ယနေ့ မလေးရှားအစိုးရ၏ ကြော်ငြာချက်အတိုင်း မလေးရှား ကွာလာလမ်ူရှိ မြန်မာဆိုင်တန်းများတစ်လျှောက်တွင် ရဲ ၊ လဝက ၊ ရေးလား ၊ ပြည်သူ့စစ် ၊ သတင်းသမားများ စသဖြင့် စုံလင်စွာ ဖမ်းဆီင်္းမှုကိုစတင်ခဲ့သည် ။
တရားမဝင် နေထိုင်သူ ၊ အထောက်အထားမပြည့်စုံသူအားလုံးကို ဆွဲခေါ်ပုံစံဖြင့်ဖမ်းဆီးသွားခဲ့ပြီး ကား ၃ စီးအပြည့်တင်ဆောင်သွားခဲ့သည် ။
ထို့အတူ ကလန်းလားမား ၊ Miharja ၊ Maluri ၊ Kuchin Lama ၊ Klang ၊ စသည့်အလုပ်သမား များနေထိုင်ရာ နေရာများတွင် ဖမ်းဆီးနေဆဲဖြစ်သည် ။
ထို့အပြင် Jalan prima setapak 5 - of jalan genting klang. setapak
တွင်လည်းဖမ်းဆီးနေပြီဖြစ်ကြောင်း မလေးရှားရောက် မြန်မာများ Facebook
အသုံးပြုသူမှ သတင်းပေးသွားသည် ။
အလားတူ
မလေးရှားနိုင်ငံတစ်ဝှမ်းဖြစ်သော Malaka , Mua , Johor , Penang တို့ရှိ
နိုင်ငံခြားသားအလုပ်သမားများနေထိုင်သော
နေရာများတွင်လည်းဖမ်းဆီးနေပြီဖြစ်ကြောင်းနှင့် ယနေ့ 1.9.2013 နေ့တွင်
မလေးရှားနိုင်ငံ ကွာလာလမ်ပူနှင့်နေရာတော်တော်များများတွင်
ဆက်တိုက်ဖမ်းဆီးနေပြီဖြစ်ကြောင်းကို မလေးရှားရောက်မြန်မာများမှ
သတင်းပေးသွားခဲ့သည် ။
အထူးသဖြင့် မိမိတို့နေအိမ်သည်
နိုင်ငံခြားသားများနေသည့်အိမ်ပုံစံအတိုင်း ၊ ရှုပ်ရှက်ခတ်နေသော
အဝတ်စားများလှမ်းခြင်း ၊ ကွမ်းတံတွေးများဖြင့် ညစ်ပတ်ခြင်း ၊
အများသိသာလွယ်သော နိုင်ငုံခြားသားများနေအိမ်ပုံစုံ ဖြစ်နေခြင်းတို့ရှိပါက
သန့်ရှင်းထားရန် လိုအပ်သည် ။
ဝင်ရောက်စစ်ဆေးသွားသောနေအိမ်များသည် နိုင်ငံခြားသားများနေထိုင်သည်ဟု သေချာသော အိမ်များကိုသာ ဝင်ရောက်သွားကြောင်းသိရသည် ။
ဆက်လက်ပြီး ယနေ့ညနေ ရရှိမည့်သတင်းများကို ဆက်လက်တင်ဆက်ပေးသွားမည် ။
www.facebook.com/mmrinmy
No comments:
Post a Comment