Monday, May 27, 2013

ဘင်္ဂါလီမိသားစုများအား တစ်အိမ်ထောင် ကလေးနှစ်ယောက်မူဝါဒချမှတ်


ဘင်္ဂါလီမိသားစုများအား တစ်အိမ်ထောင် ကလေးနှစ်ယောက်မူဝါဒချမှတ်

ရန်ကုန်၊ မေ- ၂၆

ဘင်္ဂါလီများ၏ လူဦးရေ ပြန့်ပွားနှုန်းကို ထိန်းချုပ်ရန် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ဘင်္ဂါလီ
တစ်မိသားစုလျှင် ကလေးနှစ်ယောက်နှုန်းသာယူရန် ဒေသဆိုင်ရာ အမိန့်ထုတ်ပြန်ထားကြောင်း
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိသည်။

“တစ်ပတ်လောက်ရှိသွားပြီ။ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေးနဲ့ ကွပ်ကဲမှုဌာန (နစက)က
ထုတ်ပြန်တာ”ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်ကပြောသည်။ အဆိုပါ ထုတ်ပြန်ချက်တွင်
ဘင်္ဂါလီများအနေဖြင့် အသက် (၁၈) နှစ် မပြည့်မီ လက်ထပ်ထိမ်းမြားခြင်းမပြုရန်၊ ဘင်္ဂါလီအချင်းချင်း လက်ထပ်
ထိမ်းမြားလိုပါက နစက၏ခွင့်ပြုချက်တောင်းခံရန်၊ မိသားစု တစ်စုလျှင် ကလေးနှစ်ယောက်နှုန်း သာယူရန်၊
ဘင်္ဂါလီအမျိုးသားတစ်ဦးသည် အမျိုးသမီးတစ်ယောက် သာယူရန်တို့ ပါဝင်ကြောင်း ရခိုင်ပြည်နယ်
လူဦးရေစာရင်းကောက်ခံရေး ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ဝင် ဦးသန်းထွန်းက ပြောသည်။

“ဒီဥစ္စာရှင်းပါတယ်။ လူ့အခွင့်အရေးနဲ့ဆက်နွှယ်နေတဲ့ ကိစ္စပဲ။ ဒါကိုလုံးဝဆန့်ကျင်တယ်။ နောက်ပြီး
ရခိုင်ပြည်နယ်မောင်တော၊ ဘူးသီးတောင်ဒေသတစ်ခုကိုကွက်ပြီး မလုပ်ရဘူးလေ။ လုပ်ချင်ရင် တစ်နိုင်ငံ
အတိုင်းအတာနဲ့ လုပ်။ ဒါကို ကျွန်တော်တို့ပါတီအနေနဲ့ လုံးဝ ကန့်ကွက်တယ်။ လုံးဝလက်မခံ နိုင်ဘူး။
ဒါသက်သက်လူမျိုးတွေအပေါ် တစ်နည်းအားဖြင့် အနိုင်အမင်းစော်ကားခြင်းပဲဗျ”ဟု အမျိုးသားဖွံ့ဖြိုး
တိုးတက်ရေးပါတီပြောကြားရေး တာဝန်ခံ ကိုစလင်းက ညွှန်ကြားချက်အပေါ်တုံ့ပြန်ပြောသည်။

ထိုသို့ ဘင်္ဂါလီများ၏ လူဦးရေ ထိန်းချုပ်ခြင်းအတွက် အရင်အစိုးရ လက်ထက်၌ လုပ်ဆောင်ခဲ့သော် လည်း
လက်ရှိအချိန်တွင် ပိုမိုထိ ရောက်ရန် တရားဝင် အမိန့်ထုတ် ပြန်ခဲ့ခြင်းဖြစ်ကြောင်း ဦးသန်းထွန်း က ပြောသည်။

သို့သော် လူဦးရေထိန်းချုပ်မှုကို ပိုမိုထိရောက်ရန် ဘင်္ဂါလီများ နေထိုင်သော နေရာများတွင် အချုပ်အခြာအာဏာ
စိုးမိုးမှုရှိအောင် ဆောင်ရွက်ရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဦးစီးကာ သားဆက်ခြား ကျန်းမာရေးအသိပညာပေးမှုများ
ကို ထိထိရောက်ရောက် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ဦးသန်းထွန်းက ဆက်လက်ပြောကြားသည်။

“အဓိက အမျိုးသမီးတွေက ပညာမတတ်ဘူး။ အရွယ်ရောက် တာနဲ့ သူတို့မိဘနဲ့ မော်လ၀ီဆရာ တွေက
ကျောင်းပေးမတက်တော့ဘူး၊ခေါ်ပြီးယောက်ျားပေးစားလိုက် တယ်။ အဓိကပညာရေးပဲ။ အခုလို ပညာမတတ်တာဟာ
အရင်အစိုးရမှာ တာဝန်တွေအများကြီးရှိတယ်။ သူတို့ကို ပညာပေးရမယ်” ဟု ရခိုင်ပဋိပက္ခစုံစမ်းရေးကော်မရှင်အဖွဲ့
ဝင်ဒေါက်တာ ဒေါ်ရင်ရင်နွယ်က VOA မြန်မာပိုင်းအစီအစဉ်နှင့် တွေ့ဆုံခိုက် ပြောကြားထားသည်။ ရခိုင်
ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများအား ပြည်ထောင်စုအဆင့်အနေဖြင့် လူဦးရေ စာရင်းကို ဧပြီ ၂၆ ရက်က ကောက်
ခံရာတွင် နှောင့်ယှက်မှုများ ဖြစ်ပွားခဲ့ရာ စာရင်းကောက်ယူမှုကို ရပ်ဆိုင်းထားရသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ).......
7Day News Journal

ဂျပန်သို့ တရားဝင်အလုပ်သမား စေလွှတ်မည်

ဂျပန်သို့ တရားဝင်အလုပ်သမား စေလွှတ်မည်

ရန်ကုန်၊ မေ- ၂၆

ဂျပန်နိုင်ငံသို့ မြန်မာအလုပ်သမားများတစ်လလျှင် လုပ်အားခ အနိမ့်ဆုံးကျပ် ၁၀သိန်းကျော်ဖြင့် တရားဝင် သွားရောက်လုပ်ကိုင်နိုင်တော့မည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ဂျပန်နိုင်ငံသို့ မြန်မာအလုပ် သမားစေလွှတ်မှုကို ယခင်ရပ်ဆိုင်းခဲ့ရာမှယခုအခါ မြန်မာအစိုးရနှင့် ဂျပန်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာလေ့ကျင်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (JITCO) တို့ ပူးပေါင်း၍ မြန်မာအလုပ်သမားများကို တရားဝင်စေလွှတ်ရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ကာ သဘောတူ လက်မှတ်များ ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။

“လုပ်ငန်းမူတည်ပြီးတော့ ယန်းငွေအနိမ့်ဆုံး တစ်သိန်းနှစ်သောင်းလောက်ရမယ်။ သူတို့ဆီမှာ နိုင်ငံခြားသားတွေရဲ့ အခကြေးငွေသတ်မှတ်ချက်အတိုင်းရမယ်။ သူတို့ ဘက်ကအလုပ်ရှာအုံးမှာပေါ့။ အလုပ်ခေါ်စာရမှ ဒီဘက်က လုပ်ငန်း
စလို့ရမှာ။ သူတို့ဘက်ခေါ်ရင် ခေါ်သလောက်ခွင့်ပြုမှာ”ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးအောင်ကပြောသည်။

ဝန်ဆောင်ခနှုန်းထားနှင့် ပတ်သက်၍ အတိအကျသတ်မှတ်ထားခြင်းမရှိသေးကြောင်း သတင်းရရှိသည်။ ထို့အပြင် ယခင်သွားရောက် လုပ်ကိုင်သော မြန်မာအလုပ်သမားများသည် သင်တန်းသားလုပ်သားအဖြစ် ဂျပန်နိုင်ငံရှိစက်ရုံများတွင်သွားရောက်လုပ်ကိုင်ခဲ့သော်လည်း သတ်မှတ်ထားသည့် လုပ်အားခအပြည့်အ၀ မရရှိခြင်းကြောင်းသတင်းရရှိသည်။ ထို့ကြောင့် တရားမ၀င်လုပ်သားအဖြစ် လုပ်ကိုင်လျက်ရှိပြီးခေါင်းပုံဖြတ်ခံရမှုများ ရှိခဲ့ခြင်းကြောင့် မြန်မာအစိုးရဘက်မှ အလုပ်သမားစေလွှတ်မှုရပ်ဆိုင်းခဲ့သည်။

လက်ရှိဂျပန်နိုင်ငံတွင် မြန်မာအလုပ်သမားသောင်းဂဏန်းမျှရှိပြီး ပြည်ပအလုပ်အကိုင်ရှာဖွေရေးအင်ဂျင်စီမှ တစ်ဆင့် သွားရောက်လုပ်ကိုင်ပါက ၀န်ဆောင်ခနှုန်းထားအဖြစ် ကျပ်ငွေသိန်း ၃၀နှင့်အထက်ပေးရကြောင်း သတင်းရရှိသည်။

ဂျပန်နိုင်ငံသို့ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်အပါအ၀င် သက်ဆိုင်ရာအရာရှိများသည် မေ ၂၀မှ ၂၅ ရက်ထိ သွားရောက်ဆွေးနွေးခဲ့ကြသည်။....
7Day News Journal

နိုင်ငံပေါင်း 63 နိုင်ငံ ရဲ့ မိုဘိုင်း၊ ကြိုးဖုန်းများကို Skype Subscription (လစဉ်အခပေးစနစ်) ဖြင့် Unlimited ဖုန်းခေါ်ကြမယ်...

နိုင်ငံပေါင်း 63 နိုင်ငံ ရဲ့ မိုဘိုင်း၊ ကြိုးဖုန်းများကို Skype Subscription (လစဉ်အခပေးစနစ်) ဖြင့် Unlimited ဖုန်းခေါ်ကြမယ်...

Myawady News

နိုင်ငံပေါင်း 63 နိုင်ငံ ရဲ့ မိုဘိုင်း၊ ကြိုးဖုန်းများကို Skype Subscription (လစဉ်အခပေးစနစ်) ဖြင့် Unlimited ဖုန်းခေါ်ကြမယ်...

Skype မှာ Unlimited ခေါ်ဆိုနိုင်မယ့် နိုင်ငံများကတော့ ၆၃ နိုင်ငံဖြစ်တဲ့အတွက် မနည်းလှဘူးလို့ ဆိုနိုင်ပါတယ်။ အဆိုပါ ၆၃ နိုင်ငံမှာ မြန်မာပြည်နှင့် ကူးသန်းရောင်းဝယ်မှုပြုနေကြတဲ့ အဆက်အဆံရှိတဲ့ နိုင်ငံတွေ ပါဝင်နေတဲ့အတွက် ဝမ်းသာစရာပါပဲ။ ( အာဖရိက နိုင်ငံများနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများကတော့ မပါဝင်သေးကြောင်းပါ...)
ဝယ်ယူမယ်ဆိုရင်တော့ တစ်နိုင်ငံတည်းဆိုရင် တစ်လကို ၈၀၀၀ ကျပ်သာ ကျသင့်မှာဖြစ်ပြီး နိုင်ငံ ၆၃ နိုင်ငံလုံးဆိုရင်တော့ တစ်လကို ၁၅၀၀၀ ကျပ်သာ ကျသင့်ပါမယ်။

Skype ဖြင့် မိုဘိုင်း နှင့် ကြိုးဖုန်း Unlimited ခေါ်ဆိုနိုင်သော နိုင်ငံများ

Canada
China
Guam
Hong Kong SAR
Puerto Rico
Singapore
Thailand
United States

Skype ဖြင့် ကြိုးဖုန်း Unlimited ခေါ်ဆိုနိုင်သော နိုင်ငံများ

Andorra
Argentina
Australia
Austria
Belgium
Brazil
Brunei
Bulgaria
Chile
Colombia
Costa Rica
Croatia
Czech Republic
Denmark
Estonia
Finland
France
Germany
Greece
Guadeloupe
Hungary
Iceland
Indonesia (Jakarta)
Ireland, Republic of
Israel
Italy
Japan
Korea
Latvia
Lithuania
Luxembourg
Malaysia
Malta
Mexico
Mexico (Guadalajara, Mexico City, Monterrey)
Morocco
Netherlands
New Zealand
Norway
Panama
Paraguay
Peru
Poland
Portugal
Romania
Russia
Russia (Moscow, St Petersburg)
Slovakia
Slovenia
South Africa
Spain
Sweden
Switzerland
Taiwan
Turkey
United Kingdom
Venezuela

အထက်ပါနိုင်ငံများထဲမှာ မြန်မာတွေအသွားများတဲ့ မလေးရှားကတော့ ကြိုးဖုန်းကိုပဲ unlimited ရတဲ့အတွက် ကုမ္ပဏီတွေအနေဖြင့် ကြိုးဖုန်းသို့ ခေါ်ဆိုမှုများသော်လည်း အင်တာနက်ဆိုင်များနှင့် personal call ခေါ်ဆိုလူများအနေဖြင့်
Skype ရဲ့ credit plan ( ကြိုက်သလောက်ပြော ကျသလောက်ရှင်း plan)နဲ့ Skype ရဲ့ Limited Minutes plan ( မိနစ် ပုတ်ပြတ်plan) တွေကို ထပ်မံရွေးချယ်ခွင့်ရှိပါသေးတယ်။

Credit plan ဆိုတာကတော့ Credit ငွေထည့်ထားပြီး ခေါ်ဆိုသလောက် နှုန်းသွားတာပါ။ မလေးရှားကို တစ်မိနစ်ကို ၆၀ ကျပ်လောက်ကျပါမယ်။ Credit 10 ဒေါ်လာကို 12000 ကျပ် Credit 25 ဒေါလာ 30000 ကျပ် 50 Credit ဒေါ်လာ 55000 ကျပ် နှုန်းဖြင့်ဝယ်ယူနိုင်ပါတယ်။

Limited Minutes plan (မိနစ် ပုတ်ပြတ် plan) မှာတော့ မိမိ ခေါ်ဆိုလိုတဲ့ နိုင်ငံကို တစ်လအတွင်း မိနစ် ၆၀၊ မိနစ် ၁၂၀၊ မိနစ် ၄၀၀ စသဖြင့် အပြတ်ဝယ်ယူထားတာပါ။ အင်တာနက်ဆိုင်တွေ ဝယ်ယူမှုအများဆုံး plan ပါပဲ။
အင်တာနက်ဆိုင်တွေ အယူများတာတွေကတော့

မလေး မိနစ် ၄၀၀ - ၇၀၀၀ ကျပ်
ကိုရီးယား မိနစ် ၄၀၀ - ၇၀၀၀ ကျပ်
ရုရှ မိနစ် ၄၀၀ - ၁၀၀၀၀ ကျပ်
အိန္ဒိယ မိနစ် ၈၀၀ - ၁၂၀၀၀ ကျပ်

မလေး မိနစ် ၁၂၀ - ၅၀၀၀ ကျပ်
ကိုရိးယား မိနစ် ၁၂၀ - ၅၀၀၀ ကျပ်
တို့ပဲဖြစ်ပါတယ်။

Skype ဝယ်ယူမယ်ဆိုရင် ရွေးချယ်စရာသုံးမျိုး
(၁) Unlimited Call (တစ်လ 8000 (သို့) 15000 ကျပ် 63 နိုင်ငံသာ)
(၂) မိနစ်ပုတ်ပြတ် (Limited Minute)
(၃) Credit တို့ပဲဖြစ်ပါတယ်။

ဝယ်ယူမယ်ဆိုရင်တော့ ၀ယ်ယူသူများ စိတ်ချမ်းသာစေရန် အလို့ငှာ ချက်ချင်းအသုံးပြုနိုင်အောင် ၀န်ဆောင်မှုပေးနေပါပြီ။

ဆက်သွယ်ရန် - IT DOCTOR Online Services
ဖုန်း - 09 731 69 739
အမှတ် ၉၇၊ ပထမထပ်၊ ၃၉ လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။.....မြ၀တီ သတင်းမှ ကူးယူတင်ပြသည်..

Saturday, May 25, 2013

Viber မြန်မာဗားရှင်း ထွက်ပါပြီ

စာချစ်သူမှတဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။

 ကွန်ပျူတာ အင်တာနက် ဖုံး စတဲ့ အိုင်တီနဲ့ ပတ်သက်တာမှန်သမျှ ကျနော်တို့မြန်မာစာနဲ့ထွက်လာတယ်ဆိုတာတော်တော်လေးကို ရှားပါသေးတယ်။ နိုင်ငံတိုင်း လူမျိုးတိုင်း ကိုယ့်ဘာသာ ကိုယ့်စာပေနဲ့ အရာရာတိုင်းကို ရှိနေချင်ကြတာ သဘာဝပါပဲ။ ကမ္ဘာမှာ ဘယ်ဘာသာစကားကို အဓိကသုံးစွဲရမယ်လို့ သတ်မှတ်ချက် မရှိပေမယ့် အင်အားကြီးတဲ့ ဘာသာစကားကို သုံးနေကြတာ အထင်အရှားပါ။ ကျနော်လဲ လူထဲက လူတစ်ယောက်မို့ ကျနော်တို့မြန်မာစာ မြန်မာစကားကို နေရာတိုင်းမှာ ရှိနေစေချင်တဲ့ ဆန္ဒရှိနေပါတယ်။ အဲဒါကြောင့် ဖုံးအလကားခေါ်ဆိုလို့ လွယ်ကူတဲ့ စမတ်ဖုံးများမှာ အသုံးပြုနေတဲ့ Viber Application ကို မြန်မာမှု ပြုလိုက်ပါတယ်။ အကောင်းကြီးတော့ မဟုတ်ပေမဲ့ အတတ်နိုင်ဆုံး ကြိုးစားလုပ်ထားပါတယ်။ အင်္ဂလိပ်အက္ခရာများနဲ့ ရင်းနှီးနေပြီးသားသူများအတွက် ကြည့်ရတာမျက်စိနောက်ကောင်းနောက်ပေမဲ့မြန်မာလူမျိုးများအတွက် သင့်တော်မယ်ထင်လို့ မြန်မာဗားရှင်းလေးကို လုပ်ဖြစ်သွားတာပါ။ အနှောက်ယှက်ဖြစ်ရင်တော့ တောင်းပန်ပါတယ်။ 

တစ်ချို့ကို Language Data အခက်အခဲကြောင့်   မြန်မာလို မပြန်ဘဲ ဒီတိုင်းထားခဲ့ရပါတယ်။ အဒီအတွက်လဲ ထပ်ပြီး တောင်းပန်ပါရစေ...နောက်ထွက်မည့် ဗားရှင်းအသစ်တွေမှာ ကောင်းသထက်ကောင်းအောင် ကျိုးစားပါ့မယ်။

အခုထွက်လာတဲ့ Viber မြန်မာဗားရှင်းက နောက်ဆုံးထွက် ဗားရှင်းဖြစ်ပြီး iPhone Jailbreak လုပ်ပြီးသား မြန်မာဖောင့် ရှိမှသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Jailbreak မလုပ်ရသေးတဲ့ ဖုံးများမျာ အသုံးပြုလို့မရနိုင်သေးပါဘူး။ သုံးရင်လဲ မြန်မာဖောင့်က အတုံးတုံးလေးတွေပဲ ပေါ်နေမှာဖြစ်ပါတယ်။ နောက်ထပ် ကောင်းမယ် အသုံးများမယ်ထင်တဲ့ Application များကို မြန်မာမှုပြုနိုင်အောင် ကြိုးစားနေပါတယ်။ တစ်ခုခုအမှားအယွင်းတွေ့ရှိလျင် ကျနော့်လိုအပ်ချက်သာ ဖြစ်ပါကြောင်း။ ကျနော် လုပ်ထားတဲ့ Viber မြန်မာဗားရှင်း နဲ့ ပတ်သက်ပြီး ဖေ၀န် အကြံပြုချက်များကို လက်ခံသွားမည်ဖြစ်ပါတယ်ခင်ဗျား။ 


Viber မြန်မာဗားရှင်း ဖြစ်ပေါ်လာအောင် အကူညီပေးခဲ့တဲ့ အကို ကိုဧချမ်း (US) ဒီနေရာကနေ အထူးပဲ ကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ....။






ကျနော်  iPhone 4 နဲ့ 4S မှာပဲ စမ်းရပါသေးတယ်။ တခြား iOS များမှာလည်း သုံးလို့ ရနိုင်မယ်လို့ မျှော်လင့်ပါတယ်။
  IPA ဖိုင်ကို iPhone ထဲကို Install လုပ်နည်းကို ဒီနေရာမှာ ရေးပြီးခဲ့ပါပြီ။  
                                         
                                                                       





            
                            http://thetnainglin.blogspot.com ကိုလာလည်ဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ 

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး မြန်မာနိုင်ငံ သို့ရောက်ရှိ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးစွာတွေ့ဆုံမည်

5.25.15
မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်ဇနီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တည်းခိုမည့် ဟိုတယ်သို့ သွားရောက်ရန် ထွက်ခွာစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ဇနီးသည် မေ ၂၄ ရက်၊ ညနေ ၆ နာရီ ၄၅ မိနစ်တွင် အထူးလေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့သည်။ ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ဇနီးအား ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်နှင့်ဇနီး၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ကျော်၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေနှင့်ဇနီး၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်နှင့်ဇနီး၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးခင်မောင်တင့်နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သည့် ဂျပန်ဝန်ကြီး ချုပ်ရှင်ဇိုအာဘေးသည် မေ ၂၄ ရက် ညပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သည်။
ဂျပန်ဝန်ကြီးချုပ်သည် ယနေ့(မေ ၂၅ ရက်)တွင် အာဇာနည်ဗိမာန်၊ ဂျပန်သင်္ချိုင်းနှင့် သီလ၀ါဆိပ်ကမ်းများသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
ဂျပန်ဝန်ကြီးချုပ်သည် ရန်ကုန်မြို့၊ Chatrium ဟိုတယ်တွင် တည်းခိုမည်ဖြစ်ပြီး ယနေ့နံနက် ၈ နာရီတွင် အာဇာနည်ဗိမာန်သို့ စတင်သွားရောက်မည်ဖြစ်သည်။
ထို့နောက် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ဟံသာဝတီအ၀ိုင်း အနီးရှိ ဓနသဟာယ စစ်သင်္ချိုင်းသို့ သွားရောက်ကာ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သည့် ဂျပန်စစ်သည်များအား သွားရောက်ဂုဏ်ပြုမည် ဖြစ်သည်။

တရားဝင် ဖွံ့ဖြိုးရေး အကူအညီ (အိုဒီအေ)မှတစ်ဆင့် မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးရေး ကူညီသွားမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လိုကြောင်း ကိုလည်း ရှင်ဇိုအာဘေးက မြန်မာနိုင်ငံသို့ မလာရောက်မီ ထုတ်ဖော် ပြောကြား...
ဆက်လက်၍ သန်လျင်မြို့နယ်ရှိ ဂျပန်နိုင်ငံမှ ပေးအပ်သည့် အတိုးနှုန်းနိမ့် နှစ်ရှည်ချေးငွေ (ODA) ဖြင့် တည်ဆောက်နေသော သီလ၀ါ စက်မှုဆိပ်ကမ်းသို့ သွားရောက်လေ့လာမည် ဖြစ်သည်။
ထို့နောက် ဆိပ်ကမ်းမှ အပြန်တွင် ဂျပန်ဝန်ကြီးချုပ်သည် သန်လျင်မြို့နယ်ရှိ မူလတန်းကျောင်း တစ်ကျောင်းသို့ ၀င်ရောက် လေ့လာမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဂျပန်ဝန်ကြီးချုပ်သည် ခရီးစဉ်အတွင်း ပထမဆုံး တွေ့ဆုံမှုအဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းတည်းခိုသည့် ဟိုတယ်၌ လက်ခံတွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည့်အပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင် ဦးဝင်းတင်က ''ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှင်ဇိုအာဘေး တွေ့ဆုံတာက သာမန်ပါပဲ။ သမိုင်းကြောင်းအရ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်လူမျိုးတွေနဲ့ နားလည်မှု ရှိနေပါတယ်။ ရှင်ဇိုအာဘေးဟာလည်း မြန်မာ့ဒီမိုကရေစီရေးကို တစိုက်မတ်မတ် ထောက်ခံခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် ဂျပန်သွားတုန်းကလည်း ပြောခဲ့တာ ရှိပါတယ်။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို အကူအညီပေးဖို့။ အဲဒါကို အခုတွေ့ရင် ဆက်ပြီး တိုက်တွန်းနိုင်တာပေါ့။ နောက်ပြီး ကျွန်တော်ကြားနေတာက ဂျပန်ဘက်ကနေ ဒေါ်လာသန်းတစ်ထောင်လောက် အကူအညီ ပေးမယ်လို့ ကြားနေရတယ်။ ဒါကို ဘယ်သူကမှ မကန့်ကွက်ရင် ရှောရှောရှူရှူ ဖြစ်သွားမှာပဲ။ ဘာပဲဖြစ်ဖြစ် အကြွေးတွေ ဘာတွေ ကျေသွားမယ် ဆိုရင်လည်း ကောင်းတာပါပဲ။ နောက်ထပ်တစ်ခုက ပြည်သူလူထုလက်ထဲ၊ တိုင်းရင်းသားတွေ လက်ထဲကိုရောက်မယ့် အကူအညီတွေလည်း ပေးမယ်လို့ ပြောတယ်။ အဲဒါကလည်း ကောင်းပါတယ်။ ခေတ်အဆက်ဆက် အကူအညီတွေကို အစိုးရကိုပဲပေးတော့ ပြည်သူတွေလက်ထဲ မရောက်ခဲ့ဘူး။ အခု လို ပြည်သူတွေဆီကို အကူအညီတွေတိုက် ရိုက်ပေးမယ်ဆိုတာကို ကျွန်တော် သဘော ကျပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှင်ဇိုအာဘေး တွေ့ဆုံကြတာ ကောင်းပါတယ်'' ဟု ပြောကြားသည်။
5.25.18
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအား ဂျပန်လွှတ်တော်အတွင်း မေ၂၀ ရက်က တွေ့ရစဉ်
ဂျပန်ဝန်ကြီးချုပ်၏ ခရီးစဉ်သည် သုံးရက်ကြာမြင့်မည် ဖြစ်ကာ ရန်ကုန်မြို့၌ နှစ်ညသာ နေထိုင်မည်ဖြစ်ပြီး မေ ၂၆ ရက်တွင် နေပြည်တော်သို့ ထွက်ခွာမည်ဖြစ်ကာ သမ္မတ ဦးသိန်းစိန်နှင့်လည်း တွေ့ဆုံသွားရန် ရှိနေသည်။
ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၌ ဖော်ဆောင်နေသော နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖြစ်ထွန်းရေးကို ဂျပန်နိုင်ငံက ကူညီသွားမည့် အကြောင်းတို့ကို အဓိကထား ဆွေးနွေးသွားဖွယ် ရှိနေသည်။
ဂျပန်ဝန်ကြီးချုပ်နှင့်အတူ ဂျပန်စီးပွားရေး လုပ်ငန်းရှင် အများအပြားလည်း လိုက်ပါလာမည်ဖြစ်ပြီး သီလ၀ါ အထူးစီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်များ ရေးထိုးရန်ရှိကြောင်း သိရသည်။
ထို့ပြင်ရှင်ဇိုအာဘေးသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူနည်းစု ဒေသများတွင် ကျောင်းများ ဆောက်လုပ်ပေးခြင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် နည်းပညာ အကူအညီပေးခြင်း စသည့် အစီအစဉ်များကိုလည်း ခရီးစဉ်အတွင်း ကြေညာဖွယ်ရှိသည်ဟု သိရသည်။
တရားဝင် ဖွံ့ဖြိုးရေး အကူအညီ (အိုဒီအေ)မှတစ်ဆင့် မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးရေး ကူညီသွားမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လိုကြောင်း ကိုလည်း ရှင်ဇိုအာဘေးက မြန်မာနိုင်ငံသို့ မလာရောက်မီ ထုတ်ဖော် ပြောကြားထားသည်။
သုံးရက်ကြာမြင့်မည့် ဂျပန်ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မှုသည် နှစ်ပေါင်း ၃၆ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ၁၉၇၇ ခုနှစ်တွင် ဂျပန်ဝန်ကြီးချုပ် တာကီယိုဖုကုဒသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးသည်..eleven...မှ ကူးယူသည်

ကျပ် ၁၅၀၀ တန်ဖုန်းကတ်များ ကျပ်ခြောက်သောင်းကျော်ထိ ပေါက်ဈေးရှိနေ

5.25.3
မေ ၂၄ ရက်တွင် ပုဇွန်တောင်မြို့နယ် ၃ ရပ်ကွက်၌ ၁၅၀၀ တန်ဖုန်းကတ်များ မဲဖောက်ပေးနေစဉ် (ဓာတ်ပုံ - မင်းသိန်းနိုင်)
ကျပ် ၁၅၀၀ တန်ဖုန်းကတ်များ ပြင်ပဈေးကွက်တွင် ကျပ်ခြောက်သောင်းကျော်ထိ ပေါက်ဈေးရှိနေပြီး ၀ယ်ယူရန် လိုက်လံစုံစမ်းသူ များပြားနေကြောင်း သိရသည်။
''CDMA 800 MHz ကတ်တွေက လက်ထဲမှာတော့ မရှိပါဘူး။ မဲပေါက်တဲ့ သူတွေဆီက လိုက်ဝယ်ဖို့ဆိုတာ မလွယ်ဘူးလေ။ လသာလမ်းက ဆိုင်တချို့မှာတော့ ရောင်းတယ်။ နယ်ကတ်ဆိုရင် ကျပ်ငါးသောင်းကျော် ပေါက်ဈေးရှိပြီး ရန်ကုန်ကတ် ဆိုရင်တော့ ကျပ်ခြောက်သောင်းကျော်လောက် ဈေးနှုန်းရှိပါတယ်'' ဟု ဖုန်းပွဲစား တစ်ဦးက ပြောပြသည်။
''ဆိုင်မှာတော့ မရောင်းပါဘူး။ ပေါက်ဈေးက ကျပ်သုံးသောင်း၊ ကျပ်လေးသောင်း၊ ကျပ်ခုနစ်သောင်း အမျိုးမျိုးပဲလို့ ကြားတယ်။ ဟန်းဆက်အနေနဲ့ကတော့ အရောင်းအေးပါတယ်။ အရင်တစ်ခေါက်တုန်းက မဲနှိုက်ပြီးတဲ့ အချိန်မှာ တစ်ရက်ကို အလုံးရေ ရာချီရောင်းရပေမယ့် ဒီတစ်ခေါက်မှာတော့ တစ်ရက်ကို အလုံးရေ ၅၀ ၀န်းကျင်လောက်ပဲ ရောင်းရတယ်'' ဟု BestOne မိုဘိုင်းဖုန်းဆိုင်မှ တာဝန်ရှိသူက ပြောသည်။
''အပြင်ဈေးကွက်ထဲ ကတ်က သိပ်ရောက်မလာပါဘူး။ ၀ယ်ချင်လို့ လာမေးတဲ့ သူတွေတော့ရှိတယ်။ ဟန်းဆက်က သိပ်မရောင်းရသေးဘူး။ မဲနှိုက်တဲ့ ရပ်ကွက်တွေ မစုံသေးလို့ ထင်တယ်။ ကျပ် ၁၅၀၀ တန်ဖုန်းမှာ ဟန်းဆက်ကောင်းကောင်း သုံးကြတဲ့သူတွေလည်း မနည်းပါဘူး။ လူငယ် လူလတ်ပိုင်းတွေက Touchscreen နဲ့ ဟန်းဆက်ကောင်းကောင်း သုံးကြတယ်'' ဟု Do CoMo ဖုန်းဆိုင်မှ တာဝန်ရှိသူက ဆိုသည်။
ယင်းဖုန်းကတ်များမှာ ပြင်ပဈေးကွက်တွင် ဆိုင်တိုင်း၌ မရနိုင်ဘဲ ဆိုင်အချို့သာ ရောင်းချခြင်းဖြစ်ပြီး လာရောက် ၀ယ်ယူကြသူများမှာ မဲမပေါက်သူများ၊ မဲနှိုက်ရန် အချိန်မပေးလိုသူများ ဖြစ်ကြောင်း သိရသည်။ ယင်းဖုန်းကတ်များကို ၀ယ်ယူလို၍ ပြင်ပဖုန်း အရောင်းဆိုင်များတွင် လိုက်လံစုံစမ်းမေးမြန်းသူ များပြားနေကြောင်းလည်း သိရသည်။   eleven......မှ ကူးယူသည်

မြန်မာနိုင်ငံ အလယ်ပိုင်းသို့ မုတ်သုံလေ အ၀င်နောက်ကျပြီး မိုးဦးကာလ မိုးနည်းနိုင်သောကြောင့် တောင်သူများ သတိပြုရန်လို

မြန်မာနိုင်ငံ အလယ်ပိုင်းသို့ မုတ်သုံလေ အ၀င်နောက်ကျပြီး မိုးဦးကာလ မိုးနည်းနိုင်သောကြောင့် တောင်သူများ သတိပြုရန်လို

AddThis Social Bookmark Button
5.25.7
မွန်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးနေသည့် တောင်သူများအား တွေ့ရစဉ်(ဓာတ်ပုံ - မောင်မောင်ရွှေမြိုင်)
အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ နှစ်စဉ် မေ ၁ ရက်မှ ၁၀ ရက်အတွင်း၊ မြစ်ဝကျွန်းပေါ်ဒေသသို့ မေ ၁၅ ရက်ဝန်းကျင်၊ အလယ်ပိုင်းဒေသသို့ မေလ ၂၀ ရက်ဝန်းကျင်၊ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသသို့ မေ ၂၅ ရက်ဝန်းကျင်တွင် နှစ်စဉ်ဝင်ရောက်သော ပုံမှန်အချိန် ဖြစ်သည်ဟု သိရှိရသည်။
ယခုနှစ် အနောက်တောင် မုတ်သုံလေ ၀င်ရောက်မှုသည် မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွင် ၁၀ ရက်ခန့်နှင့် မြစ်ဝကျွန်းပေါ်ဒေသတွင် ခုနစ်ရက်ခန့် နောက်ကျခဲ့သည်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသသို့ ၀င်ရောက်ရမည့် အချိန်တွင်လည်း ၀င်ရောက်ခြင်း မရှိသေးကြောင်း သိရသည်။
မုတ်သုံဝင်ရောက်သည် ဆိုသည်မှာ မိုးရေချိန် နှစ်မီလီမီတာဝန်းကျင်၊ သို့မဟုတ် နေ့စဉ်တူညီမှုရှိသော မိုးရေချိန်ဖြင့် ငါးရက်ဆက်တိုက် မိုးစတင် ရွာသွန်းခြင်းကို ခေါ်ဆိုခြင်းဖြစ်သည်။
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသသည် အနောက်တောင် မုတ်သုံလေ ၀င်ရောက်ရန် အခြေအနေ မရှိသေးသည့်အပြင် မိုးဦးမိုး နည်းပါးမည့် သဘောကို တွေ့နေရကြောင်း Myanmar Climate Change Watch မှ ခန့်မှန်းထားသည်။

မိုးရွာသွန်းရက် ၁၄၄ ရက်ဝန်းကျင် ရရှိနေခဲ့ရာမှ ၁၉၉၇ ခုနှစ်တွင် ၁၀၃ ရက်အထိ ကျဆင်းခဲ့သည်။ ရာသီဥတု ဖောက်ပြန်သောကြောင့် အဓိက သက်ရောက်မှု ကြုံတွေ့ရသည့် နယ်ပယ်မှာ ကျန်းမာရေးနှင့်...
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့ ပါဝင်နေသည်။
အဆိုပါ ဒေသများတွင် လယ်ယာစိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြကာ ယခုနှစ်များအတွင်း မိုးနည်းပါးခြင်း၊ မိုးခေါင်ခြင်းတို့သည် တောင်သူများအပေါ် သက်ရောက်မှုများ ရှိခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကလည်း အလယ်ပိုင်းဒေသတွင် မိုးနည်းပါးခဲ့သဖြင့် တောင်သူများသည် ပျိုးပင်များ ပျိုးအချိန်မီ မထောင်နိုင်သဖြင့် ပျိုးပုပ်ခြင်း စသည့်ဆုံးရှုံးမှုများကို ကြုံတွေ့ခဲ့ရသည်။
အနောက်တောင် မုတ်သုံလေ တစ်နိုင်ငံလုံးသို့ လွှမ်းခြုံဝင်ရောက်ပြီးသော ကာလဖြစ်သည့် ဇွန်လဆန်းသည် မိုးဦးရာသီဖြစ်ပြီး ယခုနှစ် မိုးဦးရာသီ၏ မိုးရွာသွန်းမှု အခြေအနေမှာ တနင်္သာရီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုမို၍ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲ မိုးရေချိန်အောက် လျော့နည်းနိုင်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၏ နှစ်စဉ်မုတ်သုံ ၀င်ရောက်မှုသည် ၁၉၇၇ ခုနှစ် နောက်ပိုင်းတွင် နောက်ကျလာခဲ့ပြီး မုတ်သုံဆုတ်ခွာမှုမှာမူ စောလာခဲ့သည်ဟု သိရသည်။ မိုးရွာသွန်းသည့် ကာလမှာလည်း တိုတောင်းလာခဲ့သည်။ မိုးရွာသွန်းရက် ၁၄၄ ရက်ဝန်းကျင် ရရှိနေခဲ့ရာမှ ၁၉၉၇ ခုနှစ်တွင် ၁၀၃ ရက်အထိ ကျဆင်းခဲ့သည်။ ရာသီဥတု ဖောက်ပြန်သောကြောင့် အဓိက သက်ရောက်မှု ကြုံတွေ့ရသည့် နယ်ပယ်မှာ ကျန်းမာရေးနှင့် စိုက်ပျိုးရေး နယ်ပယ်တို့ဖြစ်သည်။
မေ ၂၅ ရက် ခန့်မှန်းအပူချိန်
မြို့အမည်   အမြင့်ဆုံးအပူချိန် (ဒီဂရီစင်တီဂရိတ်) 
 မြင်းခြံ  ၃၇
 မန္တလေး  ၃၆
 မုံရွာ  ၃၆
 ပခုက္ကူ  ၃၅
 ပြည်  ၃၅
 နေပြည်တော်  ၃၄
 ပုသိမ်  ၃၃
 ရန်ကုန်  ၃၂
 ပဲခူး  ၃၂
 မော်လမြိုင်  ၃၁
 စစ်တွေ  ၃၁
 တောင်ကြီး  ၂၆
 (www.accuweather.com)

သားကောင်မှတ်၍ပစ်ခတ်ခဲ့ပြီး ဆိုင်ကယ်ပါခိုးယူသူအား ဖမ်းဆီးရမိ

၂၄-၅-၂၀၁၃ ရက်နေ့ ၀၆၃၀ အချိန် ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ်၊ နမ့်ကြုပ်ရွာနေ အိုက်ရွှေ(၂၃)နှစ်နှင့်ဇနီးဖြစ်သူ နန်းပါလ(၂၂)နှစ်တို့သည် ရေခပ်ရာမှအပြန် နမ့်ကြုပ်ကျေးရွာအနီး၌ တစ်ရွာတည်းနေ မနန်းအောင်(၃၀)နှစ်မှာ တောင်ယာသွားလမ်းဘေးတွင် ဒဏ်ရာများဖြင့်လဲကျသေဆုံး နေသည်ကိုတွေ့ရှိရကြောင်း သတင်းရရှိသဖြင့် နမ့်စန်မြို့မရဲစခန်း(ပ)၃၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂/၃၉၂ ဖြင့် အမှုဖွင့်၍ တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လွှတ်တော်ကိုယ်စားလှယ်ကို ခါးပိုက်နှိုက်သူ ဖမ်းမိ

ရန်ကုန်၊ မေ ၂၃.....ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိယဉ်ချမ်းထံမှ ကျပ်ခြောက်သိန်းကျော်ကို ခါးပိုက်နှိုက်ကာ ဆိုင်ကယ်ဝယ်စီးနေသော ခါးပိုက်နှိုက်သမားကို ဖမ်းဆီးလိုက်ပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ် ဧပြီလ ၂ ရက်နေ့ နံနက် ၅ နာရီခန့်တွင် အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်းမှ လှိုင်သာယာသို့ ပြေးဆွဲသည့် (၄၃) ဒိုင်နာအဖြူ ရောင်ကို ယာဉ်စီး၍ လိုက်ပါလာစဉ် သမိုင်းလမ်းဆုံ၌ ဆင်းခဲ့ပြီး ဘေးလွယ်အိတ်ဇစ် ပွင့်နေသဖြင့် စစ်ဆေးကြည့်ရာ နိုင်ငံသားစိစစ်ရေးကတ်ပြား အပါအဝင် ငွေကျပ်ခြောက်သိန်းခွဲနှင့် ပိုက်ဆံအိတ်နှစ်အိတ် ခါးပိုက်နှိုက် ခံခဲ့ရကြောင်း မွန်ပြည်နယ် ကျိုက်မရောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိယဉ်ချမ်းက ပြောကြားသည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် နေထိုင်သည့် ခါးပိုက်နှိုက်ဟု ယူဆရသူ သက်ဆွေဖြိုးကို မင်္ဂလာဈေးတွင် ဖမ်းဆီးရမိခဲ့ပြီး ခါးပိုက်နှိုက် လက်ကျန်များနှင့် တိုက်ဆိုင်စစ်ဆေး ခဲ့ရာမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ထံမှ ခါးပိုက်နှိုက်ခဲ့သူ ဖြစ်နေကြောင်း၊ ပိုက်ဆံအိတ်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားတို့ကို သမိုင်းခုံးကျော် တံတားပေါ်တွင်လွှင့်ပစ်ခဲ့ပြီး
ခါးပိုက်နှိုက်ယူ ရရှိခဲ့သည့်ငွေဖြင့် ဝယ်ထားသည့် Follow Me Wave 125 အဖြူရောင်ဆိုင်ကယ်ကို သိမ်းဆည်းထားပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ခါးပိုက်နှိုက်ခံရသည့် ကျပ်ငွေခြောက်သိန်းမှာ အခြားမိတ်ဆွေတစ်ယောက် အပ်နှံထားသည့် ငွေဖြစ်ကြောင်း၊ နေပြည်တော်မှ ရန်ကုန်သို့ပြန်လာပြီး အောင်မင်္ဂလာ အဝေးပြေးမှ သမိုင်းလမ်းဆုံသို့ (၄၃) ဒိုင်နာစီးလာစဉ် ၆ ကွေ့မှတ်တိုင် အနီးတွင် ၄င်းကိုခါးပိုက်နှိုက်ခဲ့သူ တက်လာကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် ပိုက်ဆံအိတ် အခွံနှစ်လုံးကို နောက်နေ့နံနက်ပိုင်းတွင် ပြန်ရခဲ့ကြောင်း ဒေါ်မိယဉ်ချမ်းက ဆိုသည်။
“လူကို ကြည့်လိုက်ကတည်းက ခါးပိုက်နှိုက်မယ် ဆိုတာ သိနေတယ်။ သတိထားနေရင်း ကနေ ဘယ်လို နှိုက်သွားလဲမသိဘူး” ဟု ၄င်းကရှင်းပြသည်။

အဆိုပါ ခါးပိုက်နှိုက်ခံရမှုကို အရေးယူပေးရန် မရမ်းကုန်း ရဲတပ်ဖွဲ့စခန်းကို တိုင်ကြားခဲ့ပြီး ခါးပိုက်နှိုက် ဖမ်းဆီးထားသည့် အကြောင်းကို ရဲတပ်ဖွဲ့စခန်းက ယနေ့အထိ အကြောင်းကြားခြင်း မရှိသေးကြောင်း ဒေါ်မိယဉ်ချမ်းက ဆိုသည်။......

The Voice Weekly

" နေပြည်တော် ရန်ကုန် အမြန်လမ်း၌ ခရီးသည်တင်ယာဉ်တစ်စီးတိမ်းမှောက် ၊ သံဃာတော် ၁ ပါး အပါအ၀င် ၁၁ ဦးတိမ်းပါး" ရန်ကုန်၊မေ ၂၅


" နေပြည်တော် ရန်ကုန် အမြန်လမ်း၌ ခရီးသည်တင်ယာဉ်တစ်စီးတိမ်းမှောက် ၊
သံဃာတော် ၁ ပါး အပါအ၀င် ၁၁ ဦးတိမ်းပါး"

ရန်ကုန်၊မေ ၂၅

ယနေ့ နံနက်ပိုင်း တွင် မန်းရွှေမြို့တော် ခရီးသည်တင် ယာဉ် လိုင်းမှ ခရီးသည်တင် ကားတစ်စီးသည် ရန်ကုန်-နေပြည်တော်အမြန်လမ်း ၁၂၅ မိုင် ၄ ဖာလုံတွင် အရှိန်လွန် တိမ်းမှောက်ခဲ့ရာ ခရီးသည် ၁၁ ဦး အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ကြောင်း ၁၁၅ မိုင် ဖြူး ရဲစခန်းမှ ရဲအုပ် ၀င်းထွန်းအောင်ကပြောသည်။



အဆိုပါ ခရီးသည်တင်ယာဉ်သည် ရန်ကုန်မှ မန္တလေးသို့ ထွက်ခွာလာခြင်းဖြစ်ပြီး ခရီးသည် ၂၆ ဦးစီးနှင်းလိုက်ပါကြောင်းသိရသည်။ ယာဉ်တိမ်းမှောက်မှု ကြောင့်သေဆုံးသူ ၁၁ ဦးတွင် သံဃာတော်တစ်ပါး ပါဝင်ကာ ထိခိုက်ဒဏ်ရာရသူများထဲတွင် နိုင်ငံခြားသားခရီးသည် တစ်ဦးပါ ပါဝင်ခဲ့ကြောင်း အခင်းဖြစ်ပွားရာသို့ ရောက်ရှိခဲ့သူ ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်နေ ဦးကျော်မိုးအောင်ကပြောသည်။

 

" ကားကတော့ တော်တော် ကြီးပျက်စီးသွားတယ် ၊ရစရာတောင်မရှိသလောက်ပဲ" ဟု၎င်းကပြောသည်။

လက်ရှိတွင် ထိခိုက်ဒါဏ်ရာ ရသူများအား ဖြူးဆေးရုံသို့ အရေးပေါ် ပို့ဆောင်၍ ကုသနေ ကြောင်းရဲအုပ် ၀င်းထွန်းအောင်၏ ပြောကြားချက်အရ သိရသည်။ AH........
Popular Myanmar News Journal

ကဆုန်လပြည့်နေ့ ရွှေတိဂုံစေတီတော် မြင်ကွင်းများ

ကဆုန် လပြည့်နေ့ ဟာ ဗုဒ္ဓဘာသာဝင်တိုအတွက် အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ် ။
 ကဆုန် လပြည့် နေ့သည် ဗုဒ္ဓ မြတ်စွာ ဘုရား၏ ဗုဒ္ဓ နေ့လေးခု ဆုံရာနေ့ တစ်နေ့ ဖြစ်ခြင်း ကြောင့် ''ဗျာဒိတ်စကား၊ ဗုဒ္ဓဖွားသည်၊ ဘုရားဖြစ်ပြီး၊ နိဗ္ဗာန်စံဝင် ထိုလေးအင် လွန်ပင်မြတ်လှ ကဆုန်လ'' ဟုပင် ဖော်ကျူးကြပါသည်။ 
            ကဆုန် လပြည့် ဗုဒ္ဓနေ့ ရွှေတိဂုံ ဘုရား မှ ကြည်နူးဖွယ် မြင်ကွင်းများအား ပြန်လည်မျှဝေလိုက်
ပါသည်။ အဝေးရောက် ရွှေမြန်မာများ ၊ညောင်ရေသွန်းပွဲး မနွဲးလိုက်ရသူများ နှင့် အားလုံး ကြည်နူးပီတိ
ဖြစ်ကြစေဖို မျှဝေလိုက်ပါသည်။
 
 





 

 

 
 
 

 

 
 မူရင်း=ကဆုန်လပြည့်နေ့ ရွှေတိဂုံစေတီတော် မြင်ကွင်းများကဆုန်လပြည့်နေ့ ရွှေတိဂုံစေတီတော် မြင်ကွင်းများ -၂

                                                                      လေးစားစွာဖြင့်    ....    မောင်မြင့်
 http://satekuupuyar.blogspot.com/2013/05/blog-post_3602.htm