Monday, April 22, 2013

မြန်မာတယောက်အသတ်ခံရ

မလေးရှားနိုင်ငံ ဂျိုးဟိုးမြို့မှာ ပြီးခဲ့တဲ့သုံးရက်လောက်က မြန်မာတယောက် ရန်ဖြစ်ပြီး
အသတ်ခံရတယ်ဆိုတယ် သတင်း ကြားရပါတယ် ဖြစ်ပွားပုံမှာ မြန်မာမိန်းကလေး တယောက်က
နီပေါနိုင်ငံသားနဲ့ ချစ်ကြိုက်နေလို့ မျိုးချစ်စိတ်ရှိတဲ့ ရွှေမြန်မာတွေ၅ယောက်လောက်က မကြိုက်ဖို့
ကောင်မလေးကို သွားပြောကြတယ်တဲ့ အဲဒါနဲ့ အမျိုးဖျက်တဲ့ မြန်မာမိန်းကလေးက သူ့ချစ်သူ သူ့လင်
နီပေါနိုင်ငံသားကို သွားတိုင်လိုက်တယ်တဲ့ အဲဒါနဲ့ နီပေါအယောက်၃၀လောက်နဲ့ မြန်မာငါးယောက်
ရန်ဖြစ်ပြီး ချကြတယ်တဲ့ အဲဒီငါးယောက်ထဲက မြန်မာ၂ယောက်ကတော့ ထွက်ပြေးလို့ လွတ်မြောက်သွားတယ်တယ် ကျန်တဲ့သုံးယောက်ကတော့ ပြန်ချတာပေါ့ အုပ်စုအများနဲ့ ဆိုတော့
ရွှေမြန်မာတွေ ခံလိုက်ရတာပေါ့ တယောက်ကတော့ သေသွားတယ်တဲ့ နှစ်ယောက်ကတော့
ဆေးရုံတင်လိုက်ရတယ်လို့ပြောတယ် ဆေးရုံတက်တဲ့ နှစ်ယောက်ထဲက တယောက်ကတော့
အသက်အန္တရာယ် ဆိုးရိမ်ရတယ်လို့ သတင်းကြားရပါတယ် သေသွားတဲ့ မြန်မာတယောက်ကတော့
မနေ့က သင်္ဂြိုလ် လိုက်တယ်လို့ သိရပါတယ်………
(မနေ့ကလည်း ဂျိုးဟိုးမှာပါပဲ ကျွန်တော်ညီရဲ့သူငယ်ချင်း နေ့လည်၁၂နာရီလောက်က ဖုန်းပြောပြီး နောက်၂နာရီလောက်
ပြန်ခေါ်လိုက်တော့ မင်းသူငယ်ချင်းမရှိတော့ဘူးတဲ့ လမ်းဖြတ်အကူးမှာ ကားတိုက်ပြီး သေသွားပြီတဲ့ မလေးရှားမှာတော့
ကြားလိုက်ရရင် စိတ်မကောင်းစရာတွေကြိးပါပဲ ရွှေမြန်မာများ ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ
(မလေးရှားရောက် ရွှေမလေးများ အမျိုးကိုချစ်ကြပါ)

No comments: