မလေးရှားမှ…ဖုန်းအကြောင်းကျွမ်းကျင်နားလည်တဲ့ညီအကိုများခင်ဗျား…အခုဆိုမြန်မာပြည်ကို
မလေးရှားကနေဖုန်းခေါ်ဆိုနုန်း အရမ်းကိုသက်သာတယ်လို့ကြားရပါတယ် U MOBILE
ဖုန်းကဒ်ကနေ ခေါ်ဆိုရင်တမိနစ်ကို (၂၈ပြား)ပဲစားပါတယ်
ဒါကကျွန်တော်ခေါ်တာလက်တွေ့ပါပဲ အဲဒါလုပ်ဖို့က 3G ပါတဲ့ဖုန်းကို SETTING
လုပ်ရမယ်လို့ပြောပါတယ် 3G ဖုန်းမဟုတ်ရင်မရပါဘူး ဒါပေမဲ့ စာရေးသူလည်း
မလုပ်တတ်သေးဘူး နီပေါနိုင်ငံသားက သူကိုယ်တိုင် ဖုန်းကို SETTING
လုပ်ပေးပြီး ဖုန်းကဒ်တွေ ရောင်းနေတယ်လို့သိရပါတယ် အဲဒီကောင်က
သူသင်ပေးရရင် RM ၆၀၀ ပေးရမယ်လို့ပြောတယ် စာရေးသူလဲ
လက်ထဲမှာပိုက်ဆံမရှိသေးလို့ မသင်ရသေးဘူး စာရေးသူ သူ့ဆိက ပညာရရင်တော့
စာရေးသူ အင်တာနက်ပေါ် လုပ်ပုံလုပ်နည်းတွေ သင်ပြပေးပါ့မယ်
မလေးရှားမှာရှိတဲ့ ရွှေညီကိုယ်များလည်း အဲလိုမျိုးလုပ်ရရင်
တတ်သည့်ပညာလေးကို မျှဝေစေချင်ပါတယ်….သူပြောပုံရဆိုရင်
လုပ်ရတာလွယ်မယ်ထင်ပါတယ် ….ဖုန်းခေါ်ဆိုခကတော့ သူ့ဖုန်းနဲ့ စာရေးသူ
မြန်မာပြည်ကိုခေါ်ပြီးပါပြီ ဟုတ်ပါတယ် တမိနစ်ကို (RM၂၈ပြားပဲ
ကုန်ပါတယ်) အဲဒါတာရရင်တော့ ရွှေမြန်မာတွေ မြန်မာပြည်က
မိသားစု..ချစ်သူတွေဆီ ဖုန်းတ၀ကြီးပြောလို့ ရပါပြီ…..ကဒ်ကော တခါထဲ
သူလုပ်ပေးရင်တော့ (RM၅၀ဆိုရင်) မြန်မာပြည်ကို ၈၈မိနစ်
ပြောလို့ရပါတယ်….အဲဒါကုန်သွားလို့ နောက်ထပ်ငွေဖြည့်မယ်ဆိုရင်လဲ ၁၀
ထည့်ရင် RM 12 ရပါတယ် RM၂ တိုးပေးပါတယ်
စာရေးသူတော့မလုပ်တတ်သေးဘူး…..လုပ်တတ်တော့မှ စာဖတ်ပရိတ်သတ်ဆီ
မျှဝေပေးပါ့မယ်…..သိတဲ့လူများလည်းမျှဝေပေးပါအုံး...နဲနဲလောက်....(ပညာဝယ်ဖို့ ပိုက်ဆံဆုလိုက်အုံးမယ်)
No comments:
Post a Comment