ဟိုတလောက
ဖေ့စ်ဘုတ်မှာ အမေပျောက်လို့ ရှာပုံတော်ဖွင့်တဲ့ သဲသဲသော် ဆိုတဲ့
ကောင်မလေးကို မှတ်မိကြဦးမယ်ထင်ပါတယ်။ ခုတော့ အဲဒီ့ကောင်မလေး အသတ်ခံရလို့
သေရှာပါပြီ။ ဒီနေ့မနက် ဖေ့စ်ဘုတ်ပေါ်မှာ အဲဒီ့သတင်းတွေ့တော့
အမှုမဲ့အမှတ်မဲ့ပဲနေမိတယ်။စောစောက ထိုင်းသတင်းစာ တစ်စောင်မှ မြန်မာမိန်းကလေး တစ်ယောက် အသတ်ခံရတယ်ဆိုပြီး သတင်း ပါလာတော့ စိတ်ဝင်စားတာနဲ့ ထိုင်းလိုကျွမ်းကျင်တဲ့ မိတ်ဆွေတစ်ယောက်ကို အကူအညီတောင်းပြီး ဘာသာပြန်ခိုင်းရတယ်။
၁၃-၄-၂၀၁၃ (သင်္ကြန်အကြိုနေ့) တုန်းက အဲဒီ့ကောင်မလေးက ဖေ့စ်ဘုတ်ပေါ်မှာ ရင်းနှီးတဲ့ ကောင်လေးတစ်ယောက် (ဖေ့စ်ဘုတ်အကောင့် နာမည် နတ်သားလေး တဲ့)နဲ့ ချိန်းတွေ့ပါသတဲ့။ ချိန်းတွေ့ရင်း ကောင်မလေးကို သတ်ဖြတ်ပြီး ပိုက်ဆံနဲ့ဖုန်းကို ယူသွားခဲ့တယ်လို့ သိရပါတယ်။ ကောင်မလေးအလောင်းကို သူ့အခန်းထဲမှာ အ၀တ်အစားမပါပဲ တွေ့တယ်ဆိုတော့ အဓမ္မကျင့်ဖို့ ကြံစည်ရင်းနဲ့ အသတ်ခံလိုက်ရတာလည်း ဖြစ်နိုင်ပါတယ်။
ခုတော့ တရားခံကို ဆမူပါကန်မြို့ဖမ်းမိပြီလို့ သိရပါတယ်။ တရားခံကလည်း မြန်မာလူမျိုးတစ်ယောက်ပါပဲ။ ပြည်ပရောက်နေတဲ့ ကိုယ့်လူမျိုးအချင်းချင်း ယုတ်မာရဲတဲ့ စိတ်ဓာတ်ကို ရွံမိပါတယ်။
ဖေ့စ်ဘုတ်ပေါ်က မိန်းကလေးတွေအနေနဲ့လည်း ချက်တင်မှာ တွေ့တဲ့ သူတိုင်းကို လွယ်လင့်တကူ မယုံကြည်သင့်ကြောင်း မမြင့်မြင့်အေး (ခ) သဲသဲသော် (ဖေ့စ်ဘုတ်အမည် Sky Queen) က အသက်နဲ့လဲပြီး သက်သေပြ သွားပါပြီ။ မနက်ဖြန် သင်္ဂြုလ်မယ်လို့ သိရပါတယ်။ မမြင့်မြင့်အေး (ခ) မသဲသဲသော် တစ်ယောက် ကောင်းရာမွန်ရာရောက်ပါစေကွယ်။ဟိုတလောက ဖေ့စ်ဘုတ်မှာ အမေေ
ဟိုတလောက
ဖေ့စ်ဘုတ်မှာ အမေပျောက်လို့ ရှာပုံတော်ဖွင့်တဲ့ သဲသဲသော် ဆိုတဲ့
ကောင်မလေးကို မှတ်မိကြဦးမယ်ထင်ပါတယ်။ ခုတော့ အဲဒီ့ကောင်မလေး အသတ်ခံရလို့
သေရှာပါပြီ။ ဒီနေ့မနက် ဖေ့စ်ဘုတ်ပေါ်မှာ အဲဒီ့သတင်းတွေ့တော့
အမှုမဲ့အမှတ်မဲ့ပဲနေမိတယ်။
စောစောက ထိုင်းသတင်းစာ တစ်စောင်မှ မြန်မာမိန်းကလေး တစ်ယောက် အသတ်ခံရတယ်ဆိုပြီး သတင်း ပါလာတော့ စိတ်ဝင်စားတာနဲ့ ထိုင်းလိုကျွမ်းကျင်တဲ့ မိတ်ဆွေတစ်ယောက်ကို အကူအညီတောင်းပြီး ဘာသာပြန်ခိုင်းရတယ်။
၁၃-၄-၂၀၁၃ (သင်္ကြန်အကြိုနေ့) တုန်းက အဲဒီ့ကောင်မလေးက ဖေ့စ်ဘုတ်ပေါ်မှာ ရင်းနှီးတဲ့ ကောင်လေးတစ်ယောက် (ဖေ့စ်ဘုတ်အကောင့် နာမည် နတ်သားလေး တဲ့)နဲ့ ချိန်းတွေ့ပါသတဲ့။ ချိန်းတွေ့ရင်း ကောင်မလေးကို သတ်ဖြတ်ပြီး ပိုက်ဆံနဲ့ဖုန်းကို ယူသွားခဲ့တယ်လို့ သိရပါတယ်။ ကောင်မလေးအလောင်းကို သူ့အခန်းထဲမှာ အ၀တ်အစားမပါပဲ တွေ့တယ်ဆိုတော့ အဓမ္မကျင့်ဖို့ ကြံစည်ရင်းနဲ့ အသတ်ခံလိုက်ရတာလည်း ဖြစ်နိုင်ပါတယ်။
ခုတော့ တရားခံကို ဆမူပါကန်မြို့ဖမ်းမိပြီလို့ သိရပါတယ်။ တရားခံကလည်း မြန်မာလူမျိုးတစ်ယောက်ပါပဲ။ ပြည်ပရောက်နေတဲ့ ကိုယ့်လူမျိုးအချင်းချင်း ယုတ်မာရဲတဲ့ စိတ်ဓာတ်ကို ရွံမိပါတယ်။
ဖေ့စ်ဘုတ်ပေါ်က မိန်းကလေးတွေအနေနဲ့လည်း ချက်တင်မှာ တွေ့တဲ့ သူတိုင်းကို လွယ်လင့်တကူ မယုံကြည်သင့်ကြောင်း မမြင့်မြင့်အေး (ခ) သဲသဲသော် (ဖေ့စ်ဘုတ်အမည် Sky Queen) က အသက်နဲ့လဲပြီး သက်သေပြ သွားပါပြီ။ မနက်ဖြန် သင်္ဂြုလ်မယ်လို့ သိရပါတယ်။ မမြင့်မြင့်အေး (ခ) မသဲသဲသော် တစ်ယောက် ကောင်းရာမွန်ရာရောက်ပါစေကွယ်။

ဖေဘုတ်မှတင်ပြသည်။
ပျာက်လို့ ရှာပုံတော်ဖွင့်တဲ့ သဲသဲသော် ဆိုတဲ့

သေဆုံးသူ Sky Queen ၏ Facebook စာမျက်နှာသို့ သွားလိုပါက ပုံကိုကလစ်နိုင်သည်
ဖေဘုတ်မှတင်ပြသည်။

လွန်ခဲ့သော
2003 ခုနှစ် နိုဝင်ဘာ လမှ 2014 စက်တင်ဘာလအထိ တစ်နှစ်တိတိအတွင်း Wong Choy
Ling နှင့် Wong Choy Kin ညီအမ ၂ ဦးတို့သည် မိမိ အိမ်တွင် ခိုင်စေရန်
ငှားရမ်းထားသည့် အိမ်ဖော် အင်ဒိုနီးရှားသူ