ဂျပန်သို့ တရားဝင်အလုပ်သမား စေလွှတ်မည်
ဂျပန်သို့ တရားဝင်အလုပ်သမား စေလွှတ်မည်
ရန်ကုန်၊ မေ- ၂၆
ဂျပန်နိုင်ငံသို့ မြန်မာအလုပ်သမားများတစ်လလျှင် လုပ်အားခ အနိမ့်ဆုံးကျပ်
၁၀သိန်းကျော်ဖြင့် တရားဝင် သွားရောက်လုပ်ကိုင်နိုင်တော့မည်ဖြစ်ကြောင်း
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
ဂျပန်နိုင်ငံသို့ မြန်မာအလုပ် သမားစေလွှတ်မှုကို ယခင်ရပ်ဆိုင်းခဲ့ရာမှယခုအခါ
မြန်မာအစိုးရနှင့် ဂျပန်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာလေ့ကျင်ပူးပေါင်း
ဆောင်ရွက်ရေးအဖွဲ့ (JITCO) တို့ ပူးပေါင်း၍ မြန်မာအလုပ်သမားများကို
တရားဝင်စေလွှတ်ရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ကာ သဘောတူ လက်မှတ်များ
ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။
“လုပ်ငန်းမူတည်ပြီးတော့
ယန်းငွေအနိမ့်ဆုံး တစ်သိန်းနှစ်သောင်းလောက်ရမယ်။ သူတို့ဆီမှာ
နိုင်ငံခြားသားတွေရဲ့ အခကြေးငွေသတ်မှတ်ချက်အတိုင်းရမယ်။ သူတို့
ဘက်ကအလုပ်ရှာအုံးမှာပေါ့။ အလုပ်ခေါ်စာရမှ ဒီဘက်က လုပ်ငန်း
စလို့ရမှာ။
သူတို့ဘက်ခေါ်ရင် ခေါ်သလောက်ခွင့်ပြုမှာ”ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့်
လူမှုဖူလုံရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးအောင်ကပြောသည်။
ဝန်ဆောင်ခနှုန်းထားနှင့် ပတ်သက်၍ အတိအကျသတ်မှတ်ထားခြင်းမရှိသေးကြောင်း
သတင်းရရှိသည်။ ထို့အပြင် ယခင်သွားရောက် လုပ်ကိုင်သော
မြန်မာအလုပ်သမားများသည် သင်တန်းသားလုပ်သားအဖြစ်
ဂျပန်နိုင်ငံရှိစက်ရုံများတွင်သွားရောက်လုပ်ကိုင်ခဲ့သော်လည်း
သတ်မှတ်ထားသည့် လုပ်အားခအပြည့်အ၀ မရရှိခြင်းကြောင်းသတင်းရရှိသည်။
ထို့ကြောင့် တရားမ၀င်လုပ်သားအဖြစ်
လုပ်ကိုင်လျက်ရှိပြီးခေါင်းပုံဖြတ်ခံရမှုများ ရှိခဲ့ခြင်းကြောင့်
မြန်မာအစိုးရဘက်မှ အလုပ်သမားစေလွှတ်မှုရပ်ဆိုင်းခဲ့သည်။
လက်ရှိဂျပန်နိုင်ငံတွင် မြန်မာအလုပ်သမားသောင်းဂဏန်းမျှရှိပြီး
ပြည်ပအလုပ်အကိုင်ရှာဖွေရေးအင်ဂျင်စီမှ တစ်ဆင့် သွားရောက်လုပ်ကိုင်ပါက
ဝန်ဆောင်ခနှုန်းထားအဖြစ် ကျပ်ငွေသိန်း ၃၀နှင့်အထက်ပေးရကြောင်း သတင်းရရှိသည်။
ဂျပန်နိုင်ငံသို့ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ
ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်အပါအ၀င် သက်ဆိုင်ရာအရာရှိများသည် မေ ၂၀မှ
၂၅ ရက်ထိ သွားရောက်ဆွေးနွေးခဲ့ကြသည်။....7Day News Journal
No comments:
Post a Comment