
ဒီအကြောင်းကို ရေးမယ်လို့ လုပ်နေတာကြာပါပြီ အလုပ်ကတဖက် အချိန်လဲ မရတာနဲ့ မရေးဖြစ်တာပါ..
အခုအချိန်ရတာနဲ့ ရေးလိုက်ပါပြီ စာရေးသူမလေးကနေ မြန်မာပြည်ကို ပြန်သွားတော့ ရန်ကုန် သူငယ်ချင်းအိမ်မှာ တညအိပ်ပြီး နယ်ကိုပြန်ဖို့ အောင်မင်္ဂလာ ကားကြိးကွင်းကို တက္ကစီနဲ့ သွားခဲ့ပါတယ် ကားပေါ်ကတောင် မဆင်းရသေးဘူး ကားဘေးမှာ ပြေးပြီးလိုက်လာကြာတာ အများကြိးပဲ ကားပေါ်ကလည်းဆင်းရော အထုတ်တွေချမလို့လုပ်သေး စာရေးသူအထုတ်ကို ၀ိုင်းပြီးဆွဲကြတယ် ကားလက်မှတ်ဝယ်ပြီးပြီလား ဘာလားပေါ့ နောက်ဟိုကားကကောင်းတယ် ဒီကားက အဲယားကွန်းပါတယ်အစုံပဲ စာရေးသူလဲ လက်မှတ်ဝယ်ပြီးပြီပြောလဲ မရဘူး အဲဒါဆိုပြတဲ့ ဘယ်လောက်ဆိုးလဲဆိုတာ အဲဒါကြည့်ပေတော့ ကိုသွားမဲ့ကားဂိတ်ထဲရောက်မှ ယောင်ပေပေနဲ့ ထွက်သွားလေရဲ့ အဲဒါနဲ့ ကိုနေတဲ့မြို့ကို ပြန်လာပြီး ၁၀ရက်လောက်နေပြီး သူငယ်ချင်းက မော်လမြိုင် သူအိမ်အတွက် လက်ဆောင်ပေးလိုက်လို့ ရန်ကုန်ပြန်တက်ပြိး မော်လမြိုင် ဆက်သွားရတယ် မော်လမြိုင် သွားဖို့လဲ ကားလက်မှတ်ကြိုတင် ၀ယ်ထားပြီးသားနော် ဒီတခါတော့ တက္ကစီ မငှားပဲ လိုင်းကားစီးပြီးမော်လမြိုင် တလမွန် ကားဂိတ်ကို တယောက်ထဲ လမ်းလျှောက်ပြီး လာခဲ့တယ် အဲဒါလည်း နောက်ကလိုက်ပြီး မေးနေပြီ တပုံကြီးပဲ ပထမတယောက်တော့ ကားလက်မှတ်ဝယ်ပြီးပြီ ဘယ်သွားမယ်ဘာကားစီးမယ်ဆိုတာ ကောင်းကောင်းပဲ ဖြေလိုက်တယ် လက်မှတ်ပါထုတ်ပြလိုက်တယ် ပြလိုက်တော့ ပြန်လှည့်သွားရော ကဲလာပြန်ပြီနောက် တယောက် ဘယ်သွားမှာလဲ ဘာကားရှိတယ်ပြောနေပြီ စာရေးသူလဲ သူတို့ကို ပြန်ပြီး မဖြေနိုင်တော့ဘူး ကိုယ်လည်း စကားမပြောပဲ ဂိတ်ရောက်တဲ့ အထိလျှောက်လာခဲ့တယ် ကိုယ်က စကားပြန်မပြောတော့ ဘာပြောလဲမှတ်လဲ စကားမပြောတတ်တဲ့ သေမိနဲ့ လာတိုးနေတယ်လို့ပြောတယ် နောက်သူတို့က ဒေါတထွက်ရတယ်ရှိသေးတယ် ပြန်ပြောရင်လဲ ပိုဆိုးတယ် မပြောတော့လည်း လူမိုက်လုပ်နေကြတယ်
အခုလို ရပ်ဝေးရပ်နီး နယ်ပေါင်းစုံမှ ခရီးသွားအများပြည်သူများ စိတ်အနှောက်ယှက်ဖြစ်အောင် စည်းမဲ့ကမ်းမဲ့
လုပ်နေတဲ့ အောင်မင်္ဂလာအဝေးပြေးကွင်းက ပွဲစားများကို အစိုးရမှတာဝန်ရှိသူများအနေဖြင့် ထိထိရောက်ရောက် အရေးယူပေးရန် မေတ္တာရပ်ခံအပ်ပါတယ် နယ်ဝေးကနေလာရတဲ့ မိန်းကလေးများဆို
သူတို့က မပြောသင့်တဲ့ စကားများကိုပါ ပြောနေကြပါတယ် …….
No comments:
Post a Comment