မလေးရှားရောက်
ရွှေမြန်မာ အားလုံးသိစေရန် စာရေးသူ ဖြစ်ခဲ့တာလေး အများသိစေရန်
ဝေမျှလိုက်ပါတယ် အခုဆိုရင် မလေးရှားရဲများ သောင်းကျန်းနေပါတယ်
အဓိကတော့ ငွေညှစ်တာပေါ့ ရွှေမြန်မာအားလုံ ဘယ်နေရာပဲ သွားသွား သတိဝရိယ
နဲ့သွားကြပါ သွားတဲ့နေရာလည်း အဖော်နဲ့ ၃..၄ယောက်လောက်စုပြီးသွားကြပါ
မလိုအပ်ရင် ပိုက်ဆံတွေ အများကြီး ယူမသွားကြပါနဲ့ မလေးရှားရဲကလည်း
မြန်မာပြည်ရဲထက် ပိုဆိုးနေပါတယ် မလေးရှားမှာတော့ သူခိုးကြောက်ရ အိန္ဒိယ
ကြောက်ရနဲ့ မြန်မာတွေအတွက် လုံခြုံမှု သိပ်မရှိပါဘူး
အသွားအလာဆင်ခြင်ကြပါ မလိုအပ်ရင် ခရီး အဝေးမသွားကြပါနဲ့ အဓိကတော့
မြန်မာမိန်းကလေးတွေဂရုစိုက်ပါ ယောင်္ကျားလေးဆိုတာကငွေ ပေးလိုက်ရတယ် ညနေ
နေ၀င်မိုးချုပ် ၆နာရီနောက်ပိုင်းဆို ကားကွင်းတွေ ရထားဘူတာတွေနားမှာ
ခြုံခိုနေတဲ့ရဲတွေ ရှိပါတယ် သူတို့က
မြန်မာ..နီပေါ…ဘင်္ဂလား..အင်ဒို….အဲလိုလူမျိုးတွေဆို တနေရာမှာ ခေါ်ပြီး
ငွေညစ်ပါတယ် စာရေးသူ ၀၁.၀၃.၂၀၁၃ နေ့က တခြားမြို့ကနေ ညနေ ၆နာရီလောက်
ဆလန်ဗန်း ကားကွင်းကို ရောက်ပါတယ် အဲဒီကနေတဆင့် ကိုယ်နေတဲ့
မြို့ကိုရောက်ဖို့ ကားတဆင့်ထပ်စီးရပါတယ် ဒီချိန်မှာဂိတ်မှာလည်း
ကားကမရှိသေး အလုပ်ကလည်းညဆိုင်းဝင်ရမှာဆိုတော့ ကားမစောင့်ပဲ
ရထားစီးပြန်မယ်ဆိုပြီး ကားကွင်းကနေ ရထားဘူတာဆီ သွားလိုက်ပါတယ်
ဆလန်ဗန်းက ရထားဘူတာကြားနဲ့ ကားကွင်းအလယ်လောက်မှာ oplice station
အသေးလေး ရှိပါတယ် အဲဒီနားလည်းရောက်ကော အခန်းထဲက ရေလာဝတ်စုံနဲ့
အိန္ဒိယတယောက်ထွက်လာ ic ဆိုပြီး လာစစ်ပါတယ် အဲဒီမှာ ပစ်စပို့ မိတ္တူ
ထုတ်ပြလိုက်ပါတယ် သူဒါကို ကြည့်ပြီး အခန်းထဲခေါ်သွားပါတယ် စာရေးသူလည်း
ပြောပါတယ် ငါ့မှာ ပြပြီးပြီလေ ဘာလုပ်မလဲလို့မေးလိုက်ပါတယ်
အဲလိုမေးတော့ သူကပြန်အော်ပါတယ် နောက်အထဲ ၀င်သွားတော့ ရဲ
၅ယောက်ရှိပါတယ် အကုန်မလေးရဲတွေပါ အဲဒီမှာအကြီးဆုံးကောင်က
ဖုန်းပြဆိုပြီး အကုန်လှန်ပြီး ဘောင်းဘီတွေထဲ ရှာကြည့်ပါတယ် အဲဒီမှာ
စတွေ့တာပဲ ညစ်ညမ်းကားတကားပေါ့ အဲဒါကလည်း သူငယ်ချင်းကပေးလိုက်လို့
သူတို့ဆီမှာ တရုတ်ကောင်နဲ့ နာမည်ကြီးနေတဲ့ မြန်မာမဆိုလို့
ထည့်လာခဲ့တယ် နောက်ဒါတွေထည့်လို့မရဘူး ဖမ်းမယ် ဘာညာ ပြောတာပေါ့
ထည့်လို့တာမရတာ ဖုန်းထဲကဟာတော့ သူတို့ ရဲတွေ အကုန် ကြည့်ပြီး
ဘယ်လိုဘယ်ညာဆိုပြီး ပြောနေကြရော စာရေးသူပိုက်ဆံအိတ်တွေ အကုန်ရှာတယ်
ပိုက်ဆံက rm 15 လောက်ပဲပါတယ် စာရေးသူလည်း ရှိတာယူထားဆိုပြီး
ပေးလိုက်ပါတယ် သူတို့ကပြောတယ် ငါတို့ကငွေမလိုဘူးပေါ့
ငါ့ဆီမှာပိုက်ဆံတွေအများကြီး ဆိုပြီးထုတ်ပြတယ်
ငါတို့ငွေလိုချင်တယ်လို့မင်းထင်နေလားတဲ့ ဒါကိုမရဘူးတဲ့ ဖမ်းမယ်
ညအိပ်ရမယ်လုပ်ကော စာရေးသူလည်းရတယ် ကြိုက်သလိုလုပ်လို့ပြောလိုက်တယ်
ပိုက်ဆံမရတော့ လက်ထိပ်လာခတ်တယ်ဗျာ မလေးရှားမှာ ကြာပြီ ဒီတခါပဲ လက်ထိပ်
ခတ်ခံရတယ် စာရေးသူရှေ့မှာ ဘင်္ဂလား တယောက်ကို အရင်ဖမ်းထားတယ် သူလည်း
ငွေ ၁၀၀ တောင်းပါတယ် သူလည်းမရှိဘူး ၄၀ ပေးမယ်ပြောတယ် အဲဒါ ရဲက ဘာပြောတယ်မှတ်လည်း ငါတို့မှာ လူအများကြီး မင်းရေကြည့်ပြောတယ် နောက်ဆုံး သူလည်း ၅၀ပေးပြီး ပြန်လွတ်လိုက်တယ် အဲဒီပေးတဲ့ ၅၀တောင် လက်ထဲထည့်မရဘူးဗျာ ခုံပေါ်တင်ခဲ့ရတာ မလေးရှားရဲတွေ ခိုးလည်းစားချင် ယူလည်းယူချင်တယ် လူသိမှာလည်းကြောက်နေတယ် ရဲတိုင်းကတော့ ပိုက်ဆံကို လက်ထဲမထည့်ခိုင်းပဲ စာအုပ်ထဲပဲ ညှပ်ခိုင်းတာ ဒါမလေးရှားရဲတွေ ထုံးစံပဲ စာရေးသူတော့ အကြာကြီး ဖမ်းထားတယ် စာရေးသူလည်း အလုပ်ဆင်းရမယ် ဘာညာပြောတာပေါ့ နောက်ဆုံးဖုန်းယူထားလို့ ပြောလိုက်တယ် ဖုန်းကလည်း မကောင်းပါဘူး အဲဒါနဲ့ ရဲတယောက်က ဘယ်အချိန်အလုပ်ဆင်းရမှာလဲ မေးပြီး ပြန်ခိုင်းလိုက်တယ် ရှိတဲ့ ပိုက်ဆံ rm11 တော့ယူထားလိုက်တယ် အိမ်ပြန်ရောက်တော့ အလုပ်ကလည်း နောက်ကျနေပြီ အဲဒါနဲ့
supervistor ကို ပြောလိုက်တယ် ဒီလိုဖြစ်တယ်ဆိုပြီး သူကတော့ ပြောပါတယ် သူတို့ရဲတွေ ဆိုးတယ်ဆိုပြီး
မလေးရှားရောက်မြန်မာအားလုံး သတိထားပြီးသွားကြပါ ဖုန်းထဲမှာတော့ ဟိုဟာတွေ ထည့်ပြီး အပြင်မသွားကြပါနဲ့ သူတို့ကတော့ မြန်မာပြည်ကရဲတွေလိုပဲ ဆိုင်ကယ်စစ်သလိုလိုက်စစ်တာ နောက်ဆုံး ပစ်စပို့ ပြနိုင်တောင် တခြားဟာနဲ့ လိုက်ပြီး ငွေညစ်တာ အားလုံးပဲ ဘေးရန်ကင်းကြပါစေ….
No comments:
Post a Comment