Sunday, June 16, 2013

ဂက်စ်ပိုက်ပေါက်၍ ဒိုင်နာလိုင်းကား မီးလောင်မှုဖြစ်


Sunday, June 16, 2013

ဂက်စ်ပိုက်ပေါက်၍ ဒိုင်နာလိုင်းကား မီးလောင်မှုဖြစ်

ရန်ကုန်-ဇွန်၁၆

ယာဉ်မောင်း မြင့်စိုး-လှိုင်သာယာ မြို့နယ်နေသူ မောင်းနှင်သည့် ၂၂၆(အစိမ်း)လိုင်း၊ ဒိုင်နာယာဉ်သည် ၁၆.၆.၂၀၁၃ရက်နေ့ ၀၅၁၈ အချိန်တွင် သီရိမင်္ဂလာဈေး ဘက်မှ လှိုင်သာယာမြို့နယ်ဘက်သို့ မောင်းနှင်လာစဉ် ကပရ၀န်းရှေ့ အရောက်တွင် ဂက်စ်ပိုက်ပေါက်ပြီး မီးလောင်မှုဖြစ်ပွါးခဲ့ရာသည်။

လှိုင်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်(၂)စီး ဖြင့်ရောက်ရှိ ငြိမ်းသတ်ခဲ့၍ ၀၅၃၀ အချိန် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် ယာဉ်၏ရှေ့ခန်း မီးလောင်ပျက်စီးခဲ့ရာ တန်ဖိုး(၁)သိန်းကျပ် ခန့် ဆုံးရှုံးခဲ့ပြီး၊ ယာဉ်၏နောက်ခန်းတွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်များအနက် မင်္ဂလာဒုံနေ ဒေါ်ညိုညိုထွေး၊၄၇နှစ်၊သည်ယာဉ်ပေါ်မှ ဆင်းပြေးစဉ် ပြုတ်ကျခဲ့၍ ၀ဲဘက်ချိုစောင်း ပေါက်ပြဲ ဒဏ်ရာရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ) အဖြစ်ကုသလျက်ရှိသောကြောင့် ယာဉ်မောင်း မြင့်စိုးအား ပိတောက်ချောင်းနယ်မြေရဲစခန်း (ပ)၁၄၀/၂၀၁၃ ပုဒ်မ-၂၈၅/၃၃၇ ဖြင့် အရေးယူထားရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန် ထားပါသည်။
..သစ်ထူးလွင်....

No comments: