Friday, June 14, 2013

ဒါလားဟေ့ living together (ပေးစာ - ၇၈)

အစ်ကိုမောင်မောင်ရေ အစ်မသန်းထွေးကြူကတွေ့ ချင်လို့ အိမ်ကိုလာခဲ့ပါတဲ့ သန်းထွေးကြူ ရဲ့ မောင်ဖြစ်သူ ကျော်ကျော် ကကျောင်းသွားရင်းကျွန်တော့်ကိုဝင်ပြောသွားသည်။သန်းထွေးကြူ နိုင်ငံခြားမှာအလုပ်သွားလုပ်တာ ၃ နှစ်နီးပါးကြာပြီးနောက် နေမကေင်းသဖြင့်ပြန်လာသည်ကိုတော့ကြားသည်။တခေါက်မှမရောက်ဖြစ်သေး ။ ခုတော့သူကိုယ်တိုင်ခေါ်ခိုင်းနေပြီမို့  ညနေဖက်အိမ်မှထွက်ခဲ့သည်။ အိမ်ရှေ့ တွင်သန်းထွေးကြူရဲ့ ညီမငယ်လေး စုစု ကစားနေသည်။
ကျွန်တော် အိမ်အပေါ်ထပ်သို့ တန်းတက်ခဲ့သည်။သန်းထွေးကြူကခြေသံကြားသဖြင့်ခေါင်းထောင်ကြည့်သည်။ ကျွန်တော်အနားရောက်သွားသည်နှင့် ။အကိုမောင်မောင် ကတော့ငါ့ညီမလေးဘယ်လိုဖြစ်နေသလဲလို့  သတင်းတောင်လာမေးဖေါ်မရဘူး။ ခေါ်ခိုင်းမှပဲပေါ်လာတော့တယ်နော်။
မဟုတ်ပါဘူးသန်းထွေးကြူရယ် အကိုလည်း ဒီရက်မှာ အလုပ်နဲနဲ များနေလို့ မလာဖြစ်သေးတာပါ။ သန်းထွေးကြူ ပန်ရောက်တာအကိုကြားပါတယ်။သန်းထွေးကြူကိုကြည့်ရတာ အသားအရေ ဖြုဖတ်ဖြုရော် နှင့်တော်တော်လဲ ပိန်သွားသည်။ ဟိုတုံးကသန်းထွေးကြူ နှင့်လုံးဝမတူတော့။
သန်းထွေးကြူ နှင့်ကျွန်တော်က ၄ နှစ်ကွာသည် ။ငယ်ငယ်ကတည်းကအိမ်နီးချင်းနေလာသည်မို့ မောင်နှမအရင်းကဲ့သို့ သံယောဇဉ်ရှိသည်။တခုတော့ရှိသည် သန်းထွေးကြူ ကဘယ်တော့မှကျွန်တော့်ကို အကိုဟုမခေါ်။ကျွန်တော့်နာမည်ပါတွဲခေါ်သည်။သူ့ ကိုယ်သူတော့ သန်းထွေးကြူ ကညီိမလေးက ဟုပြောတတ်သည်။
တနေ့ တွင် သန်းထွေးကြူ က ကျွန်တော့်အား။
" အကိုမောင်မောင် ပြောစရာရှိလို့ "
"ပြောလေညီမလေး ဘာပြောမလို့ လဲ"
"အစ်မ၀မ်းကွဲ မမသက်ကိုသိတယ်မဟုတ်လား"
"အင်းသိတယ်လေ သူကနိုင်ငံခြားမှာမဟုတ်လား"
"ဟုတ်တယ် သူခေါ်လို သန်းထွေးကြူ အဲဒီကို လိုက်သွားပြီး အလုပ်သွားလုပ်မလို့ "
"ဖြစ်ပါ့မလားသန်းထွေးကြူ ရယ် ခုချိန်ထိ ကျောင်းတက်တာကလွဲပြီး ဘာအလုပ်မှမလုပ်ဘူးတဲ့သူက နိုင်ငံခြားမှာတောင်အလုပ်သွားလုပ်မယ်ဆိုတော့ ။"
"ဖြစ်ပါတယ် အကိုမောင်မောင်ကလဲ ဒီခောတ်မှာ လူတိုင်းပဲ တော်တော်များများသွားလုပ်နေကြတာ အထူးအဆန်းမှမဟုတ်တာ။"
"သန်းထွေးကြူ ပြောတာဟုတ်ပါတယ်ဒါပေမဲ့ ။"
"ဘာမှဒါပေမဲ့မနေနဲ့ အကိုမောင်မောင် အဖေကစက်ရုံလုပ်သား အမေကဈေးထဲမှာဈေးရာင်းပြီး သန်းထွေးကြူ တို့ မောင်နှမ ၃ ယောက်ကိုလုပ်ကြွေးလာတာ သူတို့ ပင်ပန်းလှပါပြီ ။ဒီတစ်ခါ သန်းထွေးကြူ အလှည့် အောက်မှကလဲ မောင်လေးနဲ့ ညီမလေးကလဲရှိသေးတယ်သန်းထွေးကြူ ဟိုမှာ ၃ နှစ် လောက်ကျိုးစားပြီးအလုပ်လုပ်မယ် ပိုက်ဆံစုမယ်။ပြီးရင် ဒီကိုပြန်လာပြီးစီးပွားရေး လုပ်ငန်းလုပ်မယ်မကောင်းဘူးလား။"
သန်းထွေးကြူ ပြောစကားကအကြောင်းပြချက်ခိုင်လုံနေသည်မို့  ကျွန်တော်ဘာမှမပြောသာတော့။
"အင်းလေ ညီမလေးကောင်းမယ်ထင်တာသာလုပ်ပါတော့...ဒါနဲ့ ကုန်ကျစရိတ်ကရော။"
"အဲဒါဘာမှပူစရာမလိုဘူး မမ သက်ကသူစိုက်ပေးထားမှာ ဟိုရောက်တော့မှ အလုပ်လုပ်ပြီးပြန်ဆပ်ရမှာ။"
သန်းထွေးကြူ သွားသည့်နေ့  မင်္ဂလာဒုံလေဆိပ်တွင်။
"သန်းထွေးကြူ ညီမလေး အကိုတစ်ခုတော့ပြောချင်တယ်။"
"တစ်ခုမပြောနဲ့ ဆယ်ခုပြော ။သန်းထွေးကြူ ကမျက်စောင်းထိုးယင်းပြောသည်။"
"တကယ်ပြောမလို့ မနောက်နဲ့ ။"
"ကဲပါ အကိုမောင်မောင်ပြောတာ သန်းထွေးကြူ နားထောင်မယ်။ပြီးတော့ လိုက်နာပ့ါမယ်ဂတိပေးပါတယ်ရှင်။"
"အင်း ဒါဆိုလဲပြီးရော ။ညီမလေးဟိုရောက်ရင် အလုပ်ကိုကျိုးကျိုးစားစားလုပ်။ပိုက်ဆံကိုသေသေချာချာစု။သူငယ်ချင်းပေါင်းရင်လဲသတိထားပြီးပေါင်း။ အားရင်စာဖတ်ပြီိးတော့ဘုရားလဲရှိခိုး။မိဘတွေကိုလည်း ညတိုင်းကန်တော့ပြီးမှအိပ်နော်။"
ဟုတ်ကဲ့ပါအစ်ကိုကြီး ဒါပဲလား ကျန်သေးလား။ သန်းထွေးကြူ ကငေါ့ပြီးမေးသည်
"ကျမ္မာရေးလဲဂရုစိုက်နော် ဒါပဲ"
သန်းထွေးကြူ အမေကလဲဝင်ပြောသည်။
"သမီးအကိုပြောတာတွေကိုသေသေချာချာမှတ်ထားနော်။ကဲသမီးသွားတော့ ဟိုမှာသူများတွေတောင်ဝင်နေပြီ။"
သန်းထွေးကြူ က သူ့ အဖေ နှင့်အမေအားထိုင်ကန်တော့ပြီး ကျွန်တော့်အား။
"အကိုမောင်မောင် အဖေနဲ့ အမေကိုဂရုစိုက်ပေးနော်။မောင်လေးနဲ့ ညီမလေးကိုရောပဲ။"
"အေးပါညီမလေးရယ်ဒါတွေဘာမှပူမနေနဲ့ ။အကို့ တာဝန်ထား ။အကိုအားလုံးကူညီမယ်။ကဲညီမလေးသွားတော့။"
ီဒီလိုနဲ့ သန်းထွေးကြူ နိုင်ငံခြားသို့ ထွက်သွားတော့သည်။။။
အကိုမောင်မောင် ဘာတွေစဉ်းစားနေတာလဲ ညီမလေးခေါ်နေတာ ဆယ်ခွန်းလောက်ရှိနေပြီ။သန်းထွေးကြူ စကားသံကြားမှ ကျွန်တော်လည်းသတိပြန်လည်လည်လာပြီး။
"သြော် ဘာမှမစဉ်းစားပါဘူးညီမလေးရယ်။"
ကျွန်တော်က ပိန်သွယ်နေသော သန်းထွေးကြူ လက်ဖမိုးလေးအားအုပ်ကိုင်ယင်း။
"ညီမလေးကဘာရောဂါဖြစ်တာလဲ လိုအပ်ရင်ဆေရုံတက်လိုက်ပါလား။"
သန်းထွေးကြူ ကခေါင်းကိုခါရမ်းယင်း ။
"အကိုမောင်မောင် သန်းထွေးကြူ အဖေနဲ့ အမေကိုပြန်မပြောပါဘူးလို့ ဂတိပေးပါလား။"
"ဘာတွေပြောမှာမို့ လို့ လဲညီမလေးရယ်။"
"မရဘူးအကိုမောင်မောင် ဂတိအရင်ပေးပြီးမှညီမလေးပြောမှာ။"
"ကဲပါညီမလေးရယ်ဂတိပေးပါတယ် ဘယ်သူ့ ကိုမှမပြောပါဘူး ကဲ ပြောတော့"
"ဒီလိုအကိုမောင်မောင်ရဲ့  သန်းထွေးကြူ အဲဒီကိုရောက်တော့ စားသောက်ဆိုင်တစ်ဆိုင်မှာ စားပွဲထိုးလုပ်ရတယ်။အားလုံးမိန်းကလေး ၆ ယောက်ရှိတယ်။အားလုံးကိုအုပ်ချုပ်တဲ့စူပါဗိုက်စာတရုပ်မလဲရှိတယ်။သန်းထွေးကြူ ကရောက်ခါစဆိုတော့သူတို့ ဆီမှာပြောတဲ့စကားမတတ်သေးတော့အင်္ဂလိပ်လိုပဲပြောရတယ်။ဒီလိုနဲ့  ၆ လလောက်ကြာလာတော့ စကားလဲတတ်လာပြီ ။လုပ်ငန်းလဲကျွမ်းကျင်လာပြီ။
ပြီးတော့ ဆိုင်ကိုအမြဲလာစားနေကျဖေါက်သယ်တွေနဲ့ လဲရင်းနှီးလာပြီ။ သန်းထွေးကြူ ကအလုပ်ကိုမခိုမကပ်လုပ်တော့သူဌေးကလည်းသဘောကျတယ်။လာစားတဲ့ဖေါက်သယ်တွေကလဲခင်ကြတယ်။သူဌေးက သန်းထွေးကြူ ကိုတဖြည်းဖြည်းန့ဲ လစာတိုးပေးတယ်ဒီလိုနဲ့ တစ်နှစ်လောက်ကြာတော့ မိုက်ကယ် လို့ ခေါ်တဲ့ အဖြူတယောက်နဲ့ ခင်မိတယ်။ဆိုင်ကိုလာရင်လဲ တခြားစားပွဲထိုးတွေကိုမခေါ်ပဲသန်းထွေးကြူ ကိုပဲခေါ်တယ် ။
အဲ ဒီမိုက်ကယ် နဲ့ သူငယ်ချင်းတွေလာစားရင် စကားကိုယဉ်ယဉ်ကျေးကျေးပြောပြီး ခိုင်းတတ်တယ်။စားပြီးလို့ ပြန်ရင်လဲ ငွေရှင်းလို့ ပိုတဲ့ပိုက်ဆံဆိုရင် သန်းထွေးကြူ ကိုအမြဲပေးတယ်။ဒီလိုနဲ့ တနေ့  တော့သန်းထွေးကြူ နဲ့ အတုတူလုပ်တဲ့အစ်မ မငယ် က.....
"သန်းထွေးကြူ နင့်ကို မိုက်ကယ် ကကြိုက်နေတယ် ငါ့ကိုပြောပေးပါလို့ ပြောတယ် နင်ဘယ်လိုသဘောရသလဲ။"
"ဟာ အစ်မကလည်း ဘာဖြစ်လို့ ပြန်ကြိုက်ရမှာလဲ သန်းထွေးကြူ တို့ က ပိုက်ဆံလာရှာတာ အချိန်တန်ရင်အိမ်ပြန်ကြရမှာ။အပူမရှာချင်ပါဘူး။"
အေးလေစဉ်းစားပါဦးဟာ အချိန်တွေရှိသေးတာပဲ။
မငယ် ကလဲ အားတိုင်း သန်းထွေးကြူ ကို အဲဒီအကြောင်းပဲပြောတယ်။ တနေ့ သန်းထွေးကြူ တို့ ဆိုင်ပိတ်လို့  မြို့ ထဲသွားဖို့ ကားစောင့်နေတုံးမိုက်ကယ် ကားနဲ့ ရောက်လာပြီး။
"မငယ် တို့ ပါလား ဘယ်သွားမလို့ လဲ။"
"ကျွန်မတို့ မြို့ ထဲသွားလို့ ပါ။"
"သန်းထွေးကြူ လဲပါတာကိုး လာကျွန်တော်လဲမြို့ ထဲသွားမှာ လိုက်ခဲ့ပါလား။"
"ရပါတယ် ဘတ်စ်ကားနဲ့ ပဲသွားမယ် ကျေးဇူးတင်ပါတယ်။"
သန်းထွေးကြူ ငြင်းလိုက်တယ် ။မိုက်ကယ် က မငယ် ကိုကြည့်လိုက်ပြီး ။
"လာပါဘာမှအားနာနေစရာမလိုပါဘူး လူရင်းတွေပဲ တစ်ခါတစ်လေ လမ်းကြုံ လို့ ကူညီရတာပါ"
"အေးလေ သန်းထွေးကြူ ကလဲ မိုက်ကယ် ကိုအားနာစရာကြီး လာပါဟာ"
မငယ် လဲ သူ့ ဘက်ပါသွားပြီမို့  သန်းထွေးကြူ လဲအားနာနာ နဲ့ ပဲ မိုက်ကယ် ကားနဲ့ မြို့ ထဲကိုလိုက်ခဲ့ပါတော့တယ်။မြို့ ထဲရောက်တော့မိုက်ကယ် ကတစ်ခုခု ကျွေးပါရစေဆိုတာနဲ့  ဆိုင်တစ်ဆိုင်မှာဝင်စားကြပြန်ပါတယ်။ပြီးတော့မှ မိုက်ကယ် လည်း နှုတ်ဆက်ပြီးထွက်သွားပါတော့တယ်။
အဲဒီနောက်ပိုင်း သန်းထွေးကြူ တို့ အပြင်ထွက်တိုင်း မိုက်ကယ် ရောက်ရောက်လာတာတွေ့ ရတယ်။ကြည့်ရတာမငယ် နဲ့ မိုက်ကယ် အဆက်အသွယ်ရှိပုံရပါတယ်။ဒီလိုနဲ့ နှစ်သစ်ကူးမှာ သန်းထွေးကြူ တို့ ဆိုင် ၅ ရက်ပိတ်ပါတယ်။
အဲဒီပိတ်ရက်မှာ မိုက်ကယ် ကသန်းထွေးကြူ နဲ့ မငယ် ကို ဟန်းဖုန်း တစ်လုံးစီ ၀ယ်ပြီး လက်ဆောင်ပေးပါတယ်။သန်းထွေးကြူ ကအတန်တန် ငြင်းပေမဲ့ မငယ် ကနှစ်သစ်ကူးလက်ဆောင်ဆိုတာ မငြင်းကောင်းဘူးဆိုတာနဲ့ ယူလိုက်ရပါတယ်ဟန်းဖုန်းလဲရရော ညဖက်ဆိုင်သိမ်းပြီးလို့ အိမ်ရောက်တာနဲ့  မိုက်ကယ် ကသန်းထွေးကြူ ဆီအကြောင်းမရှိအကြာင်းရှာပြီး ဖုန်းဆက်ပါတော့တယ်။
မငယ် က ပြောတယ်။
"သန်းထွေးကြူ ကလဲ အဖြူ သူဌေး သားကကိုယ့်ကို ကြိုက်နေတာပဲ ပြန်ကြိုက်ပီး ချူစားပေါ့ ဟ။"
"ဟာ မငယ် ကလဲ ပြန်ကြိုက်ရုံ ကြိုက်လို့ ရမလား နောက်ပိုင်းမတော်တရော်တွေဖြစ်ကုန်ရင်ဘယ်လိုလုပ်မလဲကျွန်မပဲစိတ်ဆင်းရဲရမှာ။"
"သန်းထွေးကြူ ကလဲအဲဒီအတွက်မပူပါနဲ့ ဟယ် ငါကူညီမှာပေါ့။"
အဲဒီအချိန်ကစပြီး သန်းထွေးကြူ လူပေါင်းမှားပြီဆိုတာ သတိမထားမိခဲ့ပါဘူး။ဒီလိုနဲ့ သန်းထွေးကြူ နဲ့ မိုက်ကယ် ချစ်သူတွေဖြစ်သွားကြတယ်ဆိုပါတော့။မိုက်ကယ် ကားလေးနဲ့ သန်းထွေးကြူ တို့ သွားလေရာ မငယ် လဲပါတယ် ။သန်းထွေးကြူ ကိုဘာပဲဝယ်ပေးပေး မိုက်ကယ် က မငယ် ကိုလည်းဝယ်ပေးတယ်။
မငယ် လဲပျော်နေတာပေါ့။ နားနဲ့ မနာ ဖ၀ါးနဲ့ နာပါအကိုမောင်မောင် ။နောက်ပိုင်းချစ်သူတို သဘာဝ လွတ် ၂ လပ် ၂တွေ့ ကြတော့သန်းထွေးကြူ အရမ်းကြောက်တယ် ။အဲဒီမှာပဲ ဆရာမကြီး မငယ် ကဆေးခန်းတစ်ခုကိုခေါ်သွားပြီးလိုအပ်တဲ့အကာအကွယ်တွေအားလုံးလုပ်ပေးတယ် ။ လတိုင်း လဲ မိုက်ကယ် က လခ နီးပါးပဲ ပိုက်ဆံတွေပေး လိုချင်တာတွေဝယ်ပေးတော့ သန်းထွေးကြူ လဲ မိုက်ကယ် နဲ့ နေရတာပျော်လာတယ် အကိုမောင်မောင်။
အိမ်ကိုလဲ လတိုင်းပိုက်ဆံများများပို့ နိုင်တော့အမေတို့ လဲပျော်နေကြတာပေါ့။ဒီလိုနဲ့ သန်းထွေးကြူ မိုက်ကယ် နဲ့ တွဲနေတာ တစ်နှစ်လောက်ကြာတော့ ကျမ္မရေး နဲနဲ ချူချာလာတယ်။အစကတော့ အလုပ်ပင်ပမ်းလို့ ဖြစ်တယ်လို့ ပဲထင်ထားတာ ။တစ်ခါတစ်ခါဆိုရင် ချည့်နဲ့ ပြီးအားကုန်သွားသလိုပဲ မလှုပ်ချင်တော့ဘူး။
သန်းထွေးကြူ အဲဒီလိုဖြစ်တာ နိုင်ငံခြားမှာ အလုပ်လုပ်တာ ၃ နှစ်ထဲကိုဝင်လာတဲ့အချိန်ပဲ ။ အဲဒီလို သန်းထွေးကြူ နေမကောင်းဖြစ်စမှာပဲမငယ် လဲ မြန်မာပြည်ကိုပြန်သွားတယ်။ မိုက်ကယ် လဲ သန်းထွေးကြူ နေမကောင်းဖြစ်နေတော့ ပိုက်ဆံတွေလဲပေးတယ် ဂရုလဲစိုက်တယ်။
ဒီလိုနဲ့ သန်းထွေးကြူ နေမကောင်းတာကြာလာတော့ မိုက်ကယ် မလာတော့ဘူး။ဖုန်းခေါ်ရင်လဲ မကိုင်ဘူး နောက်ဆို ဖုန်းကိုပိတ်ထားတော့တယ်  နောက်ပိုင်းသန်းထွေးကြူ ချောင်းအရမ်းဆိုးလာတာနဲ့ တီဘီရောဂါ ဖြစ်မှာစိုးလို့ ဆေးခန်းတစ်ခုမှာသွားပြလိုက်တယ်။အဲဒီမှာဆရာဝန်ကသန်းထွေးကြူ ကိုဆေးစစ် တယ်။
အဲဒီလို စစ်လိုက်တဲ့အချိန်မှာပဲ သန်းထွေးကြူ ဘ၀ဆုံးသွားပြီဆိုတာ သိလိုက်ရတယ်အကိုမောင်မောင်။ဆရာဝန် ကအမျိုးသမီးဆရာဝန်ဆိုတော့ကောင်းပါတယ်။ သန်းထွေးကြူ ကိုမေးတယ်။
"ညီမလေးဘာအလုပ်လုပ်တာလဲ ။"
"စားသောက်ဆိုင်မှာ စားပွဲထိုးပါ "
"ယောင်္ကျားရှိသလား "
"လက်မထပ်ရသေးတဲ့ချစ်သူတော့ရှိပါတယ် "
"အတူတူ နေကြတာလား "
"ဟုတ်ကဲ့ ။ ၂ရက်ခြား ၃ရက် ခြားတော့တွေ့ ဖြစ်ကြပါတယ် "
"အဲဒီလူနဲ့ အတူတူနေတာ ဘယ်လောက်ကြာပြီလဲ "
"တစ်နှစ်ခွဲ လောက်ရှိပါပြီ "
"သူ့ ကိုရော ဒီဆေးခန်း ကို ခေါ်လာလို့ ရမလား "
အဲ့ဒီလိုမေးတော့သန်းထွေးကြူ မျက်ရည်စို့ လာပြီး
"ခေါ်လို့ မရတော့ဘူး ဒေါက်တာ ကျွန်မဆီလဲမလာတော့ဘူး ။ဖုန်းခေါ်ရင်လဲ ပိတ်ထားတယ်။"
"အင်းစိတ်မကောင်းပါဘူး ညီမလေးရယ် သေခြာပါပြီ ဒီရောဂါ အဲ ဒီလူဆီကကူးတာပဲ ဖြစ်မယ်"
"ကျွန်မဘာဖြစ်တာလဲဒေါက်တာ ပွင့်ပွင့်လင်းလင်းပြောပါ ။ကျွန်မ လိုအပ်တာအားလုံးလုပ်ပါ့မယ်"
"စိတ်ခိုင်ခိုင်ထားနော် ညီမလေး အရမ်းလဲအားမငယ်နဲ့  ညီမလေးရောဂါက AIDS"
"ဒါဆိုကျွန်မသေတော့မှာပေါ့နော် ။ အငမ်းမရမေးလိုက်တယ်"
"ချက်ချင်းတော့မသေနိုင်သေးပါဘူး ညီမရယ်။"
အဲဒီလိုသိလိုက်ရတော့သန်းထွေးကြူ လေ ဒေါက်တာရှေ့ မှာငိုနေတာ တော်တော်ကြာတယ်။ဆရာဝန်ကသန်းထွေးကြူ ကို
"နေမကောင်းဘူးလို့ ပြောပြီး မြန်မာပြည်ကို ပြန်လိုက်ပါညီမရယ်"
အဲဒီလိုဖြစ်မှပဲ ရှေးလူကြီးတွေ ပြောခဲ့ကြတဲ့ ငါးစာသာမြင်ပြီး ငါးမျှားချိတ် မမြင်ဘူ ဆိုတဲ့ စကားပုံကို သွားသတိယမိလိုက်တော့တယ်။ငါးမျှားချိတ်မှာချိတ်မိတဲ့ငါးဟာပြန်လွတ်ရိုးထုံးစံမရှိသလို သန်းထွေးကြူ ဘ၀လဲ အသက်ပေးရတော့မယ်ဆိုတာ သိလိုက်ပါပြီ။
သန်းထွေးကြူ ကပြေလဲပြော ငိုလဲငို နှင့်မို့ ကျွန်တော်ကြည့်ရင်းတော်တော်စိတ်မကောင်းဖြစ်ရသည် ။
ဘယ်လိုအားပေးစကားပြောရမှန်းပင်မသိတော့။
သန်းထွေးကြူ ပြောခဲ့ချင်တာက သန်းထွေးကြူ ကိုငွေမက်ပြီးချူစားချင်လာအောင်မက်လုံးပေးပြီး ကူညီသလိုနဲ့ စည်း၇ုံးသိမ်းသွင်းဖျက်ဆီးတတ်ကြတဲ့မငယ် သတိထားစေချင်လို့ ပါ။
ဘာပဲဖြစ်ဖြစ်အကိုမောင်မောင် စကားကိုနားမထောင်ပဲ နားယောင်ခဲ့မိတဲ့သန်းထွေးကြူ ကိုယ်တိုင်ရဲ့ အမှားလဲပါ ပါတယ်။
တော်ပါတော့ညီမလေးရယ်ရော့ရေသောက်လိုက်ဦး။
ကျွန်တော်ရေတစ်ခွက်ခပ်ပေးလိုက်ရင်းပြောလိုက်ပါတယ်။
သန်းထွေးကြူ လဲရေသောက်ပြီးမောသွားတာကြောင့် ဘာမှမပြောတော့ပဲ ကျွန်တော့်ကိုသာစိုက်ကြည့်နေပါတော့တယ်။နောက် ၄ လလောက် ကြာတော့သန်းထွေးကြူ လဲအဲဒီရောဂါနဲ့ ပဲ လူ့ လောက ကနေအြ့ပီးအပိုင်ထွက်ခွါသွားပါတော့တယ်။
ယောင်္ကျားတစ်ယောက်နဲ့ တရားဝင်လက်မထပ်ပဲ သိုသို သိပ်သိပ် နေခဲ့ကြပြီး သန်းထွေးကြူ လို ဘ၀ ဆုံးသွားသောမိန်းကလေးများ
ဘယ်လောက်ရှိနေဦးမည်ကိုလဲ မမှန်းတတ်တော့ပါ ။ ကျွန်တော်ကတော့ သြော် ။။။။။။။။။။။။။။
ဒါလားဟေ့ living together ဟုပင် ငြီးတွားနေချင်ပါတော့သည် ။။
သူငယ်ချင်းအားလုံးကို
ချစ်ခင်လေးစားလျှက်
ကိုမောင်မောင်.........ဧဒင်..

No comments: