Monday, April 22, 2013

....အမိမြေကိုလွမ်းတယ်.....

ညသန်းခေါင်ယံ….break နားချိန်
သကြားမပါ….နို့ဆီမထည့်
ခပ်ပြင်းပြင်း…ကော်ဖီတခွက်ကိုသောက်
စက်ရုံအပြင်ထွက်လို့
ကောင်းကင်ကလမင်းကြီးကို
ငေးမောကြည့်ကာ
ထိုင်ကာတွေးတော
အမိမြေကို လွမ်းကြောင်း
ငါပြန်တွေး၏
မနက်၎နာရီထိုး…ဒီချိန်မှာဆို
မြို့တိုင်း..ရွာတိုင်း
ရဟန်း..သံဃာ
ဆွမ်းတော်လောင်းရန်
ချက်ဖို့.ပြုတ်ဖို့…ထကြရ၏
အိမ်ဦးခန်းက…ဓူဝေေ၀ဆိုတဲ့
အမေကြေးဆီသံလည်း…ငါဝေးခဲ့ရ
ရွာဦးကျောင်းက…အုံးမောင်းသံလည်း
မကြားရတာ..ကြာနေခဲ့ပြီ
ရွာတောင်ပိုင်းက..ဘကြီးဖြိုးရဲ့
အသံချဲ့စက်က….ဘုရားတရားသံကို
ငါတမ်းတ၏
ဒီလိုတွေးတော..လွမ်းဆွေးနေခိုက်
ကြားလိုက်ရတဲ့..အသံဆိုးက
၎နာရီးထိုး..၁၅မိနစ်
အလုပ်ဝင်ရန်..အချက်ပေးပြီလေ

No comments: