မလေးရှားနိုင်ငံ taman semark block 16 မြန်မာ အင်ဒို နီပေါ ဘင်္ဂလား မလေး အလုပ်သမား ပေါင်းစုံနေတဲ့
၅ထပ်အပေါ်ဆုံး တိုက်ခန်းတွေ ၀၁.၀၂.၂၀၁၂.ယနေ့ည၈နာရီအချိန်မှစတင်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ် ဘယ်ကနေစလောင်တယ်ဆိုတာတော့
မသိရသေးပါဘူး ကျွန်တော်တို့နေတဲ့ တိုက်နဲ့ဆို ကပ်ယက်ပေါ့ ကိုယ်နေတဲ့တိုက်ကိုကူးမလားလို့ အလုပ်ကနေအမြန် ပြေးလာပြီး
ရှိအမျှပစ္စည်းလေးတွေ အရန်သင့်ထုပ်ထားရပါတယ် ခဏနေတော့ မီးသတ်ကား ၂စီးရောက်လာပါတယ် ယခုစားရေးသူတင်နေတဲ့အချိန်ထိတော့မိးမငြိမ်းသေးပါဘူး အခုနောက်ထပ်မီးသတ်ကားအကြီးစား
အပေါ်တက်နိုင်မဲ့ တာဝါထောင် လှေကားတွေနဲ့ ကားတစီး ထပ်ရောက်လာပါပြီ စာရေးသူကိုယ်တိုင်ဓါတ်ပုံတွေ ရိုက်လာပြီးတင်ပြပါတယ် သတင်းထောက်တွေလဲ ကင်မရာအကြီးကြီးတွေနဲ့ လာရိုက်ကြတယ်ဗျ လေးစားရတဲ့မလေးလူမျိုးတွေကတော့ မီးလောင်တာကို ၀ိုင်းကြည့်ပြီး လက်ခုပ်တီးနေကြပါတယ် .....ဒါကတော့မလေးရှားနိုင်ငံရဲ့
ဓလေ့ပါ....ရိုင်းပင်းကူညီဖို့ စိတ်မရှိကြပါဘူး အခု၁၀နာရီကျော်အထိ မီးမငြိမ်းသေးပါဘူး..ကြည့်လိုက်ကြပါ..ဓါတ်ပုံတွေ

No comments:
Post a Comment