ထိုင်းနိုင်ငံ မဲဆောက်ကနေ ဘန်ကောက်ကို ဆင်းလာတဲ့
မြန်မာတွေ စီးလာတဲ့ ကားကြီးတစီး မနေ့ည သန်းခေါင်မှာ မဲဆောက် တောင်ပေါ်လမ်း၊
ဒွယ်လွတ်တောင်ကုန်းနားက မဲဆောက်-တက်လမ်းပိုင်း ရဲ့ ကီလိုမီတာ ၆၇-၆၈မှာ ကားမှောက်သွားပါတယ်..
ကားက လိုင်းကားမဟုတ် ဘဲ အငှားကားပါ..ကားသမားထွက်ပြေးနေတယ်လို့သိရတယ်.... ခရီးသည်အားလုံးက သင်္ကြန် မြန်မာပြည်ပြန် အလည်သွားတဲ့အလုပ်သမားတွေ..ထိုင်းကိုပြန်လာကြသူတွေပါ။ ..မြန်မာခရီးသည် အားလုံး ပတ်စ်ပို့ရှိပါတယ်.. ယောက်ျား၁၊ မိန်းမ၁ ဦး စီ သေတယ်..၅၉ဦးဒဏ်ရာရတယ်.. ဒဏ်ရာရတဲ့ အထဲမှာ ခလေးငယ် ၃ယောက်ပါနေတယ်။ ဒီကားမျိုးက အလွန်ဆုံး..၅၄ဦးပဲစီးလို့ရတာကို အခု ၆၄ယောက် တင်လာတာပါ..သေဆုံးဒဏ်ရာရသူတို့အတွက်နစ်နာကြေး. .ဆေးကုသ စာရိတ် ..ဘယ်သူကတာဝန်ယူမလဲ မသိသေးပါဘူး။ လူနာတွေကို လောလောဆယ် တပ်ခ် ခရိုင်ထဲက တာက်ဆင်မဟာရာခ်ျဆေးရုံ.. မှာ တင်ထားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြ ထားပါတယ်။ သတင်းမှာပါတာက.. အလုပ်ရှင်က စီစဉ်ပြီးလာကြိုတဲ့ကားလို့ပြောပါတယ်.. လိုင်းကား မဟုတ်တဲ့ အငှားကားတွေ မဲဆောက်-ဘန်ကောက် လမ်းပိုင်းမှာ မှောက်တဲ့ သတင်းတွေ မကြာမကြာ ကြားရမြင်ရပါတယ်။
http://manager.co.th/Local/ViewNews.aspx?NewsID=9560000049083

No comments:
Post a Comment