို အုပ်ချုပ်နေပါကလားလို့ လက်မထောင်ခွင့်ရမယ်။တစ်ချို့ ... မီယားမား ဘာမှန်းမသိသူတွေ သိလာမယ်။ဒေါ်စု အုပ်ချုပ်တဲ့နိုင်ငံလို့ တစ်ခွန်းတည်းပြောလိုက်ရုံနဲ့ ပတ်စပို့အနီကို ရင်ကော့ပြီး ကျုပ်တို့ ကိုင်နိုင်မယ်။

ဒေါ်စုသာ အာဏာရခဲ့ရင် ...ခေါင်းမရှောင်တတ်တဲ့ သတ္တိခဲခေါင်းဆောင်တစ်ယောက်ကို ကျုပ်တို့ရပြီ။ကမ္ဘာရဲ့ ဘယ်နေရာကိုသွားသွား ခေါင်းငုံ့စရာမလိုတဲ့၊ ကြောက်နေစရာမလိုတဲ့၊ သြဇာကြီးသော ခေါင်းဆောင်တစ်ယောက်ကို ကျုပ်တို့ရပြီ။

ဒေါ်စုသာ အာဏာရခဲ့ရင် ....ဘာမှန်းမသိတဲ့ပုဒ်မတွေ တပ်၊ လိုတစ်မျိုး မလိုတစ်မျိုးနဲ့နံရံလေးဘက်ကြား သွင်းချည် ပြန်ထုတ်ချည်အဖြစ်တွေကို ကျုပ်တို့ ရှောင်လွှားနိုင်မယ်။

ဒေါ်စုသာ အာဏာရခဲ့ရင် ...ဒေါ်စုက ဘူးလက်နဲ့ အုပ်ချုပ်မှာ မဟုတ်ဘူး။သံတိုင်တွေနဲ့ ခြောက်မှာ မဟုတ်ဘူး။မျှတမှုနဲ့ အုပ်ချုပ်မှာ၊ သြဇာဓာတ်နဲ့ လွှမ်းမိုးမှာဒါကြောင့် အကြောက်တရားတွေအားလုံး ကျုပ်တို့လည်ပင်းက ခွေးသေကောင်ပုတ်လို့ ခွာချထားနိုင်မယ်။

ဒေါ်စုသာ အာဏာရခဲ့ရင် ...ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်။မြန်မာကို အာရှကျားတစ်ကောင်အဖြစ် အသက်ဝင်စေ့မယ်။

ဒေါ်စုသာ အာဏာရခဲ့ရင် ...ပညာရှင်တွေကို ဖိတ်ခေါ်ကမ္ဘာ့တက္ကသိုလ်ကြီးတွေ ၀င်လာကြကျုပ်တို့ဦးဏှောက်ကို ပေမီဒေါက်မီ ဖြစ်စေ့မယ်။

ဒေါ်စုသာ အာဏာရခဲ့ရင် ...အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်မြန်မာပြည်ကို သေနတ်သံကင်းမဲ့ဇုန်အဖြစ် တည်ဆောက်နိုင်မယ်။

ဒေါ်စုသာ အာဏာရခဲ့ရင် ...
ဒါဟာအပြောင်းအလဲဖြစ်တယ်။
ဒါဟာ အသစ်ဖြစ်တယ်။
ဒါဟာ တစ်ဆစ်ချိုးကွေ့ဖြစ်တယ်။ဒါကြောင့် ဒေါ်စုကို ငါ အာဏာရစေ့ချင်တယ်။တကယ်လို့ အဲဒီအချိန် ဒေါ်စုအုပ်ချုပ်ပုံတွေ မကျေနပ်ရင်ငါ လမ်းပေါ်ထွက်ကောင်း ထွက်မယ်။တိုက်ရိုက် ဆန့်ကျင်ကောင်းဆန့်ကျင်မယ်။သူ့အိမ်ရှေ့သွားပြီး ဆန္ဒပြရင်လည်း ပြမှာပဲ။သူ့ကို နာမည်တပ် ပုတ်ခတ်ရင်လည်း ပုတ်ခတ်မှာပဲ။ဒါပေမဲ့ ...အဲဒီလို မတွန့်မဆုတ်ပြုနိုင်ဖို့ဒေါ်စုကို ငါ အာဏာရစေ့ချင်တယ်။

သွန်းနေ စိုး
ဒဲ့ လော်ဘီလုပ်သည်။......အကြိုက်ဆုံး  ဆောင်းပါးလေးပါ... 

ကမ္ဘာကျော်ကုမ္ပဏီကြီးတွေက အမှန်တကယ်အလုပ်မဖြစ်ဘူးဆိုတဲ့သဘောလား

ဦးဆက်အောင်ပြောသလိုဆို Digicel လို orange လို sumimoto လို SinTel ကမ္ဘာကျော်ကုမ္ပဏီကြီးတွေက အမှန်တကယ်အလုပ်မဖြစ်ဘူးဆိုတဲ့သဘောလား? ပြင်သစ် ဂျပန်ကုမ္ပဏီတွေက ကာတာအာရပ်ကုမ္ပဏီလောက် အသုံးမကျဘူးဆိုတဲ့ သဘောလား? အစိုးရနှင့် ဆက်ဆံရေး ကောင်းတာ မကောင်းတာ ထည့်မတွက်ဘူးဆိုတော့ ဂျပန်က အကြွေးတွေ ဘီလီယံနဲ့ချီပြီး လျော်ပေးတုန်းက ဘယ်လိုမျက်နှာပေး ဘယ်လိုမျက်ခွက်နဲ့ အကူအညီတောင်းခဲ့တာလဲ? ကိုယ်က ပြန်အခွင့်အရေးပေးစရာရှိမှ ဘယ်...နိုင်ငံမှ ဘက်မလိုက်ပါဘူးလေး ဘာလေးနဲ့ သူတော်ကောင်းလုပ်ပြမနေနဲ့။ ကာတာကုမ္ပဏီက ဂျပန်နည်းပညာ ဥရောပနည်းပညာထက် တအားကောင်းနေလို့ ပြည်သူ့အကျိုးအတွက် ဂျပန်တွေကို ကျေးဇူးကန်းလိုက်တာဆို ဖြေသာသေးတယ်။
ကာတာကုမ္ပဏီ ကာတာနိုင်ငံက ဂျပန်လိုနိုင်ငံနဲ့ယှဉ်လိုက်ရင်
နည်းပညာ ပိုကောင်းလား?
မြန်မာပြည်ပေါ် ပိုပြီး ကူညီခဲ့ဖူးလား? (ငါးပြားတစ်စေ့တောင်မပေးဖူးဘူး)
မြန်မာလူမျိုးကိုစေတနာထားဖူးလား? (ဂျီဟက်လုပ်ပြီး မြန်မာတွေကို သတ်ဖို့ကြွေးကြော်နေသူတွေ)

ဝန်ကြီးရေ လျှာအရိုးမရှိတိုင်း လျှောက်မပြောပါနဲ့။ မြန်မာပြည်သူတွေဟာ
ငတုံးတွေ မဟုတ်ပါဘူး။

အူရဒူးက မြန်မာပြည်မှာ အလုပ်တွေပေးပါလိမ့်မယ်။ သူတို့ မွတ်ဆလင်တွေကို အဓိကပေးသွားပါလိမ့်မယ်။ တခြားကုမ္ပဏီတွေလည်း သူတို့လို အလုပ်ပေးနိုင်တာပဲ။

အူရဒူးက အမြတ်ထဲက အချို့ကို လှူပါလိမ့်မယ်။ ဗလီတွေ အာရပ်စာသင်ကျောင်းတွေ မွတ်ဆလင်အဖွဲ့တွေကိုပဲ လှူပါလိမ့်မယ်။
တခြားကုမ္ပဏီတွေဆို ဗုဒ္ဓဘာသာတွေအတွက်ပါ အကျိုးရှိပါလိမ့်မယ်။

အူရဒူးက ၀န်ထမ်းတွေကို train မယ်ဆိုပြီး ကာတာပို့ပြီး အစွန်းသင်တန်းတွေ ပို့ချပါလိမ့်မယ်။ တခြားကုမ္ပဏီတွေဆို နိုင်ငံကို အကျိုးရှိစေမဲ့ နည်းပညာတွေသာ သင်ကြားပေးမှာဖြစ်ပါတယ်။

ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး ရွေးစရာအများကြီးရှိပါလျက်နဲ့ အူရဒူးကုမ္ပဏီကို ရွေးချယ်လိုက်တဲ့ အစိုးရဆုံးဖြတ်ချက်ကို လုံးဝရှုံ့ချကန့်ကွက်ပါတယ်။

ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့

=================================
The Voice weekly

အမှန်တကယ်အလုပ်ဖြစ်နိုင်သည့် ကုမ္ပဏီများကိုသာ ဆက်သွယ်ရေးလိုင်စင် ချပေးဟုဆို
Saturday, June 29, 2013

ဆက်သွယ်ရေး လုပ်ကိုင်ခွင့် ဆုံးဖြတ်ရာတွင် ကုမ္ပဏီများက ပေးအပ်သော အကူအညီ၊ အစိုးရနှင့် ဆက်ဆံရေး ကောင်းမွန်ခြင်းနှင့် ဘာသာရေးနှင့် သက်ဆိုင်သည်တို့ကို ထည့်သွင်း တွက်ချက်ခြင်းမရှိဘဲ အမှန်တကယ် အလုပ်ဖြစ်နိုင်သည့် ကုမ္ပဏီများကိုသာ လုပ်ထုံးလုပ်နည်း ၂၀၀ ခန့်ဖြင့် စနစ်တကျ ရွေးချယ်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ဆက်သွယ်ရေး အော်ပရေတာ တင်ဒါ ခေါ်ယူခြင်းနှင့် ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံ က KTV /Massage မှာ အသွေးအသား ရောင်းစားနေသူတွေ


မြန်မာနိုင်ငံ က KTV /Massage မှာ အသွေးအသား ရောင်းစားနေသူတွေ

အများစု ၉၉ % က ဗုဒ္ဒဘာသာဝင်တွေ များတယ်။

အစ္စလမ်ဘာသာဝင် တွေ ထဲ မှာကော ပညာမတတ် တဲ့ နွမ်းပါးတဲ့ မိန်းကလေးတွေ

အများကြီး ရှိတာဘဲ သူတို့ ဘာဖြစ်လို့ ကေတီဗွီ။ မာဆတ် မရောက်သလဲ။

အင်တာနက် မှာ သိက္ခာချပြီး လိင်ဆက်ဆံ တဲ့ အခွေ တွေ။

... ပုံတွေ အတင်ခံရတာ ဘယ်သူတွေလဲ။

မြန်မာ အမျိုးသမီး ဗုဒ္ဒဘာသာဝင်တွေဘဲ။

သူတို့ကို လိင်ဆက်ဆံပြီး ဓာတ်ပုံ။ ရုပ်ရှင် ခိုးရိုက်တာကော ဘယ်သူတွေလဲ ။

မြန်မာ အမျိုးသားဗုဒ္ဒဘာသာဝင် တွေဘဲလေ။)

အစ္စလမ်ဘာသာဝင် အမျိုးသမီးတွေ ကော ရီးစား မထားဘူးလား။

လိင် မဆက်ဆံဘူးလား။ ရီးစားထား။လိင်ဆက်ဆံ ကြမှာပါဘဲ။

ဒါပေမဲ့ သူတို့ ရီးစား လိင်ဆက်ဆံဘက် အစ္စလမ်ဘာသာဝင် အချင်းချင်းက

ဒီလို မယုတ်မာ ကြလို့သာ သူတို့ ပုံတွေ အင်တာနက် ပေါ် မရောက်တာလေ။

( ရှင်းနေတာဘဲ။ သူတို့ အစ္စလမ် ဘာသာဝင် အချင်းချင်း စောင့် ရှောက်လို့ သာ

အစ္စလမ်ဘာသာဝင် အမျိုးသမီးတွေ ပညာ မတတ်ပေမဲ့။ လိင်ဆက်ဆံပေမဲ့

အင်တာနက်ပေါ်လဲ မရောက်ဘူး။ ကေတီဗီ ။မာဆွတ် မှာလဲ မရောက်ဘူး။)

မြန်မာ မိန်းကလေးတွေ ပညာနည်းပါးတဲ့သူ တွေ ကေတီဗီ ရောက်တယ်။

မာဆတ် ရောက်တာ သူတို့ အဖေအမေ။ ညီ အကို မောင်နှမ။ လင်ချစ်သူရီးစား

မြန်မာ ဗုဒ္ဒဘာသာ ၀င်တွေက ၀အောင် မကျွေးလို့။ လှအောင် မဆင်လို့ ။

ကိုယ့် လူမျိုး ဗုဒ္ဒဘာသာဝင် အချင်းချင်း မစောင့် ရှောက်လို့ သာ ဖြစ်တယ်။

အမျိုးစောင့် ဥပဒေ ဆိုတာ ခန ထားပါဦး။

လောလောဆယ် မှာ ဒုက္ခရောက်နေတဲ့ ကေတီဗွီ။မာဆတ်။က မြန်မာ အမျိုးသမီး

ဗုဒ္ဒဘာသာဝင် တွေကို ( မျိုးချစ်တစ်ဇောက်ကန်း အော် နေကြတဲ့

ဘယ် အကောင်မြန်မာ ဗုဒ္ဒဘာသာဝင် တွေ အတည်ယူကြမလဲ။ )

စာရင်း အရင် လာပေးကြပါ။

နင်တို့ အခုအမျိုးချစ် တဲ့ အနေနဲ့။ အမျိုးကို တကယ် စောင့် ရှောက် မယ်

ဆိုရင် ဒီနေ့ ဦးသုံးကြိမ် အရင် ချမယ်။

Wai Yan Moe Myint စာမျက်နှာမှ ကူးယူဖော်ပြပါသည်

အေးချမ်းမွန် Credit To > အင်တာနတ် < Thank

ကျောက်လာဝယ်သူ တရုတ်နိုင်ငံသားနှစ်ဦး သိန်း ၁၅၀ တန်ဖိုးရှိ ကျောက်များ ခိုးယူဟုဆို Friday, June 28, 2013

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ပတ်ကုန်းဝန်းကျင် ရပ်ကွက်ရှိ အောင်သပြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးဆိုင်သို့ ကျောက်လာဝယ်သူ တရုတ်နိုင်ငံသားနှစ်ဦး ကျပ်သိန်း ၁၅၀ တန်ဖိုးရှိ ကျောက်မျက်ထည်များခိုးယူမှု ဇွန်လ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု အဆိုပါ ကျောက်မျက်ရတနာဆိုင်၏ ပြောကြားချက်အရ သိရှိရသည်။

အဆ...ိုပါနေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ခန့်က တရုတ်နိုင်ငံသား နှစ်ဦးသည် ပတ္တမြားအပွင့်ထဲမှ အရည်ကောင်းကို ဝယ်ယူရန် ကျပ်သိန်းတစ်ရာခန့် တန်ဖိုးရှိ နီလာ၊ စိန်ပတ်လည် လက်စွပ်တစ်ကွင်း နှင့် ကျပ်သိန်း ၅၀ တန်ဖိုးရှိ ကျောက်စိမ်း၊ စိန်၊ ရွှေပါဆွဲသီးတစ်ခု ကြည့်ရှုပြီးနောက် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

အဆိုပါ တရုတ်နိုင်ငံသားနှစ်ဦးသည် ဆိုင်တာဝန်ခံကို ဗီဇာကတ်ဖြင့် ဝယ်ယူ၍ ရမည်လားဟုမေးပြီး ပြန်လာမည်ဟု ပြောကာ ထွက်သွားပြီးနောက် ယင်းကဲ့သို့ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးထံမှ ထပ်မံသိရှိရသည်။

"အခု ရဲက လိုက်နေတုန်းပဲ ရှိသေးတယ်။ အမှုဖွင့်ထား ပါတယ်" ဟု အောင်သပြေ ကျောက်မျက်ရောင်းဝယ်ရေး ဆိုင်လုပ်ငန်းရှင် ဦးကျော်ကျော်ခိုင်က The Voice သို့ ပြောကြားသည်။

အဆိုပါ တရုတ်နိုင်ငံသားနှစ်ဦးကို ဆိုင်အရောင်း တာဝန်ခံက ချမ်းအေးသာစံမြို့နယ် အမှတ်(၃)ရဲစခန်း တွင် တရားလိုပြု၍ အမှုအမှတ် (ပ)၃၀၁/၂၀၁၃၊ ပုဒ်မ ၃၈၀ အရ အမှုဖွင့် တိုင်တန်းထားကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

(ဖြိုးဖြိုးဇော်)
The Voice Weekly

မြန်မာ့ဆက်သွယ်ရေးမှ တယ်လီဖုန်း ခေါ်ဆိုခများကို ယခုဘဏ္ဍာရေးနှစ် အတွင်း တစ်မိနစ်ကျပ် ၅၀ မှ လျော့ချ ကောက်ခံသွားမည်



မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်းမှ တယ်လီဖုန်း ခေါ်ဆိုခနှုန်းထား တစ်မိနစ် ကျပ် ၅၀ ကို ယခုနှစ် ဘဏ္ဍရေးနှစ်အတွင်း လျော့ချဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဇွန် ၂၈ ရက်က ပြောကြားသည်။
လသာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့် မေးမြန်းသည့် လက်ကိုင်ဖုန်းများ၏ ပြောဆိုဆက်သွယ်ခကို တစ်မိနစ်လျှင် ကျပ် ၅၀ နှုန်းမှ ငါးကျပ်နှုန်းသို့ လျော့ချပေးရန် ကမ်းလှမ်း အဆိုပြုလာသည့် ကုမ္ပဏီများ ရှိ၊ မရှိနှင့် မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်းက ဦးဆောင်လျော့ချ သတ်မှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ စပ်လျဉ်းသည့် မေးခွန်းနှင့် ပတ်သက်၍ ပြန်လည် ဖြေကြားရာတွင် ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
”ကျွန်တော်တို့ ဆက်သွယ်ရေး ၀န်ကြီးဌာန အနေနဲ့ တယ်လီဖုန်း ပြောဆိုခတွေတင် မကဘဲ တခြားအခွန် အခတွေကိုလည်း ခေတ်နဲ့လျော်ညီမှုရှိအောင်နဲ့ အိမ်နီးချင်းနိုင်ငံများနဲ့ နှိုင်းယှဉ်ပြီး ကွာဟချက် နည်းပါးစေဖို့ ယခုနှစ် ဘဏ္ဍာရေးနှစ် အတွင်းမှာ လျော့ချဆောင်ရွက် သွားပါ့မယ်” ဟု ဒုတိယ၀န်ကြီးက ပြောကြားသည်။
ထို့ပြင် ၂၀၁၄ ခုနှစ် ဇူလိုင်လလောက်တွင် ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီ လေးခုအထိ ရှိလာမည် ဖြစ်သည့်အတွက် မြန်မာ့ဆက်သွယ်ရေး အနေဖြင့် မူဝါဒများ ချမှတ်ကာ အော်ပရေတာ ကုမ္ပဏီလေးခုအား ပြည်သူအတွက် မျှတထိုက်တန်သော ၀န်ဆောင်မှုများ ပေးနိုင်စေရန် ထိန်းကျောင်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ ကုမ္ပဏီများ၏ ဈေးကွက်ယှဉ်ပြိုင်မှုများအရ ဈေးနှုန်းကို အပြိုင်အဆိုင် လျော့ချမှုအပေါ် ဈေးနှုန်းအပေါ် နှုန်းထားသတ်မှတ်သွားမည် မဟုတ်ဘဲ လွတ်လပ်စွာ ခွင့်ပြုသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
”တစ်မိနစ်ကို ဖုန်းခေါ်ဆိုခ ငါးကျပ်ထိ မရှိသည့်တိုင် ဈေးကွက်ယှဉ်ပြိုင်မှုတွေ ပြုလုပ်တာကို လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ပြုပေးပါမယ်။ ကုမ္ပဏီတွေက အပြိုင်အဆိုင် လျော့ချမှုတွေ ပြုလုပ်နိုင်တဲ့အတွက် နောင်တစ်ချိန် ချိန်မှာတော့ ခေါ်ဆိုခတွေ ငါးကျပ်နှုန်းအထိ ကျဆင်းနိုင်မယ်လို့ ထင်ပါတယ်” ဟု ဒုတိယ၀န်ကြီးက ပြောကြားသည်။
Ref & Credit to Eleven Media Group

Sunday, June 23, 2013

မီခိုးမှိုင်းများကြောင့် မလေးရှား မွား ၊ ဂျိုဟိုးဒေသတို့အား အရေးပေါ်အခြေအနေ စတင်ကြော်ငြာပြီ

မင်္ဂလာပါ
မလေးရှားရောက် မြန်မာနိုင်ငံသားများ အထူးသဖြစ် ဂျိုဟိုးပြည်နယ် ၊ မွားဒေသတို့တွင်နေထိုင်သော မြန်မာများ အားလုံးအတွက် ယခုဘလော့ကို ဘာသာပြန်တင်ဆက်ပေးပါသည် ။

ယနေ့ မလေးရှားရဲ့ အထူးသတင်းအနေဖြင့် ဂျိုဟိုးပြည်နယ် တွင်ရှိသော မွားမြို့နယ်အား မီးခိုးငွေ့ ဖုံးလွမ်းမှု ကြောင့်လေထုညစ်ညမ်းမှု အဆင့် ၇၄၆ သို့ရောက်ရှိပြီဖြစ်တာကြောင့် မွားပြည်နယ်တစ်ခုလုံးအား အရေးပေါ်အခြေအနေဟု ယနေ့ နံနက် ၇ နာရီက စတင်ကြာ်ငြာလိုက်ပြီဖြစ်ပါတယ် ။


ဂျိုဟိုး ပြည်နယ်ကျမ်းမာရေး ဌာနမှ ဒါရိုက်တာဒေါက်တာ မိုဟာမက်ကအာရီရာကွတ်က ယနေ့ ဆေးရုံလူနာတင်ကားများမှအစပြုကာ မီးခိုးဖုံးမှု့ကြောင့် မမြင်ရ၍ ဖြစ်လာမည့် မတော်တဆမှု့များ ၊ ကားတိုက်မှုများကို ကြိုတင်ကာကွယ်ရတော့မည်ဟု ပြောကြားသွားပါတယ်။

ဆက်လက်ပြီး မွားဒေသရှိ ပြည်သူအားလုံး အိမ်တွင်းမှာပင် နေရန် နှင့် မလိုအပ်ပါက အပြင်ထွက်သွားလာခြင်းမပြူရန် အပြင်ထွက်ပါက မီခိုးမှိုင်းကို ကာကွယ်နိုင်မည့် မျက်နှာဖုံးများ မဖြစ်မနေ တပ်ပြီးမှသာ သွားလာရန် စတင်ကြော်ငြာထားပြီဖြစ်ပါတယ် ။ စာသင်ကျောင်များအားလုံးလဲ ယနေ့မှစတင် ပိတ်လိုက်ပြီဖြစ်ပါတယ် ။ သို့ကြောင့် မွားဒေသတွင်နေထိုင်သော မြန်မာနိုင်ငံသားများအားလုံး မဖြစ်မနေအပြင်ထွက်ရပါက API ၇၄၆ ရှိသော ညစ်ညမ်းလေထုအတွင်း မဖြစ်မနေ မီးခိုးကာ မျက်နှာဖုံး (Mask) များဝတ်ဆင်ထားကြပါရန် ဧဒင်ဥယျာဉ်၏ မလေးရှား ရောက် မြန်မာများ Facebook စာမျက်နှာမှ သတိပေးရပါတယ် ။

ယနေ့ အင်ဒိုနီးရှား တောမီးကြောင့် စင်္ကာပူ နိုင်ငံ ၊ မလေးရှား ဂျိုဟိုး ပြည်နယ်တို့တွင် နိုင်ငံလုံးမီခိုးလွမ်းမှုများခံစားနေကြရပြီး မဖြစ်မနေမျက်နှာဖုံးများစွပ်ကာသွားလာနေကြရတာကို တွေ့ရမည်ဖြစ်ပါတယ် ။

ထိုမျှမက ယနေ့ ကွာလာလမ်ပူမြို့တွင်ပါ မီးခိုးများ ၁ ကီလိုမီတာအထိ နိမ့်ဆင်းလာတာကြောင့် ကွာလာလမ်ပူမြို့တွင်း မြူဆိုင်းနေပြီး မှောင်နေတာကိုတွေ့ကြရမည်ဖြစ်ပါတယ် ။ သို့သော်လည်း ကွာလာလမ်ပူမြို့ကိုတော့ အရေးပေါ်အခြေအနေ မကြော်ငြာသေးတာကိုသိရပါတယ်။

ကွာလာလမ်ပူမြို့နေလူထုရဲ့ စိုးရိမ်မှုကြောင့် စတိုးဆိုင် ဆေးဆိုင်များမှာယနေ့နံနက်မှစပြီး မျက်နှာဖုံးများ ကုန်သည်အထိ ရောင်းချနေရပြီး မျက်နှာဖုံးဝယ်ရန်ပင် စတင်ခက်ခဲနေပြီဖြစ်ကြောင်းကို မလေးရှားရောက် မြန်မာများ သိရှိစေရန် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ။

ယနေ့မီးခိုးလွမ်းမှု နဲ့လေထုညစ်ညမ်းမှု့ တိုင်းတာမှုအရ
Muar ဒေသ = 746 API
Johour ဒေသ = 453 API
Kota Tinggi ဒေသ = 137 API
Pasir Gudang ဒေသ = 127 API
Larkin Lama ဒေသ = 117 API

ရှိနေကြောင်းကို The Star သတင်းဌာနမှာကြော်ငြာသွားခဲ့ပါတယ် ။

ပျမ်းမျှ တိုင်းတာချက် အရ API 301 ကိုရောက်ရှိလာပြီဖြစ်တဲ့မီးခိုးမှိုင်းများကြောင့်

ဂျိုဟိုးပြည်နယ်တစ်ခုလုံး ကျမ်းမာရေးထိခိုက်နိုင်သော အဆင့် Unhealthy Level ကိုရောက်ရှိဖြစ်ကြောင်း မလေးရှားရောက် မြန်မာအားလုံးသိရှိရန် ဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ ။

Refer : Thestar Online
Related Stories:
Johor API hits 453
...ဧဒင်မှ  ကူးယူသည်...

Saturday, June 22, 2013

မွတ်စလင်နှင့် လက်ထပ်ခွင့် မပြုသောနိုင်ငံ (သို့မဟုတ်) ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြသောနိုင်ငံ (သို့မဟုတ်) စင်ကာပူ


‘ဒီနှစ်တန်ခူးအတာကူးပြီးလို့ နှစ်သစ်ရောက်ရင် ဒို့တိုင်းပြည်ကြီး တိုးတက်တော့ မယ်’ လို့ ဆရာတော်ကြီးတစ်ပါး မိန့်ကြားထားတာကြောင့် နှစ်သစ်ကို မျှော်လင့်ချက်အသစ်တွေနဲ့ ယုံကြည်စွာ စောင့်မျှော်နေမိပါတယ်။ နှစ်ဟောင်းကုန်ခါနီး မှာတော့ မိတ္ထီလာအရေးအခင်းက စခဲ့တဲ့ မြန်မာပြည် အလယ်ပိုင်းနဲ့ ပဲခူးတစ်ဝိုက်က အရေးအခင်းတွေကြောင့် ကမ္ဘာ့အလယ်မှာ ကဲ့ရဲ့စရာ အဖြစ်မျိုးတွေတော့ ကြုံခဲ့ရတာပေါ့ဗျာ။ ဥပဒေဘောင်အတွင်းကပဲ ဖြေရှင်းကြဖို့ ၀ိုင်းဝန်းတိုက်တွန်းကြတာကြောင့် ''တကယ်ပဲ လက်ရှိဥပဒေတွေ အတိုင်းဖြေရှင်းရင် လက်ရှိကြုံတွေ့နေရတဲ့ ကိစ္စတွေအားလုံးပြေလည် သွားမလား၊ လက်ရှိဥပဒေတွေက ကိုယ့်တိုင်းရင်းသူတွေကို တကယ်ပဲ ထိထိရောက်ရောက်ကာကွယ် နိုင်သလား၊ မွတ်တွေရဲ့ လူမျိုတိုက်စစ်ကြီးကို ကာကွယ်နိုင်ရဲ့လား'' လို့ စဉ်းစားမိပါတယ်။ တကယ်လို့ လူမျိုတိုက်စစ်ကြီးကို မကာကွယ်နိုင်ဘူးဆိုရင်တော့ လိုအပ်တဲ့ ဥပဒေအသစ်တွေကို အခြေခံ ဥပဒေတွေပြင်ဆင်ရေးဆွဲခြင်း နှင့် အတူ ပြင်သင့်တာပြင်၊ အသစ်ရေး သင့်တာကိုရေးပြီး ပြဋ္ဌာန်းကြဖို့ လိုအပ်မယ်လို့ ယုံကြည်မိပါတယ်။ ကျွန်တော် တို့လို ပဲ မွတ်စလင်တွေနဲ့ အတူနေရပါလျက်နဲ့ မွတ်တွေဝါးမျိုတာကို မခံရတဲ့ စင်ကာပူဟာ ဘယ်လိုအစီအမံတွေကြောင့်လဲ ဆိုတာကို ဆွေးနွေးချင်ပါတယ်။

တကယ်တော့ စင်ကာပူမှာ မွတ်စလင်နဲ့ အခြားဘာသာဝင်တွေကို လက်ထပ်ခွင့် ပေးမထားပါဘူး။ စင်ကာပူမှာ လက်ထပ်မော်ကွန်းရုံးကြီး ၂ ရုံးရှိပါတယ်။
(၁) လက်ထပ်မော်ကွန်းရုံး Registry of Marriages (ROM) http://app.rom.gov.sg/index.asp

(၂) မွတ်စလင် လက်ထပ်မော်ကွန်းရုံး Registry of Muslim Marriages (ROMM) http://app.romm.gov.sg/index.asp
ဆိုပြီး ရုံး ၂ ရုံး ထားရှိပါတယ်။

ပထမ ROM လက်ထပ်မော်ကွန်းရုံးက မွတ်စလင်မှ လွဲလို့ အခြားသော ဘာသာဝင်တွေအားလုံးကို လွတ်လပ်စွာ လက်ထပ်ပေးတဲ့ တရားရုံးပဲဖြစ် ပါတယ်။ ဗုဒ္ဓဘာသာ အချင်းချင်းသော်လည်းကောင်း၊ ဗုဒ္ဓဘာသာ နဲ့ ခရစ်ယာန်သော်လည်းကောင်း၊ ခရစ်ယာန်နဲ့ ဟိန္ဒူကိုသော်လည်းကောင်း ... ကျန်ဘာသာတွေအားလုံး လွတ်လွတ်လပ်လပ် လက်ထပ်ခွင့် ရှိပါတယ်။

Women’s Charter http://www.scwo.org.sg/index.php/resources အတိုင်းဆောင်ရွက်ကာ တစ်လင်တစ်မယားစနစ် ဥပဒေကို ပြဌာန်းတယ် ဆိုပါတော့ဗျာ။ အခြားဘာသာဝင်အားလုံး တစ်လင်တစ်မယားစနစ်ပဲ ကျင့်သုံးခွင့်ပေးထားပါတယ်။ ဒါပေမယ့် ဒီတရားရုံးမှာ လက်ထပ်မယ်ဆိုရင် မိမိဟာ မွတ်စလင်မဟုတ်ကြောင်း ထွက်ဆိုရပါတယ်။ မောင်နှံ နှစ်ယောက်စလုံး တစ်ယောက်မှ မွတ်ဖြစ်လို့ မရပါဘူး။ မွတ်အ၀င် မခံဘူးလို့ အလွယ်ပြောလို့ရပါတယ်။ ဒုတိယ ROMM မွတ်စလင်လက်ထပ်မော်ကွန်းရုံး ကတော့ မွတ်စလင်အချင်းချင်းကိုပဲ လက်ထပ်ပေးပါတယ်။ အခြား ဘာသာဝင်အမျိုးသမီး ခေါ်လာလို့ မရဘူးပေါ့ဗျာ။ (ဒီလင့်မှာလည်း http://en.wikipedia.org/wiki/Matrimonial_law_of_Singapore လေ့လာနိုင်ပါတယ်။)

ဒါဆိုရင် .. ဆိုပါတော့ .. မွတ်တစ်ယောက်က ဗုဒ္ဓဘာသာအမျိုးသမီး တစ်ယောက်ကို လက်ထပ်ချင်ရင်ဘယ်လိုလုပ်မလဲ .. ?
အဖြေက 'လက်ထပ်ခွင့် မရှိ'တဲ့.. ။ ဒါကိုမှ လက်ထပ်ချင်ရင် နည်း ၂ နည်းတော့ ရှိပါတယ်။

(၁) မွတ်က ဗုဒ္ဓုဘာသာကိုပြောင်းပြီး ပထမ ROM လက်ထပ်မော်ကွန်းရုံးမှာ လက်ထပ်ရမယ်။ (သို့မဟုတ်)

(၂) ဗုဒ္ဓုဘာသာအမျိုးသမီးက မွတ်ဘာသာကို ၀င်ပြီး ဒုတိယ ROMM မွတ်စလင်လက်ထပ်မော်ကွန်းရုံးမှာ လက်ထပ်ရမယ်။

.. ဟာ ... ဒါဆိုဘာထူးမှာလဲကွာ .. မွတ်က ဗုဒ္ဓုဘာသာအမျိုးသမီးကို မွတ် ဘာသာထဲ ၀င်ခိုင်းပြီး လက်ထပ်မှာပေါ့ကွာ လို့ စောဒကတက်နိုင်ပါတယ်။ .. ဒီလိုရှိပါတယ် ..။ ကျွန်တော်တို့ ဆီမှာ ကျတော့ မွတ်က မြန်မာမ တစ်ယောက် ကို ''လူကိုပဲယူပါ။ ယူပြီး မင်းလည်းမင်းဘာသာကို ကိုးကွယ်၊ ငါလည်း ငါ့ဘာသာကို ဆက်ကိုးကွယ်မယ်'' ဆိုပြီး လက်ထပ်ပါတယ်။ ယူပြီးနည်းနည်း ကြာမှ နည်းမျိုးစုံးသုံးပြီး မွတ်ဘာသာထဲ ၀င်ခိုင်းတယ်ပေါ့ဗျာ။ ဒီအချိန်မှာ နှိပ်စက်ရင် တရားရုံးမှာ တိုင်နိုင်တယ်ဆိုပေမယ့် ... ဒီအခြေအနေရောက် မှတော့ တိုင်ပါတော့မလား ...။

တိုင်လိုက်လို့ ဖမ်းပြီဆိုရင်တောင် သူ့ရဲ့ ပကတိအပျိုစင်ဘ၀ကို ပြန်ရပါဦး မလား? ဒီတော့ ဒီအခြေအနေရောက်မှတော့ မတိုင်တော့ဘူးပေါ့ဗျာ... သူတို့ဘာသာထဲပဲ ၀င်လိုက်တော့တာပေါ့။ တကယ်တော့ မွတ်စလင်အမျိုးသား တစ်ယောက်က သူ့အမျိုးသမီးက အခြားဘာသာ ဖြစ်နေရင် မွတ်ဘာသာထဲကို ရအောင်သွတ်သွင်းရပါတယ် .. မသွင်းနိုင်ရင် သူဟာတာဝန်မကျေဘူးပေါ့ဗျာ။

ဒီသဘောကို ကောင်းကောင်းနောကြေတဲ့ စင်ကာပူသားတွေက လိမ်ယူပြီး သူတို့အိမ်ရောက်မှ ဘာသာပြောင်းခိုင်းမယ့် အစား အစကတည်းက ရအောင်ပြောင်းခိုင်းနိုင်မှ ယူခွင့်ပြုပါတယ်။ … မယူခင်ဘာသာပြောင်းခိုင်းဖို့ ဆိုတာကြတော့ မွတ်အိမ်ထဲရောက်မှ ဘာသာပြောင်းခိုင်းရတာလောက် မလွယ်တော့ဘူးဗျ။ မိန်းကလေးဘက်က အလိုလိုနေရင်းစဉ်းစားစရာပို များသွားစေပါတယ်။
လူလည်းယူရမယ်? ..
ဘာသာလည်းပြောင်းရမယ်? ။
ဒီလိုဆိုတော့ မိဘတွေ၊ အသိုင်းအ၀ိုင်းတွေဘက်ကလည်း ပိုအချိန်ရသွား တာပေါ့ဗျာ။ ဒါကို အချိန်ဆွဲနိုင်ဖို့ စင်ကာပူသားတွေက ဒီနေရာမှာ တစ်ဆင့်ခံ ထားပြန်သေးသဗျ။ ဘာသာပြောင်းမယ်ဆိုရင်တောင် ချက်ချင်းပြောင်းလို့ မရဘူး။ အခြေခံ မွတ်ဘာသာသင်တန်းတွေ .. ဘာတွေတက်ခိုင်းသေးတယ် .. အဓိပ္ပါယ်က သူတို့ဘာသာကို အသေအချာမြည်းကြည့်ပြီး၊ ပြန်စဉ်းစားပြီးမှ၊ ကိုယ့်ဘာသာနဲ့ သေသေချာချာနှိုင်းယှဉ် စဉ်စားပြီးမှ ၀င်ပါဆိုတဲ့ သဘောပါ။ .. ဒီမှာတင် သတို့သမီးတစ်ချို့က ပြန်စိတ်ပြောင်းသွားတာပေါ့ဗျာ။

ဒီတော့ ဒီမှာလို သူတို့ဘာသာထဲ မ၀င်ဝင်အောင်ရိုက်နှက်ရတာတို့၊ ဘုရားပုံတော်ကို နင်းပြီး ပြောင်းခိုင်းရတာတို့ ဆိုတဲ့ ဖြစ်ရပ်မျိုးတွေ စင်ကာပူ မှာ မဖြစ်တော့ဘူးပေါ့ဗျာ။ ကိုယ့်ဘာသာကို စွန့်ခွာပြီး မွတ်ဘာသာကို ပြောင်းကာ မွတ်ကုလားနဲ့ သွားလက်ထပ်တယ်ဆိုတဲ့ စင်ကာပူ ဗုဒ္ဓုဘာသာ အမျိုးသမီး အရေအတွက်ဟာ အင်မတန်နည်းပါတယ်။ ဒီနေရာမှာတော့ ဥပဒေကြောင့် အပြင် နဂိုကတည်းက လူမျိုး၊ ဘာသာချစ်စိတ် အခြေခံကောင်း တဲ့ စင်ကာပူ တရုတ်အမျိုးသမီးတွေကိုလည်း ချီးကျူးရမှာပေါ့ဗျာ။

မွတ်တစ်ချို့ကတော့ အမျိုးသမီးကို စည်းရုံးလို့ မရတဲ့အခါမှာ သူတို့ကိုယ်သူတို့ အခြားဘာသာပါလို့ လိမ်ညာပြီး ROM လက်ထပ်ရုံးမှာ လက်ထပ်တာ ရှိပါတ ။ .. ဒါဆိုကော ဘာထူးသေးလဲကွာ .. ဆိုရင် .. မတူတဲ့ အချက်က အဲဒီအမျိုးသမီး ကို မွတ်ဘာသာထဲ ၀င်ခိုင်းလို့ မရတော့ပါဘူး။ အတင်းအကြပ် ၀င်ခိုင်းခဲ့ရင် သူ့ကိုယ်သူ အခြားဘာသာပါလို့ ရုံးတော်မှာလိမ်ငြာ ထွက်ဆို တာက တစ်မှု၊ မွတ်ဘာသာထဲကို အတင်းအကြပ်ဝင်ခိုင်းတာက တစ်မှုဆိုတော့ အမှုနှစ်မှု ဖြစ်မယ်ပေါ့ဗျာ။ ဒီအပြင် ROM လက်ထပ်ရုံးမှာ လက်ထပ်လိုက်ပြီ ဆိုတာနဲ့ နောက်တစ်ယောက်တော့ လုံးလုံးလျားလျားယူလို့ မရတော့ပါဘူး။ အမွေဆက်ခံမှုတွေက အစ မွတ်ထုံးစံကို လိုက်လို့မရတော့ပါဘူး။

ဒါဆို .. ဟုတ်ပါပြီ .. မွတ်အချင်းချင်း ၄ယောက်ယူပြီး လူနဲ့ မျိုမယ်ဆိုရင်ကော ?? … ဆိုတော့လည်း .. အလွယ်တကူ နောက်တစ်ယောက်ထပ်ယူလို့ မရအောင် ဥပဒေကို ပညာသားပါပါ ပြဋ္ဌာန်းတားမြစ်ထားပါတယ်။ ဒီနေရာမှာ ROMM မွတ်စလင်လက်ထပ်မော်ကွန်းရုံးကို MUSLIM LAW ACT နဲ့ အုပ်ချုပ်ပါတယ်။ မွတ်တွေကို ၄ ယောက်ယူခွင့်ပေးတယ်ပေါ့ဗျာ ... ဒါပေမယ့် တကယ်ယူဖို့ မလွယ်ဘူး။ နောက်တစ်ယောက်ယူချင်တယ်ဆိုတာနဲ့ နောက် တစ်ယောက်ကို ကျွေးနိုင်လောက်အောင်ချမ်းသာကြောင်း ပိုင်ဆိုင်မှုတွေ အကုန်ပြရပါတယ်။ ဒါဟာ ဘာကို တားလိုက်တာလည်း ဆိုတော့ သာမာန် လူတန်းစားနဲ့ ဆင်းရဲသားမွတ်တွေ နောက်မိန်းမယူခွင့် မရှိဆိုတာကို သွယ်ဝိုက်သောနည်းနဲ့ တားလိုက်တာပါ။ ယူခွင့်ရှိတဲ့ မွတ်အရေအတွက် အလိုအလျောက်နည်းသွားတာပေါ့ဗျာ။

ဒါဆိုသူဋ္ဌေးမွတ်တွေ လွတ်လွတ်လပ်လပ်ယူမှာပေါ့ ဆိုပြန်တော့လည်း ... ဒီလို ‘ထစ်’ထားပြန်တယ်။ နောက်တစ်ယောက်ယူမယ်ဆိုတာနဲ့ တရားရုံးမှာ လျှောက်ရပါတယ်။ ဒီအခါမှာ တရားရုံးက ဘာလုပ်သလဲဆိုတော့.. Kadi လို့ ခေါ်တဲ့ အရာရှိက .. ပထမ မိန်းမရော၊ နောက်ယူမယ့် မိန်းမကော နှစ်ယောက်စလုံးကို သီးခြားစီခေါ်ယူတွေ့ဆုံပြီး အသေးစိတ် အင်တာဗျုးပါတယ်။

လက်ရှိမိန်းမကို အဓိကမေးတာက နောက်တစ်ယောက်ယူတာကို မင်းသဘောတူရဲ့လား? လက်ခံနိုင်ရဲ့လား?

နောက်တစ်ယောက်ရောက်လာရင် မင်းစိတ်ချမ်းသာမှာ သေချာရဲ့လား ? ခြိမ်းခြောက်ထားလို့ သဘောတူနေရတာလား?

ဆိုတာတွေကို ခရေစေ့တွင်းကျ မေးတယ်ပေါ့ဗျာ။ သူက ‘NO’ ဆိုရင်ယူခွင့် မရှိပါဘူး ... ဘယ်လိုလဲ? မွတ်မတွေ သိပ်သဘောထားကြီးမယ်ထင်သလား? ကျွန်မယောက်ျား နောက်မိန်းမတစ်ယောက်ထပ်ယူမှာကို သိပ်ပျော်တာပဲလို့ ဖြေမယ်ထင်သလား? ...

အိုစမာဘင်လာဒင်ကို ခြေရာခံမိသွားတာဟာ သူ့ရဲ့ ပထမ မယားကြီးရဲ့ သတင်းပေးချက်ကြောင့်ပါလို့ စီအိုင်အေအရာရှိတစ်ဦးက ၀န်ခံ ပြောဆိုသွား ခဲ့ပါတယ်။ အငယ်ဆုံးမိန်းမကို ဂရုစိုက်လွန်းတာကို သည်းမခံနိုင်တော့လို့ ကိုယ့်ယောက်ျားကို သတ်မယ့်သူကိုတောင် မိတ်ဖွဲ့နိုင်တာကို ကြည့်လိုက်ရင် မွတ်စလင် အမျိုးသမီးတွေ မယားကြီး၊ မယားငယ်လုပ်ရတာကို မပျော်ပိုက်ကြဘူးဆိုတာ ထင်ရှားပါတယ်။ ဒါကို အသေအချာနားလည်တဲ့ စင်ကာပူသားတွေက မင်းတို့ရဲ့ ‘မယားကြီးရဲ့ သဘောတူလက်ခံမှု’ ရရင် နောက်မိန်းမတစ်ယောက်ထပ်ယူပါ ဆိုတာဟာ 'မယူနဲ့’ လို့ ပညာသားပါပါ တားထားတဲ့ ဥပဒေတစ်ရပ်ပဲ ဖြစ်ပါတယ်။

အခြားအသေးစိတ် အချက်အလက်တွေကို ဒီလင့်မှာ [http://policy.mofcom.gov.cn/english/flaw!fetch.action?id=bfd32cf9-e1e7-4378-8455-beb6d4f28c16&pager.pageNo=7#934446910-002016] ဖတ်ကြည့်နိုင်ပါတယ်။

၁၉၆၆ မှာ စတင်ပြီး တင်းကျပ်စွာရေးဆွဲကာ ကျပ်ကျပ်မတ်မတ်ဆောင် ရွက်လိုက်တာ ၁၉၇၀ နဲ့ ၁၉၇၄ အကြားမှာ လက်ထပ်ကြတဲ့ မွတ်အတွဲပေါင်း ၁၃,၁၂၃ မှာ ၃၅ ယောက်ပဲ မိန်းမတစ်ယောက်ထက်ပိုယူပါတော့တယ်။ ယနေ့အခါမှာ တော့ မိန်းမတစ်ယောက်ထက်ပိုယူတဲ့ စင်ကာပူမွတ်စလင် ဆိုတာ မရှိသလောက်တောင် ရှားသွားပြီ ဖြစ်ပါတယ်။

နောက်တစ်ခါ .. ဟုတ်ပါပြီ .. မိန်းမတစ်ယောက်ယူပြီး ကလေး တစ်ဒါဇင်လောက်မွေးနေရင်ရောလို့ စောဒကတက်နိုင်ပါသေးတယ်။ ဒါကိုလည်း သမ္မတကြီး လီကွမ်ယုက ၁၉၇၀ ခုနှစ်မှာ ‘Stop at Two’ ဆိုတဲ့ မူဝါဒကို ချမှတ်အကောင်အထည်ဖော်ခဲ့ပါတယ်။ မွတ်အပါအ၀င် မိသားစု အားလုံး ကလေး ၂ယောက်ထက်ပို မွေးခွင့်မရှိဘူးပေါ့ဗျာ။

ဒီလိုဆိုတော့ မွတ်တွေအနေနဲ့ မိန်းမကလည်း တစ်ယောက်ထက်ပို မယူရ၊ ကလေးကလည်း ၂ယောက်ထက်ပို မယူရဆိုတော့ သူတို့ ရဲ့ လူမျိုစီမံကိန်းကြီး လုံးဝရပ်ဆိုင်းသွားလေသတည်းပေါ့ဗျာ။ [ယခုအချိန်မှာတော့ စင်ကာပူဟာ ချမ်းသာနေပြီမို့ Stop at two ပေါ်လစီကို ဆက်လက် မကျင့်သုံးတော့ပါဘူး။ ကလေးပြန်မွေးခိုင်းပါပြီ။ ဒါပေမယ့် လူဦးရေအချိုးကိုတော့ သေသေချာချာ စောင့်ကြည့်နေပါတယ်။] ကျွန်တော့်တို့မြန်မာတော်တော်များများက မွတ်ဆိုရင် ကလေးယူနှုန်းတားခွင့်မရှိလို့ ပဲ သိကြတဲ့သူများပါတယ်။

တကယ်တော့ မဟုတ်ပါဘူး။ မိန်းမ ၄ ယောက်ယူသလိုပါပဲ။ တန်းတူထား ရင်ယူခွင့်ရှိတယ် လို့ပဲ ပြောထားတာပါ။ ကလေးမွေးတဲ့ကိစ္စလည်း ဒီသဘောပါပဲ ။ သူတို့ဘာသာမှာ ကလေးများများယူတာကို အားပေးတယ်ပဲ ပြောထားပါတယ်။ လုံးဝတားမြစ်ခွင့်မရှိလို့ ပိတ်ပင်ထားတာမဟုတ်ပါဘူး။ ဒါကြောင့်လည်း အခုအခါမှာ မွတ်စလင်နိုင်ငံ တော်တော်များများမှာ သားဆက်ခြား စီမံကိန်းတွေကို ဆောင်ရွက်လာနေကြပါပြီ။

ဒီနေရာမှာ ကျွန်တော်တို့နိုင်ငံမှာ လက်ရှိဆောင်ရွက်နေတဲ့ သားဆက်ခြား စီမံကိန်းအကြောင်း အနည်းငယ် ဝေဖန်ဆွေးနွေးချင်ပါတယ်။ ကျွန်တော်တို့ ဆီမှာ တစ်မိသားစု ကလေး ဘယ်နှစ်ယောက်လို့ အတိအကျသတ်မှတ် လိုက်ပြီလို့တော့ မကြားမိသေးပါဘူး။ ကျေးရွာတွေမှာ ဆရာဝန်၊ ဆရာမတွေ က ရွာသူရွာသားတွေကို သားဆက်ခြားဖို့ နားချကြပါတယ်။ မြန်မာတွေရဲ့ ထုံးစံအတိုင်း ပြောတဲ့စကားကို နားထောင်ကြတဲ့ အတွက် တားဆေးသုံးလာ ကြပါပြီ။ ဒါပေမယ့် မွတ်ရွာတွေမှာကျတော့ သူတို့ဘာသာက မတားခိုင်းဘူး ဆိုပြီး သိပ်မသုံးကြပါဘူး။

ဒီအတိုင်းဆက်သွားကြရင် တစ်ချိန်မှာ မြန်မာတွေနည်းပြီး မွတ်တွေများတဲ့ အနာဂတ်မြန်မာနိုင်ငံ ဖြစ်လာနိုင်ပါတယ်။ တစ်မိသားစု ကလေး ၄ ယောက်ဆို ၄ ယောက် .... စသဖြင့် တိတိကျကျ သတ်မှတ်ဖို့ လိုပါတယ်။ ဆရာဝန်၊ ဆရာမတွေရဲ့ အပြစ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အုပ်ချုပ်သူတွေနဲ့ နိုင်ငံရေး သမားများအားလုံး သေသေချာချာ လေးလေးနက်နက် စဉ်းစားချင့် ချိန်ပြီး တိကျတဲ့ မူဝါဒတွေချမှတ်ဖို့ လိုပါတယ်။ ရှေးယခင်ကာလတွေတုန်းက ‘အိမ်ထောင်၊ သားမွေး’ဆိုတာ လူမှုရေးကိစ္စသက်သက် ဖြစ်ခဲ့ပေမယ့် ယခု အခါမှာတော့ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးမက တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာနဲ့ပါ သက်ဆိုင်နေပြီဆိုတာကို သတိထားမိဖို့ လိုပါတယ်။

လက်ရှိကျွန်တော်တို့ နိုင်ငံမှာ ထွန်းကားလာတဲ့ အမျိုးသားရေးစိတ်ဓါတ်နဲ့ ပတ်သက်လို့လည်းဆွေးနွေးချင်ပါတယ်။ တကယ်တော့ ဒီအမျိုးသားရေး ၀ါဒဟာ ၁၉ ရာစုနဲ့ ၂၀ ရာစုမှာ အကြီးအကျယ်ထင်ရှားခဲ့ပါတယ်။ ဒီမျိုးချစ် စိတ်တွေပြင်းထန်ခဲ့တဲ့အတွက် ဥရောပသားတွေဟာ သူတို့လူမျိုးကောင်းစား ဖို့အတွက် ကမ္ဘာကို ကျွန်ပြုခဲ့တယ်ဆိုပါတော့။

ဟစ်တလာလို သိပ်အစွန်ရောက်သူတွေပေါ်လာတော့ ကမ္ဘာစစ်ကြီးတွေဖြစ်ပြီး ပြာကျခဲ့ကြပါတယ်။ စစ်ကြီးတွေပြီးတော့မှ ပြန်စဉ်းစားကျတော့ .. အော် မျိုးချစ်စိတ်တွေကြောင့် ငါတို့တွေ စစ်ဖြစ်ခဲ့ကြတာလို့ တွေးမိပြီး မျိုးချစ်စိတ်တွေ ကို အပြစ်မြင်ကာ ပြန်လျှော့ချကြတယ်ပေါ့ဗျာ။ ဒီနေရာမှာ ကျွန်တော်တို့ မြန်မာတွေ သံယောင်မလိုက်မိဖို့ လိုပါတယ်။ ကျွန်တော်တို့ နဲ့ သူတို့နဲ့က သမိုင်းကြောင်းချင်း မတူပါဘူး။

မြန်မာပြည်ဟာ သီပေါမင်းလက်ထက်မှာ ပါတော်မူတယ်ဆိုပေမယ့် အဓိကတာဝန်ရှိတာ မင်းတုန်းမင်းပါ။ သူလက်ထက်မှာ ပြင်ဆင်ဖို့ အချိန်ရပေ မယ့် တရားဝင်မိဖုရား ၆၀ အပြင် မောင်းမမိဿံ၊ မိဖုရားငယ်အပါအ၀င် မိန်းမ ၁၀၀ ကျော်နဲ့ အပျော်ကျုးနေတော့ တိုင်းပြည်အတွက် ပြင်ဆင်ဖို့ သတိမရနိုင် ဘူးပေါ့ဗျာ။ မင်းတုန်းမင်းသာ ကနောင်မင်းသားကြီး တစ်ဝက်လောက် တိုင်းပြည် အတွက် စိတ်ဝင်စားခဲ့ရင်၊ အမျိုးသားရေး ပေါ့ပေါ့မတွေးခဲ့ရင် သီပေါလို အရည်အချင်းမရှိသူ ဘုရင်တက်ဖြစ်ပြီး ပါတော်မမူနိုင်ဘူးပေါ့ဗျာ။

လက်နက်ချင်းကွာလို့သက်သက် ရှုံးတာမဟုတ်ပါဘူး။ [သီပေါမင်းသား ၁၆ နှစ်မှာ မင်းဖြစ်သလို အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ချူလာလောင်ကောင် မင်းသားဟာ အသက် ၁၄နှစ် နဲ့ သီပေါဘုရင်နဲ့ မရှေးမနှောင်းမှာ ဘုရင်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တိုင်းပြည်ကို အပြည့်အ၀စိတ်ဝင်စားပြီး အသေအချာ ဥာဏ်ကစားနိုင်ခဲ့တော့ ပြင်သစ်လက်ကလွတ်သလို အဂ๎လိပ်လက်ကလည်း လွတ်ခဲ့ပါတယ်။] ဒီတော့ ဥရောပသားတို့က မျိုးချစ်စိတ်ပြင်ထန်ခဲ့လို့ နယ်ချဲ့တွေဖြစ်ခဲ့ချိန်မှာ ကျွန်တော်တို့က အမျိုးသားရေးပေါ့ပေါ့တွေးခဲ့ကြလို့ သူ့ကျွန်ဖြစ်ခဲ့ကြပါတယ်။ ဗိုလ်မင်းရောင်တို့၊ ၀န်းသိုစော်ဘွားကြီးတို့၊ ဗိုလ်ချုပ်အောင်ဆန်းတို့ ဦးဆောင်ခဲ့တဲ့ ကျွန်တော်တို့ ဘိုးဘွားတွေသာ ‘မဟာလူသားဆန်ဝါဒ’ ကျင့်သုံးပြီး British လည်းလူပဲ၊ မြန်မာလည်းလူပဲ .. လူ လူချင်းအုပ်ချုပ်တာ အရေးမကြီးဘူးလို့ တွေးခဲ့ကြရင် ကျွန်တော်တို့ အခုထိတောင် လွတ်လပ်ရေး ရဦးမှာ မဟုတ်သေးပါဘူး။

ဒါကြောင့် ဥရောပသားတွေအတွက် မျိုးချစ်စိတ်ဟာ အဆိပ်ဖြစ်ခဲ့တယ် ဆိုရင်တောင် ကျွန်တော်တို့အတွက် ကတော့ ဆေးလို့ပဲ ယုံကြည်ပါတယ်။ တကယ်တော့ သူတို့တတွေက မျိုးချစ်စိတ်များလွန်းနေတာ ဖြစ်ပြီး၊ ကျွန်တော်တို့တတွေက နည်းလွန်းနေတာပါ။ ဒီနေရာမှာ ဆရာတော်များက အမျိုးသားရေးစိတ်ဓါတ်များ မွေးကြဖို့၊ ကိုယ့်လူမျိုး၊ ဘာသာဝင်အချင်းချင်းချစ်ကြဖို့ ဆုံးမတာကို ခါးခါးသီးသီး ဖြစ်ကြတဲ့ မြန်မာတွေကို တွေ့လို့ အံ့အားသင့်မိပါတယ်။

ဆန့်ကျင်ပြောဆိုသူတွေကိုချည်းပဲ အံ့သြတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ မြန်မာတွေရဲ့ နားမှာ မျိုးချစ်စိတ်ဆိုတာကို အင်မတန်စိမ်းနေကြတာကို တွေ့မိလို့ပါ။ (အစွန်းရောက် မျက်ကန်းမျိုးချစ်မျိုးကို အားမပေးသလို ကောက်ရိုးမီး မျိုးချစ်စိတ်မျိုးကိုလည်း အားမပေးပါ။) မျိုးချစ်စိတ်ဆိုတာ ကျွန်တော်တို့ တစ်နိုင်ငံတည်းများ ကွက်ပြီး ပျောက်ဆုံးနေသလားလို့တောင် စဉ်းစားမိပါတယ်။ တကယ်တော့ ဘာသာခြား၊ လူမျိုးခြား တော်တော်များများ ဟာ ကလေးဘ၀ကတည်းက ကိုယ့်လူမျိုးကို ချစ်ကြဖို့၊ စည်းလုံးကြဖို့ သွန်သင်ခံခဲ့ကြရပါတယ်။ သူတို့လူမျိုးသူတို့ ချစ်ရမယ်ဆိုတာကို ဘယ်သူကမှ ကြီးလာမှ တစ်ကူးတစ်က ထပ်ပြီးသင်နေစရာ မလိုအောင်ကို သိကြပါတယ်။ စင်ကာပူမှာလည်း ဒီအတိုင်းပါပဲ။ စင်ကာပူ တရုတ်အမျိုးသမီးတွေဟာ သူတို့ နဲ့လူမျိုးတူ၊ ဘာသာတူတွေကို ပဲ ယူကြတာများပါတယ်။

သေသေချာချာပြန်စဉ်းစားကြည့်ရင် စင်ကာပူဆိုတာ မြို့သေးသေးလေးပါဗျာ။ မလေးရှားနဲ့ အင်ဒိုနီးရှားလို မွတ်စလင်နိုင်ငံကြီး ၂ နိုင်ငံရဲ့ အလယ်နားမှာ နေရတဲ့ မြို့လေးတစ်မြို့ပါ။ ‘မွတ်စလင်ပတ်လည် ၀န်းရံနေသောမြို့ကို စင်ကာပူဟုခေါ်သည်’ လို့တောင် ပြောလို့ ရပါတယ်။ တကယ်လို့များ ...
- စင်ကာပူသားတွေသာ သူတို့ခြံစည်းရိုးကို အသေအချာမကာရံခဲ့ကြရင် ...
- စင်ကာပူအစိုးရကသာ မွတ်တွေရဲ့ မျိုးပွားနှုန်းထိမ်းချုပ်တဲ့ ဥပဒေတွေကို ပညာသားပါပါ မပြဋ္ဌာန်းထားခဲ့ရင် …

- စင်ကာပူတရုတ်အမျိုးသမီးတွေသာ လင်ယူပက်စက်ခဲ့ကြရင် …
....... ''Islamic Republic of Singapore'' ဆိုတဲ့ နိုင်ငံသစ်တစ်နိုင်ငံဟာ ဒီကမ္ဘာမြေမှာ ပေါ်ထွန်းလာခဲ့တာ အတော်လေးတောင်ကြာနေလောက်ပါပြီ။ စင်ကာပူမှာ လက်ရှိမွတ်စလင် ၁၅ % ရှိပါတယ်။ ၁၉၆၅ မှာ လွတ်လပ်ရေး ရခဲ့တဲ့ စင်ကာပူဟာ လွတ်လပ်ရေးရခါစတုန်းကလည်း မွတ်စလင် ၁၅% ၊ အခုလည်း ၁၅% ပါ။ မွတ်ရာခိုင်နှုန်းတွေလုံးဝ တိုးမလာပါဘူး။

စင်ကာပူသားတွေဟာ အခုလိုကမ္ဘာကတောင် လေးစားရအောင် ချမ်းသာ ကြီးပွား တိုးတက်အောင် ဆောင်ရွက်နိုင်ရုံမက မွတ်စလင်တွေရဲ့ လူမျိုတိုက်စစ်အောက်မှာ ၀ါးမျိုမှုကို မခံခဲ့ကြရဘူးဆိုတာဟာ အစိုးရနဲ့ ပြည်သူ လက်တွဲညီညီ ဆောင်ရွက်နိုင်ခဲ့လို့ပါ။ အစိုးရက လိုအပ်တဲ့ ဥပဒေပြဋ္ဌာန်း ကာကွယ်နေချိန်မှာ ပြည်သူတွေကလည်း ကိုယ့်လူမျိုးတူ၊ ဘာသာတူချင်း အားပေးခဲ့ကြ၊ လက်ထပ်ခဲ့ကြပါတယ်။

ဒါကြောင့်မို့လို့ ကျွန်တော်တို့ နိုင်ငံမှာလည်း လူမျိုး၊ ဘာသာ၊ သာသနာ မကွယ်ပျောက်ရလေအောင် ပြည်သူပြည်သားတွေဘက်ကလည်း အမျိုးသားရေးစိတ်ဓါတ်တွေ ပြန်လည်နိုးကြားကြဖို့ လိုသလို အစိုးရအနေ နဲ့လည်း ကိုယ့်လူမျိုး၊ ဘာသာ၊ သာသနာကို ရေရှည်တည်တံ့အောင် ထိမ်းသိမ်းကာကွယ်ပေးနိုင်မယ့် လက်တွေ့ကျတဲ့ ဥပဒေအသစ်တွေ ပြဌာန်းပေးနိုင်ပါစေလို့ နှစ်သစ်ဦးမှာ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်

လူမျိုး၊ ဘာသာ၊ သာသနာ အဓွန့်ရှည်တည်တံ့ပါစေလို့ ဆန္ဒပြုလျက် -.....

ဒီပို့စ်လေးကို  အ၇မ်းကြိုက်လို့  ဧဒင်ဥယျာဉ်...ကနေ  ယူထားတာပါ......

Friday, June 21, 2013

အမျိုးသမီးသုံးယောက်မှာ တစ်ယောက်နှုန်းနဲ့ အကြမ်းဖက်ခံရ

ကမ္ဘာမှာ အမျိုးသမီးသုံးယောက်မှာ တစ်ယောက်ဟာ အိမ်တွင်းအကြမ်းဖက်မှုခံနေရပြီး၊ အာရှနဲ့ အရှေ့အလယ်ပိုင်း ဒေသနိုင်ငံတွေမှာ ပိုပြီးအဖြစ်များတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မနေ့က ပြောပါတယ်။

ကမ္ဘာတ၀ှမ်း အမျိုးသမီးများ အကြမ်းဖက်ခံရမှုနဲ့ ကျန်းမာရေးပြဿနာဆိုင်ရာ ပထမဆုံးအကြိမ် စနစ်တကျလေ့လာခဲ့ရာမှာ အမျိုးသမီး သုံးပုံတစ်ပုံဟာ လင်ယောင်္ကျားတွေရဲ့ အကြမ်းဖက်နှိပ်စက်မှု ခံစားနေရကြောင်း တွေ့ရှိခဲ့တာဖြစ်ကြောင်း၊ ရရှိတဲ့အချက်အလက်တွေဟာ တုန်လှုပ်စရာကောင်းကြောင်း WHO ရဲ့ မိသားစု၊ အမျိုးသမီးများနဲ့ ကလေးသူငယ် ကျန်းမာရေးဌာနခွဲ အကြီးအကဲက ပြောပါတယ်။

ဒါပေမဲ့ အမျိုးသမီးတွေဟာ အကြမ်းဖက်ခံရကြောင်း ထုတ်ဖေါ်ပြောဆိုလေ့ မရှိကြတဲ့အပြင်၊ ဒီကိစ္စကို ဖြစ်ရိုးဖြစ်စဉ်အနေနဲ့သဘောထားနေကြပြီး၊ ကျန်းမာရေးနဲ့ တရားဥပဒေဆိုင်ရာ အစီအမံအကာအကွယ်တွေ ကင်းမဲ့နေတယ်လို့ ဆိုပါတယ်။

နိုင်ငံပေါင်း ၈၁ နိုင်ငံကို လေ့လာခဲ့ရာမှာ အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်ခံရမှုဟာ အာရှတိုက်မှာ အမြင့်ဆုံးဖြစ်တယ်လို့ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်၊ အရှေ့တီမော၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံတွေမှာ အိမ်တွင်းအကြမ်းဖက်မှု ၃၇.၇ ရာနှုန်းရှိပြီး၊ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ ၃၇ ရာနှုန်း၊ အာဖရိက ဆာဟာရအောက်ပိုင်းနိုင်ငံတွေမှာ ၃၆.၆ ရာနှုန်းရှိတယ်လို့ သိရပါတယ်။

ချမ်းသာတဲ့ မြောက်အမေရိက၊ ဥရောသမဂ္ဂ ၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတေးလျနဲ့ နယူးဇီလန် နိုင်ငံတွေမှာတော့ ၂၃. ၂ ရာနှုန်းသာရှိတယ်လို့ ဆိုပါတယ်။

RFA Burmese

သရုပ်ဆောင်မေဇွန်ကို လူသတ်မှုအပါအဝင် အမှုသုံးမှုဖြင့် ထောင်ကိုးနှစ်ကျော် ချမှတ်

MRTV-4 ၏ Flowers & Butterflies ရုပ်သံဇာတ်လမ်းတွဲ အတွက် သရုပ်ဆောင်အဖြစ် ရွေးချယ်ခံခဲ့ရပြီး လူသိ များလာသည့် သရုပ်ဆောင်မေဇွန် (ခ) မမျိုးဇာနည်ညွန့် ကို ဇွန်လ ၁၀ရက်နေ့ မွန်းလွဲပိုင်းတွင် အနောက်ပိုင်းခရိုင် တရားရုံး က လူသတ်မှု၊ မတရားချုပ်နှောင်မှု၊ နာကျင် စေမှုတို့ဖြင့် အလုပ်နှင့်ထောင်ဒဏ် ကိုးနှစ်နှင့်လေးလ ချမှတ်ခဲ့ကြောင်း အဆိုပါ တရားရုံးထံမှ စုံစမ်းသိရှိရသည်။

မှုခင်းဆရာဝန်၏ ဆေးစာတွင် အိမ်အကူဖြစ်သည့် သေဆုံးသူ မနုနုလွင်၏ ခန္ဓာကိုယ် အနှံ့အရေပြားအောက်တွင် သွေးခြည်ဥ ဒဏ်ရာများ တွေ့ရပြီး အဆိုပါ ဒဏ်ရာများကြောင့် ကျောက်ကပ် ပျက်စီးကာ၊ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများ ဖြစ်ပေါ်၍ သေဆုံးခဲ့သည်ဟု ပါရှိပြီး ပတ်ဝန်းကျင် သက်သေများကလည်း စိတ်အလိုမကျပါက ရိုက်နှက်သည်ဟု ထွက်ဆိုခဲ့သဖြင့် ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ ( ၂ ) အရ အလုပ်နှင့် ထောင်ဒဏ်ကိုးနှစ် ချမှတ်ခဲ့သည်။

ပုသိမ်တက္ကသိုလ်တွင် စာတမ်းဖတ်ပွဲ သွားရောက်ပြီး နောက်တစ်ရက်တွင် သော့နှစ်စုံလုံး ပါလာသည်ကို သိရှိသော်လည်း မနုနုလွင်ကို အိမ်အပြင်သို့ ထွက်စေရန် မပြုလုပ်နိုင်ခဲ့သည့် အတွက် မတရားချုပ် နှောင်ထားခြင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၄၂ အရ ထောင်ဒဏ် သုံးလချမှတ်ခဲ့သည်။

ထို့ပြင် ပတ်ဝန်းကျင်သက်သေများ ထွက်ဆိုချက်အရ မနုနုလွင် မသေဆုံးခင် ၁၀ ရက်ခန့်က ၄င်း၏ မျက်ခုံးအနီး ညိုမည်း ဒဏ်ရာတွေ့ရှိခဲ့ပြီး အိမ်ရှင်ဖြစ်သူ မေဇွန်က ၄င်းတို့ကို စိတ်အလိုမကျပါက ကြက်မွေး တံမြက်စည်းဖြင့် နာကျင်အောင် ရိုက်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်သဖြင့် ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ- ၃၂၃ အရ ထောင်ဒဏ် တစ်လချမှတ်ခဲ့ပြီး ထိုပြစ်ဒဏ်များထဲမှ တရားရင်ဆိုင်စဉ် ချုပ်နှောင်ထားသည့် နေ့ရက် ကိုးလကျော်ကို ထုတ်နုတ်ခံစား စေခဲ့သည်။

ထိုကဲ့သို့ အမိန်ချမှတ်မှုကို တိုင်း တရားရုံးသို့ အယူခံဝင်ရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော် ရှေ့နေ ဦးအောင်မြင့်က The Voice သို့ပြောကြားသည်။

မေဇွန်နှင့် သေဆုံးသူမနုနုလွင်မှာ တစ်ရွာတည်းနေသူ ဖြစ်ကာ မိဘချင်း ရင်းနှီးကြပြီး မေဇွန်မှာ ရန်ကုန်တွင် တစ်ဦးတည်း နေထိုင်သည့်အတွက် ၂၀၁၂ ခုနှစ် ဧပြီလ ၂၅ ရက်နေ့ ကစ၍ အသက် (၁၈)နှစ် အရွယ်မနုနုလွင်ကို အဖော်အဖြစ် ခေါ် ထားခဲ့ကြောင်း၊ အစပိုင်းတွင် ညီအစ်မအရင်း အချာကဲ့သို့ ဆက်ဆံခဲ့သော်လည်း ပိုက်ဆံပျောက်ခြင်း၊ အဝတ်များပျောက်ခြင်းများ ရှိသောကြောင့် အသက် ၁၄ နှစ်အရွယ် မဇင်ဇင်ထိုက်ကို ထပ်မံ ခေါ်ယူကာ နေထိုင်ခဲ့ကြောင်း အဆိုပါ တရားရုံးတွင် သရုပ်ဆောင် မေဇွန်က ထွက်ဆိုခဲ့သည်။

ကမာရွတ်မြို့နယ် (၁) ရပ်ကွက် ဗဟိုလမ်းတွင် စက်တင်ဘာလ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သော အသက် ၁၈ နှစ်အရွယ် အိမ်အကူ မိန်းကလေး သေဆုံးမှုတွင် အိမ်ရှင်ဖြစ်သူ မေဇွန် ( ခ ) မမျိုးဇာနည်ညွန့်က အတူ နေထိုင်ခဲ့သော အိမ်အကူများကို စိတ်အလို မကျပါက ညှဉ်းပန်း နှိပ်စက်ခြင်းများ ရှိပြီး တစ်ခါ တစ်ရံပါးရိုက်ခြင်း၊ ဆံပင်ဆောင့်ဆွဲ၍
ကြမ်းပြင်နံရံ များနှင့် ရိုက်ခြင်း၊ နှစ်တစ်လက်မ တုတ်ဖြင့် ကျောကုန်းကို ရိုက်နှက်ခြင်း၊ ပက်လက်လှန်ခိုင်း၍ ဗိုက်ပေါ် တက်ခုန်မှုများအပြင် ကိုယ်တိုင် မရိုက်ချင်ပါက အိမ်အကူနှစ်ဦးကို ကြက်မွေး တစ်ယောက်တစ်ချောင်းစီ ပေး၍ ၄င်းစိတ်ကျေနပ်သည် အထိ အပြန်အလှန် ရိုက်ခိုင်းခဲ့သောကြောင့် အနောက်ပိုင်းခရိုင် တရားရုံးက ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၄၂၊ ၃၂၃၊ ၃၀၂ (၂) ဖြင့် စွဲချက်တင်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှုထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly

လက်ထိပ်တန်းလန်း အမျိုးသမီးအလောင်းအမှုအတွက် ရဲ ၅ ဦးကို ဖမ်းလိုက်ပြီ

Friday, June 21, 2013
မနေ့တုန်းက အင်တာနက်စာမျက်နှာတွေမှာ လူပြောအများဆုံးနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို အကြီးအကျယ်
မေးခွန်းထုတ်ခံရတာကတော့ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ င၀န်မြစ်အတွင်း လက်ထိပ် တန်းလန်းနဲ့ သေဆုံးနေသော အမျိုးသမီးအလောင်း ဇွန် ၁၉ ရက်နေ့က ပေါ်ခဲ့တဲ့ ကိစ္စပါပဲ။ 

          လက်ထိပ်တန်းလန်းဖြင့် ရေနစ်သေဆုံးခဲ့သူ မသန်းသန်းအေး၏ ဈာပန အခမ်းအနား မြင်ကွင်း
                                        (ဓာတ်ပုံ – ဆလိုင်းသန့်စင်/ ဧရာဝတီ)

ဒီကိစ္စဟာ မြန်မာနိုင်ငံက တရားဥပဒေ စိုးမိုးရေးဆိုတာနဲ့ ရဲတပ်ဖွဲ့အတွက် အကြီးအကျယ် စိန်ခေါ်မှုလည်း
ဖြစ်ပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့ကလည်း အထူးစုံစမ်းမှုတွေ  လုပ်နေရင်း အခုနောက်ဆုံးမှာတော့ ပုသိမ်မြို့တလက်ကမ်း သင်္ဘောကျင်း ရဲ စခန်းမှ ဒု ရဲအုပ် တဦးအပါအ၀င် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၅ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။ 

ဖမ်းဆီး ထိမ်းသိမ်းခံထားရသည့် ရဲတပ်ဖွဲ့ဝင်တွေကတော့ လက်ထိပ်တန်းလန်းဖြင့် ရေနစ်သေဆုံးခဲ့သူ မသန်းသန်းအေးရဲ့ အမှုကို ကိုင်တွယ် စစ်ဆေးနေတဲ့  ဒုရဲအုပ် နိုင်အောင်ကျော်၊ တပ်ကြပ်ကြီး ကြည်လင်၊ တပ်ကြပ် နေထွန်း၊ တပ်ကြပ် ဇော်မင်းထွန်း နဲ့ ဒုတပ်ကြပ် ကျော်လင်းနိုင်တို့ဖြစ်ပါတယ်။ 

 “ကောင်မလေး သေတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ ၅ ဦးကို တိုင်းရဲရုံးမှာ ချုပ်ထားတယ်။ တိုင်း ရဲမင်းကြီး အမိန့်နဲ့ ဖမ်းတာလား၊ ရဲချုပ်အမိန့်နဲ့ ဖမ်းတာလားတော့ မသိဘူး။ ရဲ ဥပဒေ အရတော့ သူတို့ ရာထူးက ပြုတ်ဖို့များတယ်။ ထောင်လည်း ကျနိုင်တယ်။ လက်ရှိမှာ စခန်းမှူးကိုလည်း မြို့နယ်ရဲမှူး က 
ခေါ်စစ်နေတယ်” ဟု နီးစပ်သူ တဦးက ဧရာဝတီကို ပြောပြထားပါတယ်။ 

လက်ထိပ်တန်းလန်းနဲ့ င၀န်မြစ်အတွင်း ရေနစ် သေဆုံးခဲ့သူ မသန်းသန်းအေးဟာ ပုသိမ်မြို့နယ် ထိန်ချောင်အုပ်စု သပြေပင်ကျေးရွာမှာ ခင်ပွန်းသည် ကိုနန်းဝင်းနဲ့ အတူ နေထိုင်ခဲ့သူပါ။

ထိန်ချောင်အုပ်စု သပြေပင်ကျေးရွာနေ ဦးအုန်းမြင့်၊ ဒေါ်မြင့်မြင့်တို့ရဲ့ နေအိမ်က ရွှေထည်ပစ္စည်း ၁၀ ကျပ်သား ပျောက် ဆုံးမှုနဲ့ ပတ်သက်ပြီး ခင်ပွန်းသည် အဖမ်းခံခဲ့ပြီး ၃ ရက်အကြာမှာတော့  သူလည်း အဖမ်းခံရပါတယ်။

သင်္ဘောကျင်း ရဲစခန်းမှ ဒု ရဲအုပ် နိုင်အောင်ကျော် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက နေအိမ်မှာ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါတယ်။ 


ဒီအကြောင်း သတင်းအပြည့်အစုံကို ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ သတင်းထောက် ဆလိုင်းသန့်စင်
ရေးသားတင်ပြထားတဲ့ လက်ထိပ်တန်းလန်းနှင့် အမျိုးသမီးအလောင်း ငဝန်မြစ်အတွင်း ပေါ်မှု ရဲ ၅ ဦးကို ဖမ်းပြီ (http://burma.irrawaddy.org/archives/42742) ဆိုတဲ့ သတင်းမှာလည်း အပြည့်အစုံ ဖတ်နိုင် ပါပြီ။ 


Wednesday, June 19, 2013

Skype အား အသုံးပြုပြီး ဗီဒီယိုမက်ဆေ့ခ်ျ အခမဲ့ ပေးပို့နိုင်ပြီ

မိမိ၏ မိတ်ဆွေအပေါင်းအသင်း မိသားစုဝင်များနှင့် ဆက်သွယ်ပြောဆိုရာမှာ ပိုမိုအဆင်ပြေ လွယ်ကူစေမည့် ဗီဒီယိုမက်ဆေ့ခ်ျ ပေးပို့မှုစနစ်အား ယနေ့ (ဂျွန်လ ၁၈ ရက်နေ့) တွင် Skype မှ ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည်။

ယင်းကဲ့သို့ ဗီဒီယိုမက်ဆေ့ခ်ျ ပေးပို့နိုင်ရန်အတွက် သီးသန့် app အား အသုံးပြုရန် မလိုအပ်ပဲ မိမိ၏ စမတ်ဖုန်းတွင် ထည့်သွင်းပြီးသာ Skype App အား အသုံးပြုကာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ပိုမိုထူးခြား ကောင်းမွန်သည့် အချက်ကတော့ ဤဝန်ဆောင်မှုသည် အခမဲ့ဖြစ်ရုံမက iOS ၊ Android OS ၊ Blackberry OS ၊ Windows Phone 8 OS စသည်ဖြင့် မတူကွဲပြားသည့် OS များပေါ်တွင် multi-platform အဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်ဟု သိရှိရသည်။

လက်ရှိအချိန်တွင် အချိန် ၃ မိနစ်တာ ကြာမြင့်သည့် ဗီဒီယိုမက်ဆေ့ခ်ျများအား ဖန်တီးပေးပို့နိုင်မည်ဟု သိရှိရသည်။

Source : Myanmar Consumer Guide

အသက်မပြည့် ပြည့်တန်ဆာနှင့် ဆက်ဆံမှုဖြင့် ဘန်ဇီးမားနှင့် ရစ်ဘာရီ တရားစွဲဆိုခံရ



ဘိုင်ယန်မြူးနစ် တောင်ပံလူ ရစ်ဘာရီနှင့် ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး ဘန်ဇီးမားတို့သည် အဆိုပါ စွဲချက်အတွက် တရားရုံးတွင် ရင်ဆိုင် ဖြေရှင်းရမှုကို (၃)နှစ်ကြာအောင် ရွှေ့ဆိုင်းနိုင်ခဲ့သော်လည်း ယခုအခါတွင်မူ လက်တွေ့ ရင်ဆိုင်လာရခြင်းဖြစ်

ပြင်သစ် လက်ရွေးစင် ဘောလုံးသမား နှစ်ဦးဖြစ်သော ဖရန့်ခ်ရစ်ဘာရီနှင့် ကီရင် ဘန်ဇီးမားတို့သည် အသက်မပြည့်သေးသည့် ပြည့်တန်ဆာ တစ်ဦးနှင့် ဆက်ဆံခဲ့မှုအတွက် တရားရုံးတွင် အစစ်ဆေး ခံခဲ့ရကြောင်း သိရှိရသည်။ ဘိုင်ယန်မြူးနစ် တောင်ပံလူ ရစ်ဘာရီနှင့် ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး ဘန်ဇီးမားတို့သည် အဆိုပါ စွဲချက်အတွက် တရားရုံးတွင် ရင်ဆိုင် ဖြေရှင်းရမှုကို (၃)နှစ်ကြာအောင် ရွှေ့ဆိုင်းနိုင်ခဲ့သော်လည်း ယခုအခါတွင်မူ လက်တွေ့ ရင်ဆိုင်လာရခြင်း ဖြစ်သည်။ ၎င်းတို့ နှစ်ဦးသည် အယ်လ်ဂျီးရီးယန်းနွယ်ဖွား ဇာဟီရာ ဒီဟာနှင့် ငြိစွန်းခဲ့ခြင်းအတွက် ယခုပြဿနာ ကြုံလာရခြင်း ဖြစ်သည်။

ပြင်သစ် ဥပဒေအရ အသက်မပြည့်သေးသော မိန်းကလေး တစ်ဦးနှင့် အခကြေးငွေ ပေးချေကာ ကာမဆက်ဆံခြင်းသည် မျက်ကွယ်ပြု၍ မရဘဲ ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ်(၃)နှစ်၊ သို့မဟုတ် ပေါင်စတာလင် (၄၀၀၀၀)ထိ ချမှတ်ခြင်း ခံရနိုင်သည်။ ဇာဟီရာသည် ယခုအချိန်တွင်မူ ကိုယ်ပိုင် အမှတ်တံဆိပ်နှင့် အမျိုးသမီး အတွင်းခံ အဝတ်အထည်များကို ရောင်းချလျှက် ရှိနေသည်။ အဆိုပါ အရှုပ်အထွေး ပေါ်ပေါက်လာခြင်းသည် (၂၀၁၀)ပြည့်နှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ပြင်ဆင်နေသော ပြင်သစ် လက်ရွေးစင် အသင်းကို တုန်လှုပ်စေခဲ့ပြီး ထိုစဉ်က ရစ်ဘာရီရော၊ ဘန်ဇီးမားပါ ဇာဟီရာ၏ အသက်မှာ (၁၇)နှစ်သာ ရှိသေးကြောင်း မသိခဲ့ဟု ဝန်ခံထားသည်။

တရားရုံး မှတ်တမ်းများတွင် ဇာဟီရာသည် အသက်(၁၅)နှစ်နှင့် (၁၆)နှစ် အတွင်းကတည်းက ပြည့်တန်ဆာ အလုပ်ကို စတင်လုပ်ကိုင်ခဲ့ပြီး ဖောက်သည်များကိုမူ အသက်(၁၈)နှစ်ဟု လိမ်ပြောထားကြောင်း ဖော်ပြထားသည်။ သူမသည် (၂၀၀၉)ခုနှစ်က ပဲရစ်မှ မြူးနစ်သို့ လေယာဉ်ဖြင့် ပျံသန်းသွားကာ ရစ်ဘာရီ၏ အသက်(၂၆)နှစ်ပြည့် မွေးနေ့ ပါတီအတွက် ငှားရမ်းမှုကို လက်ခံခဲ့သည်။ ထိုစဉ်က ရစ်ဘာရီသည် ဇာဟီရာကို ယူရို (၇၀၀) ဝန်ဆောင်ကြေး ပေးခဲ့ကြောင်း သိရသည်။ ရစ်ဘာရီသည် အစ္စလာမ် ဘာသာဝင်အဖြစ် ကူးပြောင်းခံယူထားပြီး မိသားစုကို တွယ်တာသူ တစ်ဦးအဖြစ် အသိအမှတ်ပြု ခံထားရသူ တစ်ဦးဖြစ်သော်လည်း ဇာဟီရာ ကိစ္စကြောင့် ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။

ရစ်ဘာရီကမူ မိမိသည် ဇာဟီရာကို အသက်မပြည့်ကြောင်းရော၊ ပြည့်တန်ဆာ တစ်ဦးဟုပါ မသိခဲ့ဘဲ လေဆိပ်ထိ တက္ကစီ စီးသွားရန် ယူရို(၂၀၀)သာ ပေးအပ်ခဲ့ကြောင်း ပြောဆိုထားသည်။ ရစ်ဘာရီ၏ ရှေ့နေဖြစ်သူ ကားလို့စ် အယ်လ်ဘာတို ဘရူဆာက မိမိ၏ အမှုသည်မှာ အပြစ်ကင်းသော်လည်း ယင်းကို တရားခွင်တွင် လက်တွေ့ ထုတ်ပြနိုင်ရန် ကြိုးစားမည်ဟု ဆိုသည်။ "ပြင်သစ် ဥပဒေမှာ မိန်းကလေး တစ်ယောက်နဲ့ ချစ်တင်းနှီးနှောပြီး ဒီအတွက် ငွေကြေးပေးချေတယ် ဆိုတာမျိုးကို တားမြစ်မထားဘူး။ တားမြစ်ထားတဲ့ အချက်ကတော့ အသက်မပြည့်သေးဘူး ဆိုရင် လက်ခံလို့ မရဘူး ဆိုတာပဲ။ ဒါပေမဲ့ ဥရောပ တလွှားကို လေယာဉ်နဲ့ လျှောက်သွားနေတဲ့ မိန်းကလေး တစ်ယောက်ကို အသက်မပြည့်သေးဘူးလို့ ဘယ်သူက အသက်မပြည့်ဘူးလို့ ထင်မှာတဲ့လဲ"ဟု ၎င်းက ထောက်ပြခဲ့သည်။

ဘန်ဇီးမားသည် (၂၀၀၈)ခုနှစ်၊ မေလက ဒီဟာတွင် ဇာဟီရာနှင့် ဆုံဖူးပြီး ယူရို(၅၀၀) ပေးချေကာ ပျော်ပါးဖူးကြောင်း စွပ်စွဲခံထားရပြီး ယင်းကို ကစားသမားက ငြင်းဆိုထားသည်။ ပြင်သစ်တွင် အမျိုးသမီးများ အရွယ်ရောက်သည့် အသက်အရွယ်ကို (၁၅)နှစ်ဟု သတ်မှတ်လက်ခံ ပေးထားသော်လည်း ပြည့်တန်ဆာ အလုပ်ဖြင့် အသက်မွေးမှုကိုမူ အသက်(၁၈)နှစ် မတိုင်မီ ပြုလုပ်ပါက ရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင်ကြောင်း သိရှိရသည်။


#PlanetMyamar

ဆိုင်ကယ် ကယ်ရီမောင်းသူကို ဓါးဖြင့်ထိုးပြီး ဆိုင်ကယ်လုယူထွက်ပြေးမှုဖြစ်


ဆိုင်ကယ် ကယ်ရီမောင်းသူကို ဓါးဖြင့်ထိုးပြီး ဆိုင်ကယ်အား လုယူထွက်ပြေးမှုတစ်ခု ဒလမြို့နယ်တွင်
ဖြစ်ပွားခဲ့ရာ သက်ဆိုင်ရာ ရဲစခန်းက ဇွန် ၁၇ ရက်တွင် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း ရန်ုကုန်တိုင်း ရဲတပ်ဖွဲ့ မှူးရုံး၏ မှုခင်းမှတ်တမ်းအရ သိရသည်။

ယင်းဖြစ်စဉ်မှာ ဇွန် ၁၆ ရက် ၊ည ၁ဝ နာရီ အချိန်က ဦးအေးမောင်(၅၅) နှစ်၊ ဆိုင်ကယ်ကယ်ရီမောင်း၊ ဘုရင့်နောင် (၂) လမ်း၊ ဘုရင့်နောင်ရပ်ကွက်၊ ဒလမြို့နယ် နေသူသည် ဆိုင်ကယ်ကယ်ရီမောင်းပြီး
နေအိမ်သို့ ပြန်ခဲ့ရာ ဒလမြို့နယ်၊ မလိခလမ်းထိပ်သို့ အရောက်တွင် အသက်(၂၅) နှစ်ခန့်ရှိ လူငယ် နှစ်ဦး၊ (စုံစမ်းဆဲ)တို့ ရောက်ရှိလာပြီး ပျော်ဘွယ်လေး ကျေးရွာသို့ ငွေတစ်ထောင်ကျပ်နှင့် ကယ်ရီအားငှားရမ်းသဖြင့် လိုက်ပို့ခဲ့သည်။ ၎င်းတို့ နှစ်ဦးသည် တွံတေးမြို့နယ်၊ ပိတ်စွယ်ကျေးရွာ၊ ဘုန်းကြီးကျောင်းရှေ့သို့ အရောက်တွင် ၎င်းတို့၏ သူငယ်ချင်းဖြစ်သူအား သွားရောက်ကြည့်ရှုပြီး မတွေ့သဖြင့် ဒလမြို့နယ် ဘက်သို့ ပြန်လည်
မောင်းနှင်လာခဲ့သည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နောက် ည ၁၂ နာရီ ကျော်အချိန်တွင် ဒလမြို့နယ်၊ တာကြီးကျေးရွာ၊ အနီးအရောက်တွင် ယင်းလူငယ်
နှစ်ဦးက ဆိုင်ကယ်အားရပ်ခိုင်းပြီး ဦးအေးမောင်၏ နောက်ကပ်လျက်ထိုင် သူမှ ခါးစောင်းအား ဓါးဖြင့် စတင်ထိုးခဲ့ သည်ဟုလည်း ၎င်း၏ ရဲတိုင်ကြားချက်တွင် ထွက်ဆိုထားသည်။

အဆိုပါ ဓါးအား ယာလက်ဖြင့် ဖမ်းဆုပ်လိုက်သဖြင့် ခါးနှင့် လက်တို့တွင် ထိုးသွင်းပြတ်ရှဒဏ်ရာ ရရှိခဲ့ပြီး ကျန်တစ်ဦးက ဆိုင်ကယ်ပေါ်မှဆင်းပြီး အသင့်ပါလာသော ထီးဖြင့် ရိုက်ခဲ့သည်ဟုလည်း ရဲအားတိုင်ကြားထား သည်။

ထို့ကြောင့် နဖူးတွင် ပေါက်ပြဲဒဏ်ရာ၊ ဝဲမျက်ဝန်းနှင့် ဦးခေါင်းချိုစောင်းဖူးယောင် ဒဏ်ရာများရရှိခဲ့သဖြင့် ဒလဆေးရုံတွင် ပြင်ပလူနာအဖြစ် ကုသခဲ့ရသည်ဟုလည်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့ပြင် ၎င်းပိုင် ၂၉ဃ/၆၃၉ဝ၄ ဂျဲလမတ် ၁၁ဝ အနက်ရောင် ဆိုင်ကယ်အား မောင်းနှင် ထွက်ပြေးသွားသဖြင့် ပြစ်မှုကျူးလွန်သူနှစ်ဦးအပေါ် စုံစမ်းအရေးယူပေးရန် အမှုဖွင့် တိုင်တန်းခဲ့ခြင်းဖြစ်သည်။

ယင်းတိုင်တန်းမှုအား ဒလမြို့နယ် ရဲစခန်းက (ပ)၂၆၈/၁၃၊ ပြစ်မှုပုဒ်မ ၃၉၂ ဖြင့် ဇွန်လ ၁၇ ရက် နံနက် ၅ နာရီအချိန်ခန့်တွင် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူဟု တိုင်တန်းခံရသူများအား ဖမ်းဆီးရမိရေး စုံစမ်းလျက် ရှိသည်။
ဇော်ဇော်ထွေး  ...

ဆာလာယန်းကို မြန်မာများ သွားလာခွင့် တားမြစ်ရန် တောင်းဆို

ရန်ကုန်၊ ဇွန် ၁၈

အကြမ်းဖက်မှုများ စတင်ဖြစ်ပွားခဲ့သည့် မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ
ဆာလာယန်းဈေးသည် လုံခြုံမှု မရှိသေးသဖြင့် မြန်မာနိုင်ငံသားများ မသွားသင့်သည့် နေရာအဖြစ် ယာယီ သတ်မှတ်ပေးရန် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က နိုင်ငံခြားရေး ဝန်ကြီးဌာနကို တောင်းဆိုသည်။

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကတစ်ဆင့် ယင်းကိစ္စကို လုပ်ဆောင် ရန် နိုင်ငံခြားရေး ဝန်ကြီးဌာနကို ဦးမောင်မြင့်က ဇွန်လ ၁၇ ရက်နေ့ က နေပြည်တော်တွင် ပြုလုပ်သည့် ပြည်ပတွင် အလုပ် လုပ်ကိုင်မှု ကြီးကြပ်ရေး ကော်မတီ အစည်းအဝေးတွင် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

မလေးရှားနိုင်ငံတွင် လွန်ခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် မြန်မာများ
အကြမ်းဖက်ခံရမှု ဖြစ်စဉ်များမှာ ဆာလာယန်းဈေးမှ စတင်ခဲ့ခြင်းဖြစ်ပြီး ယင်းဈေးအနီးတွင် နေထိုင်သည့် မြန်မာ အများစုမှာလည်း တရားမဝင် နေထိုင်သူများဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ကွာလာလမ်ပူ မြို့တော်၏ အဓိက အားထားရသည့် ဟင်းသီးဟင်းရွက်၊ သားငါး ရောင်းချသည့် ဈေးကြီးဖြစ်သည့် ဆာလာယန်းဈေးသည် မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ လူသတ်မှု အပါအဝင် ဒုစရိုက်ပေါင်းစုံ ဖြစ်ပွား သည့် နေရာလည်း ဖြစ်ကြောင်း၊ ဒုစရိုက်မှုများကို မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့ များ မကိုင်တွယ်နိုင်သည့် နေရာမျိုးဖြစ်ကြောင်း မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ် ဦးတင်လတ်က ပြောဆိုထားသည်။

ဆာလာယန်ဈေး အနီးတွင် မလေးရှား ရဲတပ်ဖွဲ့က လုံခြုံရေး ယူထားပြီး မြန်မာများအတွက် အရေးပေါ် ဆက်သွယ် အကူအညီ တောင်းနိုင်သည့် မလေးရှား တော်ဝင် ရဲတပ်ဖွဲ့ ဖုန်းနံပတ်များကို ပါ တရားဝင် ထုတ်ပြန်ထားကြောင်း မလေးရှားနိုင်ငံသို့ သွားရောက်ခဲ့သည့် အထူး ကိုယ်စားလှယ်အဖွဲ့မှ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက ပြောကြားသည်။

မလေးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် မြန်မာ ငါးဦး သေဆုံးကြောင်း မြန်မာအစိုးရက တရားဝင် ထုတ်ပြန်ထားသည်။

ဖေ့ဘွတ်...

ကမ်းပါးပြိုကျ၍ ရွာလုံးကျွတ် ပြောင်းရွှေ့ရမည်ဟုဆို

ရန်ကုန်၊ ဇွန် ၁၈

မြစ်ကြောင်းအတွင်း သောင်ထွန်း၍ မြစ်ကြောင်း ပြောင်းလဲစီးဆင်းမှုကြောင့် ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုများ မင်းဘူး- စကုမြို့ နယ်ရှိ နိဗ္ဗာန်ကျွန်းကျေးရွာ တွင် ဇွန်လဆန်းပိုင်းက စတင်၍ ဆက်တိုက် ဖြစ်ပေါ်နေခြင်းကြောင့် ရွာလုံးကျွတ် ပြောင်းရွှေ့ရမည့် အခြေအနေသို့ ရောက်ရှိ နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။

နှစ်စဉ် ဧရာဝတီမြစ်ရေ တိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် အဆိုပါ နိဗ္ဗာန်ကျွန်း ကျေးရွာသည် ပြီးခဲ့သည့် လေးနှစ်အတွင်း ကမ်းပါးမှ ၂ မိုင်ခန့် နောက်ဆုတ်သွားရပြီ ဖြစ်ကြောင်း၊ ယခုရက်ပိုင်း အတွင်း၌လည်း မြစ်ရေတက်မှုကြောင့် ကမ်းပါးပြိုမှု နေ့စဉ် ဖြစ်ပွားနေရာ ဒေသခံများမှာ အိမ်များ ရွှေ့ပြောင်းနေရကြောင်း ပါရမီသွေးလှူရှင်များ အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးအောင်လွင်က ပြောကြားသည်။

မြစ်ကမ်းပါး ပြိုကျနေမှုကြောင့် အိမ်ခြေ ၂၀ ခန့်ပြောင်းရွှေ့ထားပြီး ဖြစ်သော်လည်း ထပ်မံ၍ မြေပြိုနေခြင်းကြောင့် ရွာတစ်ရွာလုံး ရွှေ့ပြောင်းရမည်ဖြစ်ကြောင်း၊ ယင်းကမ်းပြိုမှု အတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (မကွေး) တို့က လာရောက်စစ်ဆေး ခဲ့ကြောင်း ၄င်းက ဆိုသည်။

နှစ်စဉ် ကမ်းပါးပြိုကျမှု ဖြစ်ပေါ်နေခြင်း ဖြစ်သော်လည်း သက်ဆိုင်ရာ အာဏာပိုင် များမှာ ကမ်းပါးပြိုကျခြင်း မရှိအောင် တစ်စုံတစ်ရာ ပြုပြင်ဆောင်ရွက်ပေးခြင်း မရှိသည့် အပြင်ဒေသခံများ အတွက် နေရာပြန်လည် ချထားပေးနိုင်ခြင်းလည်း မရှိကြောင်း မင်းဘူးမြို့နယ်တွင် နေထိုင်သူ တစ်ဦးက သုံးသပ်သည်။

မိုးရာသီကာလ၌ မုန်းချောင်းရေ တိုက်စား၍ ပွင့်ဖြူမြို့နယ်ရှိ ရွာသာညွှန့် ကျေးရွာနှင့် မင်းဘူး-စကုမြို့နယ်ဘက် အပိုင်းပါ ကျောင်းကုန်းကျေးရွာ တို့တွင်လည်း ကမ်းပါးမြေပြိုနေသည့် အတွက် ဒေသခံများမှာ နေအိမ်များ ပြောင်းရွှေ့ နေထိုင်နေရကြောင်း ရွာသာညွှန့် ကျေးရွာတွင် နေထိုင်လျက်ရှိသူ အမျိုးသမီးတစ်ဦး ကဆိုသည်။
"ကျွန်မတို့လယ် သုံးကွက်လောက် ပြိုတဲ့အထဲ ပါသွားတယ်" ဟု ၄င်းက ဆိုသည်။

မြစ်ကြောင်း ပြောင်းလဲလာပြီး ကမ်းပြို စေသည့် အကြောင်းအရာမှာ မြစ်၊ချောင်း များအတွင်း သဲ၊ ကျောက်စရစ်ခဲများ အလွန်အကျွံ ထုတ်ယူခြင်းနှင့် ဒီရေတော များမရှိခြင်း စသည့်အချက်များကြောင့် လည်းဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်သူများက မှတ်ချက်ပြု ပြောကြားသည်။

The Voice Weekly

အရက်ဝယ်ခိုင်းရာမှ လူသတ်မှုဖြစ်

ထန်းတပင်၊ ဇွန် ၁၈

ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း) တောင်ငူခရိုင် ထန်းတပင်မြို့နယ် ကညင်ပင်ရွာရှိ လယ်တဲတွင် ဇွန်လ ၁၆ ရက်နေ့ ည ၁၂ နာရီခန့်က အလုပ်ရှင်က အလုပ်သမား ကို အရက်ဝယ်ခိုင်းရာမှ လူသတ်မှု ဖြစ်ပွားခဲ့ရာ အလုပ်ရှင် သေဆုံးခဲ့ကြောင်း တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

သီရိဟေမာ ရပ်ကွက်နေသူ အလုပ်ရှင် ဦးကြည် (၆၇) နှစ်နှင့် ခေါင်ရမ်း ရွာနေသူ အလုပ်သမား ဦးချစ်သောင်း (ခ) ရဲမင်းသူတို့ လယ်တဲ၌ အရက်သောက်နေစဉ် အရက်ကုန်သဖြင့် အလုပ်သမားကို အရက် ဝယ်ခိုင်းရာ စကားများပြီး အလုပ်ရှင်ကို အလုပ်သမားက အရိုးအသွား ၁၇ လက်မရှိ ဓားဖြင့် ထိုးခဲ့ရာ ဦးကြည်၏ဗိုက်တွင် ဒဏ်ရာရရှိပြီး ဓားထိုးခံရသည့် နေရာတွင် သေဆုံးခဲ့ကြောင်း ထန်းတပင်မြို့နယ် ရဲတပ်ဖွဲ့စခန်းရှိ ကနဦးတိုင်တန်းချက် အရ စုံစမ်းသိရှိ ရသည်။

"ချစ်သောင်းကို သူ့အလုပ်ရှင်က အရက်ဝယ်ခိုင်းတယ်။ ချစ်သောင်းက မဝယ်ပေးဘူး ပြောတော့ စကားများပြီး ဓားနဲ့ထိုးတယ်လို့ သိရတယ်။ ဒီကောင်လေးက ပြဿနာဖြစ်ဖူးတာ မရှိဘူး" ဟု ဓားဖြင့် ထိုးသူနှင့် သိကျွမ်းသည့် ထန်းတပင်မြို့နယ် ကမ်းနားလမ်းတွင် နေထိုင်သူ အသက် ၄၆ နှစ်အရွယ်ရှိ ဒေသခံတစ်ဦးက ပြောကြားသည်။

ဓားဖြင့်ထိုးသည်ဟု ဆိုကာ ဦးချစ်သောင်း (ခ) ရဲမင်းသူကို ပ-၃၉/၂ဝ၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်း သိရှိရသည်။

The Voice Weekly

နှင်းဆီခရီးသည်များ ဇွန်လကုန် စင်ကာပူ၌ ဖျော်ဖြေပွဲ ပြုလုပ်မည်


ရန်ကုန်၊ ဇွန် ၁၈

နာမည်ကျော် အနုပညာရှင်များစွာ ပါဝင်သော နှင်းဆီ အငြိမ့်အဖွဲ့သည် ဇွန်လ ၃၀ ရက်နေ့တွင် စင်ကာပူနိုင်ငံKallang Theatre ၌ နှင်းဆီခရီးသည် များ အမည်ဖြင့် ဖျော်ဖြေပွဲ ပြုလုပ်မည်ဖြစ်ကြောင်း Myanma Altitude Art Media & Entertainment မှ တာဝန်ရှိသူ ဦးကင်းကောင်က ပြောကြားသည်။

အဆိုပါပွဲတွင် နှင်းဆီအဖွဲ့၏ ဖျော်ဖြေ တင်ဆက်မှုများအပြင် ဇာတ်မင်းသား
တင်မောင်ဆန်းမင်းဝင်း၊ ယူရေနီယံ အကအဖွဲ့၏ ကပြမှုများ၊ ဝါဆိုမိုးဦး၊ သန္တာဗိုလ်တို့၏ ဖျော်ဖြေမှုများ ပါဝင်မည်ဖြစ်ကြောင်း၊ ထို့နောက် စင်ကာပူ ခရီးစဉ်ပြီးလျှင် နှင်းဆီခရီးသည် နာမည်ဖြင့် ကပြခဲ့သည့် ပွဲစဉ်များကို အပြည့်အစုံ ကြည့်ရှုနိုင်စေရန် ပြန်လည် ထုတ်လုပ် ဖြန့်ချိ သွားမည် ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရန် စီစဉ်သူ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ပြောကြားသည်။

"ဒီပွဲမှာ အစ်မတို့က အရင်ကပြတဲ့ သီချင်းတွေနဲ့ပဲ ကပြမှာပါ။ မြန်မာနိုင်ငံကို
လာရောက် လည်ပတ်တဲ့ ခရီးသည်တွေအတွက် ရေးစပ်ထားတဲ့ သီချင်းလေး နဲ့ ကပြမှာပါ။ အစ်မ အရင်ကတော့ ယိမ်းအဖွဲ့ပါတယ်။ အခု စင်ကာပူကို သွားတော့ ယိမ်းအဖွဲ့ မပါတော့ဘူးလေ။ အဲဒါကြောင့် အကပြန်ပြီးတော့ တိုက်နေရတယ်။ အစ်မတို့ ၂၈ ရက်နေ့ သွားပြီးတော့ ၁ ရက်နေ့ကို ပြန် လာကြမယ်" ဟု နှင်းဆီအဖွဲ့မှ သရုပ်ဆောင် မေကဗျာက The Voice သို့ ပြောကြားသည်။

အဆိုပါပွဲအတွက် လက်မှတ်များကို ရနံ့သစ် စားသောက်ဆိုင်၊ မန္တလေးစတိုင်
စားသောက်ဆိုင်၊ သပြေနု (စင်ကာပူ) စသည်တို့တွင် ဝယ်ယူနိုင်ပြီး လက်မှတ် ဈေးနှုန်းများမှာ ထိုင်ခုံနေရာအလိုက် စင်ကာပူဒေါ်လာ ၃၉၊ ၄၉၊ ၅၉၊ ၆၉၊ ၉၉ အသီးသီး သတ်မှတ်ထားကြောင်း၊ လာရောက် ကြည့်ရှုသူ များကိုလည်း လက်ဆောင်ပစ္စည်းများနှင့် ကံစမ်းမဲများ ဖောက်ပေးမည်ဖြစ်
ကြောင်း Myanma Altitude Art Media & Entertainment မှ တာဝန်ရှိသူ ဦးကင်းကောင်က ဆိုသည်။

မြန်မာနိုင်ငံတွင် ကပြခဲ့သော နှင်းဆီခရီးသည် အငြိမ့်တွင် အချိန် မိနစ် ၄၀ စာ ခိုးကူးခွေများ ထွက်ရှိခဲ့ပြီး ၎င်းတို့ ကပြခဲ့ချိန်မှာ လေးနာရီ ကြာမြင့်ကြောင်း၊ ထိုအခွေကို ကြည့်ရှုခဲ့သော ပရိသတ်များ အသစ်ပြန်လည် ကြည့်ရှုနိုင်ရန် ယင်းမိနစ် ၄၀ စာ ပြက်လုံးများကို အသစ်ပြန်လည် ပြုပြင် ထည့်သွားမည်ဖြစ်ကြောင်း၊ အငြိမ့် ကပြမှုများကို ယခင် ကပြခဲ့သည့်အတိုင်း သာ ပြန်လည် ကပြမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရန် စီစဉ်သူ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) က ပြောကြားသည်။

မြိတ်တွင် သင်္ကန်းဝတ် အလှူခံအတုများ ဖမ်းမိ

မြိတ်၊ ဇွန် ၁၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မြိတ်တောင် နယ်မြေတွင် ဇွန်လ ၁၂ ရက် နေ့က သင်္ကန်းဝတ်ဖြင့် လိုက်လံ အလှူခံပြီး မူးယစ်သောက်စားသည့် ရဟန်းတုသုံးဦး၊ ကိုရင်တု သုံးဦး၊ ကပ္ပိယ အယောင်ဆောင် နှစ်ဦး အပါအဝင် စုစုပေါင်း ၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း မြိတ်တောင်ကျေးရွာ ပါရမီ ၂ ရပ်ကွက် ဒေသခံများထံမှ သိရသည်။

ရပ်ကွက်များတွင် သင်္ကန်းဝတ်ဖြင့် လိုက်လံအလှူခံပြီး မူးယစ်သောက်စားသူ များကို ဒေသခံများ၏ သတင်းပေးပို့ချက် အရ မြိတ်ခရိုင် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြိတ်မြို့နယ် ရဲတပ်ဖွဲ့ဝင် များ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချူပ်ရေးမှူး များက ဇွန်လ ၁၂ ရက်နေ့ ည ၁၀ နာရီ အချိန်ခန့်တွင် ဝင်ရောက် ရှာဖွေဖမ်းဆီးခြင်း ဖြစ်သည်။

ဖမ်းဆီးအရေးယူ ခံရသူများသည် ဇွန်လ ၁၂ ရက်နေ့ ည ၁၀နာရီ အချိန်တွင် မြိတ်မြို့ မြို့မရပ်ကွက် (၂) ရှိမြတ်နိဗ္ဗာန် ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ် အချို့တွင် သင်္ကန်းဝတ်ဖြင့် နေထိုင်ပြီး အရက်ဘီယာ များနှင့် ညစာများ ချက်ပြုတ်ကာ ဝိုင်းဖွဲ့သောက်စား နေစဉ် ဝင်ရောက်ဖမ်းဆီးခဲ့ ခြင်းဖြစ်ကြောင်း မြိတ်တောင်ကျေးရွာ မြို့မ (၂) ရပ်ကွက်မှ မီးသတ်တပ်ကြပ်ကြီး ဦးရန်သိန်းက ပြောသည်။

"မြိတ်မှာ အလှူခံအတုတွေ ပေါလာတယ်။ အရေးယူဆောင်ရွက်မှု အပိုင်းမှာ အားနည်းသေးတယ်" ဟု မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက် အုပ်ချူပ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။

ထိုဖမ်းဆီးခံရသည့်သူ ရှစ်ဦးတွင် ကိုရင်ငယ်လေး အယောင်ဆောင်ထားသည့် အသက် မပြည့်သေးသည့် ကလေးသုံးဦး ပါဝင်ပြီး ဖမ်းဆီးရမိချိန်တွင် ကော်ရှူနေကြ ပြီး အသက်မပြည့်သေးသည့် သူများကို ပြန်လည် လွှတ်ပေးလိုက်ကြောင်း ဦးရန်သိန်းက ပြောသည်။

ကျန်ငါးဦးကို အရက်သေစာသောက် စားခြင်း၊ သံဃာတော်များနှင့် မအပ်စပ်သည့် အပြုအမှုများ ပြုလုပ်သည်ကို သက်သေခံများနှင့် အတူ ဖမ်းဆီးရမိခြင်းကြောင့် သာသနာတော် ညှိုးနွမ်းအောင် ဆောင်ရွက် သည့်အတွက် ပြစ်မှုဆိုင်ရာပုဒ်မ ၂၉၅(က)အရ အမှုဖွင့် အရေးယူထားသည်ဟု မြိတ်မြို့ ရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိအချို့ ထံမှ သိရသည်။

ယင်းကို အတည်ပြုရန် ဇွန်လ ၁၆ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်တွင် မြို့နယ် ရဲစခန်းသို့ သွားရောက် မေးမြန်းရာ တာဝန်ကျ ရဲအရာရှိက ယင်းအမှုမျိုး ဖြစ်ပွားမှု မရှိခဲ့ကြောင်း၊ နောက်နောင်တွင် အစိုးရဌာန ဆိုင်ရာမှလွဲ၍ မည်သည့်သတင်းမီဒီယာ ဌာနကိုမှ သတင်းပေးမည် မဟုတ်ကြောင်း ယင်းနေ့ တာဝန်ကျရဲအရာရှိ နှင့် မှုခင်းမှတ်တမ်းရုံး စာရေးက ပြောဆိုသည်။
The Voice Weekly 

မလေးရှားရောက် မြန်မာများထံ ဖုန်းအခမဲ့ ခေါ်ဆိုနိုင်မည်

မလေးရှားရောက် မြန်မာများထံ Ytalk မှတစ်ဆင့် အခမဲ့ ဖုန်းခေါ်ဆို နိုင်မည်ဖြစ်ကြောင်း Y-talk international call shop မှ သိရသည်။
ထိုသို့ခေါ်ဆိုရာတွင် မိနစ်အကန့်အသတ်မရှိ ခေါ်ဆိုနိုင်မည်ဖြစ်ပြီး ဇွန် ၁၃ ရက်မှ ၃၀ ရက်အထိ မည်သူမဆို အခမဲ့ လာရောက်ခေါ်ဆို နိုင်မည်ဖြစ်ကြောင်း ဖုန်းခေါ်ဆိုလိုသူများ အနေဖြင့် ဗဟန်းမြို့နယ် ရေတာရှည်လမ်းသစ်ရှိ Y-talk call shop နှင့် တာမွေမြို့နယ်၊ သတိပဌာန်လမ်းရှိ Y-talk call shop များ ရှိရာတွင် သွားရောက်ခေါ်ဆိုနိုင်ကြောင်း သိရသည်။
"မလေးရှား ရောက်နေတဲ့ မြန်မာတွေကို ဒီကမိသားစုဝင်တွေက စိုးရိမ်ကြတယ်လေ။ သူတို့ဟိုမှာ အဆင်ပြေမပြေ သိရအောင် တတ်နိုင်တဲ့ဘက်ကနေ ကူညီတာ ဖြစ်ပါတယ်" ဟု Y-talk international call shop မှ မဖြိုးက ယင်းသို့ အခမဲ့ ခေါ်ဆိုစေသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းပြသည်။ လက်ရှိတွင် မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ ဖုန်းခေါ်ဆိုသည့် နှုန်းထားမှာ တစ်မိနစ်လျှင် ၅၁ ကျပ် ဖြစ်ကြောင်း သိရသည်။
မလေးရှား နိုင်ငံတွင် မေ၂၉ ရက် နောက်ပိုင်းမှ စတင်ကာ မြန်မာနိုင်ငံသားများအပေါ် အကြမ်းဖက် တိုက်ခိုက်မှုများ ရှိလာခဲ့ပြီး သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများ ရှိခဲ့ကာ မြန်မာနိုင်ငံသို့ ပြန်လာလိုသူများမှာ အခက်အခဲများစွာ ရှိနေဆဲ ဖြစ်သည်ဟု သိရသည်။
eleven

Monday, June 17, 2013

ရင်သားခွဲစိတ်ပြုပြင်ထားခြင်းမရှိကြောင်း နန်းဆုရတီစိုးပြော

Monday, June 17, 2013


ယခုရက်ပိုင်းဖေ့ဘုတ်စ် စာမျက်နှာတွင်ပျံနှံနေသောသတင်းမှာ ကောလဟလသာ
ဖြစ်ပြီး ရင်သားကိုခွဲစိတ်ပြုပြင်ထားခြင်းမရှိကြောင်း နန်းဆုရတီစိုးကVenus News Weekly သို.ယနေ. နေ.လည်ပိုင်းတွင်ပြောကြားသည်။


"ညီမခွဲစိတ်ပြုပြင်မူမလုပ်ထားပါဘူး၊ ဒီသတင်းဟာရယ်စရာကောင်းတဲ့ ကောလဟလသတင်း လို.ပဲထင်ပါတယ်၊ဒီလိုမြင်ကြတာလည်း
အချို.အင်္ကျီတွေမှာ ပိတ်သားမှာရင်ပုံခံတာတွေရှိတယ်၊အဲဒါကြောင့်ကြီးသွားတယ်
ထင်ပြီး သာမန်ရိုးရိုးဖက်ရှင်နဲ.ကျတော့ကွာသွားတာပေါ့နော်" ဟုဌင်းကဆိုသည်။

ဖေ့ဘုတ်စ်စာမျက်နှာတွင်အတည် မပြုနိုင်သောသတင်းဌာနများက မြန်မာမင်းသမီးများထဲမှပထမဆုံးရင်သားခွဲ စိတ်ပြုပြင်မူနန်းဆုရတီစိုးမှစတင် ခေါင်းစဉ်ဖြင့်ရေးသားနေပြီး ဂျပန်နိုင်ငံတွင်ခွဲစိတ်ပြုပြင်ခဲ့ကြောင်းပါရှိသည်။
Venus News Weekly