Thursday, April 11, 2013
မလေးရှားအချစ်
ဟာသူငယ်ချင်းတို့
ဟိုဘက်က…….စက်ရုံမှာ ရွှေမအသစ်လေးတွေရောက်နေတယ်ဟ ဟုတ်လားဟ
ဘယ်နှစ်ယောက်လောက်လဲ များတော့များတယ်ကွ အကုန်လုံး လူသစ်လေးတွေဟ
မလေးစကားလဲ နားမလည် e လိုလည်း သိပ်မ၇ကျဘူးနဲ့တူတယ်ဟ အေးဂျင်းလားမသိဘူး
သူတို့ကို လက်ဟန်ခြေဟန်နဲ့ ပြောပြီး ဟိုက်ဘက်တိုက်ပေါ်တက်သွားကြတယ်ဟ
အေး တနင်္ဂနွေဈေးကြရင် တွေ့ကြမှာပေါ့….ဒီလိုနဲ့ မထင်မှတ်ပဲ ညနေရောက်တော့
အောက်ကဈေးဆိုင်ကို ဈေးသွားဝယ်တော့ တွေ့ပါပြီ ရွှေမလေးတွေ
ရောက်ခါစတော့ လုံချည်လေးတွေနဲ့ပေါ့ အဲဒါနဲ့ဆိုင်ရှင် မလေးမက
မြန်မာမိန်းကလေးအသစ်တွေ စကားမတတ်ဘူး ဘာလိုချင်လဲ မေးပေးဆိုလို့မေးပြီး
လိုချင်တာတွေ ၀ယ်ပေးလိုက်ပါတယ် သူတို့ပိုက်ဆံနဲ့နော်… အဲလိုနဲ့
မြန်မာပြည်ဘယ်မှာနေလဲ ရောက်တာကြာပြီလား မေး၇င်းနဲ့ ခင်သွားကြပါတယ်
အကုန်ရောက်လာတာက မိန်းကလေး ၆၀လောက်ရှိတယ် ရွှေမလေးတွေကလည်း လှတယ်လေ
သူတို့ရောက်ပြီဆိုတာနဲ့ အနားမှာ ယင်ကောင်တွေ ၀ဲနေပြီလေ
မြန်မာကောင်တွေလည်း အများကြီးပေါ့ ဒီကြားထဲ မိန်းမမြင်ရင်
မရှက်မကြောက် မျက်တောင်မခတ်ပဲ ခေါင်းကနေ ခြေဖျားအဆုံး
အမုန်းကြည့်မယ်ဆိုတဲ့ နီပေါတွေ ဘဂ်လားတွေလည်း အများကြီးပါပဲ
နောက်တော့မကြာပါဘူး မိန်းကလေးတိုင်းလိုလို ဖုန်းလေးတွေ ကိုယ်စီနဲ့ပေါ့
တချို့ကြလည်း အမျိုးတွေ ညီအစ်ကို မောင်နှမတွေကလာပေးကြတယ် တချို့ကြလည်း
ရွှေကောင်တွေက ဖုန်းလေးတွေနဲ့ မျှားကြတယ် နောက်သုံးလလောက်ကြာတော့
မိန်းကလေး အယောက်၆၀ ဟာ ၅၅ယောက် လုံး အကုန်ဘဲတွေရသွားတယ်
…..ဒီထဲမှာစာရေးသူရဲ့ သူငယ်ချင်းလည်း အပါဝင်ပဲလေ သူကောင်မလေးက
ရန်ကုန်သူလေ မြောက်ဒဂုံမှာနေတယ် ….ဒီလိုနဲ့ လတွေကြာလာတော့ သူတို့လည်း
မရခင် အတူတကွ နေထိုင်ကြတယ်ပေါ့ ချစ်သူမက လင်မယားမကျပေါ့ မလေးရှားမှာ
ရည်းစားထားတဲ့သူတွေကတော့ ဒီလိုပါပဲ အကုန်လွတ်လပ်တယ်လေ
အကြောင်းအမျိုးမျိုးကြောင့် မယူဖြစ်ကြတော့လည်း မြန်မာပြည် ပြန်သွားတော့ အပျိုပဲပေါ့ (ဒါနဲ့ပြိုတာနော်)တချို့လည်း
မြန်မာပြည်မှာ လင်ရှိ မယားရှိ မြန်မာပြည်မှာ သားတွေသမီးတွေနဲ့ပေါ့
ဒီမှာရောက်တော့လည်း သူတို့ကိုသူတို့ အပျို လူပျိုဆိုပြီး ကဲကြတော့တာပဲ
ကဲစကားရှည်သွားပြီ သူငယ်ချင်းအကြောင်းဆက်လိုက်အုံးမယ်
သူတို့နှစ်ယောက်လည်း အတူလက်ထပ်မယ်ဆိုပြီး ပိုက်ဆံဆုထားကြပြီး
ကောင်မလေးအိမ်ကိုပဲ ပို့ထားတယ် ဒီမှာတော့မရခင်အတူနေကြတယ်
သူတို့ရည်ရွယ်ချက်လေးကတော့ ရန်ကုန်မှာပဲ အခြေချပြီး
စီးပွားရေးလုပ်ကြမယ်ပေါ့ ၂နှစ်ပြည်တော့ ကောင်မလေးကို
အရင်ပြန်ခိုင်းပြီး စီးပွားရေးလုပ်ခိုင်းတယ် ကောင်းမလေးစီကို ကောင်လေးက
လတိုင်းပိုက်ဆံပို့တယ် ကောင်မလေးနဲ့ဖုန်းအမြဲ ပြောဖြစ်တယ် ကောင်လေးက
၃နှစ်ပြည်လို့ ပြန်လာမယ်ပြောတော့ ကောင်မလေးးက မလာနဲ့အုံး ဒီမှာ
ငွေရှာရတာမလွယ်ဘူး ဘာညာပေါ့ ကောင်လေးကလည်း ခွဲမနေနိုင်ဘူး
အတူလက်ထပ်ပြီးမှ ပြန်တက်လာမယ် မြန်မာပြည်ကို ကောင်မလေးက
ပြန်မလာဖို့ပဲပြောနေတယ် နောက်ဆုံး သူငယ်ချင်းလဲ ၃နှစ်ပြည်တာနဲ့
၂လခွင့်ယူပြီး အလည်ပြန်သွားတယ် ဟိုရောက်တော့ တွေ့လိုက်ပါပြီ
ကောင်မလေးနေတဲ့အိမ်ကို သူပေးထားတဲ့လိပ်စာနဲ့ပဲ အိမ်ကိုသွားလိုက်ပါတယ်
အိမ်ရှင်ကိုမေးကြည့်တော့ အဲဒီကောင်မလေးက အိမ်ထောင်နဲ့ ကလေး ၁
ယောက်ရှိတယ်တဲ့ ဒီအိမ်က ငှားထားတာတဲ့ အခုသူတို့ပြောင်းသွားပြီတဲ့ ကဲ
ကြားရတဲ့ သတင်းက စိတ်မကောင်းစရာပဲနော် အခုတော့ သူလည်း နောင်တတွေရနေပြီ မလေးရှား အချစ်က ဒီလိုပဲလားလို့
ငွေလည်း တော်တော်ပါသွားတယ် အဲဒီအတွက်ကြောင့် အခုမလေးရှားမှာ
ပြန်ရောက်နေပြီ အခုတော့ အရက်ရဲ့ ကျေးကျွန်ဖြစ်နေပြီ အလုပ်လဲ
ပုံမှန်မဆင်းတော့ဘူး….မလေးရှားရောက် ညီအစ်ကိုများ သူလိုမဖြစ်အောင်
ဂရုစိုက်ကြပါ…..လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ….
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment