မလေးရှား နိုင်ငံ ရဲချုပ်မှ ယနေ့ ထုတ်ပြန်တဲ့သတင်းမှာ သူတို့နိုင်ငံတွင်း ဘာသာရေး အထိကရုဏ်ပြန့်ပွားမည်ကိုလုံးဝအဖြစ်ခံမှာမဟုတ်ဘူးလို့ စတင်ပြောကြားသွားပါတယ်။
ဒါကြောင့်ယခုလို Operation (အော်ပရာစီ) နဲ့စတင်ပြီး ဖြစ်ပျက်နေတာတွေကိုရပ်ပစ်မှာပါလို့သတင်းဌာနများကိုပြောကြားသွားခဲ့ပါတယ်။
ယနေ့အထိ မြန်မာနိုင်ငံသား ၉၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီးစစ်ဆေးမှု့များပြုလုပ်ကာ ထိုထဲမှ စာရွက်စာတမ်းမရှိသူ ၂၄၀ ခန့်အားပြန်ပို့ရန်စီစဉ်ထားကြောင်းသိရပါတယ် ။
ယနေ့အထိ စုစုပေါင်း ၄ ယောက်သေးဆုံးပြီး တော်တော်များများ ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံးမှာပြင်းထန်စွာဒဏ်ရာရရှိသူတွေလဲရှိနေခဲ့ပါတယ် အဖြစ်အပျက်အားလုံးက မြန်မာပြည်မှလက်ရှိဖြစ်ပျက်နေတဲ့ လူမျိုးစုပြဿနာတွေနဲ့ဆက်စပ်ဖြစ်ပေါ်နေတာဖြစ်တယ်လို့ဆိုပါတယ်။
မလေးရှား မြန်မာလူမျိုးဒုက္ခသည်အဖွဲ့ဥက္ကဌ ဦးမောင်လှက အကြမ်းဖက်မှု့တွေက မြန်မာနိုင်ငံသားများအတွင်းဖြစ်ပျက်နေတာဖြစ်ပြီး မလေးရှားနိုင်ငံသားတွေနဲ့မပတ်သက်ဘူးလို့ AFP ကိုပြောကြားသွားပါတယ်။
မလေးရှားရဲများအနေနဲ့ အချက်လက် အပြည့်အစုံကို မဖော်ပြခဲ့ပေမယ့် အခြားမီဒီယာတွေကတော့ မလေးရှားနိုင်ငံရောက် မြန်မာဗုဒ္ဒဘာသာတွေ အတိုက်ခိုက်ခံနေရတာကို ဖော်ပြသွားခဲ့ပါတယ် ။
မြန်မာပြည်မှာ ရိုဟင်ဂျာလို့ခေါ်တဲ့ မွတ်စလင်အုပ်စု နဲ့အများဆုံးပြဿနာဖြစ်နေကြပေမယ့် မလေးရှားနိုင်ငံမှာတော့ မြန်မာဗုဒ္ဒဘာသာအလုပ်သများတွေ အတိုက်ခိုက်ခံနေရတာဖြစ်တယ်လို့ မလေးရှားအာဏာပိုင်များက တရားဝင်ပြောကြားသွားပါတယ် ။
UN ကအများဆုံးကူညီအမည်တပ်ထားတဲ့ Rohingya လို့ခေါ်တဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်က လူမျိုးတွေဟာမြန်မာနိုင်ငံအနောက်ပိုင်းရခိုင်ပြည်နယ်ဘက်ကိုဝင်ရောက်လာတဲ့လူမျိုးတွေဖြစ်ပြီး ထိုမှတဆင့် တိုင်းပြည်များကိုထွက်ခွာဖို့ကြိုးစားနေတဲ့နေရာမှာ မလေးရှားနိုင်ငံကို အများဆုံးဖြတ်ကျော်ရောက်ရှိလာတာဖြစ်ပြီး ။ UN ရဲ့စာရင်းထုတ်ပြန်ချက်အရ မလေးရှားနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ Rohingya Muslim ၂၃၀၀၀ ကျော်ရှိပြီဖြစ်တယ်လို့သိရပါတယ်။
ထောင်ပေါင်းများစွာသော အဆိုပါ အုပ်စုဟာ နယ်စပ်မှ ထွက်ခွာလာပြီး မလေးရှားမှာ ရပ်တည်နေထိုင်ကြတယ်လို့ဆိုပါတယ် ။မလေးရှား အစိုးရကတော့ သူတို့နိုင်ငံမှာ အဆိုပါ မြန်မာမာနိုင်ငံမှ အားလုံး ၈၀၀၀၀ ကျော်ရှိနေပြီလို့ AFP ကတင်ပြသွားခဲ့ပါတယ် ။

No comments:
Post a Comment