ကျွန်တော်တို့နိုင်ငံရဲ့
လွတ်လပ်ရေးဖခင်ကြီး...ဗိုလ်ချုပ်အောင်ဆန်းရဲ့သား...အခုလက်ရှိ
မြန်မာနိုင်ငံနဲ့ ပြည်သူတွေအတွက် ရုန်းကန်လှုပ်ရှား ကြိုးပမ်းနေတဲ့
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အမေစုရဲ့အကိုတော်စပ်သူ အောင်ဆန်းဦးကတော့
အဖေနဲ့ ညီမမျက်နှာမှမထောက် ရန်ကုန်က ဗဟန်းမြို့နယ်တက္ကသိုလ်ရိပ်သာလမ်း
အမှတ်၅၄၊၅၆ ရှိနေအိမ်နှင့် ခြံဝင်းကို အမွေပစ္စည်းခွဲဝေ ပေးစေလိုမှုဖြင့်
အမေစုကို တရားရုံးတွင် တရားစွဲဆို အမှုဖွင့်ထားပါတယ်
အင်းကြားလို့မှကောင်းကြသေးရဲ့လား အဖေ့(သွေး)တူနေပြီး
တိုင်းပြည်နှင့်လူမျိုးကောင်းစားဖို့ ကိုယ်ကျိုးစွန့် လင်နှင့်သားတွေကို
ခွဲပြီး အရွယ်နဲ့မလိုက်အောင် ရုန်းကန်ကြိုးစားနေတဲ့
ညီမအရင်းအမေစုကိုတောင် မငှဲ့ညာပဲ အမွေတောင်းတယ်ဆိုပါလား တနိုင်ငံလုံး
တကမ္ဘာလုံးက အထင်းကြီး လေးစားနေတဲ့ ညီမကို အားမပေးပဲ
အမွေတောင်းရက်တယ်နော် အောင်ဆန်းဦးဆိုတာလဲ
နောင်လာနောက်သားတွေအမွေဆက်ခံဖို့ ကလေးလည်းမရှိ..ဘယ်သူအတွက်တောင်းတာလဲ
မယားကြောက်ရတာလား မယားကတောင်းခိုင်းတာလား
မယားရွှေမျိုးတွေကောင်းစာဖို့လား အခုချိန်မှာ ဘာမှသွေးမတော်သားမဆပ်
ပြည်သူတွေကတောင် အမေစုအတွက် စိုးရိမ်သောက ရောက်နေကြတဲ့အချိန်မှာ
အကိုအရင်းဖြစ်သူကတော့ ရက်ရက်စက်စက် တောင်းရဲတယ်နော်
ဗိုလ်ချုပ်(သွေး)တွေ ဘယ်ရောက်ကုန်လဲ ဗိုလ်ချုပ်သားလို့
ပြောရမှာတောင်ရှက်တယ် အောင်ဆန်းဦးရယ် ဒေါ်လဲ့လဲ့နွယ်သိန်း..ရဲံ့
အကြံတွေနဲ့တူပါတယ် ဒီအမှုကိုတော့ ဖေဖ၀ါရီလ ၂၄ရက်နေ့ကစစ်ဆေးတယ်လို့
ကြားပါတယ် ဘယ်လိုပြီးသွားလည်းတော့မသိသေးဘူး
(ငါတို့နိုင်ငံမှာကွယ်..ဗိုလ်အောင်ဆန်းလို..သူရဲကောင်းတွေ..မွေးရမယ်) အောင်ဆန်းဦးကတော့ လုပ်ချလိုက်ပြန်ပြီဟေ့....
(ငါတို့နိုင်ငံမှာကွယ်..ဗိုလ်အောင်ဆန်းလို..သူရဲကောင်းတွေ..မွေးရမယ်) အောင်ဆန်းဦးကတော့ လုပ်ချလိုက်ပြန်ပြီဟေ့....
No comments:
Post a Comment