အမေရေ
တရွာမပြောင်း သူကောင်းမဖြစ်ဆိုသလို သားလည်းရွာနီးနားက သူငယ်ချင်းတွေကို
အားကျပြီး နိုင်ငံခြားဆိုတဲ့ မလေးရှာကို ထွက်ခဲ့ပါပြီ အခုဆိုရင်
ရွာမှထွက်ကာ မလေးမြေကို လာလုပ်တာ ၂နှစ်ကျော်လို့
၃နှစ်တောင်ပြည့်တော့မယ် အမရေ သားပို့တာလည်း တလကို ၂သိန်းတော့
ပုံမှန်ပို့ပါတယ် သားတို့ မိသားစု ရွာမှာနေတုန်းက မိရိုးဖလာ
တောင်ယာအလုပ်ကို လုပ်ကိုင်စားသောက်ကြပေမဲ့ အကြွေးဆိုတာ တပြားတချပ်မှ
မတင်ခဲ့ပါဘူး ကို့ယာထဲက ရလာတဲ့ ဆန်စပါး ဆီနဲ့တင်
စားဝတ်နေရေးလုံလောက်ပါတယ် အခုတော့ မလေးရှားဆိုတဲ့ နိုင်ငံခြားကို
ထွက်လာခဲ့မှ မကြားဖူးတဲ့ အကြွေးတွေလည်းကြားနေမိပြီ ၇က်မှလပြောင်း
နှစ်တွေတာညောင်းခဲ့ပေမဲ့ သားတို့ စီးပွားရေးက ကြာလာလေပိုဆိုးလေပဲ
ဒီအကြွေးဆိုတာလည်း အမေသုံးလို့ တင်တာမဟုတ်ဘူးဆိုတာ သားကြားမိပါတယ်
အမေရဲ့ မောင်တွေ ညီမတွေကို သနားမိလို့ အာမခံ ကြွေးတွေ တင်နေတာဆိုတာ
သားသိပါတယ် ဒါကိုတွေ အမေလုပ်တာ သိသိကြီးနဲ့ နောက်မလုပ်ဖို့
ပြောချင်ပေမဲ့ ပြောမထွက်ခဲ့ပါဘူး အမဆီဖုန်းဆက်တိုင်း ရွာမှာအဆင်မပြေဘူး
မိုးကမရွာ အလုပ်ကမရှိဆိုတဲ့ အသံပဲကြားနေရတယ် သားမလေးမှာ အလုပ်လုပ်ပြီး
ပုံမှန် ၂သိန်း ပို့နိုင်ပေမဲ့ အထင်မကြီး ပါနဲ့ အမရယ်
အလုပ်ကောင်းလို့တော့မဟုတ်ပါဘူး သားသူများနဲ့မတူအောင် အစားအသောက်ကစ
ဖြစ်သလို ချွေတာစားသောက်ပြီး ပို့နေရတာပါ ကိုယ့်ဟာနဲ့ကိုယ်
ချွေတာစားတာတောင်မှ ကဲ့ရဲ့နေတဲ့ မြန်မာတွေလည်း
ရှိတယ်အမေ..မလေးရှားမှာနှစ်တွေ ကြာခဲ့ပေမဲ့ လူငယ်တို့ သဘာဝ
သူများတွေလို laptop...samsung..iphone ထောင်ကျော်တန် ဖုန်းတွေလည်း
ကိုင်ချင်ပေမဲ့ မကိုင်နိုင်သေးပါဘူး မလေးရှားမှာ နေနေသ၍ သားအတွက် က
ကြက်ဥနဲ့ ခေါက်ဆွဲကတော့ မုန်းလို့မရသေးသလို သားရဲ့ အရင်းနီးဆုံး
အဖော်ဆိုတာလည်း မမှားပါဘူး အမေတို့ထင်သလို တိုက်ကြီးပေါ်မှာနေပြီး
အစားကောင်းတွေစားပြီး အလုပ်လုပ်ရတာလည်း သက်သာမယ်မထင်ပါနဲ့ သမီးပေးမှ
သမက်ရတာပါ အလုပ်ကလည်း လူမျိုးပေါင်းစုံ အဆင်မပြေတာတွေ ရှိတာပေါ့
ဒီကြားထဲ အသွားအလာ အနေထိုင်မတတ်ရင်လည်း အိန္ဒိယ ရန်ကတမျိုး
မလေးရှားရဲကတမျိုး ကြောက်ရသေးတယ် နေရင်းထိုင်းရင် အိမ်ပေါ်နေတာတောင်မှ
လူရိုက်ပြီး ပစ္စည်း ယူသွားတာတွေ ရှိတယ် အမေဆီဖုန်းဆက်တိုင်း အမေမေးတယ်
သားလေးကျန်းမာရေးကောင်းလား နေရထိုင်ရတာ အဆင်ပြေလားတဲ့
အမှန်ပြောရင်အဆင်မပြေဘူး ဒါတွေကို အမေသိရင် စိတ်ဆင်းရဲမှာဆိုးလို့
အဆင်မပြေလည်း ပြေတယ်လို့ပဲ ပြောခဲ့ရတာပါအမေ ၇က်မှလပြောင်းနှစ်တွေတာ
ညောင်းခဲ့ပေမဲ့ မလေးမြေမှာ တနေ့မှမပျော်ပါဘူး အမေရယ်
......အမှန်ပြောရင် မြန်မာပြည်ကို အမြန်ပြန်လာချင်တယ်.....တနေ့နေ့ရောက်ခဲ့ရင်ပေါ့...ခေတ္တ...မလေးရှားရောက် သားတယောက်...
Thursday, April 11, 2013
မလေးရှားရောက် သားတယောက်ရဲ့ ရင်ဖွင့်စာ....

Subscribe to:
Post Comments (Atom)
No comments:
Post a Comment