လွှတ်တော်ထဲက ဘင်္ဂါလီ(၃)ယောက် ပြဿနာ ဘယ်လိုရှင်းမလဲ
ပြည်သူတွေကြားမှာ
ပြောနေကြတဲ့ ပြဿနာက ဘင်္ဂါလီတွေကို ထုတ်ပေးထားတဲ့ ဝှိုက်ကဒ် ပြဿနာ
ကိုပါ....ဒါပေမယ့် အရင်းနဲ့ အဖျား ရွေးပြီး ဖြေရှင်းဖို့ မေ့နေကြတာကို
တွေ့ရတဲ့အတွက် ဒီနုတ်ကို ရေးတင်ပါတယ်..အဖျားကို ရှင်းမလား...အမြစ်ကို
နှုတ်မလား ထိထိရောက်ရောက် ရွေးကြဖို့ လိုတယ်....ဒီမှာကြည့်
ဒီသုံးယောက်...၀ှိုက်ကဒ်နဲ့
ပြည်သူ့အခွင့်အရေး...နိုင်ငံသားအခွင့်အရေး.....ဒီသုံးယောက်ဟာ ၀ှိုက်ကဒ်ကနေ
ပန်းရောင်ကဒ် ပြောင်းထာားတာလို့
ပြောကြတယ်...ဟုတ်ပြီ....ဒီသုံးယောက်အကြောင်း တဖွဖွပြောလည်း
မထူးဘူး....လျစ်လျူရှုနေကြတယ်......ဟုတ်ပြီ.....တလောက ဦးခင်ရီဘက်က စစ်နေတယ်
လို့ ပြောတယ်....အခု ဘာသံမှ
မကြား၇တော့ဘူး....ဟုတ်ပြီ.....လွှတ်တော်ဥက္ကဌတွေကလည်း rule of law
ပြောကြတယ်နော်...သမ္မတဦးသိန်းစိန်ကလည်း rule of law ပြောတယ်နော်...
ဒေါ်အောင်ဆန်းစုကြည်ကလည်း rule of law ပြောတယ်နော်....ဟုတ်ပြီကြံ့ဖွံ့
အခြေခံဥပဒေမှာ အတိအကျ ပြောမယ်ဆိုရင် ပုဒ်မ ၃၉၆(ခ)မှာ ဘယ်လိုရေးထားသလဲ
ဆိုတော့...((သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး
တစ်ရာခိုင်နှုန်းတို့က တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော
လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်ကို
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်))))ဒါဟာ အခြေခံ ဥပဒေက
ပေးထားတဲ့ အခွင့်အရေး....သိထားဖို့က အခု (၂)နှစ် ခွဲပြီ....ဒီအခွင့်အရေး
ပြည်သူတွေ မရကြသေးဘူး....ဒီအခွင့်အရေးကို ပိတ်ထားတယ်...ဘယ်သူတွေ
ပိတ်ထားသလဲ....ဘာကြောင့် ပိတ်ထားသလဲ.....မကြာသေးခင်က ရခိုင်ပြည်နယ်က
လွှတ်တော်အမတ်ကြီးနဲ့ သတင်းထောက်တစ်ယောက် တွေ့ပြီး ပြောထားတာလေးတွေ ဒီမှာ
ဖော်ပြချင်ပါတယ်.....((ပလေတိုထံတွင် အသံဖိုင် mp3 ရှိပါတယ်))(((ကိုယ့်ညီက
ဒီဘင်္ဂါလီတွေကို လုပ်လို့ရတဲ့ ဥပဒေ မေးလို့ ကိုယ် ပွင့်ပွင့်လင်းလင်းပဲ
ပြောလိုက်မယ်...ကိုယ်တို့ ရခိုင်တွေဒီသုံးယောက်ကို ဖြုတ်ဖို့ ပြည်သူတွေ
လက်မှတ်ရေးထိုးပြီး ရွေးကောက်ပွဲကော်မရှင်ကို တင်ခဲ့တယ်....ဒီတော့
ကော်မရှင်က ဥပဒေ မရှိသေးလို့ ဆိုပြီး ပြောတယ်....ကွန်စတီကျူးရှင်း ပုဒ်မ
၃၉၆(ခ)ကို ပြန်ဖတ်ကြည့်လိုက် ကိုယ့်ညီ....ကိုယ်တို့ အမတ်တွေကို တင်လိုက်တဲ့
ပြည်သူတွေကပဲ ပြန်ဖြုတ်လို့ရတယ်....ဘယ်လောက်မှ မလိုဘူး 1% ပဲ လိုတာ.. 1% က
ဖြုတ်ချင်တယ်ဆိုပြီး လက်မှတ်ထိုးရင်ရပြီ....))))(((အဲဒီဥပဒေကို ကော်မရှင်က
ဆွဲပြီး တင်တယ်လေ...မှတ်မှတ်ရရ ၂၀၁၂ နိုဝင်ဘာလထဲမှာ ဒီတုန်းက အများပြည်သူ
လေ့လာ အကြံပြုဖို့ ဆိုပြီး သတင်းစာထဲတောင် ထည့်လိုက်တယ်....အဲဒီ ဥပဒေကလည်း
ပြောရမယ် ဆိုရင် ရှုပ်နေတယ်...အခြေခံ ဥပဒေက ပြောထားတာက 1%
တင်ရင်ရပြီ...မူကြမ်းမှာကျတော့ ရွေးကောက်ပွဲ ပြန်လုပ်ရမယ့် သဘောမျိုး
ဖြစ်နေတယ်....ဒါကိုလည်း ဆွေးနွေးရဦးမယ်
ထင်တယ်...)))(((ဟား....ဟား..........ဟား...........ဘယ်တော့ ဆွေးနွေးမလဲ
ဆိုတော့ ဘယ်တော့မှ မဆွေးနွေးဘူး.....၂၀၁၅ နီးရင်တော့ ဖြစ်ချင်
ဖြစ်လာမယ်....ဒီကြားထဲတော့ ဖြစ်လာစရာ
အကြောင်းမရှိဘူး....)))(((ဘာဖြစ်လို့လဲ ဆိုတော့ လွှတ်တော်ကိုယ်စားလှယ်တွေကို
ဖြုတ်ချပစ်မယ့် ဥပဒေလေ...ကိုယ့်သေတွင်းကိုတော့ ဘယ်သူ တူးမှာလဲ
ကိုယ့်ညီရေ....၂၀၁၂ ကတည်းက တင်ထားတာ....ဆွေးနွေးမယ့် အစီအစဉ်ထဲမှာ
မပါဘူး....ပါလာမှာလည်း မဟုတ်ဘူး.....ပြောရရင် နိုင်ငံသားတွေကို အခြေခံဥပဒေက
ပေးထားတဲ့ အခွင့်အရေးကို လွှတ်တော်က ပိတ်ထားတာ....အခြေခံဥပဒေက
ပေးတယ်....ဒါပေမယ့် မရဘူး...ရမှာလည်း မဟုတ်ဘူး.......)))(((နိုင်ငံရေး
ဆိုတာ မာယာတွေ များတယ်...အခု ဦးသိန်းညွန့်တို့ ဦးရဲထွန်းတို့
ပြည်သူ့အကျိုး ကြည့်တယ်...ရဲရဲတင်းတင်း ရပ်တည်တယ် ဆိုပေမယ့်လည်း
လွှတ်တော်ထဲမှာ လူအုပ်စုကြီးတွေနဲ့ကွ....ဘာမှ လုပ်လို့ မရဘူး....ကဲ ...ကြည့်
လွှတ်တော်ကိုယ်စားလှယ်တွေကို ပြန်ရုပ်သိမ်းဖို့ ဥပဒေထွက်လာရင်
ဘာဖြစ်မလဲ....အတော်များများ ပြုတ်ကုန်မှာပေါ့.....ဦးအောင်သိန်းလင်း
ရှိတယ်ကွာ...ကိုယ့်ညီပြောတဲ့ ဘင်္ဂါလီသုံးယောက်ရှိတယ်ကွာ.....တချို့လည်း
ရှိတယ်....ပြည်သူတွေက ဖြုတ်ပစ်ချင်နေတာ.....သူတို့ကလည်း
သိတယ်...လည်တယ်လေ...ဒီဥပဒေကို ဘယ်တော့မှာ
မဆွေးနွေးတော့ဘူး))))(((ကိုယ့်ညီပြောသလိုပါပဲ.....အခြေခံဥပဒေက ပေးထားတဲ့
အခွင့်အရေးကို ပြည်သူတွေ ဒီငါးနှစ်လုံး ရမှာ မဟုတ်တော့ဘူး......ဒီမှာ
ကိုယ့်ညီ နိုင်ငံရေးဆိုတာ အကျိုးစီးပွားနဲ့ယှဉ်တာ.....ဘာဆန္ဒ ညာဆန္ဒ ဆိုတာ
လျှောက်ပြောနေတာ....ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား ဆိုတာ လူကြားကောင်းအောင်သာ
လျှောက်ပြောနေတယ် တစ်ကယ်တော့ ဘယ်လုပ်မှာလဲ .....ကိုယ် ပြုတ်မှာတော့
ကြောက်ကြတာပဲ ကိုယ့်ညီ))))(((ဘယ်သူ ပြောရဲမှာလဲ...ဆိတ်ဖွားနောက်ပိုင်း
ကိုယ့်ညီတို့ မီဒီယာတွေ ဘာပြောရဲလို့လဲ....လွှတ်တော်ကို....အလဲဗင်းလည်း
လွှတ်တော်ကို ဘာပြောသံ ကြားလို့လဲ...သူတို့က တစ်အုပ်စုတည်းကွ.....ကိုယ်တို့
ကိုယ်စားလှယ်တွေလည်း ဘယ်ပြောရဲမလဲ...ပြည်သူတွေဆို ဝေလားဝေး..... သိတောင်
မသိကြဘူး.....သူတို့မှာ ဘာအခွင့်အရေးရှိတယ် ဆိုတာတောင် ကောင်းကောင်း
မသိကြဘူး....ဒေါ်အောင်ဆန်းစုကြည်လည်း အတိုက်အခံ လုပ်ပြီး ဘယ်ပြောရဲမလဲ..သူက
၂၀၁၅ မျှော်လင့်ချက်နဲ့ လုပ်နေတာ...ကိုယ့်ညီလည်း ဒီဟာတွေကို ဂျာနယ်ထဲမှာ
ထည့်ရဲမလား .....ထည့်ရင်တောင် ကိုယ့်ညီအထက်က အယ်ဒီတာတွေကိ
ထည့်ပေးမလား.....))))(((ရှင်းရှင်းပဲ ပြောလိုက်မယ်
ကိုယ့်ညီ...နိုင်ငံသားဥပဒေ ပြင်တာတွေ ဘာတွေ
လျှောက်တွေးမနေနဲ့....လွှတ်တော်ကိုယ်စားလှယ် အဖြစ်က ပြန်ရုပ်သိမ်းတဲ့
ဥပဒေနဲ့ ဒီသုံးယောက်ကို ဖြုတ်ချလိုက်ရင် ပြီးပြီ....အခုကျတော့ ဒီသုံးယောက်
လွှတ်တော်ထဲ ရောက်နေတာကိုက ဘင်္ဂါလီတွေ တရားဝင်တယ် ဆိုတာမျိုး
ဖြစ်နေတာ....ဒီသုံးယောက် ပြိုရင် အကုန်ပြိုပြီ.....ကိုယ်ပြုတ်မှာ
ကြောက်တော့ ဒီသုံးယောက်ကို လွှတ်ထားတဲ့ သဘောမျိုးပဲ....))))(((ပြီးရင် ကိုယ်
ဟောကိန်းထုတ်လိုက်မယ်.....လွှတ်တော်ကိုယ်စားလှယ်တွေက ဒါကို
ကြောက်နေတယ်.....ပြည်သူက ပြန်ဖြုတ်ချမှာကို.....အခြေခံဥပဒေ ပြင်ရင် .....ဒီ
one percent အခွင့်အရေးကိုပါ ဖြုတ်ပစ်လိုက်မှာ...ဘယ်တော့မှ ဖြုတ်လို့
မရတဲ့ အမတ်တွေ ဖြစ်လာမှာပေါ....မှတ်ထား နိုင်ငံရေးဆိုတာ ဒီလိုမျိုး
ညစ်ပတ်ရတယ်.....ပြည်သူ့အကျိုး ဆိုတာ လျှောက် ပြောနေတာ....ကိုယ့်အကျိုးက
အရင်ဆုံးလာတာပဲ...အခြေခံဥပဒေ ပြင်တဲ့အခါ ဒီပုဒ်မ တစ်ခါတည်း ဖြုတ်လိုက်ရင်
ပြီးရောလေ.... ပညာခန်းတွေကတော့ အံ့မခန်းပဲ ကိုယ့်ညီရေ....)))ဤသို့
ကြားနာခဲ့ရသော ဖြစ်ရပ်တွင် လွှတ်တော်ထဲက ထိုသုံးယောက်ကို ဖြုတ်ချနိုင်မည့်
အခွင့်အရေးကို မည်သူတွေ ပိတ်ပင်နေကြသနည်း.... (၅)နှစ်လုံးလုံး ပြည်သူတွေ
ဒီအတိုင်း လက်ပိုက်ကြည့်နေကြရတော့မည်လား.....အမျိုးသားရေးကို မည်သူတို့က
အလေးထား၍ မည်သူတို့က ဖောက်ဖျက်နေပါသလဲ....ကာယကံရှင်
လွှတ်တော်ကိုယ်စားလှယ်ကြီး၊ သတင်းထောက်တို့ကို ငဲ့ကွက်သောအားဖြင့်
အသံဖိုင်တော့ တင်မပေးတော့ပါ....ဘယ်တော့မှ ထွက်လာမည် မဟုတ်သော
လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းနိုင်တဲ့ ဥပဒေကို
စဉ်းစားမိပြီး....ဘယ်တော့မှ မရနိုင်တော့သည့် အခြေခံဥပဒေက ပေးအပ်ထားတဲ့
ပြည်သူတို့ရဲ့ အခွင့်အရေးကို မကျေမနပ်စိတ်ဖြင့်....ဘယ်တော့မှ
မရိုးနိုင်သည့် နိုင်ငံရေးသမားတို့ရဲ့ မာယာကို ခံပြင်းစွာ
တွေးတောနေမိရုံမှတစ်ပါ...ပလေတိုကရော ဘာများ
တတ်နိုင်ဦးမည်နည်း....................
By ပလေတိုး ဒီမို
https://m.facebook.com/home.php?__user=791875558
No comments:
Post a Comment