Tuesday, June 11, 2013

မလေးရှားရောက် မြန်မာနိုင်ငံသားများအားလုံးသိစေရန်


မလေးရှားနိုင်ငံတွင်လတ်တလော ဖြစိပေါ်လျှက်ရှိသော ပဋိပက္ခ
များကြောင့်ဆေးရုံတွင်ဆေးကုသမှု့ခံယူနေရသောသူများနှင့် သေးဆုံးသွားကြသော
အတိုက်ခိုက်ခံ မြန်မာနိုင်ငံသားတို့အကြောင်းကြားသိပြီးဖြစ်မည်ဟုယူဆမိပါသည်၊
အနီးအဝေးနေသူများအားလုံးလည်းစိတ်မကောင်းစွာစီုးရိမ်ပူပန် နေကြလိမ့်မည်ဟု
ယုံကြည်မိပါသည်။

ထိုအတိုက်ခိုက်ခံ ညီကိုတော်များမှ ကူညီစောင့်ရှောက်နိုင်ရန် အတွက်
( ၃.၆.၂၀၁၃) ရက်နေ့တွင် ကျွန်တော်မှ မတည်ထည့်လှူ သော မလေးရင်းဂစ်
၁၀၀၀ အား ကပုန်းဘုန်တော်ကြီးကျောင်းမှ ဆရာတော် Dr Asin Indaka
အား အပ်နှံကာ အလှူငွေ စတင်ကောက်ခံခဲ့ကြပါသည်။

(၉.၆.၂၀၁၃)ရက်နေ့ထိ ကောက်ခံရရှိပြီးငွေ မလေးရင်းဂစ် ၉၆၀၂ အားလက်ခံရရှိပြီးဖြစ်ပါသည်၊ရက်များမကြာမှီ တွင် ဆရာတော် ခရီးထွက်
ရန်အစီအစဉ်ရှိပါသဖြင့်ကျွန်တော်တို့အားပြန်လည်အပ်နှံခဲ့ရာ ၄င်းငွေဖြင့်
ဆေးကုသမူ့ခံယူနေသူများအားလှူဒါန်းနိုင်ရန်နှင့် ဆေးကုသမူ့ စရိပ်တို့
အားပေးချေရန် ဆာလာရန်းဆေးရုံနှင့်ဆွန်ဂိုင်းဘလို့ ဆေးရုံသို့
သွားရောက်ခဲ့ကြပါသည်။

ကျွန်တော်တို့ ဆေးရုံ သို့ရောက်ရှိသွားချိန်တွင် ဆာလာရန်းဆေးရုံတွင်အ
တွင်းလူနာအဖြစ်ဆေးကုသမူ့ခံယူနေသူ ကိုထွန်းမော်သိမ်း နှင့်ကိုအောင်မျိုးဦး တို့နှစ်ဦးကိုသာ တွေ့ရှိ၍ အားပေးစကားပြောကြားကာ
ကျွန်တော်တို့ထံတွင် စေတနာရှင်မြန်မာနိုင်ငံသားညီကိုမောင်နှမများမှလှူ
ဒါန်းထားသောအလှူငွေများအဆင်သင့်ရှိနေပြီဖြစ်ကြောင်း၊အားမငယ်ကြစေ
လိုကြောင်းများပြောကြား၍ ဆေးရုံတွင်နေစဉ်အတွင်းကျွန်တော်တို့အားဆက်ရန်
ဖုန်းနံပါတ်များပေး၍ကိုထွန်းမော်သိမ်း၏ဖုန်းန့ပါတ်အားလည်းတောင်းယူခဲ့ကြပါသည်၊
၎င်းတို့၏လက်အတွင်းသို့ အလှူငွေပေးအပ်ခဲ့ရန် အတွက် ၄င်းတို့၏ကျန်းမာရေးအခြေ
အနေနှင့် မလျှော်ညီသေးသည့်အတွက်မပေးအပ်နိုင်ခဲ့ကြပါ။

ထိုမှတဆင့် တာဝန်ကျ ဆရာဝန်အားတွေဆုံ၍ ထိုလူနာ၂ဦးအတွက် ကျွန်တော်တို့မှ ဆေးရုံတက်ရောက် ကုသခနှင့် စရံ ငွေ ပေးချေရန်ကျန်ရှိနေ
လျှင်ပေးချေ လိုပါကြောင်း ပြောဆိုမေးမြန်းရာတွင် ထိုဆရာဝန်မှ စရံငွေပေးချေရန်မလိုကြောင်းနှင့် လောလောဆယ်မည်သည့် ငွေကြေးမှပေးချေ
ရန်မလိုပဲ ဆေးရုံဆင်းသည့်အခါမှသာလျှင်ကုသစရိပ်ကျသင့်ငွေကိုသိရှိနိုင်မည်ဖြစ်ြ
ပီး ပေးချေရမည်ဖြစ်ကြောင်းရှင်းလင်းပြောဆိုသည့်အတွက် လူနာများဆေးရုံဆင်းချိန်
တွင်ကျွန်တော်တို့အားဆက်သွယ်ပေးပါရန်မှာကြား၍ကျွန်တော်၏ဖုန်းနံပါတ်နှင့်ပါတ်စပို့
နံပါတ်၊အမည်အပြည့် အစုံတို့ အားပေးခဲ့ကြပါသည်၊ကျွန်တော်တို့ FB ပေါ်တွင်ဖတ်ရှုမိ
ခဲ့ကြသော စရံငွေ မပေးချေ နိုင်၍လူနာတချို့အား ကုသမူ့မပြုသေးပဲ ဆိုင်ငံ့ထားပါသဖြင့် အရေးတကြီးအလှူ ငွေလိုအပ်နေပါသည်ဆိုသော အလှူခံအချို့၏ သတင်းများမှာမှန်သည်ဟုမယူဆနိုင်မှန်း သိခဲံ့ကြရပါသည်။

ကျွန်တော်တို့အဖွဲ့ ဆာလာရန်းဆေးရုံမှတဆင့် ဆွန်ဂိုင်းဘလို့ ဆေးရုံသို့ သွားရောက်ရာတွင် ကိုစောအရှီး ဆိုသူ အရေးပေါ်လူနာတဦး အားတွေ့ရှိခဲ့သော်လည်း သတိလည်ခြင်းမရှိသေးသည့်အတွက် အားပေးစကားပြောဆိုနိုင်ခဲ့ခြင်းမရှိခဲ့ပါ၊သို့သော်
တာဝန်ကျ နပ်စ်မနှင့်တွေ့ဆုံ၍ အကျိုးအကြောင်း ပြောပြရာ ပထမဝင်ရောက်ခဲ့သည့် ဆေးရုံမှ ဆရာဝန်ကဲ့သို့ပင် ရှင်းလင်းပြောပြသဖြင့် ကျွန်တော်၏အမည် ၊ပါတ်စပို့နံပါတ်နှင့်ဖုန်းနံပါတ်တို့အားဆက်သွယ်နိုင်ရန်ပေးထားခဲ့ကြပါသည်။

ထိုမှတဆင့် ကွာလာလန်ပူဆေးရုံကြီးတွင် တက်ရောက်ကုသလျှက်ရှိသောရခိုင်
အမျိုးသား လူနာအားသွားရောက်ကြည့်ရှုအားပေးရန်နီးစပ်ရာမိတ်ဆွေများအားဆက်သွယ်
မေးမြန်းကြည့်ကြရာ...ထိုနေ့တွင်ပင် ဆေးရုံမှဆင်းသွားပြီဖြစ်ကြောင်း ကြားသိရပါသည်။
ထို့အပြင် ကျွန်တော်တို့ ဦးသီဟမောင်မောင်ထံမှ သတင်းထပ်မံသိရသည်မှာ ကလန်းဆေးရုံတွင်တိုက်ခိုက်ခံရသူ ၆ဦးခန့်တက်ရောက်ကုသနေသည်ဟုဖြစ်ပါသည်၊

ထိုညပိုင်း တွင်ပင်ကွာလာလန်ပူမြို့တွင်းရှိဂန္တဝင်စားသောက်ဆိုင်၌ ကျွန်တော်တို့ အဖွဲ့ ပြန်လည်တွေ့ဆုံ၍ အများသဘောတူညီမူ့ဖြင့်
ကောက်ခံရရှိငွေ ရင်းဂစ် ၉၆၀၂ အားဦးသီဟ မောင်မောင်ထံ သိမ်းဆည်း
အပ်နှံ ခဲ့ကြပါသည်။

ကျွန်တော်တို့ အဖွဲ့ ဟုရေးသားခဲ့သည့် အကြောင်းအားလည်း ရှင်းပြလိုပါသည်၊
ထိခိုက်ဒဏ်ရာရသူများနှင့်သေဆုံးသွားသူများ၏ မိသားစုဝင်များအား ကူညီစောင့်ရှောက်ရန် ဦးဆောင်၍ကမကထပြု ဆောင်ရွက်ခဲ့ကြသောညီကိုတော်များအားကိုယ်စားပြု၍ ကျွန်တော်တို့အဖွဲ့ဟုရေးသားခဲ့ခြင်းဖြစ်ပါသည်၊....၄င်းတို့မှာ..........

(၁) ဦးမျိုးညွန့်...............၀၁၆ ၉၉၈၀၆၀၁.........................................(Save The Aged)
(၂)ဦးသီဟမောင်မောင်..၀၁၂ ၃၈၈၈၄၈၀.................(.MMSL INDUSTRIES SDN_BHD)
(၃)ဦးညီညီ...................၀၁၇၃၅၅၈၇၁၀...............................(ခေါင်းလောင်သံ ဂျာနယ်)
(၄)ဦးဝင်းမြင့်.......................................................................................(သားဝတုတ်)
(၅)ဦးမျိုးညွန့်.........၀၁၀၈၃၆၁၂၆၈....(ပညာအိမ် ကွန်ပျူတာသင်တန်းနှင့်ဆားဗစ်စင်တာ)
(၆)ကိုမျိုး ……….၀၁၂၄၄၆၈၈၄၂ (ဧဒင်ဥယျာဉ်)
(၇)ဦးဘိုဘိုအောင်.........၀၁၄၃၄၂၆၅၁၇........................................................(ရာဝမ်း)
(၈)ဦးအောင်သန်းညွန့်....၀၁၉၆၄၉၁၄၇၃..........................(AMAN NILAI ENTERPRISE)
ဖြစ်ကြပါသည်။

ယ္ခုကဲ့သို့ လုပ်ဆောင်နေသော ကျွန်တော်တို့၏ အဓိက ရည်ရွယ်ချက်မှာ
အလှူရှင်များမှလှူဒါန်းသည့် အလှူငွေများ အလျူခံပုဂ္ဂိုလ်များထံပြည့်ဝ
မှန်ကန် မြန်ဆန်စွာရောက်စေရေးနှင့်..................

(၁) ဆေးရုံတွင်တက်ရောက်ကုသနေ သော အတိုက်ခိုက်ခံ ရသောလူနာများ ဆေးကုသစရိပ်ထောက်ပံ့နိုင်ရန်၊

(၂)ဆေးရုံမှဆင်း၍ ကျန်းမာရေးပြန်လည်ထူထောင်စဉ်ကာလအတွင်းထောက်ပံ့ကူညီစောင့်ရှောက်နိုင်ရန်၊

(၃)ဆေးရုံမှဆင်း၍ မြန်မာပြည်သို့ပြန်လိုလျှင်လမ်းစရိတ်နှင့်ကျန်းမာရေးထူထောင်စရိပ်
တို့အားထောက်ပံ့နိုင်ရန်၊

(၄)ထိုအချက်(၃)ချက်အား ဆောင်ရွက်ပြီးစီး၍ ပိုလျှံသော အလှူငွေများအား သေဆုံးသွား
သူတို့၏ သက်ဆိုင်ရာမိသားစုအားအချိုးကြ ပေးလှူသွားရန်တို့ဖြစ်ပါသည်

ကျွန်တော်တို့ ကောက်ခံရရှိသော အလှူငွေစာရင်းများအားလည်း အလှူရှင်အဖွဲ့အမည်၊တဦးခြင်းအမည်များဖြင့် FB ပေါ်တွင် ဆက်တိုက်ဖေါ်
ပြပေးသွားနိုင်ရန် စီစဉ် တိုင်ပင်ပြီးဖြစ်ပါသည်၊ထို့ အတူ ပေးလှူရာဆေးဖိုးဝါးခများနှင့် ပေးလှူထောက်ပံ့သူတို့၏ အမည်၊ပေးလှူသည့်ငွေ အရေအတွက်တို့အား FB ပေါ်တွင်တိကျစွာဖေါ်ပြပေးသွားပါမည်၊

၁၀.၆.၂၀၁၃ ညတွင် ရှားအလန်း စက်ရှင် ၂၆ ညီအကိုများအဖွဲ့မှလှူဒါန်းငွေ ရင်းဂစ်
၁၀၀၀ တိတိနှင့် ရန်ကုန် Save The Aged မှ လှူးဒန်းငွေ ရင်းဂစ် ၃၃၀ တို့အားလည်း
ထပ်မံလက်ခံရရှိထားပါသည်၊

*မော်တော်ယာဉ်သုံးဆီဖိုး၊မော်တော်ယာဉ်iငှားခ၊ မော်တော်ယာဉ်ဖြတ်သန်းခပေးဆာင်ရမူ့ များအား ကောက်ခံရရှိသည့် အလှူ ငွေများ အတွင်းမှ သုံးစွဲသွားမည်မဟုတ်ပါကြောင်း ကုသိုလ်ရှင်ညီကိုမောင်နှမအပေါင်း သိစေအပ်ပါသည်*

မှတ်ချက်......... ကျွန်တော်တို့ ကောက်ခံရရှိသော ငွေစာရင်းနှင့် ပေးလှူသောငွေစာရင်း
များအား တိကျစွာ ကပုန်းဘုန်တော်ကြီးကျောင်းဆရာတော် Dr Ashin Indaka (Ph.D) ထံ
ပေးပို့ လျှောက်ထားသွားမည်ဖြစ်ပါကြောင်း ကုသိုလ်ရှင် ညီအကိုမောင်နှမအပေါင်း သိစေအပ်ပါသည်ခင်ဗျား.........................။

မြန်မာနိုင်ငံသားအပေါင်း....ဘေးဘယာ...ကင်းကွာနိုင်ကြပါစေ......

လေးစားစွာဖြင့်
ကုသိုလ်ပြုလိုသူညီကိုတစ်စု.....ဧဒင်ဥယာဉ်.....မှကူးယူသည်

No comments: