ပည်တွင်းပြည်ပမိုဘိုင်းဖုန်းဆိုင်ရာသတင်းများ | By သက်နိုင်စိုး
GSM နှင့် WCDMA ဖုန်းများတွင် SMS စနစ်ဖြင့် အင်တာနက် လျှောက်ထားရာ ၌ ပြဿနာ အနည်းငယ် ပေါ်ပေါက်လျှက်ရှိ
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွင် သွားရောက် လျှောက်ထားရသော မိုဘိုင်းဖုန်း
အင်တာ နက် လျှောက်ထားမှု များကို ၁-၈-၂၀၁၃ ရက်နေ့မှ စတင်ပြီး SMS စနစ်
အသုံးပြုလျှောက် ထားခွင့် ပြုခဲ့သော် လည်း လျှောက်ထားရာ၌ ပြဿနာ အနည်း ငယ်
ပေါ်ပေါက် လျှက်ရှိကြောင်း ၃-၈-၂၀၁၃ ရက်က သိရသည်။
“ညီမကော သူငယ်ချင်းတွေပါ ဖုန်းကနေတဆင့် 1331 နံပါတ်ကို order data service
လို့ ရိုက်ပြီး Massage ပို့ အင်တာနက် လျှောက်ခဲ့ပါတယ်။ ဘာလို့လဲမသိဘူး
Massage လည်း ပြန်မပို့ဘူး။ ပြီးတော့ ပိုက်ဆံလည်း လျော့မသွားပါဘူး။
အဲဒီတော့ ညီမတို့ orderdata service လို့ ရိုက်ပြီး ထပ်ပို့တော့လည်း မရဘူး။
လုပ်တာနည်းလည်း စုံနေပါပြီ။ အင်တာနက်လိုင်းတွေ ကျပ်နေလို့လား မသိပါဘူး” ဟု
SMS ဖြင့် အင်တာနက် လျှောက်ထားမည့်သူ တစ်စုက ပြောသည်။
မိုဘိုင်းဖုန်းဖြင့် အင်တာနက် လျှောက်ထားရာတွင် Massage နံပါတ် 1331 ကို
ရိုက်နှိပ်ပြီး order data service ရေးပြီး Massage ပေးပို့ လျှောက်ထားရမည်
ဆိုသော်လည်း လျှောက်ထားသည့် အခါတွင် အခက်အခဲများ ဖြစ်ပေါ်လျှက်ရှိကြောင်း
သိရသည်။
အဆိုပါ ဖြစ်ပေါ်နေသော အခက်အခဲများနှင့် ပတ်သက်ပြီး Call
Centre သို့ ဆက်သွယ်မေးမြန်းရာ “အင်တာနက် လျှောက်ထားတဲ့ နေရာတွေမှာ ပြဿနာ
ဖြစ်တာ မရှိဘူး။ တစ်ခုရှိတာ က ရေးတဲ့ စာသား မှားယွင်းပို့မိတာမျိုး
ဆိုရင်တော့ သူတို့က ပိုက်ဆံလည်း မဖြတ်ဘူးပေါ့။ အင်တာနက် လျှောက်လို့လည်း
ရမှာ မဟုတ်ပါဘူး။
1331 သို့ SMS ပေးပို့ လျှောက်ထားရာမှာ
ရေးသားပေးရမယ့် စာသားမှာ Orderdata service ဖြစ်ပါတယ်။ ရေးတဲ့အခါမှာ
သတိထားရမှာက Order-data ကို တွဲလျက်ရေးရမယ် ပြီးရင် spacebar ခြားပြီးတော့
service ကို ရေးကို ရေးပေးရပါမယ်။
အဲ့လို ရေးတဲ့အခါမှာလည်း ရှေ့က
(O) ကိုလည်း အကြီးနဲ့ ရေးပေးရမှာ ဖြစ်ပြီးတော့ (s) ကိုလည်း အသေးနဲ့
ရေးပေးရမှာ ဖြစ်ပါတယ်” ဟု ပြန်လည် ပြောကြားခဲ့သည်။
ယင်းသို့ SMS
စနစ်ကို အသုံးပြု အင်တာနက် လျှောက်ထားရာတွင် စာသားမှားယွင်း ရေးသား
ရိုက်နှိပ်မှုများကြောင့် အင်တာနက် အသုံးပြု ဝန်ဆောင်မှု မရရှိခြင်း များ
ဖြစ်ပေါ်လျှက်ရှိသည့် အတွက် အထက်ပါအတိုင်း စာသားမှန်ကန်စွာ ရိုက်နှိပ်
ပို့ဆောင်ပေးသင့်သည်။
မှန်ကန်စွာ စာသားရိုက်နှိပ်ပြီး 1331 သို့
ပေးပို့လျှောက်ထားပြီးလျှင် မိမိဖုန်းအင်တာနက် ရရှိပြီဖြစ် သာ စာတိုမက်ဆေ့
“You have orderservice successfully” ဆိုပြီး မက်ဆေ့ခ်ျ ပြန်ပို့ပေး မည်
ဖြစ်သည်။
SMS စနစ်ဖြင့် အင်တာနက် လျှောက်ရန်အတွက်
မိုဘိုင်းဖုန်းအတွင်း ကျပ် ၁၀၀၀၀ ကျော် ထည့် သွင်းရမည်ဖြစ်ပြီး SMS
ပေးပို့ခကို ဖြတ်တောက်သွားမည် မဟုတ်ကြောင်း သိရသည်။
Ref & Credit:ပြည်မြန်မာ
No comments:
Post a Comment