Sunday, September 1, 2013

မလေးမှာ မြန်မာတွေဟာ သာမာန်ထက်ပိုတဲ့တုန့်ပြန်မှုတွေကို ခံနေရပါပြီ။


မြန်မာနိုင်ငံသားတွေကို ရွေးပြီး အော်ပရာစီတယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ အော်ပရာစီနေပါတယ်။
သူတို့လည်း သူတို့ပိုင်နက်မှာ သူတို့သဘောပါပဲ။ အဲလိုပါပဲ၊ ကိုယ်လည်း ကိုယ့်ပိုင်နက်ထဲမှာ ကိုယ့်သဘောပါပဲ။

မလေးရှားကို ဓာတ်ငွေ့တွေရောင်းတဲ့အကြောင်း လွှတ်တော်ကနေ ပြန်စဉ်းစားကြည့်ရအောင်..ပီထရိုနပ်ကို ဓါတ်ငွေ့တွင်း တစ်တွင်း လုပ်ခွင့်ပေးထားပါတယ်။ မြန်မာနိုင်ငံက ဓာတ်ငွေ့တစ်ယူနစ် ဘယ်လောက်ဆိုတဲ့ ဈေးနှုန်းနဲ့ ပီထရိုနပ်ကို ရောင်းတာပါ။ ပီထရိုနပ်ကနေပြီးတော့ ထိုင်းကို ဆက်ရောင်းတယ်လို့ မှတ်သားမိပါတယ်။ပီထရိုနပ်နဲ့ စာချုပ်ချုပ်ပြီး လုပ်ခွင့်ပေးထားတာ ဖြစ်တဲ့အတွက်ကြောင့် ဆက်လက်လုပ်ခွင့်ပေးရပါမည်။

သို့သော် ဓာတ်ငွေ့ တစ်ယူနစ်ရောင်းဈေးကိုမူ ပေါက်ဈေးအတိုင်းရရှိရန်လိုပါသည်။ထိုသို့ပေါက်ဈေးအတိုင်း ရရှိရန်အတွက် လွှတ်တော်မှ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသို့ မေးခွန်းမေးမြန်းရန် လိုအပ်ပါတယ်။ပေါက်ဈေးအတိုင်းမဟုတ်တာကို တွေ့ရှိရပါက ပေါက်ဈေးအတိုင်း ရရှိရန်အတွက် ဈေးနှုန်း ပြန်လည်ညှိနှိုင်းရန် လွှတ်တော်မှ ဆုံးဖြတ်သင့်ပြီး စုံစမ်းရေးကာလ၊ ဈေးနှုန်းညှိနှိုင်းစဉ်အတွင်း ထုတ်လုပ်မှုကို ရပ်ဆိုင်းထားရန် လွှတ်တော်မှ မဲခွဲဆုံးဖြတ်သင့်ပါကြောင်း နားလည်မိသလို ပြောပါရစေဗျာ။

ပည်တွင်းပြည်ပမိုဘိုင်းဖုန်းဆိုင်ရာသတင်းများ | By သက်နိုင်စိုး

GSM နှင့် WCDMA ဖုန်းများတွင် SMS စနစ်ဖြင့် အင်တာနက် လျှောက်ထားရာ ၌ ပြဿနာ အနည်းငယ် ပေါ်ပေါက်လျှက်ရှိ

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွင် သွားရောက် လျှောက်ထားရသော မိုဘိုင်းဖုန်း အင်တာ နက် လျှောက်ထားမှု များကို ၁-၈-၂၀၁၃ ရက်နေ့မှ စတင်ပြီး SMS စနစ် အသုံးပြုလျှောက် ထားခွင့် ပြုခဲ့သော် လည်း လျှောက်ထားရာ၌ ပြဿနာ အနည်း ငယ် ပေါ်ပေါက် လျှက်ရှိကြောင်း ၃-၈-၂၀၁၃ ရက်က သိရသည်။

“ညီမကော သူငယ်ချင်းတွေပါ ဖုန်းကနေတဆင့် 1331 နံပါတ်ကို order data service လို့ ရိုက်ပြီး Massage ပို့ အင်တာနက် လျှောက်ခဲ့ပါတယ်။ ဘာလို့လဲမသိဘူး Massage လည်း ပြန်မပို့ဘူး။ ပြီးတော့ ပိုက်ဆံလည်း လျော့မသွားပါဘူး။ အဲဒီတော့ ညီမတို့ orderdata service လို့ ရိုက်ပြီး ထပ်ပို့တော့လည်း မရဘူး။ လုပ်တာနည်းလည်း စုံနေပါပြီ။ အင်တာနက်လိုင်းတွေ ကျပ်နေလို့လား မသိပါဘူး” ဟု SMS ဖြင့် အင်တာနက် လျှောက်ထားမည့်သူ တစ်စုက ပြောသည်။

မိုဘိုင်းဖုန်းဖြင့် အင်တာနက် လျှောက်ထားရာတွင် Massage နံပါတ် 1331 ကို ရိုက်နှိပ်ပြီး order data service ရေးပြီး Massage ပေးပို့ လျှောက်ထားရမည် ဆိုသော်လည်း လျှောက်ထားသည့် အခါတွင် အခက်အခဲများ ဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်ပေါ်နေသော အခက်အခဲများနှင့် ပတ်သက်ပြီး Call Centre သို့ ဆက်သွယ်မေးမြန်းရာ “အင်တာနက် လျှောက်ထားတဲ့ နေရာတွေမှာ ပြဿနာ ဖြစ်တာ မရှိဘူး။ တစ်ခုရှိတာ က ရေးတဲ့ စာသား မှားယွင်းပို့မိတာမျိုး ဆိုရင်တော့ သူတို့က ပိုက်ဆံလည်း မဖြတ်ဘူးပေါ့။ အင်တာနက် လျှောက်လို့လည်း ရမှာ မဟုတ်ပါဘူး။

1331 သို့ SMS ပေးပို့ လျှောက်ထားရာမှာ ရေးသားပေးရမယ့် စာသားမှာ Orderdata service ဖြစ်ပါတယ်။ ရေးတဲ့အခါမှာ သတိထားရမှာက Order-data ကို တွဲလျက်ရေးရမယ် ပြီးရင် spacebar ခြားပြီးတော့ service ကို ရေးကို ရေးပေးရပါမယ်။

အဲ့လို ရေးတဲ့အခါမှာလည်း ရှေ့က (O) ကိုလည်း အကြီးနဲ့ ရေးပေးရမှာ ဖြစ်ပြီးတော့ (s) ကိုလည်း အသေးနဲ့ ရေးပေးရမှာ ဖြစ်ပါတယ်” ဟု ပြန်လည် ပြောကြားခဲ့သည်။

ယင်းသို့ SMS စနစ်ကို အသုံးပြု အင်တာနက် လျှောက်ထားရာတွင် စာသားမှားယွင်း ရေးသား ရိုက်နှိပ်မှုများကြောင့် အင်တာနက် အသုံးပြု ဝန်ဆောင်မှု မရရှိခြင်း များ ဖြစ်ပေါ်လျှက်ရှိသည့် အတွက် အထက်ပါအတိုင်း စာသားမှန်ကန်စွာ ရိုက်နှိပ် ပို့ဆောင်ပေးသင့်သည်။

မှန်ကန်စွာ စာသားရိုက်နှိပ်ပြီး 1331 သို့ ပေးပို့လျှောက်ထားပြီးလျှင် မိမိဖုန်းအင်တာနက် ရရှိပြီဖြစ် သာ စာတိုမက်ဆေ့ “You have orderservice successfully” ဆိုပြီး မက်ဆေ့ခ်ျ ပြန်ပို့ပေး မည် ဖြစ်သည်။

SMS စနစ်ဖြင့် အင်တာနက် လျှောက်ရန်အတွက် မိုဘိုင်းဖုန်းအတွင်း ကျပ် ၁၀၀၀၀ ကျော် ထည့် သွင်းရမည်ဖြစ်ပြီး SMS ပေးပို့ခကို ဖြတ်တောက်သွားမည် မဟုတ်ကြောင်း သိရသည်။

Ref & Credit:ပြည်မြန်မာ

မလေးရှား၌ တရားမ၀င် နေထိုင်သူများအား အထူးစီမံချက်ဖြင့် စတင်ဖမ်းဆီးသည့် ပထမနေ့တွင် မြန်မာအပါအ၀င် ၇၁ ဦး ဖမ်းဆီးခံရ

N-2-9

စက်တင်ဘာ ၁ ရက်က တရားမ၀င် အလုပ်သမားများ နေထိုင်သည့် အိမ်တစ်အိမ်ကို မလေးအရာရှိ တစ်ဦးက ၀င်ရောက်ရန် ကြိုးပမ်းစဉ်

မလေးရှား အစိုးရက နိုင်ငံတွင်း တရားမ၀င် နေထိုင်သူများအား စက်တင်ဘာ ၁ ရက်မှစ၍ အထူးစီမံချက်ဖြင့် ဖမ်းဆီးခဲ့ရာတွင် စတင်ဖမ်းဆီးသည့် ပထမနေ့၌ မြန်မာနိုင်ငံသားများ အပါအ၀င် ၇၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများတွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနှင့် နီပေါနိုင်ငံများမှ အမျိုးသား ၆၀ ဦးနှင့် အမျိုးသမီး ၁၁ ဦး ပါဝင်ပြီး နေထိုင်ခွင့် စာရွက်စာတမ်း အတုများ ကိုင်ဆောင်မှု၊ အလုပ်လုပ်ခွင့် ပါမစ်အတုနှင့် နိုင်ငံတွင်း သက်တမ်းကျော် နေထိုင်မှုများဖြင့် ဘူခစ်ရာဂျာ၊ ကလန်းနှင့် ဒန်ကေးမြို့များရှိ ၎င်းတို့နေထိုင်သည့် အိမ်များတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
အထူးစီမံချက်ဖြင့် အဆိုပါ မြို့များ၌ ဖမ်းဆီးခဲ့မှုတွင် လူဝင်မှုကြီးကြပ်ရေးဌာန၊ ရဲတပ်ဖွဲ့၊ စစ်တပ်၊ အရန်ရဲတပ်ဖွဲ့၊ အရပ်ဘက် ကာကွယ်ရေး တပ်ဖွဲ့၊ အမျိုးသား မှတ်ပုံတင် ဌာနတို့မှ ၀န်ထမ်းပေါင်း ၁၅၀ ပါဝင်ခဲ့ကြောင်း သိရသည်။
သုံးလကြာ ဆက်တိုက်ပြုလုပ်မည့် ယခုစီမံချက်အရ ဖမ်းဆီးခံရသည့် တရားမ၀င် နေထိုင်သူများအား နေထိုင်ခွင့် မှတ်ပုံတင်ရေးနှင့် မိမိတို့ အစီအစဉ်ဖြင့် နေရပ်ပြန်စေခြင်းတို့ကို ခွင့်မပြုဘဲ မလေးရှား အစိုးရက သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၁ ခုနှစ်၊ အောက်တိုဘာလတွင် ပြီးဆုံးခဲ့သည့် သုံးလကြာ ဆောင်ရွက်ခဲ့သော အလုပ်သမားများ မှတ်ပုံတင်ရေး အစီအစဉ်တွင် နေထိုင်ခွင့် အထောက်အထား မရှိသော နိုင်ငံခြား အလုပ်သမား နှစ်သန်းခန့်အနက် ၁ ဒသမ ၃ သန်းသာ လာရောက်မှတ်ပုံ တင်ခဲ့ကြောင်း သိရသည်။
ထိုစဉ်က မှတ်ပုံတင် လျှောက်ထားခဲ့သူများအနက် ၅၀၀၀၀၀ ကိုသာ လက်ခံခဲ့ပြီး ၃၃၀၀၀၀ ဦးကို နေရပ်သို့ ပြန်ပို့ခဲ့သည်။
U-2-9
စက်တင်ဘာ ၁ ရက် ဒေသစံတော်ချိန် နံနက် ၃ နာရီက ကွာလာလမ်ပူမြို့ပြင် ကလန်း၌ ဖမ်းမိခဲ့သည့် တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားများကို ကုန်တင်ကားဖြင့် ခေါ်ဆောင်ရန် ပြင်ဆင်နေစဉ် (Photo:AFP)

စက်တင်ဘာ ၁ ရက် နံနက် ၃ နာရီခန့်က ဒန်ကေးမြို့တွင် ပြုလုပ်ခဲ့သည့် ဖမ်းဆီးမှုတွင် တရားမ၀င် အလုပ်သမား အချို့သည် ခွေးဟောင်သံများကြောင့်နိုးပြီး ၎င်းတို့၏ နေအိမ်များမှ နီးစပ်ရာ တောတွင်းသို့ ထွက်ပြေးသွားခဲ့သော်လည်း ၂၁ ဦးကို ၎င်းတို့နေအိမ်များတွင် ၀ှက်ထားသည့် ဆာမူရိုင်း ဓားရှည်တစ်ချောင်း၊ တူများနှင့်အတူ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။
"ကျွန်တော့်အနေနဲ့ အလုပ်လုပ်ခွင့် ပါမစ်အစစ် လိုချင်ခဲ့ပေမယ့် ကျွန်တော့်ရဲ့သူဌေးက ကျွန်တော့်ကို လိမ်ခဲ့တယ်။ ပါမစ်လျှောက်ပေးမယ်ပြောလို့ ကျွန်တော်သူ့ကို ရင်းဂစ် ၃၀၀၀ ပေးခဲ့ရပေမယ့် အခုအချိန်အထိ လုပ်မပေးခဲ့ပါဘူး" ဟု ဖမ်းဆီးခံခဲ့ရသူ အသက် ၃၄ အရွယ် အင်ဒိုနီးရှားနိုင်ငံသား ဆူဟာမင်က ပြောကြားသည်။
ပြည်ပအလုပ်သမားများ မှတ်ပုံတင် အစီအစဉ်တွင် အဘယ်ကြောင့် လျှောက်ထားမှု မပြုလုပ်ရခြင်းအပေါ် ဖမ်းဆီးရေး အရာရှိများက မေးမြန်းရာတွင် မိမိအနေဖြင့် နေရပ်သို့ ပြန်ပို့ခံရမည်ကို စိုးရိမ်သောကြောင့် မလျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း ဆူဟာမင်က ပြောကြားခဲ့သည်။
ဖမ်းဆီးခံရသူများကို ပုဒ်မ ၆၊ ၁၅ (၄) နှင့် ၅၅ တို့အရ စစ်ဆေးသွားမည်ဖြစ်ပြီး နေရပ်သို့ ချက်ခြင်းပြန်ပို့ မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဆာရာဗာနာ ကုမာက ပြောကြားသည်။
"အခုလို ဖမ်းဆီးမှုဟာ အလုပ်ရှင်တွေ အနေနဲ့ တရားမ၀င် အလုပ်သမားတွေကို မငှားရမ်းဖို့ ပြတ်ပြတ်သားသား သတိပေးခြင်း ဖြစ်ပါတယ်" ဟု ဆာရာဗာနာက ပြောကြားခဲ့သည်။
၂၀၁၃ ခုနှစ် ကုန်ပိုင်းအထိ ပြုလုပ်မည့် ယခုစီမံချက်တွင် တရားမ၀င် နေထိုင်သူ ၄၀၀၀၀ ခန့်နှင့် ၎င်းတို့ကို အလုပ်ခန့်ထားသည့် အလုပ်ရှင် ၄၅၀၀၀ ခန့်ကို ဖမ်းဆီးအရေးယူခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
"တစ်နိုင်ငံလုံးမှာရှိတဲ့ တရားမ၀င် အလုပ်သမားတွေရဲ့ နေအိမ်တွေ၊ ခြံလုပ်ငန်းတွေ၊ ဖြေဖျော်ရေး နေရာတွေနဲ့ အနှိပ်ခန်းတွေကို ၀င်ရောက်ဖမ်းဆီးသွားမှာ ဖြစ်ပါတယ်။ အရင်ဖမ်းဆီးမှုတွေမှာ စီးပွားရေး လုပ်ငန်းအမျိုးမျိုးအတွက် တရားမ၀င် နေထိုင်သူတွေကို ငှားရမ်းလုပ်ကိုင်နေတဲ့ အလုပ်ရှင် ၂၀၀ ကိုလည်း အရေးယူထားပြီး ဖြစ်ပါတယ်" ဟု ဆာရာဗာနာက ပြောကြားခဲ့သည်။

ယခု စီမံချက်ဖြင့် ဖမ်းမိသော အလုပ်သမားများကို နေရပ်သို့ ချက်ခြင်းပြန်ပို့သွားပြီး ၎င်းတို့၏ အလုပ်ရှင်များကို ရင်းဂစ် ၅၀၀၀ သို့မဟုတ် ထောင်ဒဏ်ငါးနှစ် သို့မဟုတ် ကြိမ်ဒဏ်ခြောက်ချက် သို့မဟုတ် ပြစ်ဒဏ်အားလုံး ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
Eleven Media Group

မလေးက ရွှေမြန်မာတို့အရေး သွေးအေးလို့ မနေသင့်ပီ.

မလေးမှာ လတ်တလော
ဖြစ်နေတဲ့အခြေနေတွေကြားရတာ အတော်စိတ်မကောင်းဖြစ်မိတယ်..အဲဒီမှာ ဦးဇင်းကျောင်းမှာနေပီး အလုပ်သွားလုပ်နေသူတွေရှိသလို ကျောင်းကထွက်တဲ့သင်တန်းသားတွေလည်း အတော်များများ ရောက်နေကြတယ်...တစ်ချို့က အခြေနေရ အိုဗာစတေးနေပီး အလုပ်လုပ်နေကြတယ်...သူများနိုင်ငံမှာ ကျွန်တမျှအလုပ်လုပ်နေရပီး မတောက်တခေါက်လစာလေးနဲ့ အိမ်ကမိသားစုတွေကို ထောက်ပံ့ပေးနေရှာတဲ့ ကိုယ့်နိုင်ငံသားတွေအတွက် ဘာလုပ်ပေးနိုင်လဲ စဉ်းစားကြည့်မိတယ်..ကိုယ်လည်း အစိုးရအရာရှိမဟုတ်သလို ငွေကြေးတွေပုံအောပီး အထောက်ပံ့ပေးနိုင်တာမဟုတ်တော့မလေးက မြန်မာနိုင်ငံသားတွေအရေး သွေးအေးလို့ မနေသင့်ဆိုတဲ့ပို့စ်ရေးတင်ရင် ကောင်းမယ်လို့ စဉ်းစားမိတယ်..အဲဒီအတွက် မြန်မာနိုင်ငံက သမ္မတကြီးကအစ အစိုးရ တာဝန်ရှိသူတွေနဲ့ နိုင်ငံသားအားလုံးကို ဒီပို့်စ်လေးရေးပီး နှိုးဆော်ပေးလိုက်တာပါ...တကယ်တော့ မလေးမှာရောက်နေတဲ့ အလုပ်သမားအများစုဟာ ကိုယ့်တိုင်းပြည်မှာ လုပ်ခလစာနဲတဲ့အတွက် လူမျိုးမတူ ဘာသာမတူ၊ ယဉ်ကျေးမှုမတူတဲ့ သူများနိုင်ငံကို ငွေကုန်ကြေးကျခံပီး အလုပ်သွားလုပ် နေကြရတာပါ....ကိုယ့်တိုင်းပြည်ကို မချစ်လို့ ပစ်သွားတဲ့သူတွေမဟုတ်ပါဘူး...အခုလို သူတို့တစ်တွေ ဒုက္ခရောက်နေကြတာကို ခွေးပစ်ဝက်ပစ် ပစ်ထားမယ်ဆိုရင် မြန်မာနိုင်ငံ အစိုးရနဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ တရားပါသလား....အဲဒါလေး စဉ်းစားကြည့်ပါ...မလေးဆိုတာ တကယ်တော့ မနေ့တစ်နေ့ကမှ အရှေ့တောင်အာရှမှာ လူရာဝင်လာတဲ့ နိုင်ငံပါ...တစ်ချိန်က မြန်မာနိုင်ငံကို သွားရည်ယိုအားကျနေခဲ့ရတာ သမိုင်းရှိပါတယ်..အခုတော့ ဘာမဟုတ်တဲ့ အဲလို နိုင်ငံမှာ ကိုယ့်လုပ်အားနဲ့ မတန်တဲ့ လစားလေးအတွက် ဒုက္ခမျိုးစုံ ခံစားပီး အနှိမ်ခံဘ၀နဲ့ နေနေရတဲ့ မြန်မာနိုင်ငံသားများ လူမဆံစွာ ဆက်ဆံခံနေရပီ...ခွေးနှိမ်ဝက်နှိမ်အနှိမ်ခံနေရပီ...ဒါတွေဟာ တကယ်တော့ ကိုယ့်နိုင်ငံလူစဉ်မမီခြင်းက အခြေခံအကြောင်းရင်ပါ...နှစ်ပေါင်းများစွာ ဖိနှိပ်ချုပ်ချယ်ပီး နိုင်ငံသားတွေ အရေးကို လျစ်လျူရှုခဲ့ခြင်းရဲ့ ဆိုးကျိုးတွေပါ...ဘွဲ့ရ အလုပ်လက်မဲ့ ဒဏ်ကို မခံစားနိုင်လို့ထွက်ပေါက်ရှာခဲ့တဲ့ အဖြစ်တွေပါ..တကယ်တော့ မြန်မာနိုင်ငံသားဆိုတာ မြန်မာပြည်မှာပဲပျော်ကြတာပါ...ဦးဇင်း ကိုယ်တိုင် အခု ပြည်ပမှာနေတာ ၄နှစ်ပြည့်တော့မယ်.. ပျော်လို့လားမေးရင် မြန်မာပြည်က စထွက်ကထဲက ပြန်ရမဲ့ရက်ကို လက်ချိုးရေတွက်နေတာလို့ မညာတမ်း အဖြေပေးပါမယ်..ပညာရေး အတွက်မို့ မှီတ်ကျိတ်နေတာပါ..အမေရိကန် ၊ အင်္ဂလန် ၊ ဥရောပလိုနိုင်ငံတွေမှာ ရောက်နေတဲ့ မြန်မာနိင်ငံသားအများစုတောင်မှ ကိုယ့်နိုင်ငံကို လွမ်းဆွတ်ရင်းနဲ့ စီးပွားရေးအတွက်မှိတ်ကျိတ်ပီး ခရီးဆက်နေကြတာ သေခြာမေးကြည့်လို့ သိရပါတယ်...မလေးလို မွတ်စလင်နိုင်ငံ..နောက်ပီး.မြန်မာတွေကို အထူးရွေးပီး နှိုပ်ကွပ်တဲ့ နိုင်ငံမှာ ဘယ်မြန်မာနိုင်ငံသားမှ ပျော်ပျော်ပါးပါး နေထိုင်နေကြတာမဟုတ်ပါဘူး....သူ့နိုင်ငံသားတွေ မလုပ်လိုတဲ့ အလုပ်တွေမှာ နိုင်ငံတကာစံချိန်နဲ့ မကိုက်ညီတဲ့ အလုပ်ချိန်...လုပ်ခတွေကို သိသိနဲ့ ကျိတ်မှိတ်ပီး လုပ်ကိုင်နေကြတာပါ....ဒီကြားထဲ မြန်မြန်မာအချင်းချင်းလှည့်ဖြားပီး အမြတ်ကြီးစားတဲ့ အေ့ဂျင့်တွေရဲ့ ဒဏ်ကိုလည်း ခံကြရပါသေးတယ်..အဲဒါကြောင့် သူတို့အများစုက အိုဗာစတေးဖြစ်နေကြတာပါ..အဲဒီအတွက် တန်ရာတန်ဖိုး ပေးပါလျက် တန်ရာတန်ဖိုး မရတဲ့အပြင် အခုလို နှိပ်ကွပ်ခံနေရတာဟာအတော်ကို ခံပျင်းစရာကောင်းပါတယ်..တကယ်ပြောရရင် သူတို့တစ်တွေဟာ ကိုယ့်နိုင်ငံ လူစဉ်မမီခြင်းရဲ့ ဆိုးကျိုးကို ခံစားရတဲ့ သူတွေပါ...်အဲဒီအတွက် လက်ရှိအစိုးရတာဝန်ယူထားသူတွေအနေနဲ့ အရင်က အတိတ်အမွေဆိုးဒဏ်ခံစားနေရတဲ့ ကိုယ့်ပြည်သူများ အရေးကို ထိထိရောက်ရောက် ကူညီဖြေရှင်းပေးစေချင်ပါတယ်...မြန်မာပြည်သူတွေအနေနဲ့လည်း ကိုယ်တတ်နိုင်တဲ့ဘက်က ၀ိုင်းဝန်းပီး ကူညီဖြေရှင်းပေးစေချင်ပါတယ်..အဲဒီလို ကူညီဖြေရှင်းပေးခြင်းဟာ မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ ညာတတ္ထစရိယ ကုသိုလ်ယူရာရောက်ပါတယ်...ွအခုလို ကိုယ့်နိုင်ငံသား ကိုယ့်လူမျိုးအတွက် အရေးတကြီး လိုအပ်နေတဲ့ ကွက်လပ်လေးကို အစိုးရပိုင်းအနေနဲ့ရော စွမ်းနိုင်တဲ့ အဖွဲ့အစည်းများနဲ့ တသီးပုဂ္ဂများအနေနဲ့ပါ...တတ်စွမ်းသမျှ ကူညီစောင်ရွက်ပေးစေလိုကြောင်း မေတ္တာဖြင့် တိုက်တွန်းနှိုးဆော်လိုက်ပါတယ်...သဗ္ဗေ သတ္တာ ဒို့မြန်မာ မြန်စွာ ဒုက္ခ ကင်းပါစေ...
ကောင်းလိုက်တဲ့  ဦးဇင်းရဲ့  စာသားလေးပါ...
Credit > Ashin Kumuda Bawdhitahtaung

မလေးရှားနိုင်ငံမှာ မြန်မာ၂၀၀ နီးပါး ထပ်မံအဖမ်းခံရ


မလေးရှားနိုင်ငံမှာ မြန်မာ၂၀၀ နီးပါး ထပ်မံအဖမ်းခံရ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ တရားမ၀င်နေထိုင်သူတွေကို ဖမ်းဆီးတဲ့စီမံချက် ဒီကနေ့စတင်ခဲ့ရာ မြန်မာနိုင်ငံသား ၂၀၀နီးပါး အဖမ်းခံရတယ်လို့ သိရပါတယ်။

အဖမ်းခံရသူတွေထဲမှာ ချင်းတိုင်းရင်းသား ၁၀၀ ခန့်ပါဝင်ပြီး သူတို့ဟာ ခရစ်ယန်ဘာသာဝင်တွေမို့ တနင်္ဂနွေနေ့ ဘုရားကျောင်းကိုအလာမှာ အဖမ်းခံရတာဖြစ်ပါတယ်။

ကွာလာလမ်ပူမြို့ နေရာ ၃နေရာလောက်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး စောစောပိုင်းမှာ နိုင်ငံကူးလက်မှတ် စစ်ဆေးမူတွေလုပ်သလို နိုင်ငံကူးလက်မှတ် မိတ္တူကိုင်ဆောင်ထားသူတွေရဲ့ လက်မှတ်တွေကိုလည်း စစ်ဆေးတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ စစ်ဆေးပြီး လက်မှတ်မပါသူတွေ၊ လက်မှတ်အတုကိုင်သူစတဲ့ သူတွေကို ဖမ်းတာဖြစ်ပါတယ်။ အဖမ်းခံရသူတွေကို လော်ရီကားတွေနဲ့ တင်သွားတယ်လို့ ကွာလာလမ်ပူမြို့ သွေးလှူအဖွဲ့က ကိုသက်က ပြောပါတယ်။

“လော်လီကား အရှည်ကြီး ၅ စင်းလောက်နဲ့ လူတွေကို မတ်တပ်ရပ်ပြီး အပြည့်တင်သွားတယ်၊ ကျနော့်အထင်တော့ တစ်စီးကို ၆ဝ လောက်တော့ပါလိမ့်မယ်၊ ဗမာရော၊ ဘင်္ဂလားရော၊ နီပေါရော အကုန်ရောနေတာပေါ့”

အဲဒီဖမ်းဆီးမှုတွေမှာ မြန်မာနိုင်ငံသား ၇၀ ကျော်လောက်ပါနိုင်တယ်လို့ မလေးရှားနိုင်ငံရောက် မြန်မာတချို့ကပြောပါတယ်။ ဘုရားရှိခိုးကျောင်းမှာ အဖမ်းခံရတဲ့ ချင်းတိုင်းရင်းသားတွေကို ဒီကနေ့ Miharja မှာ ဖမ်းခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၃၀ ခန့်က ၀င်ဖမ်းတာဖြစ်ပါတယ်။

ကလေးတွေနဲ့ မိခင်တွေကိုတော့ မဖမ်းပဲ ကျန်သူတွေကို လော်ရီကား ၂ စီး နဲ့ တင်သွားတယ်လို့ Chinland Guardian သတင်းစဉ်မှာဖေါ်ပြပါတယ်။

RFA Burmese
၁ ရက်နေ့ ည ကလန်း (klang) တွင်ဖမ်းဆီးမှု မြင်ကွင်း

ယနေ့ကွာလာလမ်ပူရှိ မြန်မာဆိုင်တန်းများနှင့် ကွာလာလမ်ပူမြို့တစ်ချို့နေရာများတွင် စတင်ဖမ်းဆီးနေပြီ

ယနေ့ မလေးရှားအစိုးရ၏ ကြော်ငြာချက်အတိုင်း မလေးရှား ကွာလာလမ်ူရှိ မြန်မာဆိုင်တန်းများတစ်လျှောက်တွင် ရဲ ၊ လဝက ၊ ရေးလား ၊ ပြည်သူ့စစ် ၊ သတင်းသမားများ စသဖြင့် စုံလင်စွာ ဖမ်းဆီင်္းမှုကိုစတင်ခဲ့သည် ။

တရားမဝင် နေထိုင်သူ ၊ အထောက်အထားမပြည့်စုံသူအားလုံးကို ဆွဲခေါ်ပုံစံဖြင့်ဖမ်းဆီးသွားခဲ့ပြီး ကား ၃ စီးအပြည့်တင်ဆောင်သွားခဲ့သည် ။

ထို့အတူ ကလန်းလားမား ၊ Miharja ၊ Maluri ၊ Kuchin Lama ၊ Klang ၊ စသည့်အလုပ်သမား များနေထိုင်ရာ နေရာများတွင် ဖမ်းဆီးနေဆဲဖြစ်သည် ။

ထို့အပြင် Jalan prima setapak 5 - of jalan genting klang. setapak တွင်လည်းဖမ်းဆီးနေပြီဖြစ်ကြောင်း မလေးရှားရောက် မြန်မာများ Facebook အသုံးပြုသူမှ သတင်းပေးသွားသည် ။

အလားတူ မလေးရှားနိုင်ငံတစ်ဝှမ်းဖြစ်သော Malaka , Mua , Johor , Penang တို့ရှိ နိုင်ငံခြားသားအလုပ်သမားများနေထိုင်သော နေရာများတွင်လည်းဖမ်းဆီးနေပြီဖြစ်ကြောင်းနှင့် ယနေ့ 1.9.2013 နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူနှင့်နေရာတော်တော်များများတွင် ဆက်တိုက်ဖမ်းဆီးနေပြီဖြစ်ကြောင်းကို မလေးရှားရောက်မြန်မာများမှ သတင်းပေးသွားခဲ့သည် ။

အထူးသဖြင့် မိမိတို့နေအိမ်သည် နိုင်ငံခြားသားများနေသည့်အိမ်ပုံစံအတိုင်း ၊ ရှုပ်ရှက်ခတ်နေသော အဝတ်စားများလှမ်းခြင်း ၊ ကွမ်းတံတွေးများဖြင့် ညစ်ပတ်ခြင်း ၊ အများသိသာလွယ်သော နိုင်ငုံခြားသားများနေအိမ်ပုံစုံ ဖြစ်နေခြင်းတို့ရှိပါက သန့်ရှင်းထားရန် လိုအပ်သည် ။

ဝင်ရောက်စစ်ဆေးသွားသောနေအိမ်များသည် နိုင်ငံခြားသားများနေထိုင်သည်ဟု သေချာသော အိမ်များကိုသာ ဝင်ရောက်သွားကြောင်းသိရသည် ။

ဆက်လက်ပြီး ယနေ့ညနေ ရရှိမည့်သတင်းများကို ဆက်လက်တင်ဆက်ပေးသွားမည် ။




www.facebook.com/mmrinmy

window 8 gtalk မြန်မာစာပြသနာအတွက်ကူညီပေးတာပါ



control panel >> Network and Share Center >> အဲဒီမှာ ဘယ်ဘက်ဒေါင့် အောက်နားလေးက
internet options ကိုနှိပ်လိုက်ပါ >>  အဲမှာ box တစ်ခုတက်လာရင်
ညာဘက်ဒေါင့်ဆုံးက advanced
ကိုနှိပ်ပါ>> ပြီးရင် အောက်နားလေးက reset ကိုလုပ်ပီး တက်လာရင် ok
သာလုပ်လိုက်ပါ အဆင်ပြေသွားမှာပါ

စာရေးသူ ကွန်ပျူတာမှ မြန်မာဖောင့်မ၇လို့ သူငယ်ချင်းတယောက်ဆီ အကူညီတောင်းထားတာပါ 
ဒါမျိုးလေး  လုပ်ကြည့်ကြပါ  အဆင်လိမ့်မယ်....စာရေးသူသသည်  တတ်လို့  မဟုတ်ပါ  တခြားဆိုဒ်များမှ  လိုတာလေး  နောင်တချိန်မှာ  ပြနှ်ရှာရလွယ်အောင်လို့ ဆုဆောင်းထားခြင်း ဖြစ်ပါသည်....

Windows 8 အသုံးပြုသူများအတွက် Zawgyi-One Font အသုံးပြုနည်း

Windows 8 အသုံးပြုသူများအတွက် Zawgyi-One Font အသုံးပြုနည်း



ဒီတစ်ခါတော့ Windows 8 အသုံးပြုသူများအတွက် Zawgyi-One Font အသုံးပြုနည်းလေး ပြောပြပါ့မယ်။ အရင်ဆုံးကျွန်တော်အောက်မှာပေးထားတဲ့ Link လေးတွေကနေ Zawgyi Font ကိုဒေါင်းလော့ချလိုက်ပါ။ ပြီးရင်  Winrar ဖို်င်လေးကိုဖြည်လိုက်ပါ။ ပထမဖိုင်လ်ထဲမှာ  Setup ဆိုတာလေးကို အရင် Install လုပ်ပါ။ ပြီးရင် ဒုတိယဖိုင်ထဲက IEZawGyiGtalkfont ဆိုတာကို install လုပ်ပါ။ Window 8 32bit အတွက်ဆိုရင် ဒီအဆင့်မှာဘဲ ပြီးပါပြီ။ 
ဒုတိယအဆင့်က Control Panel ထဲဝင်ပြီး Language Setting ကိုပြင်ဖို့လိုပါတယ်။ 
ဆင့်(၁) Control Panel ကိုသွားဖို့ကရိုးရိုးလေးပါပဲ။ Desktop ပေါ်ကို Right Click ထောက် Personalize ကိုကလစ်ပေးပါ။  ညာဘက်ထိပ်မှာ Control Panel Home ဆိုတာကို ကလစ်ပေးပါ။  Windows 8 ဖြစ်တဲ့အတွက် Language ဆိုပြီးကမ္ဘာလုံးပုံလေးကို ကလစ်ပေးပါ။




အဆင့်(၂) အဲဒီမှာ Advaced Settings ဆိုတာကို လကစ်ပေးပါ။ 




အဆင့်(၃) Override for default input method  ဆိုတာကိုရှာ၊ အဲဒီအောက်က ဘားလေးထဲမှာ English(United States)- Zawgyi Myanmar Unicode L  ဆိုတာလေးကို ရွေးပေးပါ။  ဒါဆိုရင် Zawgyi  Font ကို windows 8 မှာ အသုံးပြုလို့ရပါပြီ။


Download Link Update 21 April 2013

Monday, July 15, 2013

ဆိုတေး ပြန်လည် သတိ ရနိုင် ချေရှိ

ဆိုတေး ပြန်လည် သတိ ရနိုင် ချေရှိ

554053_294258224017401_963999318_n

i
တောင်သာ မြို့  ဖျော် ဖြေ ပွဲ သို့  သွား သည့် ခရီးစဉ် တွင် ရန်ကုန် – မန္တလေး အဝေး ပြေး
လမ်းမ ၏ မိတ္ထီလာ မြို့  မိုင်တိုင် ၂၉၁/၃ တွင် ယာဉ်တိမ်းမှောက် မှု ကြောင့် မန္တလေး ဆေး
ရုံ ကြီး တွင် အတွင်း လူနာ အဖြစ် တက် ရောက် ကုသခံ နေရသည့် အဆိုတော် ဆိုတေး
သည် ပုံ မှန် နှလုံး ခုန် မှု ရှိ လာ ပြီး နာရီ့ အနည်း ငယ် ကြာ လျှင် သတိ ပြန်ရလာ နိုင်
သည် ဟု မန္တလေး ဦးနှောက်နဲ့အာရုံကြော ခွဲစိတ်အထူးကုဌာန မှ အမည် မဖော် လို သည့်
ဆရာဝန် တစ်ဦး က FNG ကို ပြောသည်။
KIA အမျိုးအစား မော်တော် ကား မှောက် မှု ကြောင့် ကား ပေါ် တွင် လိုက် ပါ လာသူ သုံး
ဦး အနက် မချောချောသည် ယမန် နေ့  ကွယ်လွန် သွား ခဲ့သည်။
အတွင်း လူနာ အဖြစ် တက် ရောက် ကုသ ခံ နေရသည့် ယာဉ်မောင်း ကိုသန်းဝင်းလှိုင် ကို
ရဲက မဆင် မခြင် မောင်း နှင် မှု ဖြင့် အမှု ဖွင့် အရေးယူထား သည်။
မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် ၏ ပြော ရေး ဆို ခွင့် ရသူ ဦး ရဲထွဋ် က ရန်ကုန် – မန္တလေး
လမ်း သည် နိုင်ငံ တကာ အဆင့် မှီ လမ်း ဖြစ်သည် ဟု ပြော ဆို ခဲ့ သော် လည်း လစဉ် မော်
တော် ကား တိမ်းမှောက် မှု များ ကြောင့် လူ့  အသက် ပေါင်း များ စွာ သေဆုံး ခဲ့ပြီး ဖြစ်သည်။

face book...

အဆိုတော် ဆိုတေး၏ ယာဉ်ယာဘက်ရှေ့ဘီးပေါက်ကာ တိမ်းမှောက်သဖြင့် ၁ ဦးသေ ၃ ဦး ဒဏ်ရာရ

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

၁၄-၇-၂၀၁၃ ရက်နေ့ ၁၂၃၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၉၁/၃-၄)ကြားတွင် ရန်ကုန်မှမန်္တလေးသို့ ဒဂုံမြို့သစ်မြောက်ပိုင်းနေ သန်းဝင်းလှိုင် (၃၂)နှစ်မောင်းနှင်သော ၃စ/xxxx SPORTAGE အဖြူရောင်ယာဉ်မှာ ယာဘက်ရှေ့ဘီး ပေါက်၍ လမ်းယာဘက်ဘေးတွင်ကာရံထားသော သံဇကာတန်းများအား ၀င်ရောက်တိုက်မိပြီး အနက်ပေ(၂၀)ခန့် ရှိချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့သည်။
...
ထိုသို့တိမ်းမှောက်သဖြင့် ဒဂုံမြို့သစ် မြောက်ပိုင်း၊ သပြေညိုလမ်းနေ အဆိုတော် ဆိုတေး(ခ)အောင်သက်ပိုင်(၂၃)နှစ်တွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲ၊ ယာနားထင်ပေါက်ပြဲ၊ ယာနားစုတ်ပြဲ၊ ၀မ်းဗိုက်ယာဘက်စုတ်ပြဲ၊ ယာပေါင်စုတ်ပြဲ၊ ၀ဲခြေမ ပေါက်ပြဲဒဏ်ရာများနှင့် ၎င်း၏ဇနီးဖြစ်သူ မချောချော(ခ)မ၀င်းဂရိသူ(၂၂)နှစ်တွင် ဦးခေါင်းနောက်စေ့ ဖူးရောင်၊ လည်ပင်းစုတ်ပြဲ၊ မေးစေ့ယာဘက်ညိုမဲ၊ ၀ဲလက်မောင်းဖူးရောင်၊ ယာခြေကျင်းဝတ်စုတ်ပြဲ ဒဏ်ရာများ၊ ယာဉ်မောင်းဖြစ်သူ သန်းဝင်းလှိုင်ပါ(၂)ဦးတွင် ၀ဲလက်ကောက်ဝတ်၊ ယာတံတောင်ဆစ်၊ ၀ဲခြေသလုံးနှင့် ယာဖနောင့်တို့တွင် ပေါက်ပြဲဒဏ်ရာများ၊ ယာနဖူး ဖူးရောင်ဒဏ်ရာများ အသီးသီး ရရှိခဲ့သည်။ အဆိုပါဒဏ်ရာရရှိသူများအား မိတ္ထီလာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ ဒဏ်ရာရရှိသူ မချောချော(ခ)မ၀င်းဂရိသူမှာ ဆေးဝါးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့သဖြင့် သန်းဝင်းလှိုင်အား သီးကုန်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၃/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။-

----------------------------------
နောက်ဆုံးကြားရသည့် သတင်းများအရ ဆိုတေး ကျန်းမာရေး အခြေအနေ ကောင်းမွန်လာသည်ဟု အင်တာနက် သတင်းများတွင် ဖော်ပြကြသည်။
See More

fire fox နဲ.အင်တာနတ်ကိုခပ်မြန်မြန်လေးသုံးကြစို.

     ပထမဆုံး Firefox ကို ဖွင့်လိုက်ပါ ။
Short key နဲ့ပဲ သုံးကြရအောင်ဗျာနော် ။
Ctrl +Shift+Jကို နိပ်လိုက်ပါဗျာ ။
box တစ်ခုတက်လာမယ်ဗျာ ။
အဲဒီမှာ All ကို တစ်ချက်နိပ်ပေးပြီး Clear ကို နိပ်လိုက်ပါ ။
ဒါပါပဲဗျာ ။
အခု ကျွန်တော်ဆိုဒ်ကို စဖွင့်ပြီဆိုတာနဲ့ Ctrl+Shift+J ကို နိပ်လိုက်ပါ ။ ပြီးရင် Atl + C ကို နိပ်ပါ ။ Error တွေ ထပ်တက်လာသေးရင် Alt  + C ကို ထပ်နိပ်လိုက်ပါ ။ Alt နည်းတွေကို ကျွန်တော်ရေးပြပြီးပါပြီ သေချာကြည့်လိုက်ပါ ။ ထပ်ပြောပြပါမယ်ဗျာ မသိသေးတဲ့ သူတွေအတွက်ပါ ။ C စကားလုံးရဲ့ အောက်မှာ မျဉ်းသားထားတာကို တွေ့တယ် မလား ။ သင်္ကေတပေါ့ ဗျာ ။ အဲဒါကို မနိပ်ချင်လို့ ရှောပ်ကပ်နဲပ သုံးချင်တယ်ဆိုရင် Alt+C တွဲနိပ်ပါ ဆိုတဲ့ သဘော ကျန်တဲ့ နေရာတွေမှာလည်း ဒီနည်း၎င်းပဲ ။ ပြီး အဲဒီ box ကို ပိတ်ချင်တယ်ဆိုရင် Ctrl +w နဲ့ဖြစ်ဖြစ် Alt+F4 ပဲဖြစ်ဖြစ် ပိတ်နိုင်ကြောင်းပါ ။ စမ်းကြည့်လိုက်ပါ ။ အခုပဲ စမ်းကြည့်ပါ ။ သိသာမြန်ဆန်ကြောင်း ကျွန်တော် အာမခံပါသည် ။
http://dailandinchindawntann.weebly.com/-software-41164106415341524... မှကူးယူတင်ပြသည်

Monday, July 8, 2013

Softwere မလို Youtube ဒေါင်းနည်း

ကဲဒီတစ်ခါတော့ youtube ကို Softwere မလိုတော့ပဲ ဒေါင်းကြရအောင်နော်။
၁။ ပထမဆုံး www.youtube.com ထဲကိုဝင်ပါ။ ကိုယ် ဒေါင်းချင်တဲ့ video ကို search.
၂။ ကိုယ်ကြိုက်တဲ့ Video လေးရပြီဆိုရင် LINK လေးကို COPY လိုက်ပါ။
၃။ New Tap ဖွင့်ပြီး http://www.clipconverter.cc/ ထဲဝင်ပါ။
... ၄။ Media URL ဆိုတဲ့ နေရာလေးမှာ youtube က ရထားတဲ့ LINK လေးကို PASTE လိုက်။ ( ဖုန်းနှင့်ဆိုရင် Clic...k ဆိုတာလေးကို နှိုက်လိုက်)
၅။ Avi, Flv, Mp4, Mp3, etc… ကိုယ်ကြိုက်တဲ့ Size ကို ရွေးပေါ့။ Size ကလည်း ပြောင်းလို့ရပါသေးတယ်ဗျ။
၆။ Size ရွေးပြီးပြီ ဆိုရင် Continue လေးကို နှိုက်။ ခဏစောင့်လိုက်ပါ။ START လေးပေါလာပါလိမ့် မည်။
၇။ ပေါလာတဲ့ Start လေးကိုနှိုက်လိုက်ပါ။
ကဲ Download က စတင်ပြီဗျာ။
Enjoy ****************************************-**-**-***********
ပျော်ရရင်ကြပါစေ။See More
Softwere မလို Youtube ဒေါင်းနည်း ကဲဒီတစ်ခါတော့ youtube ကို Softwere မလိုတော့ပဲ ဒေါင်းကြရအောင်နော်။ ၁။ ပထမဆုံး www.youtube.com ထဲကိုဝင်ပါ။ ကိုယ် ဒေါင်းချင်တဲ့ video ကို search. ၂။ ကိုယ်ကြိုက်တဲ့ Video လေးရပြီဆိုရင် LINK လေးကို COPY လိုက်ပါ။ ၃။ New Tap ဖွင့်ပြီး http://www.clipconverter.cc/ ထဲဝင်ပါ။ ၄။ Media URL ဆိုတဲ့ နေရာလေးမှာ youtube က ရထားတဲ့ LINK လေးကို PASTE လိုက်။ ( ဖုန်းနှင့်ဆိုရင် Click ဆိုတာလေးကို နှိုက်လိုက်) ၅။ Avi, Flv, Mp4, Mp3, etc… ကိုယ်ကြိုက်တဲ့ Size ကို ရွေးပေါ့။ Size ကလည်း ပြောင်းလို့ရပါသေးတယ်ဗျ။ ၆။ Size ရွေးပြီးပြီ ဆိုရင် Continue လေးကို နှိုက်။ ခဏစောင့်လိုက်ပါ။ START လေးပေါလာပါလိမ့် မည်။ ၇။ ပေါလာတဲ့ Start လေးကိုနှိုက်လိုက်ပါ။ ကဲ Download က စတင်ပြီဗျာ။ Enjoy ****************************************-**-**-*********** ပျော်ရရင်ကြပါစေ။
Like · · 7 hours ago via mobile ·

*face book

Sunday, July 7, 2013

တရုတ်တွင် ကလေးမွေးဖွားပေးခဲ့ရသော လူကုန်ကူးခံရသူ အမျိုးသမီး ပြန်ရောက်ရှိချိန်တွင် အမှုဖွင့်

ရန်ကုန်၊ ဇူလိုင် ၆

တရုတ်နိုင်ငံတွင် ကလေးမွေးဖွား ပေးခဲ့ရသော လူကုန်ကူးခံရသူ အသက် ၂၂နှစ် အရွယ်အမျိုးသမီးသည် ရန်ကုန်သို့ ပြန်လည် ရောက်ရှိချိန်တွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ရဲစခန်းတွင် ကိုယ်တိုင်လာရောက် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
...
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် (၇) ရပ်ကွက်နေ မအိပြည့်ဖြိုး ၂၂ နှစ်သည် ၂၀၁၁ ခုနှစ် ဧပြီလက တရုတ်နိုင်ငံသို့ လူကုန်ကူး ရောင်းချ ခံခဲ့ရပြီး ၂၀၁၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက် ရှိခဲ့ကာ ဒဂုံမြို့သစ် (အရှေ့ပိုင်း) ရဲစခန်းတွင် လူကုန်ကူးသူ မဇာနည်ထွန်း၊ ကိုညီနှင့် ကိုသူတို့ကို အရေးယူပေးရန် ကိုယ်တိုင်သွားရောက် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း မအိပြည့်ဖြိုးက The Vocie သို့ ပြောကြားသည်။

မအိပြည့်ဖြိုးသည် ၂၀၁၁ ခုနှစ် ဧပြီလ၌ တစ်ရပ်ကွက်တည်းနေ သူငယ်ချင်း မဇာနည်ထွန်းက မန္တလေးတွင် ကျောက်သွေး အလုပ်ဖြင့်တစ်လ ကျပ်၆သိန်းရမည် ပြောသဖြင့် လိုက်ပါသွားခဲ့ပြီး ထိုမှတစ်ဆင့် တရုတ်နိုင်ငံ ရွှေလီမြို့သို့ ရောက်ရှိပြီး မဇာနည်ထွန်းနှင့် သူငယ်ချင်းများဖြစ်သည့် ကိုညီနှင့် ထိုသူတို့သုံးဦးသည် မိမိကိုတရုတ်လင်မယား ထံရောင်းချခဲ့ကာ ပြန်သွားခဲ့ကြောင်း၊ အဆိုပါ လင်မယားက တရုတ်အမျိုးသား မာခဒက်ထံသို့ တရုတ်ယွမ်ငွေ ၅၅,၀၀၀ နှင့် ထပ်မံ ရောင်းချခံခဲ့ရကြောင်း ၎င်းကပြောသည်။

မိမိသည် တရုတ်နိုင်ငံသားနှင့် အဓမ္မ လက်ထပ်ထိမ်းမြားခဲ့ရပြီး ၂နှစ်နှင့် သုံးလကြာ နေထိုင်စဉ်အတွင်း သားယောက်ျားလေး တစ်ဦး မွေးဖွားပြီးနောက် ခွင့်တောင်း ပြန်လာခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ အမျိုးသမီးက The Voice သို့ ပြောကြားသည်။

“သမီးကိုတွေ့တော့ ရင်ထဲ ဆို့နင့်သွားတယ်။ မတွေ့ရတော့ဘူးလို့ကို ထင်ထားတာ။ သမီးနှစ်ယောက်ရှိတာ သူကအငယ်” ဟု မိခင်ဖြစ်သူ ဒေါ်ချိုချိုမြင့်က ပြောဆိုသည်။

လူကုန်ကူးသူ မဇာနည်ထွန်းကို ဇူလိုင် ၄ ရက်နေ့ နေ့လယ် ၁၂ နာရီတွင် နေအိမ်တွင် အိပ်နေစဉ် ဖမ်းဆီးရမိကြောင်း သိရှိရသည်ဟု ၎င်းကပြောဆိုသည်။ အဆိုပါ ဖမ်းဆီးရရှိမှုနှင့် ပတ်သက်ပြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ အမှုစစ် ရဲအရာရှိက မိမိတွင် ဖြေဆိုခွင့် မရှိကြောင်း ဖြေကြားပြီး စခန်းမှူးထံ ဆက်သွယ်မေးမြန်းရာ ဖုန်းကိုင်ခြင်း မရှိပေ။

မဇာနည်ထွန်း၊ ကိုညီနှင့် ကိုသူတို့ကို လိင်လူကုန်ကူးမှုဖြင့် အရေးယူပေးရန် မအိပြည့်ဖြိုး၏ တရားလိုပြုလုပ် တိုင်တန်းမှုကို ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရဲစခန်းတွင် (ပ) ၃၂၇/၁၃၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ-၂၄ ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်း သိရှိရသည်။
The Voice Weekly
 

မင်္ဂလာဒုံမြို့နယ်ရှိ စားသောက်ဆိုင် တစ်ခုအတွင်း အုပ်စုဖွဲ့ ဓားကိုင်၍ ၀င်ရောက်ကာ စားသုံးသူများအား ခြိမ်းခြောက်ငွေတောင်းယူမှု ဖြစ်ပွား

privacy2-july7
အခင်းဖြစ်ပွားရာ စားသောက်ဆိုင်အား တွေ့ရစဉ်။ (ဓာတ်ပုံ-အောင်မျိုးသန့်)
အုပ်စုဖွဲ့ ဓားကိုင်၍ မင်္ဂလာဒုံမြို့နယ်ရှိ PRIVACY II စားသောက်ဆိုင် တစ်ခုအတွင်း ၀င်ရောက်ကာ ဆိုင်အတွင်း စားသုံးသူများကို ခြိမ်းခြောက်ငွေတောင်းယူမှု ဇူလိုင် ၄ ရက်ည ၁၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မင်္ဂလာဒုံမြို့နယ်၊ ပြည်တော်သာ ရပ်ကွက်တွင် နေထိုင်သော ကျော်လင်းသည် အရှည် ၁၈ လက်မခန့်ရှိဓားကို ကိုင်ဆောင်ကာ အခြားလူငယ် ခုနစ်ဦးတို့သည် ည ၁၀ နာရီကျော်တွင် ဆိုင်အတွင်းသို့ ၀င်ရောက်လာပြီး စားပွဲဝိုင်းတစ်ခု၌ အရက်နှင့် ရေသန့်မှာယူကာ စားသောက်နေကြောင်း၊ ယင်းနောက် ကျော်လင်းနှင့် အတူပါလာသူ ခုနစ်ဦးတို့သည် အခြားစားသောက်ဝိုင်းရှိ စားသုံးသူများထံသို့ ကူးသွားပြီး အရက်ဖိုး တောင်းခံခဲ့ပြီး "မပေးလျှင် ဓားကိုကြည့်" ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း၊ ထိုအခါ ဆိုင်အတွင်း စားသုံးသူ အချို့မှာ ကြောက်လန့်ပြီး ငွေကြေးပေးခြင်း၊ အချို့မှာ ယင်းစားသောက်ဆိုင်မှ ပြန်လည်ထွက်ခွာခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့က ဆိုင်သိမ်းပြီး အိမ်မှာအိပ်နေတာပါ။ ဆူညံသံတွေကြားလို့ အပြင်ကို ထွက်ကြည်တော့ ဓားတွေကိုင်နေတဲ့ လူအုပ်စုကို စားသောက်ဆိုင်ထဲမှာ တွေ့ရတယ်။ ကျွန်တော့်အထင် လူကခုနစ်ဦး မကဘူး။ ၁၃ ဦးလောက် ရှိမယ်လို့ ထင်တယ်။ သူတို့တွေက တစ်ဝိုင်းပြီးတစ်ဝိုင်း ခုံပေါ်ကို ဓားထောက်ပြိး ပိုက်ဆံတောင်းတယ်။ ထိုင်နေတဲ့ လူတွေကလည်း ဓားတွေနဲ့ဆိုတော့ ကြောက်ပြီး ပါတဲ့ပိုက်ဆံတွေ အကုန်ထုတ်ပေးကြတယ်။ ကျော်လင်းကိုင်တဲ့ဓားက တော်တော်ရှည်တယ်" ဟု အဆိုပါ ရပ်ကွက်တွင် နေထိုင်ပြီး ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သူ အသက် ၃၀ ကျော်ခန့် အမျိုးသား တစ်ဦးက ဆိုသည်။
မင်္ဂလာမြို့မ ရဲစခန်းမှ အမှုစစ်ဖြစ်သူ ဒုရဲအုပ်ညွန့်ဝင်းက "ဒီဖြစ်စဉ်မှာ ကျော်လင်းပါ ခုနစ်ဦးတို့က တခြားဝိုင်းတွေဆီမှာ ငွေတောင်းနေတယ်။ အဲဒီအချိန်မှာ ဆိုင်မန်နေဂျာက ရဲစခန်းကို ဖုန်းနဲ့အကြောင်းကြားတယ်။ အဲဒါနဲ့ ကျွန်တော်တို့က ဆိုင်ကိုချက်ချင်း ရောက်လာပြီး ခုနစ်ဦး ဖမ်းဆီးရမိခဲ့တယ်။ ကျော်လင်းဆိုသူက ထွက်ပြေးသွားတယ်။ နောက်ပြီး ဓားတစ်လက်ကိုလည်း ဆိုင်ထဲမှာတွေ့ရှိလို့ သိမ်းဆည်းခဲ့တယ်။ လွတ်မြောက်နေတဲ့ ကျော်လင်းကိုတော့ ရဲတပ်ဖွဲ့တွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး အမြန်ဆုံး ဖမ်းဆီးရမိအောင် ဆောင်ရွက်နေပါတယ်" ဟု ပြောပါသည်။ အဆိုပါဖြစ်စဉ်အား မင်္ဂလာဒုံမြို့မ ရဲစခန်းမှ (ပ) ၄၀၃/၂၀၁၃၊ ပြစ်မှုပုဒ်မ- ၃၈၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသသည်
eleven...

အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး သံဃာနှစ်ပါး အပါအ၀င် ငါးဦးဒဏ်ရာရ

7.7.1
ဇူလိုင် ၇ ရက် နံနက်ပိုင်းက ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည့် ဗုဒ္ဓဂါယာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း အပျက်အစီးများကို ရဲများက စစ်ဆေးနေစဉ်
အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်မှ ဗုဒ္ဓဂါယာရှိ ဘုန်းတော်ကြီး ကျောင်းဝင်း တစ်ခုအတွင်း ဇူလိုင် ၇ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများကြောင့် သံဃာနှစ်ပါး အပါအ၀င် ငါးဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ပေါက်ကွဲသည့် ဗုံးများသည် အားမပြင်းသောကြောင့် ဘုန်းတော်ကြီးကျောင်းနှင့် ဗောဓိညောင်ပင်တို့ ပျက်စီးခဲ့ခြင်း မရှိကြောင်း အိန္ဒိယရဲများက သတင်းထုတ်ပြန်ခဲ့သည်။
“ဗောဓိညောင်ပင်ကိုတော့ ထိခိုက်မှု မရှိခဲ့ပါဘူး။ ဒဏ်ရာရတဲ့ လူတွေတော့ ရှိပါတယ်” ဟု ဘီဟာပြည်နယ် ရဲချုပ်အဘရာနန်က အေအက်ပီသို့ ပြောကြားခဲ့သည်။
ပေါက်ကွဲမှု ရှစ်ခုဖြစ်ပွားခဲ့ပြီး ဒဏ်ရာ ရရှိခဲ့သူများတွင် သံဃာတော်နှစ်ပါး ပါဝင်ခဲ့သည်ဟု မျက်မြင်သက်သေများနှင့် ရဲအရာရှိများက ပြောကြားခဲ့သည်။ ဒဏ်ရာရသူများအနက် တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။
နံနက် ၅ နာရီခွဲခန့်တွင် ပထမဆုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ကျန်ပေါက်ကွဲမှုများသည် နှစ်မိနစ်ခန့်ခြားကာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပေါက်ကွဲမှုများ ဖြစ်ပွားသည့် အချိန်တွင် ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း ဗုဒ္ဓဘာသာဘုရားဖူး ၂၀၀ ခန့် ရှိနေခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုများသည် အကြမ်းဖက် တိုက်ခိုက်မှု ဟုတ်၊ မဟုတ်ကို အတည်ပြုရန် အချိန်စောသေးကြောင်း အိန္ဒိယ ပြည်ထဲရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
လုံခြုံရေးများကို တိုးမြှင့်ချထားကြောင်း ခရိုင်ရဲ အရာရှိက ပြောကြားခဲ့ပြီး NDTV ရုပ်သံဌာနကလည်း မပေါက်ကွဲသေးသော ဗုံးတစ်လုံးကို ထပ်မံရှာဖွေ တွေ့ရှိခဲ့ကြောင်း သတင်းဖော်ပြခဲ့သည်။
ဗုဒ္ဓဂါယာသည် ဘီဟာပြည်နယ်၏ မြို့တော်ပတ္တနား တောင်ဘက် ၆၈ မိုင် အကွာတွင်ရှိပြီး ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် နေရာအဖြစ် ၂၀၁၂ ခုနှစ်တွင် ယူနက်စကိုက အသိအမှတ် ပြုခဲ့သည်။
ဗုဒ္ဓဂါယာတွင် သိဒ္ဓတ္ထမင်းသား ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည့် ဗောဓိညောင်ပင်၊ မဟာဗောဓိ ရုပ်ပွားတော်နှင့် မြတ်စွာဘုရား သီတင်းသုံးခဲ့သော ကျောင်းတော်နေရာများ ရှိသည်။
Ref:AFP

Sunday, June 30, 2013

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် ရှစ်ဦး သေဆုံးလေးဦး ဒဏ်ရာရ

ဗန်ကောက်    ဇွန်   ၂၉ ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် ရှစ်ဦး သေဆုံးလေးဦး ဒဏ်ရာရ
ထိုင်းနိုင်ငံတောင်ပိုင်း ယာလာပြည် နယ်တွင် ဇွန် ၂၉ ရက်က ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွားသောကြောင့် တပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အမှတ် (၁၃) စစ်ဆင်ရေး အထူးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၁ဝ ဦးသည် စစ်ဆင်ရေး တာဝန်များ ပြီးဆုံး၍ အိမ်အပြန် ခရီးစဉ်တွင် ဒေသစံတော်ချိန် နံနက် ၆ နာရီ မိနစ် ၃ဝ ခန့်က မြေမြှုပ်ဗုံး တစ်လုံးပေါက် ကွဲမှုကြောင့် ထရပ်ကားပေါ်တွင် ပါဝင်သည့် တပ်ဖွဲ့ဝင် ၁ဝ ဦးအနက် ရှစ်ဦးမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးကာ တပ်ဖွဲ့ ဝင်နှစ်ဦးနှင့်ရွာသား နှစ်ဦးမှာ ဒဏ်ရာ ရရှိခဲ့ကြောင်း နှင့် အဆိုပါ ဒဏ်ရာရရှိသူ များအား ကရောင်းပီနန်း ဆေးရုံသို့ပို့ ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ၄ မီတာ ကျယ်ပြီး ၂ မီတာနက်သည့် မြေကျင်း တစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ထို့အပြင် အခင်းဖြစ်ပွား ရာအနီးအနား၌ ပွိုင့် ၃၈ လက်လုပ် သေနတ်တစ်လက်ကိုလည်း တွေ့ရှိရကြောင်း၊ အဆိုပါ သေနတ်သည် အကြမ်း ဖက်သမားများ၏ လက်နက်ဖြစ်နိုင်ကြောင်း သိရသည်။
၂ဝဝ၄ ခုနှစ်ကတည်းက စတင်ဖြစ် ပွားခဲ့သော ထိုင်းနိုင်ငံ တောင်ပိုင်းစွန်း ပြည်နယ် ခြောက်ခုရှိ မူဆလင် လူမျိုးများ ၏ ပြည်နယ် ခွဲထွက်ခွင့် တောင်းဆိုမှုများကြောင့် အဆိုပါ အကြမ်းဖက်များနှင့် ထိုင်းအစိုးရတို့ အကြား တိုက်ပွဲပေါင်း ၁၁ဝဝဝ ကျော် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများကြောင့် လူပေါင်း ၅ဝဝဝ ကျော်သေဆုံး ၍ ၉ဝဝဝ ကျော် ဒဏ်ရာရရှိခဲ့သည်။

မြ၀တီ...

ချင်းတွင်းမြစ်အတွင်း ရေယာဉ်နှစ်စင်းတိုက်

Sunday, June 30, 2013
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် မင်းကင်းမြို့နယ်အနီး ချင်းတွင်းမြစ်အတွင်း ဇွန်လ ၂၇ ရက်နေ့ နံနက် ၁၀နာရီ ၄၅ မိနစ်ခန့်က ရေယာဉ်တစ်စင်း စက်ချို့ယွင်း၍ အခြားရေယာဉ်နှင့် တိုက်မိကာ တိမ်းမှောက်ခဲ့ကြောင်း မင်းကင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။

မုံရွာမြို့မှ ဆယ်ဇင်းသို့ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာသော ရွှေညီမွှာ ကုန်တင်ေ...ရယာဉ်မှာ မင်းကင်းမြို့နယ် သံပေါက်ကျေးရွာသို့ အရောက်တွင် စက်ချို့ယွင်းပြီး လှနန်းဒေဝီ တွဲရေယာဉ်ကို ကန့်လန့်ဖြတ် တိုက်မိသဖြင့် ရွှေညီမွှာရေယာဉ်မှာ နစ်မြုပ်သွားခဲ့ကြောင်း၊ ယင်းကုန်တင် ရေယာဉ်ပေါ် လိုက်ပါလာသော ခရီးသည် ခြောက်ဦးမှာ ထိခိုက်သေဆုံးမှု မရှိဘဲ ဆန်အိတ် ၈၀ အိတ်၊ ဒီဇယ် ပေပါ ၁၅၀ လုံး၊ ခြောက်လုံးထိုး အင်ဂျင်နှစ်လုံး၊ မှုန်စုပ်စက် တစ်လုံး၊ သံပိုက်ရှစ်လုံး၊ ရေခဲသေတ္တာ တစ်လုံးတို့မှာ ရေထဲ နစ်မြုပ်ခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

အဆိုပါ အမှုအတွက် ရေယာဉ်မောင်း ဦးမောင်ချိုနှင့် ဦးစိုင်းမြင့်ဦးတို့ကို မောက္ကတော်နယ်မြေ ရဲစခန်းက ယာဉ်(ပ) ၄/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၂၈၀) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်နေကြောင်း မင်းကင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

The Voice Weekly
TIME မဂ္ဂဇင်းကို ဆန္ဒပြ Sunday, June 30, 2013 ဗုဒ္ဓဘာသာကို အကြမ်းဖက် ပုံဖော်ခဲ့သည့် TIME မဂ္ဂဇင်းကို ကန့်ကွက်သည့် အနေနှင့် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ရဟန်းရှင်လူ ၅၀၀ ထက်မနည်း ဆန္ဒပြခဲ့ကြသည်။ ဆရာတော် ဦးဝီရသူပုံကို မျက်နှာဖုံးတွင် ဖော်ြ...ပကာ ‘The Face of Buddhist Terror’ ဆောင်းပါးကို ဖော်ပြခဲ့သည့် TIME မဂ္ဂဇင်းဖော်ပြချက်ကို ဗုဒ္ဓဘာသာ သာသနာကို ထိခိုက်စေနိုင်သဖြင့် ယင်းသို့ ကန့်ကွက်ခြင်းဖြစ်သည်။ ဆန္ဒဖော်ထုတ်ရာတွင် အမျိုးဘာသာ၊ သာသနာကို ကာကွယ်ရေး၊ (ဒို့အရေး) စောင့်ရှောက်ရေး (ဒို့အရေး) ဗုဒ္ဓဘာသာ အရှည်တည်တံ့ရေး (ဒို့အရေး) ဗုဒ္ဓ တရားတော်နှင့် အညီ ငြိမ်းချမ်းစွာနေထိုင်ရေး(ဒို့အရေး) အမျိုးသားရေး ကာကွယ်မှုကို ဆန့်ကျင်သည့် လူ့အခွင့်အရေး ချိုးဖောက်သူ များကို တိုက်ဖျက်ရေး (ဒို့အရေး) တိုင်းမ် မဂ္ဂဇင်းကို ဆန့်ကျင်ရေး (ဒို့အရေး) စသည့် အချက်များကို ကြွေးကြော်ခဲ့ကြသည်။ TIME မဂ္ဂဇင်းကို ကန့်ကွက်ကြောင်း ထုတ်ဖော်ခဲ့သည့် နိုင်ငံတော် သမ္မကြီးကို ထောက်ခံကြောင်း၊ အမျိုးဘာသာ သာသနာကို စောင့်ရှောက်ရေး ကြိုးပမ်းနေသည့် ဆရာတော် ဦးဝီရသူ ထောက်ခံကာ ဆုတောင်း မေတ္တာ ပို့ခဲ့ကြသည်။ ဆန္ဒပြပွဲကို မွန်းလွဲ တစ်နာရမှာ စတင်ခဲ့ပြီး ၃နာရီတွင် ပြီးဆုံးခဲ့သည်။ Zin Yaw....

ဆက်သွယ်ရေးလိုင်စင် ရွေးချယ်မှု မကျေနပ်က ရွေးချယ်ရေးအဖွဲ့ကို တရားစွဲနိုင် ဟုဆို

နေပြည်တော်၊ ဇွန် ၂၉

နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက် ဖြင့် ဆက်သွယ်ရေး လုပ်ငန်းလိုင်စင် တင်ဒါ စိစစ်ရွေးချယ်ရေး ကော်မတီက ဇွန်လ ၂၇ ရက်နေ့တွင် ဆက်သွယ်ရေးလိုင်စင် ရရှိသူနှစ်ဦး၏ အမည်စာရင်းကို ရွေးချယ် ထုတ်ပြန်ခဲ့ရာ အဆိုပါရွေးချယ်မှုကို မကျေနပ်ပါက တင်ဒါရွေးချယ်ရေး အဖွဲ့ကို တရားစွဲဆို နိုင်ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ပြောကြားသည်။

နေပြည်တော် စက်မှုဝန်ကြီးဌာန တွင် ပြည်ထောင်စုဝန်ကြီး အချို့နှင့် ပြည်တွင်းပြည်ပ မီဒီယာများ တွေ့ဆုံစဉ် သမ္မတရုံးဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
ဆက်သွယ်ရေးလိုင်စင် ရွေးချယ်ရာတွင် ကာတာအခြေစိုက် ကုမ္ပဏီကို လိုင်စင် ရွေးချယ်ပေးအပ်ခြင်းမှာ မလိုလားအပ်သည့် နောက်ဆက်တွဲ ပြဿနာများ ပေါ်ပေါက် လာနိုင်ကြောင်း၊ ဘာသာခြား အဖွဲ့အစည်း တစ်ခုဖြစ်၍ ပြည်သူများက ကန့်ကွက်မှုမျိုး ကြုံလာနိုင်ကြောင်း အင်တာနက်စာမျက်နှာ များတွင် ဝေဖန်မှုများ ရှိနေသောကြောင့် ဝန်ကြီးက ယင်းအတိုင်း တုံ့ပြန်ဖြေကြားခြင်း ဖြစ်သည်။

"ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ရာမှာ တန်းတူညီမျှ အခွင့်အရေး ပေးရပါတယ်။ ခွဲခြားလို့မရဘူး။ ဆက်သွယ်ရေးလိုင်စင် မှာဆို မလေးရှားကလည်း ပြိုင်တာပဲ၊ အင်ဒိုနီးရှားကလည်း ပြိုင်တာပဲ။ ကော်မတီက အသင့်တော်ဆုံးလို့ ယူဆသူကို ရွေးတာ။ သဘောမတူ မကျေနပ်ရင် ရွေးတဲ့အဖွဲ့ မေးလို့ရတယ်။ တရားစွဲလို့ရတယ်" ဟု ဦးစိုးသိမ်းက ဆိုသည်။

ဆက်သွယ်ရေးလိုင်စင် ရွေးချယ် ပေးအပ်ရာတွင် နိုင်ငံနှင့် ပြည်သူအကျိုး အတွက် အဘက်ဘက်က လေ့လာသုံးသပ်ပြီး နိုင်ငံတကာစံနှုန်း များအတိုင်း ရွေးချယ် ပေးအပ်ခြင်းဖြစ်ကြောင်း၊ မည်သည့် ပယောဂမျှ ပါဝင်ခြင်းမရှိဘဲ စည်းမျဉ်း စည်းကမ်းများနှင့် အညီ ပွင့်လင်းမြင်သာမှု အရှိဆုံးလုပ်ငန်း တစ်ခုအဖြစ် ဆောင်ရွက် ထားခြင်းဖြစ်ကြောင်း တင်ဒါကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။

ဆက်သွယ်ရေးလိုင်စင် အတွက် ငွေကြေးအင်အား တောင့်တင်းမှုတစ်ခု တည်းဖြင့်သာ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ ရွေးချယ်ရေးစည်းကမ်းပေါင်း ၂၀၀ ကျော်ရှိ ကြောင်း၊ ထိုအထဲမှ ပြည်သူအတွက် အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်မည်ဟု ယူဆသူကိုသာ အသေအချာ ရွေးချယ်ခြင်းဖြစ်ကြောင်း တင်ဒါကော်မတီ ထံမှ စုံစမ်းသိရှိရသည်။

ကာတာကုမ္ပဏီ Ooredoo ဆက်သွယ်ရေးလိုင်စင် ရရှိသွားခြင်းမှာ အကြံပေးအဖွဲ့ Roland Berger ၏ အမှတ်ပေးစည်းမျဉ်း များကို ကြိုတင်သိရှိနေပြီး အဆိုပါအမှတ် ပေးစနစ်အရ အမှတ်အများဆုံး ရရှိအောင် ဆောင်ရွက်သွားခြင်း ဖြစ်သည်ဟု မိမိတို့ ကြားသိရကြောင်း ဆက်သွယ်ရေးလိုင်စင် ဝင်ရောက်ယှဉ်ပြိုင်သည့် ပြည်တွင်းကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးရန် ပြည်ပဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းကုမ္ပဏီ နှစ်ခုကို အဆင့်ဆင့်စိစစ် ရွေးချယ်ကာ လုပ်ငန်းလိုင်စင် ပေးအပ်ခြင်းဖြစ်ပြီး နောက်ဆုံးအဆင့် တင်ဒါဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်ပအဖွဲ့အစည်း ၁၁ ခုမှ နော်ဝေကုမ္ပဏီ Telenor နှင့် ကာတာ ကုမ္ပဏီ Ooredoo ကို ရွေးချယ် ပေးအပ်ခဲ့သည်။
The Voice Weekly 

Saturday, June 29, 2013

အစ္စလာမ်ခင်ပွန်း၏ နှိပ်စက်မှုကြောင့် ဦးခေါင်းဒဏ်ရာ (၄)ချက် ချုပ်ခဲ့ရသော မခင်မျိုးဦး ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းပွဲ ကျင်းပ"

================ "ဆွမ်းလောင်း၊ ဘုရားဆွမ်းတော်ကပ်၊ ဘုရားရှိခိုးတိုင်း ပြင်းထန်စွာတားမြစ်ပြီး မကြားခဏရန်ဖြစ်တယ်။ ကျွန်မဦးခေါင်းကို ရိုက်ခွဲတဲ့အထိ ပြင်းထန်စွာ နာကျင်ဝေဒနာခံစားရအောင် ပြုလုပ်တယ်။ နေမကောင်းဖြစ်ရင်လည်း ဆေးခန်းပို့မပေးဘူး။ စိတ်ဆင်းရဲပြီ...း သေအောင်သတ်မယ်လို့ အကြိမ်ကြိမ် ကျိန်းမောင်း ပြောဆိုခဲ့ပါတယ်"ဟု ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းသူ မခင်းမျိုးဦးက ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းရှိ တိပိဋကနိကာယ်ကျောင်းတိုက်တွင် (၂၃-၆-၂၀၁၃) တနင်္ဂနွေနေ့၊ ညနေ ၃း၀၀ နာရီက ကျင်းပပြုလုပ်ခဲ့သော ဗုဒ္ဓဘာသာပြန်လည်ကူးပြောင်းပွဲ အခမ်းအနားတွင် စာနယ်ဇင်းများ၏ မေးမြန်းချက်များတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။ မခင်မျိုးဦးမှာ စစ်ကိုင်းတိုင်းဒေသကြီး ၊ စစ်ကိုင်းကျယ်လူးရွာ ဇာတိဖြစ်၍ အဖွား ဒေါ်ပြုံးရင်နှင့် အတူနေထိုင်ကာ မူလတန်းပညာကို သင်ယူရင်း ကျောင်းထွက်၍ အသက် (၁၈)နှစ်တွင် အမဲသားသည် ကိုကာတင်နှင့် တွေ့ဆုံကာ ခိုးရာလိုက်ပြီး အစ္စလာမ်ဘာသာဝင် အဖြစ်သို့ ခံယူခဲ့ရခြင်းဖြစ်သည်။ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ကာ ရှေ့နေဦးအေးပိုင်မှ မခင်မျိုးဦး ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာရခြင်းအကြောင်းကို ရှင်းပြကာ ရွှေရတု တိပိဋကဓရ ဆရာတော်ကြီး ဦးသီလက္ခန္ဓာဘိဝံသမှ သြဝါဒကထာကို မိန့်ကြားရာတွင် "ရှေးဦးစွာ စကားကို စွန့်လွတ်ရတယ်။ နောက်တော့ စိတ်ထဲကနေ စွန့်လွတ်ရတယ်၊ နောက်ဆုံးမှ အယူဝါဒကို စွန့်လွတ်ရတယ်"ဟု လမ်းပြညွန်ကြားတော်မူသည်။ ထို့နောက် မခင်မျိုးဦးမှ ဆရာတော် ဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသ၊ ပစ္စာသမဏ ဆရာတော်၊ ဒဂုံအရှေ့ ကေသရာရာမဆရာတော် အရှင်ကေသရ၊ မင်္ဂလာမဏ္ဍိုင်ဆရာတော်၊ ဒဂုံအရှေ့ မာဂဓီသာစည်ဆရာတော် အရှင်နေမိန္ဒ စသည့် ဆရာတော် (၅)ပါးရှေ့တွင် ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းလိုကြောင်း လျှောက်ထားပြီး မင်္ဂလာမဏ္ဍိုင်ဆရာတော်ထံမှ (၅)ပါးသီလ ဆောက်တည်ကာ ရတနာမြတ်သုံးပါးနှင့် သရဏဂုံးအကျိုးကို ရှင်းလင်းမိန့်ကြားတော်မူသည်။ ဆက်လက်၍ ကေသရာရာမဆရာတော် အရှင်ကေသရမှ ဗုဒ္ဓဘာသာဝင် ဖြစ်ရခြင်း၏ မြင့်မြတ်ပုံအကြောင်းကို မိန့်တော်မူ၍ မခင်မျိုးဦးက ရတနာသုံးပါး ဆည်းကပ်ကိုးကွယ်ခြင်း သရဏဂုဏ်နှင့် သီလကို ပေးကာ မင်္ဂလာမဏ္ဍိုင်ဆရာတော်နှင့် ကေသရာရာမဆရာတော် တို့ရှေ့တွင် ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းခြင်း စာချုပ်ကို လက်မှတ်ရေးထိုးပါသည်။ ဆရာတော်များမှလည်း အသိအမှတ်ပြု ပြန်လည်ရေးထိုးခဲ့သည်။ ထို့နောက် ဖခင် ဦးမျိုးတင့်နှင့် ဦးလေး ဦးဝင်းသိန်းတို့မှ မခင်မျိုးဦး ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းခြင်း အတွက် ဝမ်းသာစကားပြောကြားခဲ့သည်။ ထို့နောက် ထေရဝါဒ ဓမ္မကွန်ယက် သဘာပတိ ဆရာဦအောင်ကြိုင်မှ ဆုံးမစကားပြောကြားကာ စာနယ်ဇင်းများမှ မေးမြန်းသမျှကို မခင်မျိုးဦးက ပြန်လည် ဖြေကြားခဲ့သည်။ ဆက်လက်၍ မခင်မျိုးဦးကို ဝိသာခါ သီလရှင်ကြီး ဒေါ်ကိဿရထေရီ မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုကြောင်း မိန့်ကြား၍ ငွေ ကျပ် (၅၀၀၀၀)လှူဒါန်းခဲ့သည်။ ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းပွဲနဲ့ ပတ်သက်၍ ထေရဝါဒ ဓမ္မကွန်ယက်မှ နာယကဆရာတော်တစ်ပါးဖြစ်သော အရှင်နေမိန္ဒ က "ဒီလို ဗုဒ္ဓဘာသာ ပြန်လည်ကူးပြောင်းပွဲတွေကို တရားဝင် ထင်ထင်ရှားရှားပြုလုပ်ပေးတာဟာ အင်မတန်ကောင်းမွန်လှပါတယ်။ ဘာလို့လဲ ဆိုရင် ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးတွေဟာ ဟိရိ သြတပ္ပ တရား အလွန်ကြီးမားကြတော့ ပြန်လည်ကူးပြောင်းချင်ပါလျက် အရှက်အကြောက်တရားကြောင့် မကူးပြောင်းရဲကြသူတွေလည်း ကူးပြောင်းဖို့ အခွင့်အလမ်းတွေ ရရှိသွားကြတာပေါ့။ ဆရာတော်တို့ကတော့ ကိုယ့်ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းလာကြမယ့် လူတွေကို နွေးထွေးစွာ ကြိုဆိုနေကြဆဲ ဖြစ်ပါတယ်"ဟ ရီပိုတာဂျာနယ်သို့ မိန့်ကြား ပြောဆိုခဲ့သည်။

တင်ထွန်းအေး (The Reporter- NEWS JOURNAL. 30-June- 2013-ပါ သတင်းဖြစ်ပါသည်။)

သံဃာတော် ၁၅၀၀ ကျော် ထောက်ခံမှုဖြင့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်း

သံဃာတော်အပါး ၁၅၀၀ကျော်၏ ထောက်ခံမှုဖြင့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကို ဇွန်လ ၂၇ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်း အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြဝါဒခံယူပွဲနှင့် ဦးဆောင် ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲ သတင်းထုတ်ပြန်ရေးအဖွဲ့မှ အရှင်စန္ဒာသီရိက မိန့်ကြားသည်။ အဆိုပါ အဖွဲ့တွင် ဗဟို အလုပ်အမှုဆောင် အဖွဲ့နှင့် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ အဖြစ် ရွာမပရိယတ္တိ စာသင်တိုက် (အင်းစိန်)၊ နိုင်ငံတော် သြဝါဒစရိယ အဂ္ဂမဟာ ပဏ္ဍိတ ဆရာတော်ဘဒ္ဒန္တ တိလောကာဘိဝံသ တာဝန်ယူမည် ဖြစ်ပြီး သံဃာတော် အပါး ၆၁ ပါးဖြင့် ကနဦး ဖွဲ့စည်းလိုက်ကြောင်း၊ ဥပဒေပညာရှင်များနှင့် လူပုဂ္ဂိုလ်များကိုလည်း ထည့်သွင်း ဖွဲ့စည်းရန် စီစဉ်ထားကြောင်း ၎င်းက ထပ်မံမိန့်ကြားသည်။ “နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကို ခွင့်ပြုချက် တောင်းခံဖို့ စီစဉ်နေတယ်” ဟု အရှင်စန္ဒာသီရိက မိန့်ကြားသည်။ အင်းစိန်မြို့နယ် အောင်ဆန်းတောရ တပ်ဦးကျောင်းတိုက်တွင် ဇွန်လ ၂၇ရက်နေ့က ပြုလုပ်သော သံဃာတော်အပါး ၁၅၀၀ ကျော် တက်ရောက်ခ...ဲ့သည့် အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး သြဝါဒခံယူပွဲနှင့် ဦးဆောင် ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲတွင် သံဃာတော်များ ထောက်ခံမှုဖြင့် အဆိုပါအဖွဲ့ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ပဋိပက္ခ မဖြစ်ရန် အသိပညာပေး တားဆီးရန်၊ နိုင်ငံသားများ ညီညွတ်မှု၊ စည်းကမ်းရှိမှုဖြင့် ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး စည်းရုံးရန်၊ အမျိုးဘာသာ သာသနာကို တရားဥပဒေနှင့်အညီ ကာကွယ်ထိန်းသိမ်း ရန်ရည်ရွယ်ကာ ယင်းအဖွဲ့အစည်းကို ဖွဲ့စည်းခြင်း ဖြစ်ကြောင်း၊ သာသနာ ပြန့်ပွားစေရန် ဟောပြောခြင်း၊ သင်တန်းပေးခြင်းများကို ဓမ္မနှင့်အညီ လုပ်ဆောင်ရန်၊ အသိအမြင်၊ အတွေးအခေါ်၊ ပညာရေး မြင့်မားရေး လုပ်ငန်းများကို ဆောင်ရွက်ရန်၊ မျိုးစောင့် ဥပဒေတစ်ရပ် ထွက်ပေါ်ရန် လုပ်ဆောင်မည် ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရှိရသည်။ ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ တိုင်းမ်မဂ္ဂဇင်း ဖော်ပြချက်ကဲ့သို့ အလားတူ ပြဿနာများတွင် နိုင်ငံတကာကို ဖြေရှင်းနိုင်ရေးနှင့် အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် ဦးဆောင်လမ်းညွှန် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းသင့်ပြီး ယင်းကော်မတီတွင် နိုင်ငံတကာ အသိအမြင်ရှိသည့် လူပုဂ္ဂိုလ်များကို ထည့်သွင်းရန် သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဒေါက်တာအရှင်ဉာဏိဿရက ယင်းတွေ့ဆုံညှိနှိုင်း အစည်းအဝေးတွင် အကြံပြု တိုက်တွန်းခဲ့သည်။ အဆိုပါ အစည်းအဝေး အပြီးတွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ကို ဖွဲ့စည်းရန် ထောက်ခံရေး၊ မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းရေး၊ အရှင်ဝီရသူ The Face of Buddhist Terror ဆောင်းပါးကို ဖော်ပြခဲ့သည့် တိုင်းမ် မဂ္ဂဇင်းကို အပြင်းအထန် ကန့်ကွက်ရေး၊ နိုင်ငံတော် အစိုးရနှင့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့တို့က အမျိုးဘာသာ သာသနာရေးတွင် အကူအညီပေးရေး၊ ပဋိပက္ခ မဖြစ်ပွားရန် ဝိုင်းဝန်း ထိန်းသိမ်းရေး အချက်ငါးချက် ပါဝင်သည့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ တိုင်းမ်မဂ္ဂဇင်း ဖော်ပြချက်နှင့် ပတ်သက်၍ သံဃာတော်များက သည်းခံ၊ ခွင့်လွှတ်ရန် မေတ္တာရပ်ခံခဲ့ပြီး မဟုတ် မမှန်သည့် အကြောင်းကို မဟုတ်ကြောင်း ပြန်လည်ရှင်းလင်းရန်၊ ဟုတ်မှန်ပါက ဟုတ်မှန်ကြောင်း ဝန်ခံရန် လိုအပ်ကြောင်း ဒေါက်တာအရှင်ဉာဏိဿရက ယင်းအခမ်းအနားတွင် မိန့်ကြားသည်။

The Voice Weekly
See More

မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုနှင့် အရေးယူခံရသည့် သရုပ်ဆောင်ဘုန်းလျှံ

Saturday, June 29, 2013

ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် ဟိန်းထူးလင်း(ခ) ဘုန်းလျှံအား မူးယစ်ဆေးဝါးများလက်ဝယ်ထားရှိသုံးစွဲမှု ဖြင့် ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။



... ဇွန် ၂၈ ရက်နေ့က မူးယစ်အထူးအဖွဲ့မှ မူးယစ်ဆေးဝါးသတင်းအရ ယင်း ရုပ်ရှင်သရုပ်ဆောင် ခေတ္တနေထိုင်ရာ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ သာယာဝတီလမ်း၌ရှိသော Inn တစ်ခုအတွင်းသို့ ၀င်ရောက်ရှာဖွေရာမှ ၎င်း၏ အဖော်ဖြစ်သူ ဦးမောင်ထွန်းလှဆိုသူနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

၎င်းတို့နေသော အခန်းအတွင်းရှိ ကုတင်ခေါင်းရင်း ကြမ်းပြင်ပေါ်တွင် ချထားသော ခရီးဆောင် လက်ဆွဲ အိတ်အတွင်းတွင် Red Ruby စီးကရက်ဗူး ခွံတစ်ခုတွေ့ရပြီး ထိုစီးကရက်ဗူးခွံထဲ၌ WY စာတမ်းပါရှိသော လိမ္မော်ရောင် စိတ်ကြွဆေးပြား (၄၇)ပြား၊အစိမ်း ရောင် (၂)ပြား၊စုစုပေါင်း (၄၉)ပြား နှင့်အတူ ဦးမောင်ထွန်းလှ အိပ်သော ကုတင်ခေါင်းရင်းမှ ဂျာနယ်ခေါက်ထဲ၌ တိပ်အကြည်ဖြင့်ကပ်လျက် အဖြူရောင် တစ်ရှုးစက္ကူအတွင်း ပလတ်စတစ်အိတ်အကြည်ဖြင့် ထုတ်လျက်ထား ရှိသော လိမ္မော်ရောင် စိတ်ကြွဆေးပြား(၉၉)ပြားအား တွေ့ရှိကာ ဖမ်းဆီးရမိခြင်းဖြစ်သည်။

အဆိုပါအခန်းအတွင်းတွင် စိတ်ကြွဆေးပြားများနှင့်အတူ စိတ်ကြွဆေးပြားသုံးစွဲရာတွင်အသုံးပြုရသော ရေသန့် ဘူးဘေးဘက်တွင် ပိုက်တပ်လျက်နှင့်(၆)လက်မခန့်ရှိ ခဲပြား (၂)ပြား၊မီးခြစ် (၁)လုံးတို့ကိုသိမ်းဆည်းရမိပြီး စုစု ပေါင်းစိတ်ကြွဆေးပြား ကျပ်(၇)သိန်းလေးသောင်းဖိုးခန့် ဖမ်းဆီးရမိခြင်းဖြစ်သည်။

ဗဟန်းမြို့နယ်ရဲစခန်းမှ သရုပ်ဆောင် ဘုန်းလျှံနှင့်အဖော်ဖြစ်သူ ဦးမောင်ထွန်းလှတို့အား မူးယစ်ဆေးဝါးနှင့်စိတ် ကိုပြောင်းလဲစေသောပုဒ်မ ၁၅/၁၉(က)/၂၁ဖြင့် အမူဖွင့်အရေးယူထားကြောင်း သိရသည်။

“ဆေးအပြား(၃၀)နဲ့အထက်ဆို ၁၉(က) ဆို ထောင်ဒဏ်က ၁၀ နှစ်ကနေ နှစ်အကန့်အသတ်မရှိ ကျခံရနိုင်တယ်။ အပြား၃၀ အောက်ဆိုရင်တော့ ၁၆
(ဂ) ဆို ၅ နှစ် ကနေ ၁၀ နှစ်အထိ အရေးယူနိုင်တယ်” ဟု မှုးယစ်အထူးအဖွဲ့မှ ဒု-ရဲမှူး ဦးခင်မောင်သိန်းကပြောသည်။

myitmakhamediagroup

"ဒေါ်စုသာ အာဏာရခဲ့ရင် ..."

===============
ဒေါ်စုသာ အာဏာရခဲ့ရင် ...ခင်ဗျားတို့ သဘောမတူတာတွေကိုလည်း သူ ဆုံးဖြတ်တာမျိုးရှိကောင်းရှိမယ်။ဒါပေမဲ့ သဘောမတူရင် မတူကြောင်း လွတ်လပ်စွာ ဝေဖန်ကန့်ကွက်ခွင့်ရှိလိမ့်မယ်။
...
ဒေါ်စုသာ အာဏာရခဲ့ရင် ...အမျိုးပျောက်မှာ စိုးကြောက်တယ်လို့ ဒလန်တွေက အသံကုန်အော်ကြဒါပေမဲ့ အနောက်တံခါးက ဘင်္ဂလီသန်းဝက်ကျော်ကို အလုံးအရင်းသွင်းခဲ့တာ ဒေါ်စု မဟုတ်ဘူး။သူ့လက်ထက်မှာ ဒီလူတွေဝင်မယ်ဆိုလည်း ကျုပ်တို့ လူသိရှင်ကြား သိခွင့် တားဆီးခွင့်ရမယ်။

ဒေါ်စုသာ အာဏာရခဲ့ရင် ...ကမ္ဘာမှာရှိတဲ့ လက်ချိုးရေလို့ရသော သက်ရှိဂန္ဓ၀င်နိုင်ငံရေးခေါင်းဆောင်စာရင်းမှာ ထိပ်ဆုံးတန်း စာရင်းပေါက်သူတစ်ယောက်ကျုပ်တို့နိုင်ငံကို အုပ်ချုပ်နေပါကလားလို့ လက်မထောင်ခွင့်ရမယ်။တစ်ချို့ ... မီယားမား ဘာမှန်းမသိသူတွေ သိလာမယ်။ဒေါ်စု အုပ်ချုပ်တဲ့နိုင်ငံလို့ တစ်ခွန်းတည်းပြောလိုက်ရုံနဲ့ ပတ်စပို့အနီကို ရင်ကော့ပြီး ကျုပ်တို့ ကိုင်နိုင်မယ်။

ဒေါ်စုသာ အာဏာရခဲ့ရင် ...ခေါင်းမရှောင်တတ်တဲ့ သတ္တိခဲခေါင်းဆောင်တစ်ယောက်ကို ကျုပ်တို့ရပြီ။ကမ္ဘာရဲ့ ဘယ်နေရာကိုသွားသွား ခေါင်းငုံ့စရာမလိုတဲ့၊ ကြောက်နေစရာမလိုတဲ့၊ သြဇာကြီးသော ခေါင်းဆောင်တစ်ယောက်ကို ကျုပ်တို့ရပြီ။

ဒေါ်စုသာ အာဏာရခဲ့ရင် ....ဘာမှန်းမသိတဲ့ပုဒ်မတွေ တပ်၊ လိုတစ်မျိုး မလိုတစ်မျိုးနဲ့နံရံလေးဘက်ကြား သွင်းချည် ပြန်ထုတ်ချည်အဖြစ်တွေကို ကျုပ်တို့ ရှောင်လွှားနိုင်မယ်။

ဒေါ်စုသာ အာဏာရခဲ့ရင် ...ဒေါ်စုက ဘူးလက်နဲ့ အုပ်ချုပ်မှာ မဟုတ်ဘူး။သံတိုင်တွေနဲ့ ခြောက်မှာ မဟုတ်ဘူး။မျှတမှုနဲ့ အုပ်ချုပ်မှာ၊ သြဇာဓာတ်နဲ့ လွှမ်းမိုးမှာဒါကြောင့် အကြောက်တရားတွေအားလုံး ကျုပ်တို့လည်ပင်းက ခွေးသေကောင်ပုတ်လို့ ခွာချထားနိုင်မယ်။

ဒေါ်စုသာ အာဏာရခဲ့ရင် ...ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်။မြန်မာကို အာရှကျားတစ်ကောင်အဖြစ် အသက်ဝင်စေ့မယ်။

ဒေါ်စုသာ အာဏာရခဲ့ရင် ...ပညာရှင်တွေကို ဖိတ်ခေါ်ကမ္ဘာ့တက္ကသိုလ်ကြီးတွေ ၀င်လာကြကျုပ်တို့ဦးဏှောက်ကို ပေမီဒေါက်မီ ဖြစ်စေ့မယ်။

ဒေါ်စုသာ အာဏာရခဲ့ရင် ...အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်မြန်မာပြည်ကို သေနတ်သံကင်းမဲ့ဇုန်အဖြစ် တည်ဆောက်နိုင်မယ်။

ဒေါ်စုသာ အာဏာရခဲ့ရင် ...
ဒါဟာအပြောင်းအလဲဖြစ်တယ်။
ဒါဟာ အသစ်ဖြစ်တယ်။
ဒါဟာ တစ်ဆစ်ချိုးကွေ့ဖြစ်တယ်။ဒါကြောင့် ဒေါ်စုကို ငါ အာဏာရစေ့ချင်တယ်။တကယ်လို့ အဲဒီအချိန် ဒေါ်စုအုပ်ချုပ်ပုံတွေ မကျေနပ်ရင်ငါ လမ်းပေါ်ထွက်ကောင်း ထွက်မယ်။တိုက်ရိုက် ဆန့်ကျင်ကောင်းဆန့်ကျင်မယ်။သူ့အိမ်ရှေ့သွားပြီး ဆန္ဒပြရင်လည်း ပြမှာပဲ။သူ့ကို နာမည်တပ် ပုတ်ခတ်ရင်လည်း ပုတ်ခတ်မှာပဲ။ဒါပေမဲ့ ...အဲဒီလို မတွန့်မဆုတ်ပြုနိုင်ဖို့ဒေါ်စုကို ငါ အာဏာရစေ့ချင်တယ်။

သွန်းနေ စိုး
ဒဲ့ လော်ဘီလုပ်သည်။......အကြိုက်ဆုံး  ဆောင်းပါးလေးပါ... 

ကမ္ဘာကျော်ကုမ္ပဏီကြီးတွေက အမှန်တကယ်အလုပ်မဖြစ်ဘူးဆိုတဲ့သဘောလား

ဦးဆက်အောင်ပြောသလိုဆို Digicel လို orange လို sumimoto လို SinTel ကမ္ဘာကျော်ကုမ္ပဏီကြီးတွေက အမှန်တကယ်အလုပ်မဖြစ်ဘူးဆိုတဲ့သဘောလား? ပြင်သစ် ဂျပန်ကုမ္ပဏီတွေက ကာတာအာရပ်ကုမ္ပဏီလောက် အသုံးမကျဘူးဆိုတဲ့ သဘောလား? အစိုးရနှင့် ဆက်ဆံရေး ကောင်းတာ မကောင်းတာ ထည့်မတွက်ဘူးဆိုတော့ ဂျပန်က အကြွေးတွေ ဘီလီယံနဲ့ချီပြီး လျော်ပေးတုန်းက ဘယ်လိုမျက်နှာပေး ဘယ်လိုမျက်ခွက်နဲ့ အကူအညီတောင်းခဲ့တာလဲ? ကိုယ်က ပြန်အခွင့်အရေးပေးစရာရှိမှ ဘယ်...နိုင်ငံမှ ဘက်မလိုက်ပါဘူးလေး ဘာလေးနဲ့ သူတော်ကောင်းလုပ်ပြမနေနဲ့။ ကာတာကုမ္ပဏီက ဂျပန်နည်းပညာ ဥရောပနည်းပညာထက် တအားကောင်းနေလို့ ပြည်သူ့အကျိုးအတွက် ဂျပန်တွေကို ကျေးဇူးကန်းလိုက်တာဆို ဖြေသာသေးတယ်။
ကာတာကုမ္ပဏီ ကာတာနိုင်ငံက ဂျပန်လိုနိုင်ငံနဲ့ယှဉ်လိုက်ရင်
နည်းပညာ ပိုကောင်းလား?
မြန်မာပြည်ပေါ် ပိုပြီး ကူညီခဲ့ဖူးလား? (ငါးပြားတစ်စေ့တောင်မပေးဖူးဘူး)
မြန်မာလူမျိုးကိုစေတနာထားဖူးလား? (ဂျီဟက်လုပ်ပြီး မြန်မာတွေကို သတ်ဖို့ကြွေးကြော်နေသူတွေ)

ဝန်ကြီးရေ လျှာအရိုးမရှိတိုင်း လျှောက်မပြောပါနဲ့။ မြန်မာပြည်သူတွေဟာ
ငတုံးတွေ မဟုတ်ပါဘူး။

အူရဒူးက မြန်မာပြည်မှာ အလုပ်တွေပေးပါလိမ့်မယ်။ သူတို့ မွတ်ဆလင်တွေကို အဓိကပေးသွားပါလိမ့်မယ်။ တခြားကုမ္ပဏီတွေလည်း သူတို့လို အလုပ်ပေးနိုင်တာပဲ။

အူရဒူးက အမြတ်ထဲက အချို့ကို လှူပါလိမ့်မယ်။ ဗလီတွေ အာရပ်စာသင်ကျောင်းတွေ မွတ်ဆလင်အဖွဲ့တွေကိုပဲ လှူပါလိမ့်မယ်။
တခြားကုမ္ပဏီတွေဆို ဗုဒ္ဓဘာသာတွေအတွက်ပါ အကျိုးရှိပါလိမ့်မယ်။

အူရဒူးက ၀န်ထမ်းတွေကို train မယ်ဆိုပြီး ကာတာပို့ပြီး အစွန်းသင်တန်းတွေ ပို့ချပါလိမ့်မယ်။ တခြားကုမ္ပဏီတွေဆို နိုင်ငံကို အကျိုးရှိစေမဲ့ နည်းပညာတွေသာ သင်ကြားပေးမှာဖြစ်ပါတယ်။

ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး ရွေးစရာအများကြီးရှိပါလျက်နဲ့ အူရဒူးကုမ္ပဏီကို ရွေးချယ်လိုက်တဲ့ အစိုးရဆုံးဖြတ်ချက်ကို လုံးဝရှုံ့ချကန့်ကွက်ပါတယ်။

ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့

=================================
The Voice weekly

အမှန်တကယ်အလုပ်ဖြစ်နိုင်သည့် ကုမ္ပဏီများကိုသာ ဆက်သွယ်ရေးလိုင်စင် ချပေးဟုဆို
Saturday, June 29, 2013

ဆက်သွယ်ရေး လုပ်ကိုင်ခွင့် ဆုံးဖြတ်ရာတွင် ကုမ္ပဏီများက ပေးအပ်သော အကူအညီ၊ အစိုးရနှင့် ဆက်ဆံရေး ကောင်းမွန်ခြင်းနှင့် ဘာသာရေးနှင့် သက်ဆိုင်သည်တို့ကို ထည့်သွင်း တွက်ချက်ခြင်းမရှိဘဲ အမှန်တကယ် အလုပ်ဖြစ်နိုင်သည့် ကုမ္ပဏီများကိုသာ လုပ်ထုံးလုပ်နည်း ၂၀၀ ခန့်ဖြင့် စနစ်တကျ ရွေးချယ်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ဆက်သွယ်ရေး အော်ပရေတာ တင်ဒါ ခေါ်ယူခြင်းနှင့် ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံ က KTV /Massage မှာ အသွေးအသား ရောင်းစားနေသူတွေ


မြန်မာနိုင်ငံ က KTV /Massage မှာ အသွေးအသား ရောင်းစားနေသူတွေ

အများစု ၉၉ % က ဗုဒ္ဒဘာသာဝင်တွေ များတယ်။

အစ္စလမ်ဘာသာဝင် တွေ ထဲ မှာကော ပညာမတတ် တဲ့ နွမ်းပါးတဲ့ မိန်းကလေးတွေ

အများကြီး ရှိတာဘဲ သူတို့ ဘာဖြစ်လို့ ကေတီဗွီ။ မာဆတ် မရောက်သလဲ။

အင်တာနက် မှာ သိက္ခာချပြီး လိင်ဆက်ဆံ တဲ့ အခွေ တွေ။

... ပုံတွေ အတင်ခံရတာ ဘယ်သူတွေလဲ။

မြန်မာ အမျိုးသမီး ဗုဒ္ဒဘာသာဝင်တွေဘဲ။

သူတို့ကို လိင်ဆက်ဆံပြီး ဓာတ်ပုံ။ ရုပ်ရှင် ခိုးရိုက်တာကော ဘယ်သူတွေလဲ ။

မြန်မာ အမျိုးသားဗုဒ္ဒဘာသာဝင် တွေဘဲလေ။)

အစ္စလမ်ဘာသာဝင် အမျိုးသမီးတွေ ကော ရီးစား မထားဘူးလား။

လိင် မဆက်ဆံဘူးလား။ ရီးစားထား။လိင်ဆက်ဆံ ကြမှာပါဘဲ။

ဒါပေမဲ့ သူတို့ ရီးစား လိင်ဆက်ဆံဘက် အစ္စလမ်ဘာသာဝင် အချင်းချင်းက

ဒီလို မယုတ်မာ ကြလို့သာ သူတို့ ပုံတွေ အင်တာနက် ပေါ် မရောက်တာလေ။

( ရှင်းနေတာဘဲ။ သူတို့ အစ္စလမ် ဘာသာဝင် အချင်းချင်း စောင့် ရှောက်လို့ သာ

အစ္စလမ်ဘာသာဝင် အမျိုးသမီးတွေ ပညာ မတတ်ပေမဲ့။ လိင်ဆက်ဆံပေမဲ့

အင်တာနက်ပေါ်လဲ မရောက်ဘူး။ ကေတီဗီ ။မာဆွတ် မှာလဲ မရောက်ဘူး။)

မြန်မာ မိန်းကလေးတွေ ပညာနည်းပါးတဲ့သူ တွေ ကေတီဗီ ရောက်တယ်။

မာဆတ် ရောက်တာ သူတို့ အဖေအမေ။ ညီ အကို မောင်နှမ။ လင်ချစ်သူရီးစား

မြန်မာ ဗုဒ္ဒဘာသာ ၀င်တွေက ၀အောင် မကျွေးလို့။ လှအောင် မဆင်လို့ ။

ကိုယ့် လူမျိုး ဗုဒ္ဒဘာသာဝင် အချင်းချင်း မစောင့် ရှောက်လို့ သာ ဖြစ်တယ်။

အမျိုးစောင့် ဥပဒေ ဆိုတာ ခန ထားပါဦး။

လောလောဆယ် မှာ ဒုက္ခရောက်နေတဲ့ ကေတီဗွီ။မာဆတ်။က မြန်မာ အမျိုးသမီး

ဗုဒ္ဒဘာသာဝင် တွေကို ( မျိုးချစ်တစ်ဇောက်ကန်း အော် နေကြတဲ့

ဘယ် အကောင်မြန်မာ ဗုဒ္ဒဘာသာဝင် တွေ အတည်ယူကြမလဲ။ )

စာရင်း အရင် လာပေးကြပါ။

နင်တို့ အခုအမျိုးချစ် တဲ့ အနေနဲ့။ အမျိုးကို တကယ် စောင့် ရှောက် မယ်

ဆိုရင် ဒီနေ့ ဦးသုံးကြိမ် အရင် ချမယ်။

Wai Yan Moe Myint စာမျက်နှာမှ ကူးယူဖော်ပြပါသည်

အေးချမ်းမွန် Credit To > အင်တာနတ် < Thank

ကျောက်လာဝယ်သူ တရုတ်နိုင်ငံသားနှစ်ဦး သိန်း ၁၅၀ တန်ဖိုးရှိ ကျောက်များ ခိုးယူဟုဆို Friday, June 28, 2013

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ပတ်ကုန်းဝန်းကျင် ရပ်ကွက်ရှိ အောင်သပြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးဆိုင်သို့ ကျောက်လာဝယ်သူ တရုတ်နိုင်ငံသားနှစ်ဦး ကျပ်သိန်း ၁၅၀ တန်ဖိုးရှိ ကျောက်မျက်ထည်များခိုးယူမှု ဇွန်လ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု အဆိုပါ ကျောက်မျက်ရတနာဆိုင်၏ ပြောကြားချက်အရ သိရှိရသည်။

အဆ...ိုပါနေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ခန့်က တရုတ်နိုင်ငံသား နှစ်ဦးသည် ပတ္တမြားအပွင့်ထဲမှ အရည်ကောင်းကို ဝယ်ယူရန် ကျပ်သိန်းတစ်ရာခန့် တန်ဖိုးရှိ နီလာ၊ စိန်ပတ်လည် လက်စွပ်တစ်ကွင်း နှင့် ကျပ်သိန်း ၅၀ တန်ဖိုးရှိ ကျောက်စိမ်း၊ စိန်၊ ရွှေပါဆွဲသီးတစ်ခု ကြည့်ရှုပြီးနောက် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

အဆိုပါ တရုတ်နိုင်ငံသားနှစ်ဦးသည် ဆိုင်တာဝန်ခံကို ဗီဇာကတ်ဖြင့် ဝယ်ယူ၍ ရမည်လားဟုမေးပြီး ပြန်လာမည်ဟု ပြောကာ ထွက်သွားပြီးနောက် ယင်းကဲ့သို့ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးထံမှ ထပ်မံသိရှိရသည်။

"အခု ရဲက လိုက်နေတုန်းပဲ ရှိသေးတယ်။ အမှုဖွင့်ထား ပါတယ်" ဟု အောင်သပြေ ကျောက်မျက်ရောင်းဝယ်ရေး ဆိုင်လုပ်ငန်းရှင် ဦးကျော်ကျော်ခိုင်က The Voice သို့ ပြောကြားသည်။

အဆိုပါ တရုတ်နိုင်ငံသားနှစ်ဦးကို ဆိုင်အရောင်း တာဝန်ခံက ချမ်းအေးသာစံမြို့နယ် အမှတ်(၃)ရဲစခန်း တွင် တရားလိုပြု၍ အမှုအမှတ် (ပ)၃၀၁/၂၀၁၃၊ ပုဒ်မ ၃၈၀ အရ အမှုဖွင့် တိုင်တန်းထားကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

(ဖြိုးဖြိုးဇော်)
The Voice Weekly

မြန်မာ့ဆက်သွယ်ရေးမှ တယ်လီဖုန်း ခေါ်ဆိုခများကို ယခုဘဏ္ဍာရေးနှစ် အတွင်း တစ်မိနစ်ကျပ် ၅၀ မှ လျော့ချ ကောက်ခံသွားမည်



မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်းမှ တယ်လီဖုန်း ခေါ်ဆိုခနှုန်းထား တစ်မိနစ် ကျပ် ၅၀ ကို ယခုနှစ် ဘဏ္ဍရေးနှစ်အတွင်း လျော့ချဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဇွန် ၂၈ ရက်က ပြောကြားသည်။
လသာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့် မေးမြန်းသည့် လက်ကိုင်ဖုန်းများ၏ ပြောဆိုဆက်သွယ်ခကို တစ်မိနစ်လျှင် ကျပ် ၅၀ နှုန်းမှ ငါးကျပ်နှုန်းသို့ လျော့ချပေးရန် ကမ်းလှမ်း အဆိုပြုလာသည့် ကုမ္ပဏီများ ရှိ၊ မရှိနှင့် မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်းက ဦးဆောင်လျော့ချ သတ်မှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ စပ်လျဉ်းသည့် မေးခွန်းနှင့် ပတ်သက်၍ ပြန်လည် ဖြေကြားရာတွင် ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
”ကျွန်တော်တို့ ဆက်သွယ်ရေး ၀န်ကြီးဌာန အနေနဲ့ တယ်လီဖုန်း ပြောဆိုခတွေတင် မကဘဲ တခြားအခွန် အခတွေကိုလည်း ခေတ်နဲ့လျော်ညီမှုရှိအောင်နဲ့ အိမ်နီးချင်းနိုင်ငံများနဲ့ နှိုင်းယှဉ်ပြီး ကွာဟချက် နည်းပါးစေဖို့ ယခုနှစ် ဘဏ္ဍာရေးနှစ် အတွင်းမှာ လျော့ချဆောင်ရွက် သွားပါ့မယ်” ဟု ဒုတိယ၀န်ကြီးက ပြောကြားသည်။
ထို့ပြင် ၂၀၁၄ ခုနှစ် ဇူလိုင်လလောက်တွင် ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီ လေးခုအထိ ရှိလာမည် ဖြစ်သည့်အတွက် မြန်မာ့ဆက်သွယ်ရေး အနေဖြင့် မူဝါဒများ ချမှတ်ကာ အော်ပရေတာ ကုမ္ပဏီလေးခုအား ပြည်သူအတွက် မျှတထိုက်တန်သော ၀န်ဆောင်မှုများ ပေးနိုင်စေရန် ထိန်းကျောင်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ ကုမ္ပဏီများ၏ ဈေးကွက်ယှဉ်ပြိုင်မှုများအရ ဈေးနှုန်းကို အပြိုင်အဆိုင် လျော့ချမှုအပေါ် ဈေးနှုန်းအပေါ် နှုန်းထားသတ်မှတ်သွားမည် မဟုတ်ဘဲ လွတ်လပ်စွာ ခွင့်ပြုသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
”တစ်မိနစ်ကို ဖုန်းခေါ်ဆိုခ ငါးကျပ်ထိ မရှိသည့်တိုင် ဈေးကွက်ယှဉ်ပြိုင်မှုတွေ ပြုလုပ်တာကို လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ပြုပေးပါမယ်။ ကုမ္ပဏီတွေက အပြိုင်အဆိုင် လျော့ချမှုတွေ ပြုလုပ်နိုင်တဲ့အတွက် နောင်တစ်ချိန် ချိန်မှာတော့ ခေါ်ဆိုခတွေ ငါးကျပ်နှုန်းအထိ ကျဆင်းနိုင်မယ်လို့ ထင်ပါတယ်” ဟု ဒုတိယ၀န်ကြီးက ပြောကြားသည်။
Ref & Credit to Eleven Media Group

Sunday, June 23, 2013

မီခိုးမှိုင်းများကြောင့် မလေးရှား မွား ၊ ဂျိုဟိုးဒေသတို့အား အရေးပေါ်အခြေအနေ စတင်ကြော်ငြာပြီ

မင်္ဂလာပါ
မလေးရှားရောက် မြန်မာနိုင်ငံသားများ အထူးသဖြစ် ဂျိုဟိုးပြည်နယ် ၊ မွားဒေသတို့တွင်နေထိုင်သော မြန်မာများ အားလုံးအတွက် ယခုဘလော့ကို ဘာသာပြန်တင်ဆက်ပေးပါသည် ။

ယနေ့ မလေးရှားရဲ့ အထူးသတင်းအနေဖြင့် ဂျိုဟိုးပြည်နယ် တွင်ရှိသော မွားမြို့နယ်အား မီးခိုးငွေ့ ဖုံးလွမ်းမှု ကြောင့်လေထုညစ်ညမ်းမှု အဆင့် ၇၄၆ သို့ရောက်ရှိပြီဖြစ်တာကြောင့် မွားပြည်နယ်တစ်ခုလုံးအား အရေးပေါ်အခြေအနေဟု ယနေ့ နံနက် ၇ နာရီက စတင်ကြာ်ငြာလိုက်ပြီဖြစ်ပါတယ် ။


ဂျိုဟိုး ပြည်နယ်ကျမ်းမာရေး ဌာနမှ ဒါရိုက်တာဒေါက်တာ မိုဟာမက်ကအာရီရာကွတ်က ယနေ့ ဆေးရုံလူနာတင်ကားများမှအစပြုကာ မီးခိုးဖုံးမှု့ကြောင့် မမြင်ရ၍ ဖြစ်လာမည့် မတော်တဆမှု့များ ၊ ကားတိုက်မှုများကို ကြိုတင်ကာကွယ်ရတော့မည်ဟု ပြောကြားသွားပါတယ်။

ဆက်လက်ပြီး မွားဒေသရှိ ပြည်သူအားလုံး အိမ်တွင်းမှာပင် နေရန် နှင့် မလိုအပ်ပါက အပြင်ထွက်သွားလာခြင်းမပြူရန် အပြင်ထွက်ပါက မီခိုးမှိုင်းကို ကာကွယ်နိုင်မည့် မျက်နှာဖုံးများ မဖြစ်မနေ တပ်ပြီးမှသာ သွားလာရန် စတင်ကြော်ငြာထားပြီဖြစ်ပါတယ် ။ စာသင်ကျောင်များအားလုံးလဲ ယနေ့မှစတင် ပိတ်လိုက်ပြီဖြစ်ပါတယ် ။ သို့ကြောင့် မွားဒေသတွင်နေထိုင်သော မြန်မာနိုင်ငံသားများအားလုံး မဖြစ်မနေအပြင်ထွက်ရပါက API ၇၄၆ ရှိသော ညစ်ညမ်းလေထုအတွင်း မဖြစ်မနေ မီးခိုးကာ မျက်နှာဖုံး (Mask) များဝတ်ဆင်ထားကြပါရန် ဧဒင်ဥယျာဉ်၏ မလေးရှား ရောက် မြန်မာများ Facebook စာမျက်နှာမှ သတိပေးရပါတယ် ။

ယနေ့ အင်ဒိုနီးရှား တောမီးကြောင့် စင်္ကာပူ နိုင်ငံ ၊ မလေးရှား ဂျိုဟိုး ပြည်နယ်တို့တွင် နိုင်ငံလုံးမီခိုးလွမ်းမှုများခံစားနေကြရပြီး မဖြစ်မနေမျက်နှာဖုံးများစွပ်ကာသွားလာနေကြရတာကို တွေ့ရမည်ဖြစ်ပါတယ် ။

ထိုမျှမက ယနေ့ ကွာလာလမ်ပူမြို့တွင်ပါ မီးခိုးများ ၁ ကီလိုမီတာအထိ နိမ့်ဆင်းလာတာကြောင့် ကွာလာလမ်ပူမြို့တွင်း မြူဆိုင်းနေပြီး မှောင်နေတာကိုတွေ့ကြရမည်ဖြစ်ပါတယ် ။ သို့သော်လည်း ကွာလာလမ်ပူမြို့ကိုတော့ အရေးပေါ်အခြေအနေ မကြော်ငြာသေးတာကိုသိရပါတယ်။

ကွာလာလမ်ပူမြို့နေလူထုရဲ့ စိုးရိမ်မှုကြောင့် စတိုးဆိုင် ဆေးဆိုင်များမှာယနေ့နံနက်မှစပြီး မျက်နှာဖုံးများ ကုန်သည်အထိ ရောင်းချနေရပြီး မျက်နှာဖုံးဝယ်ရန်ပင် စတင်ခက်ခဲနေပြီဖြစ်ကြောင်းကို မလေးရှားရောက် မြန်မာများ သိရှိစေရန် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ။

ယနေ့မီးခိုးလွမ်းမှု နဲ့လေထုညစ်ညမ်းမှု့ တိုင်းတာမှုအရ
Muar ဒေသ = 746 API
Johour ဒေသ = 453 API
Kota Tinggi ဒေသ = 137 API
Pasir Gudang ဒေသ = 127 API
Larkin Lama ဒေသ = 117 API

ရှိနေကြောင်းကို The Star သတင်းဌာနမှာကြော်ငြာသွားခဲ့ပါတယ် ။

ပျမ်းမျှ တိုင်းတာချက် အရ API 301 ကိုရောက်ရှိလာပြီဖြစ်တဲ့မီးခိုးမှိုင်းများကြောင့်

ဂျိုဟိုးပြည်နယ်တစ်ခုလုံး ကျမ်းမာရေးထိခိုက်နိုင်သော အဆင့် Unhealthy Level ကိုရောက်ရှိဖြစ်ကြောင်း မလေးရှားရောက် မြန်မာအားလုံးသိရှိရန် ဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ ။

Refer : Thestar Online
Related Stories:
Johor API hits 453
...ဧဒင်မှ  ကူးယူသည်...

Saturday, June 22, 2013

မွတ်စလင်နှင့် လက်ထပ်ခွင့် မပြုသောနိုင်ငံ (သို့မဟုတ်) ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြသောနိုင်ငံ (သို့မဟုတ်) စင်ကာပူ


‘ဒီနှစ်တန်ခူးအတာကူးပြီးလို့ နှစ်သစ်ရောက်ရင် ဒို့တိုင်းပြည်ကြီး တိုးတက်တော့ မယ်’ လို့ ဆရာတော်ကြီးတစ်ပါး မိန့်ကြားထားတာကြောင့် နှစ်သစ်ကို မျှော်လင့်ချက်အသစ်တွေနဲ့ ယုံကြည်စွာ စောင့်မျှော်နေမိပါတယ်။ နှစ်ဟောင်းကုန်ခါနီး မှာတော့ မိတ္ထီလာအရေးအခင်းက စခဲ့တဲ့ မြန်မာပြည် အလယ်ပိုင်းနဲ့ ပဲခူးတစ်ဝိုက်က အရေးအခင်းတွေကြောင့် ကမ္ဘာ့အလယ်မှာ ကဲ့ရဲ့စရာ အဖြစ်မျိုးတွေတော့ ကြုံခဲ့ရတာပေါ့ဗျာ။ ဥပဒေဘောင်အတွင်းကပဲ ဖြေရှင်းကြဖို့ ၀ိုင်းဝန်းတိုက်တွန်းကြတာကြောင့် ''တကယ်ပဲ လက်ရှိဥပဒေတွေ အတိုင်းဖြေရှင်းရင် လက်ရှိကြုံတွေ့နေရတဲ့ ကိစ္စတွေအားလုံးပြေလည် သွားမလား၊ လက်ရှိဥပဒေတွေက ကိုယ့်တိုင်းရင်းသူတွေကို တကယ်ပဲ ထိထိရောက်ရောက်ကာကွယ် နိုင်သလား၊ မွတ်တွေရဲ့ လူမျိုတိုက်စစ်ကြီးကို ကာကွယ်နိုင်ရဲ့လား'' လို့ စဉ်းစားမိပါတယ်။ တကယ်လို့ လူမျိုတိုက်စစ်ကြီးကို မကာကွယ်နိုင်ဘူးဆိုရင်တော့ လိုအပ်တဲ့ ဥပဒေအသစ်တွေကို အခြေခံ ဥပဒေတွေပြင်ဆင်ရေးဆွဲခြင်း နှင့် အတူ ပြင်သင့်တာပြင်၊ အသစ်ရေး သင့်တာကိုရေးပြီး ပြဋ္ဌာန်းကြဖို့ လိုအပ်မယ်လို့ ယုံကြည်မိပါတယ်။ ကျွန်တော် တို့လို ပဲ မွတ်စလင်တွေနဲ့ အတူနေရပါလျက်နဲ့ မွတ်တွေဝါးမျိုတာကို မခံရတဲ့ စင်ကာပူဟာ ဘယ်လိုအစီအမံတွေကြောင့်လဲ ဆိုတာကို ဆွေးနွေးချင်ပါတယ်။

တကယ်တော့ စင်ကာပူမှာ မွတ်စလင်နဲ့ အခြားဘာသာဝင်တွေကို လက်ထပ်ခွင့် ပေးမထားပါဘူး။ စင်ကာပူမှာ လက်ထပ်မော်ကွန်းရုံးကြီး ၂ ရုံးရှိပါတယ်။
(၁) လက်ထပ်မော်ကွန်းရုံး Registry of Marriages (ROM) http://app.rom.gov.sg/index.asp

(၂) မွတ်စလင် လက်ထပ်မော်ကွန်းရုံး Registry of Muslim Marriages (ROMM) http://app.romm.gov.sg/index.asp
ဆိုပြီး ရုံး ၂ ရုံး ထားရှိပါတယ်။

ပထမ ROM လက်ထပ်မော်ကွန်းရုံးက မွတ်စလင်မှ လွဲလို့ အခြားသော ဘာသာဝင်တွေအားလုံးကို လွတ်လပ်စွာ လက်ထပ်ပေးတဲ့ တရားရုံးပဲဖြစ် ပါတယ်။ ဗုဒ္ဓဘာသာ အချင်းချင်းသော်လည်းကောင်း၊ ဗုဒ္ဓဘာသာ နဲ့ ခရစ်ယာန်သော်လည်းကောင်း၊ ခရစ်ယာန်နဲ့ ဟိန္ဒူကိုသော်လည်းကောင်း ... ကျန်ဘာသာတွေအားလုံး လွတ်လွတ်လပ်လပ် လက်ထပ်ခွင့် ရှိပါတယ်။

Women’s Charter http://www.scwo.org.sg/index.php/resources အတိုင်းဆောင်ရွက်ကာ တစ်လင်တစ်မယားစနစ် ဥပဒေကို ပြဌာန်းတယ် ဆိုပါတော့ဗျာ။ အခြားဘာသာဝင်အားလုံး တစ်လင်တစ်မယားစနစ်ပဲ ကျင့်သုံးခွင့်ပေးထားပါတယ်။ ဒါပေမယ့် ဒီတရားရုံးမှာ လက်ထပ်မယ်ဆိုရင် မိမိဟာ မွတ်စလင်မဟုတ်ကြောင်း ထွက်ဆိုရပါတယ်။ မောင်နှံ နှစ်ယောက်စလုံး တစ်ယောက်မှ မွတ်ဖြစ်လို့ မရပါဘူး။ မွတ်အ၀င် မခံဘူးလို့ အလွယ်ပြောလို့ရပါတယ်။ ဒုတိယ ROMM မွတ်စလင်လက်ထပ်မော်ကွန်းရုံး ကတော့ မွတ်စလင်အချင်းချင်းကိုပဲ လက်ထပ်ပေးပါတယ်။ အခြား ဘာသာဝင်အမျိုးသမီး ခေါ်လာလို့ မရဘူးပေါ့ဗျာ။ (ဒီလင့်မှာလည်း http://en.wikipedia.org/wiki/Matrimonial_law_of_Singapore လေ့လာနိုင်ပါတယ်။)

ဒါဆိုရင် .. ဆိုပါတော့ .. မွတ်တစ်ယောက်က ဗုဒ္ဓဘာသာအမျိုးသမီး တစ်ယောက်ကို လက်ထပ်ချင်ရင်ဘယ်လိုလုပ်မလဲ .. ?
အဖြေက 'လက်ထပ်ခွင့် မရှိ'တဲ့.. ။ ဒါကိုမှ လက်ထပ်ချင်ရင် နည်း ၂ နည်းတော့ ရှိပါတယ်။

(၁) မွတ်က ဗုဒ္ဓုဘာသာကိုပြောင်းပြီး ပထမ ROM လက်ထပ်မော်ကွန်းရုံးမှာ လက်ထပ်ရမယ်။ (သို့မဟုတ်)

(၂) ဗုဒ္ဓုဘာသာအမျိုးသမီးက မွတ်ဘာသာကို ၀င်ပြီး ဒုတိယ ROMM မွတ်စလင်လက်ထပ်မော်ကွန်းရုံးမှာ လက်ထပ်ရမယ်။

.. ဟာ ... ဒါဆိုဘာထူးမှာလဲကွာ .. မွတ်က ဗုဒ္ဓုဘာသာအမျိုးသမီးကို မွတ် ဘာသာထဲ ၀င်ခိုင်းပြီး လက်ထပ်မှာပေါ့ကွာ လို့ စောဒကတက်နိုင်ပါတယ်။ .. ဒီလိုရှိပါတယ် ..။ ကျွန်တော်တို့ ဆီမှာ ကျတော့ မွတ်က မြန်မာမ တစ်ယောက် ကို ''လူကိုပဲယူပါ။ ယူပြီး မင်းလည်းမင်းဘာသာကို ကိုးကွယ်၊ ငါလည်း ငါ့ဘာသာကို ဆက်ကိုးကွယ်မယ်'' ဆိုပြီး လက်ထပ်ပါတယ်။ ယူပြီးနည်းနည်း ကြာမှ နည်းမျိုးစုံးသုံးပြီး မွတ်ဘာသာထဲ ၀င်ခိုင်းတယ်ပေါ့ဗျာ။ ဒီအချိန်မှာ နှိပ်စက်ရင် တရားရုံးမှာ တိုင်နိုင်တယ်ဆိုပေမယ့် ... ဒီအခြေအနေရောက် မှတော့ တိုင်ပါတော့မလား ...။

တိုင်လိုက်လို့ ဖမ်းပြီဆိုရင်တောင် သူ့ရဲ့ ပကတိအပျိုစင်ဘ၀ကို ပြန်ရပါဦး မလား? ဒီတော့ ဒီအခြေအနေရောက်မှတော့ မတိုင်တော့ဘူးပေါ့ဗျာ... သူတို့ဘာသာထဲပဲ ၀င်လိုက်တော့တာပေါ့။ တကယ်တော့ မွတ်စလင်အမျိုးသား တစ်ယောက်က သူ့အမျိုးသမီးက အခြားဘာသာ ဖြစ်နေရင် မွတ်ဘာသာထဲကို ရအောင်သွတ်သွင်းရပါတယ် .. မသွင်းနိုင်ရင် သူဟာတာဝန်မကျေဘူးပေါ့ဗျာ။

ဒီသဘောကို ကောင်းကောင်းနောကြေတဲ့ စင်ကာပူသားတွေက လိမ်ယူပြီး သူတို့အိမ်ရောက်မှ ဘာသာပြောင်းခိုင်းမယ့် အစား အစကတည်းက ရအောင်ပြောင်းခိုင်းနိုင်မှ ယူခွင့်ပြုပါတယ်။ … မယူခင်ဘာသာပြောင်းခိုင်းဖို့ ဆိုတာကြတော့ မွတ်အိမ်ထဲရောက်မှ ဘာသာပြောင်းခိုင်းရတာလောက် မလွယ်တော့ဘူးဗျ။ မိန်းကလေးဘက်က အလိုလိုနေရင်းစဉ်းစားစရာပို များသွားစေပါတယ်။
လူလည်းယူရမယ်? ..
ဘာသာလည်းပြောင်းရမယ်? ။
ဒီလိုဆိုတော့ မိဘတွေ၊ အသိုင်းအ၀ိုင်းတွေဘက်ကလည်း ပိုအချိန်ရသွား တာပေါ့ဗျာ။ ဒါကို အချိန်ဆွဲနိုင်ဖို့ စင်ကာပူသားတွေက ဒီနေရာမှာ တစ်ဆင့်ခံ ထားပြန်သေးသဗျ။ ဘာသာပြောင်းမယ်ဆိုရင်တောင် ချက်ချင်းပြောင်းလို့ မရဘူး။ အခြေခံ မွတ်ဘာသာသင်တန်းတွေ .. ဘာတွေတက်ခိုင်းသေးတယ် .. အဓိပ္ပါယ်က သူတို့ဘာသာကို အသေအချာမြည်းကြည့်ပြီး၊ ပြန်စဉ်းစားပြီးမှ၊ ကိုယ့်ဘာသာနဲ့ သေသေချာချာနှိုင်းယှဉ် စဉ်စားပြီးမှ ၀င်ပါဆိုတဲ့ သဘောပါ။ .. ဒီမှာတင် သတို့သမီးတစ်ချို့က ပြန်စိတ်ပြောင်းသွားတာပေါ့ဗျာ။

ဒီတော့ ဒီမှာလို သူတို့ဘာသာထဲ မ၀င်ဝင်အောင်ရိုက်နှက်ရတာတို့၊ ဘုရားပုံတော်ကို နင်းပြီး ပြောင်းခိုင်းရတာတို့ ဆိုတဲ့ ဖြစ်ရပ်မျိုးတွေ စင်ကာပူ မှာ မဖြစ်တော့ဘူးပေါ့ဗျာ။ ကိုယ့်ဘာသာကို စွန့်ခွာပြီး မွတ်ဘာသာကို ပြောင်းကာ မွတ်ကုလားနဲ့ သွားလက်ထပ်တယ်ဆိုတဲ့ စင်ကာပူ ဗုဒ္ဓုဘာသာ အမျိုးသမီး အရေအတွက်ဟာ အင်မတန်နည်းပါတယ်။ ဒီနေရာမှာတော့ ဥပဒေကြောင့် အပြင် နဂိုကတည်းက လူမျိုး၊ ဘာသာချစ်စိတ် အခြေခံကောင်း တဲ့ စင်ကာပူ တရုတ်အမျိုးသမီးတွေကိုလည်း ချီးကျူးရမှာပေါ့ဗျာ။

မွတ်တစ်ချို့ကတော့ အမျိုးသမီးကို စည်းရုံးလို့ မရတဲ့အခါမှာ သူတို့ကိုယ်သူတို့ အခြားဘာသာပါလို့ လိမ်ညာပြီး ROM လက်ထပ်ရုံးမှာ လက်ထပ်တာ ရှိပါတ ။ .. ဒါဆိုကော ဘာထူးသေးလဲကွာ .. ဆိုရင် .. မတူတဲ့ အချက်က အဲဒီအမျိုးသမီး ကို မွတ်ဘာသာထဲ ၀င်ခိုင်းလို့ မရတော့ပါဘူး။ အတင်းအကြပ် ၀င်ခိုင်းခဲ့ရင် သူ့ကိုယ်သူ အခြားဘာသာပါလို့ ရုံးတော်မှာလိမ်ငြာ ထွက်ဆို တာက တစ်မှု၊ မွတ်ဘာသာထဲကို အတင်းအကြပ်ဝင်ခိုင်းတာက တစ်မှုဆိုတော့ အမှုနှစ်မှု ဖြစ်မယ်ပေါ့ဗျာ။ ဒီအပြင် ROM လက်ထပ်ရုံးမှာ လက်ထပ်လိုက်ပြီ ဆိုတာနဲ့ နောက်တစ်ယောက်တော့ လုံးလုံးလျားလျားယူလို့ မရတော့ပါဘူး။ အမွေဆက်ခံမှုတွေက အစ မွတ်ထုံးစံကို လိုက်လို့မရတော့ပါဘူး။

ဒါဆို .. ဟုတ်ပါပြီ .. မွတ်အချင်းချင်း ၄ယောက်ယူပြီး လူနဲ့ မျိုမယ်ဆိုရင်ကော ?? … ဆိုတော့လည်း .. အလွယ်တကူ နောက်တစ်ယောက်ထပ်ယူလို့ မရအောင် ဥပဒေကို ပညာသားပါပါ ပြဋ္ဌာန်းတားမြစ်ထားပါတယ်။ ဒီနေရာမှာ ROMM မွတ်စလင်လက်ထပ်မော်ကွန်းရုံးကို MUSLIM LAW ACT နဲ့ အုပ်ချုပ်ပါတယ်။ မွတ်တွေကို ၄ ယောက်ယူခွင့်ပေးတယ်ပေါ့ဗျာ ... ဒါပေမယ့် တကယ်ယူဖို့ မလွယ်ဘူး။ နောက်တစ်ယောက်ယူချင်တယ်ဆိုတာနဲ့ နောက် တစ်ယောက်ကို ကျွေးနိုင်လောက်အောင်ချမ်းသာကြောင်း ပိုင်ဆိုင်မှုတွေ အကုန်ပြရပါတယ်။ ဒါဟာ ဘာကို တားလိုက်တာလည်း ဆိုတော့ သာမာန် လူတန်းစားနဲ့ ဆင်းရဲသားမွတ်တွေ နောက်မိန်းမယူခွင့် မရှိဆိုတာကို သွယ်ဝိုက်သောနည်းနဲ့ တားလိုက်တာပါ။ ယူခွင့်ရှိတဲ့ မွတ်အရေအတွက် အလိုအလျောက်နည်းသွားတာပေါ့ဗျာ။

ဒါဆိုသူဋ္ဌေးမွတ်တွေ လွတ်လွတ်လပ်လပ်ယူမှာပေါ့ ဆိုပြန်တော့လည်း ... ဒီလို ‘ထစ်’ထားပြန်တယ်။ နောက်တစ်ယောက်ယူမယ်ဆိုတာနဲ့ တရားရုံးမှာ လျှောက်ရပါတယ်။ ဒီအခါမှာ တရားရုံးက ဘာလုပ်သလဲဆိုတော့.. Kadi လို့ ခေါ်တဲ့ အရာရှိက .. ပထမ မိန်းမရော၊ နောက်ယူမယ့် မိန်းမကော နှစ်ယောက်စလုံးကို သီးခြားစီခေါ်ယူတွေ့ဆုံပြီး အသေးစိတ် အင်တာဗျုးပါတယ်။

လက်ရှိမိန်းမကို အဓိကမေးတာက နောက်တစ်ယောက်ယူတာကို မင်းသဘောတူရဲ့လား? လက်ခံနိုင်ရဲ့လား?

နောက်တစ်ယောက်ရောက်လာရင် မင်းစိတ်ချမ်းသာမှာ သေချာရဲ့လား ? ခြိမ်းခြောက်ထားလို့ သဘောတူနေရတာလား?

ဆိုတာတွေကို ခရေစေ့တွင်းကျ မေးတယ်ပေါ့ဗျာ။ သူက ‘NO’ ဆိုရင်ယူခွင့် မရှိပါဘူး ... ဘယ်လိုလဲ? မွတ်မတွေ သိပ်သဘောထားကြီးမယ်ထင်သလား? ကျွန်မယောက်ျား နောက်မိန်းမတစ်ယောက်ထပ်ယူမှာကို သိပ်ပျော်တာပဲလို့ ဖြေမယ်ထင်သလား? ...

အိုစမာဘင်လာဒင်ကို ခြေရာခံမိသွားတာဟာ သူ့ရဲ့ ပထမ မယားကြီးရဲ့ သတင်းပေးချက်ကြောင့်ပါလို့ စီအိုင်အေအရာရှိတစ်ဦးက ၀န်ခံ ပြောဆိုသွား ခဲ့ပါတယ်။ အငယ်ဆုံးမိန်းမကို ဂရုစိုက်လွန်းတာကို သည်းမခံနိုင်တော့လို့ ကိုယ့်ယောက်ျားကို သတ်မယ့်သူကိုတောင် မိတ်ဖွဲ့နိုင်တာကို ကြည့်လိုက်ရင် မွတ်စလင် အမျိုးသမီးတွေ မယားကြီး၊ မယားငယ်လုပ်ရတာကို မပျော်ပိုက်ကြဘူးဆိုတာ ထင်ရှားပါတယ်။ ဒါကို အသေအချာနားလည်တဲ့ စင်ကာပူသားတွေက မင်းတို့ရဲ့ ‘မယားကြီးရဲ့ သဘောတူလက်ခံမှု’ ရရင် နောက်မိန်းမတစ်ယောက်ထပ်ယူပါ ဆိုတာဟာ 'မယူနဲ့’ လို့ ပညာသားပါပါ တားထားတဲ့ ဥပဒေတစ်ရပ်ပဲ ဖြစ်ပါတယ်။

အခြားအသေးစိတ် အချက်အလက်တွေကို ဒီလင့်မှာ [http://policy.mofcom.gov.cn/english/flaw!fetch.action?id=bfd32cf9-e1e7-4378-8455-beb6d4f28c16&pager.pageNo=7#934446910-002016] ဖတ်ကြည့်နိုင်ပါတယ်။

၁၉၆၆ မှာ စတင်ပြီး တင်းကျပ်စွာရေးဆွဲကာ ကျပ်ကျပ်မတ်မတ်ဆောင် ရွက်လိုက်တာ ၁၉၇၀ နဲ့ ၁၉၇၄ အကြားမှာ လက်ထပ်ကြတဲ့ မွတ်အတွဲပေါင်း ၁၃,၁၂၃ မှာ ၃၅ ယောက်ပဲ မိန်းမတစ်ယောက်ထက်ပိုယူပါတော့တယ်။ ယနေ့အခါမှာ တော့ မိန်းမတစ်ယောက်ထက်ပိုယူတဲ့ စင်ကာပူမွတ်စလင် ဆိုတာ မရှိသလောက်တောင် ရှားသွားပြီ ဖြစ်ပါတယ်။

နောက်တစ်ခါ .. ဟုတ်ပါပြီ .. မိန်းမတစ်ယောက်ယူပြီး ကလေး တစ်ဒါဇင်လောက်မွေးနေရင်ရောလို့ စောဒကတက်နိုင်ပါသေးတယ်။ ဒါကိုလည်း သမ္မတကြီး လီကွမ်ယုက ၁၉၇၀ ခုနှစ်မှာ ‘Stop at Two’ ဆိုတဲ့ မူဝါဒကို ချမှတ်အကောင်အထည်ဖော်ခဲ့ပါတယ်။ မွတ်အပါအ၀င် မိသားစု အားလုံး ကလေး ၂ယောက်ထက်ပို မွေးခွင့်မရှိဘူးပေါ့ဗျာ။

ဒီလိုဆိုတော့ မွတ်တွေအနေနဲ့ မိန်းမကလည်း တစ်ယောက်ထက်ပို မယူရ၊ ကလေးကလည်း ၂ယောက်ထက်ပို မယူရဆိုတော့ သူတို့ ရဲ့ လူမျိုစီမံကိန်းကြီး လုံးဝရပ်ဆိုင်းသွားလေသတည်းပေါ့ဗျာ။ [ယခုအချိန်မှာတော့ စင်ကာပူဟာ ချမ်းသာနေပြီမို့ Stop at two ပေါ်လစီကို ဆက်လက် မကျင့်သုံးတော့ပါဘူး။ ကလေးပြန်မွေးခိုင်းပါပြီ။ ဒါပေမယ့် လူဦးရေအချိုးကိုတော့ သေသေချာချာ စောင့်ကြည့်နေပါတယ်။] ကျွန်တော့်တို့မြန်မာတော်တော်များများက မွတ်ဆိုရင် ကလေးယူနှုန်းတားခွင့်မရှိလို့ ပဲ သိကြတဲ့သူများပါတယ်။

တကယ်တော့ မဟုတ်ပါဘူး။ မိန်းမ ၄ ယောက်ယူသလိုပါပဲ။ တန်းတူထား ရင်ယူခွင့်ရှိတယ် လို့ပဲ ပြောထားတာပါ။ ကလေးမွေးတဲ့ကိစ္စလည်း ဒီသဘောပါပဲ ။ သူတို့ဘာသာမှာ ကလေးများများယူတာကို အားပေးတယ်ပဲ ပြောထားပါတယ်။ လုံးဝတားမြစ်ခွင့်မရှိလို့ ပိတ်ပင်ထားတာမဟုတ်ပါဘူး။ ဒါကြောင့်လည်း အခုအခါမှာ မွတ်စလင်နိုင်ငံ တော်တော်များများမှာ သားဆက်ခြား စီမံကိန်းတွေကို ဆောင်ရွက်လာနေကြပါပြီ။

ဒီနေရာမှာ ကျွန်တော်တို့နိုင်ငံမှာ လက်ရှိဆောင်ရွက်နေတဲ့ သားဆက်ခြား စီမံကိန်းအကြောင်း အနည်းငယ် ဝေဖန်ဆွေးနွေးချင်ပါတယ်။ ကျွန်တော်တို့ ဆီမှာ တစ်မိသားစု ကလေး ဘယ်နှစ်ယောက်လို့ အတိအကျသတ်မှတ် လိုက်ပြီလို့တော့ မကြားမိသေးပါဘူး။ ကျေးရွာတွေမှာ ဆရာဝန်၊ ဆရာမတွေ က ရွာသူရွာသားတွေကို သားဆက်ခြားဖို့ နားချကြပါတယ်။ မြန်မာတွေရဲ့ ထုံးစံအတိုင်း ပြောတဲ့စကားကို နားထောင်ကြတဲ့ အတွက် တားဆေးသုံးလာ ကြပါပြီ။ ဒါပေမယ့် မွတ်ရွာတွေမှာကျတော့ သူတို့ဘာသာက မတားခိုင်းဘူး ဆိုပြီး သိပ်မသုံးကြပါဘူး။

ဒီအတိုင်းဆက်သွားကြရင် တစ်ချိန်မှာ မြန်မာတွေနည်းပြီး မွတ်တွေများတဲ့ အနာဂတ်မြန်မာနိုင်ငံ ဖြစ်လာနိုင်ပါတယ်။ တစ်မိသားစု ကလေး ၄ ယောက်ဆို ၄ ယောက် .... စသဖြင့် တိတိကျကျ သတ်မှတ်ဖို့ လိုပါတယ်။ ဆရာဝန်၊ ဆရာမတွေရဲ့ အပြစ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အုပ်ချုပ်သူတွေနဲ့ နိုင်ငံရေး သမားများအားလုံး သေသေချာချာ လေးလေးနက်နက် စဉ်းစားချင့် ချိန်ပြီး တိကျတဲ့ မူဝါဒတွေချမှတ်ဖို့ လိုပါတယ်။ ရှေးယခင်ကာလတွေတုန်းက ‘အိမ်ထောင်၊ သားမွေး’ဆိုတာ လူမှုရေးကိစ္စသက်သက် ဖြစ်ခဲ့ပေမယ့် ယခု အခါမှာတော့ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးမက တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာနဲ့ပါ သက်ဆိုင်နေပြီဆိုတာကို သတိထားမိဖို့ လိုပါတယ်။

လက်ရှိကျွန်တော်တို့ နိုင်ငံမှာ ထွန်းကားလာတဲ့ အမျိုးသားရေးစိတ်ဓါတ်နဲ့ ပတ်သက်လို့လည်းဆွေးနွေးချင်ပါတယ်။ တကယ်တော့ ဒီအမျိုးသားရေး ၀ါဒဟာ ၁၉ ရာစုနဲ့ ၂၀ ရာစုမှာ အကြီးအကျယ်ထင်ရှားခဲ့ပါတယ်။ ဒီမျိုးချစ် စိတ်တွေပြင်းထန်ခဲ့တဲ့အတွက် ဥရောပသားတွေဟာ သူတို့လူမျိုးကောင်းစား ဖို့အတွက် ကမ္ဘာကို ကျွန်ပြုခဲ့တယ်ဆိုပါတော့။

ဟစ်တလာလို သိပ်အစွန်ရောက်သူတွေပေါ်လာတော့ ကမ္ဘာစစ်ကြီးတွေဖြစ်ပြီး ပြာကျခဲ့ကြပါတယ်။ စစ်ကြီးတွေပြီးတော့မှ ပြန်စဉ်းစားကျတော့ .. အော် မျိုးချစ်စိတ်တွေကြောင့် ငါတို့တွေ စစ်ဖြစ်ခဲ့ကြတာလို့ တွေးမိပြီး မျိုးချစ်စိတ်တွေ ကို အပြစ်မြင်ကာ ပြန်လျှော့ချကြတယ်ပေါ့ဗျာ။ ဒီနေရာမှာ ကျွန်တော်တို့ မြန်မာတွေ သံယောင်မလိုက်မိဖို့ လိုပါတယ်။ ကျွန်တော်တို့ နဲ့ သူတို့နဲ့က သမိုင်းကြောင်းချင်း မတူပါဘူး။

မြန်မာပြည်ဟာ သီပေါမင်းလက်ထက်မှာ ပါတော်မူတယ်ဆိုပေမယ့် အဓိကတာဝန်ရှိတာ မင်းတုန်းမင်းပါ။ သူလက်ထက်မှာ ပြင်ဆင်ဖို့ အချိန်ရပေ မယ့် တရားဝင်မိဖုရား ၆၀ အပြင် မောင်းမမိဿံ၊ မိဖုရားငယ်အပါအ၀င် မိန်းမ ၁၀၀ ကျော်နဲ့ အပျော်ကျုးနေတော့ တိုင်းပြည်အတွက် ပြင်ဆင်ဖို့ သတိမရနိုင် ဘူးပေါ့ဗျာ။ မင်းတုန်းမင်းသာ ကနောင်မင်းသားကြီး တစ်ဝက်လောက် တိုင်းပြည် အတွက် စိတ်ဝင်စားခဲ့ရင်၊ အမျိုးသားရေး ပေါ့ပေါ့မတွေးခဲ့ရင် သီပေါလို အရည်အချင်းမရှိသူ ဘုရင်တက်ဖြစ်ပြီး ပါတော်မမူနိုင်ဘူးပေါ့ဗျာ။

လက်နက်ချင်းကွာလို့သက်သက် ရှုံးတာမဟုတ်ပါဘူး။ [သီပေါမင်းသား ၁၆ နှစ်မှာ မင်းဖြစ်သလို အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ချူလာလောင်ကောင် မင်းသားဟာ အသက် ၁၄နှစ် နဲ့ သီပေါဘုရင်နဲ့ မရှေးမနှောင်းမှာ ဘုရင်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တိုင်းပြည်ကို အပြည့်အ၀စိတ်ဝင်စားပြီး အသေအချာ ဥာဏ်ကစားနိုင်ခဲ့တော့ ပြင်သစ်လက်ကလွတ်သလို အဂ๎လိပ်လက်ကလည်း လွတ်ခဲ့ပါတယ်။] ဒီတော့ ဥရောပသားတို့က မျိုးချစ်စိတ်ပြင်ထန်ခဲ့လို့ နယ်ချဲ့တွေဖြစ်ခဲ့ချိန်မှာ ကျွန်တော်တို့က အမျိုးသားရေးပေါ့ပေါ့တွေးခဲ့ကြလို့ သူ့ကျွန်ဖြစ်ခဲ့ကြပါတယ်။ ဗိုလ်မင်းရောင်တို့၊ ၀န်းသိုစော်ဘွားကြီးတို့၊ ဗိုလ်ချုပ်အောင်ဆန်းတို့ ဦးဆောင်ခဲ့တဲ့ ကျွန်တော်တို့ ဘိုးဘွားတွေသာ ‘မဟာလူသားဆန်ဝါဒ’ ကျင့်သုံးပြီး British လည်းလူပဲ၊ မြန်မာလည်းလူပဲ .. လူ လူချင်းအုပ်ချုပ်တာ အရေးမကြီးဘူးလို့ တွေးခဲ့ကြရင် ကျွန်တော်တို့ အခုထိတောင် လွတ်လပ်ရေး ရဦးမှာ မဟုတ်သေးပါဘူး။

ဒါကြောင့် ဥရောပသားတွေအတွက် မျိုးချစ်စိတ်ဟာ အဆိပ်ဖြစ်ခဲ့တယ် ဆိုရင်တောင် ကျွန်တော်တို့အတွက် ကတော့ ဆေးလို့ပဲ ယုံကြည်ပါတယ်။ တကယ်တော့ သူတို့တတွေက မျိုးချစ်စိတ်များလွန်းနေတာ ဖြစ်ပြီး၊ ကျွန်တော်တို့တတွေက နည်းလွန်းနေတာပါ။ ဒီနေရာမှာ ဆရာတော်များက အမျိုးသားရေးစိတ်ဓါတ်များ မွေးကြဖို့၊ ကိုယ့်လူမျိုး၊ ဘာသာဝင်အချင်းချင်းချစ်ကြဖို့ ဆုံးမတာကို ခါးခါးသီးသီး ဖြစ်ကြတဲ့ မြန်မာတွေကို တွေ့လို့ အံ့အားသင့်မိပါတယ်။

ဆန့်ကျင်ပြောဆိုသူတွေကိုချည်းပဲ အံ့သြတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ မြန်မာတွေရဲ့ နားမှာ မျိုးချစ်စိတ်ဆိုတာကို အင်မတန်စိမ်းနေကြတာကို တွေ့မိလို့ပါ။ (အစွန်းရောက် မျက်ကန်းမျိုးချစ်မျိုးကို အားမပေးသလို ကောက်ရိုးမီး မျိုးချစ်စိတ်မျိုးကိုလည်း အားမပေးပါ။) မျိုးချစ်စိတ်ဆိုတာ ကျွန်တော်တို့ တစ်နိုင်ငံတည်းများ ကွက်ပြီး ပျောက်ဆုံးနေသလားလို့တောင် စဉ်းစားမိပါတယ်။ တကယ်တော့ ဘာသာခြား၊ လူမျိုးခြား တော်တော်များများ ဟာ ကလေးဘ၀ကတည်းက ကိုယ့်လူမျိုးကို ချစ်ကြဖို့၊ စည်းလုံးကြဖို့ သွန်သင်ခံခဲ့ကြရပါတယ်။ သူတို့လူမျိုးသူတို့ ချစ်ရမယ်ဆိုတာကို ဘယ်သူကမှ ကြီးလာမှ တစ်ကူးတစ်က ထပ်ပြီးသင်နေစရာ မလိုအောင်ကို သိကြပါတယ်။ စင်ကာပူမှာလည်း ဒီအတိုင်းပါပဲ။ စင်ကာပူ တရုတ်အမျိုးသမီးတွေဟာ သူတို့ နဲ့လူမျိုးတူ၊ ဘာသာတူတွေကို ပဲ ယူကြတာများပါတယ်။

သေသေချာချာပြန်စဉ်းစားကြည့်ရင် စင်ကာပူဆိုတာ မြို့သေးသေးလေးပါဗျာ။ မလေးရှားနဲ့ အင်ဒိုနီးရှားလို မွတ်စလင်နိုင်ငံကြီး ၂ နိုင်ငံရဲ့ အလယ်နားမှာ နေရတဲ့ မြို့လေးတစ်မြို့ပါ။ ‘မွတ်စလင်ပတ်လည် ၀န်းရံနေသောမြို့ကို စင်ကာပူဟုခေါ်သည်’ လို့တောင် ပြောလို့ ရပါတယ်။ တကယ်လို့များ ...
- စင်ကာပူသားတွေသာ သူတို့ခြံစည်းရိုးကို အသေအချာမကာရံခဲ့ကြရင် ...
- စင်ကာပူအစိုးရကသာ မွတ်တွေရဲ့ မျိုးပွားနှုန်းထိမ်းချုပ်တဲ့ ဥပဒေတွေကို ပညာသားပါပါ မပြဋ္ဌာန်းထားခဲ့ရင် …

- စင်ကာပူတရုတ်အမျိုးသမီးတွေသာ လင်ယူပက်စက်ခဲ့ကြရင် …
....... ''Islamic Republic of Singapore'' ဆိုတဲ့ နိုင်ငံသစ်တစ်နိုင်ငံဟာ ဒီကမ္ဘာမြေမှာ ပေါ်ထွန်းလာခဲ့တာ အတော်လေးတောင်ကြာနေလောက်ပါပြီ။ စင်ကာပူမှာ လက်ရှိမွတ်စလင် ၁၅ % ရှိပါတယ်။ ၁၉၆၅ မှာ လွတ်လပ်ရေး ရခဲ့တဲ့ စင်ကာပူဟာ လွတ်လပ်ရေးရခါစတုန်းကလည်း မွတ်စလင် ၁၅% ၊ အခုလည်း ၁၅% ပါ။ မွတ်ရာခိုင်နှုန်းတွေလုံးဝ တိုးမလာပါဘူး။

စင်ကာပူသားတွေဟာ အခုလိုကမ္ဘာကတောင် လေးစားရအောင် ချမ်းသာ ကြီးပွား တိုးတက်အောင် ဆောင်ရွက်နိုင်ရုံမက မွတ်စလင်တွေရဲ့ လူမျိုတိုက်စစ်အောက်မှာ ၀ါးမျိုမှုကို မခံခဲ့ကြရဘူးဆိုတာဟာ အစိုးရနဲ့ ပြည်သူ လက်တွဲညီညီ ဆောင်ရွက်နိုင်ခဲ့လို့ပါ။ အစိုးရက လိုအပ်တဲ့ ဥပဒေပြဋ္ဌာန်း ကာကွယ်နေချိန်မှာ ပြည်သူတွေကလည်း ကိုယ့်လူမျိုးတူ၊ ဘာသာတူချင်း အားပေးခဲ့ကြ၊ လက်ထပ်ခဲ့ကြပါတယ်။

ဒါကြောင့်မို့လို့ ကျွန်တော်တို့ နိုင်ငံမှာလည်း လူမျိုး၊ ဘာသာ၊ သာသနာ မကွယ်ပျောက်ရလေအောင် ပြည်သူပြည်သားတွေဘက်ကလည်း အမျိုးသားရေးစိတ်ဓါတ်တွေ ပြန်လည်နိုးကြားကြဖို့ လိုသလို အစိုးရအနေ နဲ့လည်း ကိုယ့်လူမျိုး၊ ဘာသာ၊ သာသနာကို ရေရှည်တည်တံ့အောင် ထိမ်းသိမ်းကာကွယ်ပေးနိုင်မယ့် လက်တွေ့ကျတဲ့ ဥပဒေအသစ်တွေ ပြဌာန်းပေးနိုင်ပါစေလို့ နှစ်သစ်ဦးမှာ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်

လူမျိုး၊ ဘာသာ၊ သာသနာ အဓွန့်ရှည်တည်တံ့ပါစေလို့ ဆန္ဒပြုလျက် -.....

ဒီပို့စ်လေးကို  အ၇မ်းကြိုက်လို့  ဧဒင်ဥယျာဉ်...ကနေ  ယူထားတာပါ......