ဒီဆာင်းပါးလေးကိုရေးသင့်မရေးသင့်
စဉ်းစားနေတာကြာပါပြီ ဘယ်သူ့ကိုမှရည်၇ွယ် ပုတ်ခတ်ပြီး ရေးတာမဟုတ်ပါဘူး
မလေးရှားမှာ တကယ်ဖြစ်ပျက်နေတာလေးတွေ စာရေးသူမြင်ရတွေ့၇ ကြားနေရတဲ့
ပတ်ဝန်းကျင်နဲ့ သူငယ်ချင်းတွေစက်ရုံမှာ များသောအားဖြင့် ဖြစ်ပျက်နေတဲ့
မြန်မာတွေဟာဒီလိုပဲလား …..၊? ကျွန်တော်တို့မြန်မာတွေဟာ
များသောအားဖြင့် စက်ရုံတွေမှာ စည်းလုံးညီညွတ်မှု မရှိကြဘူး
မြန်မာတွေမစည်းလုံးသ၍ သူတို့ကိုခိုင်းနေတဲ့
သူဌေး…အင်ဂျင်နီယာ….supervistor ..အေးဂျင့် တွေ ပိုကြိုက်လေပဲ
မလေးမြေကိုရောက်တာကြာပြီဖြစ်တဲ့ လူဟောင်းတွေကလည်း မနေ့တနေ့ကမှ
ရောက်လာတဲ့ ကိုယ့်မြန်မာအချင်းချင်းဆိုပြီး မသိမတတ်နားမလည်တဲ့ဟာကို
သင်ပြပြီး ကူညီဖေးမမယ်ဆိုတဲ့ စိတ်မရှိဘူး ငါတို့ကဒီစက်ရုံမှာ
လူဟောင်းနှစ်အကြာကြိးဆိုပြီး ငါဆိုတဲ့မာန်မာနထားပြီး
ဘ၀င်လေဟတ်နေလားမသိ အလုပ်လုပ်တဲ့နေရာမှာလည်း အားနာတာလား ကြောက်နေတာလား
ဖားနေတာလားမသိ နားချိန်မှန်းမသိ စားချိန်မှန်းမသိ
သူဌေးခိုင်းတာကနည်းနည်း ကိုဖားမင်း….မဖားမင်း တို့က လုပ်ပေးချင်တာက
များများဆိုတော့ သူဌေးအကြိုက်ပေါ့ သူတို့ကအဲလိုလုပ်ပြလိုက်တော့ တနေ့
basic RM18 ပေးပြီးခိုင်းတဲ့အလုပ်ကို သူ့အိုးနဲ့သူ့ဆန် တန်ရာတန်ကြေးနဲ့
ပုံမှန်လုပ်နေကြတဲ့ လူတွေကြတော့ သူဌေးက အငြိုငြင်ခံရတာပေါ့ RM18 ကို
RM25ထင်ပြီး သခင်အားရကျွန်ပါးဝတွေလည်းရှိတာပဲ မလေးက enginner တွေကလည်း
လည်တယ်ဗျာ အဲလိုလုပ်ပြတဲ့လူဆို line leader ဆိုပြီး နာမည်ပေးလိုက်တာပဲ
line leader တော့ပြောတာပဲ နာမည်ပဲပြောတာ ပိုက်ဆံကြတိုးပေးလားလို့မေး
အတူတူပဲ operator နဲ့ ဒါကို ကိုဖားမင်း မဖားမင်းတို့က
အဟုတ်ကြီးထင်ပြီး ကိုယ့်အလုပ်လား သူ့အလုပ်လားမသိ အကုန်သိမ်းလုပ်တာပဲ
သူ့တို့သူငယ်ချင်းတွေနဲ့ မြန်မာပြည်ကမိဘတွေတော့ ကြွားလိုက်သေးတယ်
အောင်မယ် ဘာတဲ့ line leader တဲ့ သူတို့ကိုလူမိုက်ငှားထားတာ
သူတို့မသိကြဘူး ရတဲ့လစာကနည်းနည်း....အာဏာလေးကပြလိုက်ချင်သေး
အသိသူငယ်ချင်းဆီက မိန်းကလးတွေစက်ရုံမှာဆိုပိုဆိုးသေးတယ်
မိန်းကလေးဆိုတော့
အပြိုင်အဆိုင်ပိုများတယ် အဲဒီစက်ရုံမှာဆို ရုပ်ချောတဲ့မိန်းကလေးဆို
အကြိးတွေက မြှောက်ပြီး line leader ခန့်လိုက်ကော ပြီးရင်သူတို့နဲ့
ချစ်ကြကြိုက်ကြ အဲဒါကို သိတော့သူ့တို့စက်ရုံကမြန်မာကောင်တွေက
အိန္ဒိယတွေ...တခြားလူမျိုးတွေနဲ့မကြိုက်ဖို့ပြောတော့ ပြောတဲ့ကောင်တွေ..ကောင်မတွေကို သူတို့ချစ်သူ အိန္ဒိ တရုတ် ဘဲတွေနဲ့တိုင်တော့ အဲလိုပြောတဲ့လူကို သူတို့က ပြသနာရှာပြီး အလုပ်ဖြုတ် အေးဂျင့်လက်ထဲပြန်အပ်ခံရတဲ့လူတွေလည်း မနည်းတော့ဘူး အဲဒီစက်ရုံမှာကလည်း မြန်မာမိန်းကလေးတွေ ၁၅၀၀ကျော်ရှိတယ် ရွှေမြန်မာများ စည်းလုံးကြပါ တိုင်းတပါးမှာနေ တစက်ရုံထဲမှာလုပ်ပြီး မစည်းလုံးရင်တော့ စာရေးသူပြောခဲသလိုပဲ သူဌေးတွေ အေးဂျင့်တွေ ပိုနှိမ်ကောင်းလေပဲပေါ့ အဲဒီတော့ တန်ရာတန်ကြေးပဲလုပ်ကြပါ ပိုမလုပ်ပါနဲ့ အချိန်တန်ရင် အကုန်လုံး ပြန်ကြရမှာပါ ဘာပဲဖြစ်ဖြစ်လူညီဖို့အရေးကြီးတယ် တယောက်တပေါက်ဆိုရင်တော့ ရှေ့ကနေဦးဆောင်ပြီး သွားမလုပ်နဲ့ အဲဒီလူကို အမြင်ကတ်ပြီး ပြန်ပို့မှာသေချာတယ် မလေးရှား စက်ရုံတွေမှာ အများအားဖြင့် မြန်မာတွေဟာ သခင်အားရ..ကျွန်ပါးဝဆိုတဲ့ ဒီလိုစိတ်တွေများနေတာဆိုတာ တင်ပြလိုက်တာပါ (အားလုံးပဲ...စာရေးသူဒီလိုရေးလို့ မှားတာ...မကြိုက်တာရှိလို့ အပစ်တင်ရင်လည်း ခံနိုင်ပါတယ်.....အခုလိုရေးတာကလည်း.
ရွှေမြန်မာများ အမှန်တရားကို လက်ခံသိရှိ နိုင်အောင်လို့ပါ......ဆရာကြီးလုပ်ပြီးရေးတာမဟုတ်ပါဘူး.
No comments:
Post a Comment