မကွေးတိုင်း...ရှားပင်လှ...ရွာမီးလောင်မှုဖြစ်ပွား
မကွေးတိုင်း.ရှားပင်လှကျေးရွာတွင်
၁၃.၀၃.၂၀၁၂..အင်္ဂါနေ့ မနက်ပိုင်းက မီးလောင်မှုတခု ဖြစ်ပွားခဲ့သည်
ဖြစ်ပွားပုံမှာ ဦးသန်းထွန်းနေအိမ်မှ မနက်၅နာရီထိုးလောက် မြို့ကို
အာလူးသွားရောင်းရန် အာလူးများကို အိတ်ထဲထည့်နေခိုက် ဖရောင်းတိုင်မီးမှ
တဆင့် တခြားနေရာကို ကူးဆက်ပြီး မီးစတင်လောင်ခဲ့သည်ဟုသိရသည်
မီးစတင်လောင်ကျွမ်းချိန်တွင် ၎င်းအိမ်ဘေးရှိ ဦးကြည်အေး အိမ်က
မီးစက်ကိုမောင်းပြီး ရေစုပ်ခိုင်းသော်လည်း ဦးကြည်အေးက
စက်ကိုမောင်းမပေးဘူးတဲ့ အဲဒီလိုနဲ့မီးအားကောင်းလာပြီး တအိမ်ကနေတအိမ်
ကူးဆက်ပြီး မနက်၅နာရီကတိုင်းစလောင်တာ မနက်၈ခွဲလောက်မှ
မီးငြိမ်းသွားပါတယ် ကံကောင်းတာက အဲဒီရွာမှာ ရေပေါလို့တော်သေးတယ်
ဘေးနားရွာတွေကလည်းလာရောက်ပြီး မီးငြိမ်းသတ်ပေးကြတယ်
မကွေးမြို့ကမီးသတ်ကားလာပေမဲံ့ တချိုံပြောစကားအရ ရေပါမလာဘူးတဲ့
အိမ်ခြေ ၂၆ လုံးလောက်ပါသွားတယ် အဲဒီထဲမှာလည်း စက်မောင်းမပေးတဲံ့
ဦးကြည်အေးအိမ်လည်း မီးထဲ ပါသွားပါတယ် မီးစတင်လောင်ခဲ့တဲ့အိမ်က
အိမ်ရှင် ဦးသန်းထွန်းကိုတော့ ယင်းချောင်းရဲစခန်းက လာပြီး
ဖမ်းစီးခေါ်ဆောင်သွားပါတယ် အခုတော့ ရွာကလူတွေက မီးစက်မောင်းမပေးတဲ့
ဦးကြည်အေးကိုပဲ အပစ်ပြောကြတာပေါ့ အခုမီးလောင်တဲ့ ရှားပင်လှရွာဟာ
မကွေးမြို့နဲ့ဆို ကားနဲ့ဆို နာရီဝက်ဆို ရောက်ပါတယ် မီးလောင်တဲ့ရွာကို
မကွေးတိုင်း ..ဥက္ကဌ ဦးဘုန်းမှော်ရွှေ လာရောက်
ကြည့်ရှူသွားတယ်လို့သိရပါတယ် ....တချိန်တုန်းက အဲဒီရွာကို စာရေးသူ
သွားလာနေကြ ရွာတွေပေါ့ ..အခုသတင်းကို စာရေးသူ အဲဒီရွာက အသိတယောက်ဆီ
ဖုန်းနဲ့ဆက်မေးပြီး တင်ပြပေးတာပါ..
No comments:
Post a Comment