အန္ဒိယမှာ အမျိုးသမီးတို့ အဓမ္မ
အကျင့်ခံရတဲ့ မှုခင်းတွေ များလာတာ အတွက်ကြောင့် ယခုလို ဖန်တီး
ထုတ်လုပ်လိုက်ခြင်း ဖြစ်ပါတယ်။ အပေါ်အောက် One-Set အတွင်းခံ ဖြစ်ပြီး
အမျိုးသားတို့ ထိလိုက် တာနဲ့ မလှုပ်မယှက် ဖြစ်သွားအောင်ကို ပြုလုပ်
နိုင်ပါတယ်။
အဝတ်မှာ လျှပ်စစ် ဓာတ်လမ်းကြောင်း
စီးဆင်းနေပြီး အမျိုးသား တစ်ယောက်က Rape လုပ်ဖို့ ကြိုးပမ်းပြီ ဆိုရင်
လျှပ်စစ်ကြောင့် ကျင်သွားပြီး မလှုပ်မယှက်ကို လှဲသွားစေမှာ ဖြစ်ပါတယ်။
ဒီတော့ ဝတ်ထားတဲ့ အမျိုးသမီးကို
မထိခိုက်ဘူးလားလို့ မေးစရာ ရှိပါတယ်။ လုံးဝ မရှိပါဘူး။ ဝတ်ထားတဲ့ သူရဲ့ 
နှလုံးခုန်နှုန်း၊ ခန္ဓာကိုယ် လှုပ်ရှား တုန်ခါမှု index တစ်ခု
သတ်မှတ်ထားပြီး ယင်းအမှတ်ကို ရောက်တာနဲ့ ပြင်ပက လာထိတဲ့သူ မှန်သမျှကို
လျှပ်စစ်နဲ့ တုန့်ပြန်စေမှာ ဖြစ်ပါတယ်။ ဝတ်ထားတဲ့ သူကတော့ ဘာမှ မဖြစ်ပါဘူး။
နောက်ထပ် ပိုကောင်းတာ တစ်ခုက ဝတ်စုံမှာ
GPS ပါဝင်ပြီး လျှပ်စစ်ဓာတ် လွတ်လိုက်ပြီ ဆိုတာနဲ့ ရဲစခန်းက ကွန်ပြူတာကို
ချက်ချင်း လှမ်းအကြောင်းကြား စေမှာ ဖြစ်ပါတယ်။ ဒီတော့ ဝတ်စုံ ဝယ်ဝတ်ဖို့
ဆုံးဖြတ်ထား သူများ အနေနဲ့ မိမိချစ်သူ များကို ဖက်တဲ့ အခါ သတိထားရန်
လိုအပ်တယ်လို့ တိုက်တွန်း ထားကြောင်း သိရပါတယ်။
မြ၀တီ..မှ.....မကွေးသားလေး ..၉.၄...၂၀၁၃..

No comments:
Post a Comment