မလေးရှားနိုင်ငံ မှာလွန်ခဲ့တဲ့ ရက်များကဖြစ်ပွားခဲ့တဲ့ အဖြစ်များတွင် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည့် ဆလာရန်းဆေးရုံတွင်ဆေးကုသခံယူနေရသော လူနာများအတွက် ဆေးဖိုး ၊ ဆေးရုံတွင် ပေးရန် ကုသစရိတ်များအတွက် အကူအညီလိုအပ်နေကြောင်း မြန်မာများအတွက် ကူညီဆောင်ရွက်ပေးနေသည့် လူမှု့အဖွဲ့အစည်းများမှတဆင့် ယနေ့မနက် သတင်းရရှိပါသည် ။
ယနေ့ မလေးရှားရောက် မြန်မာနိုင်ငံသား အားလုံး တတ်နိုင်သလောက် စုပေါင်းကူညီပေးဖို့ နှင့် နီးစပ်ရာ တာဝန်ရှိသူများမှ ယနေ့ အကူညီများလိုက်လံတောင်းခံမည်ဖြစ်ကြောင်းကို မလေးရှား ရောက် မြန်မာများ FACEBOOK မှတဆင့် အသိပေးရပါသည် ။
ထို့အတွက် ဆောင်ရွက်နေသူများမှ နီးစပ်ရာ မြန်မာဆိုင်များ ၊ မြန်မာအများစုနေထိုင်သည့် နေရာများသို့ အကူညီတောင်းခံသွားမည်ဖြစ်ကြောင်း နှင့် ရရှိသော ငွေများအားလုံးကို ကပုန်းဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်ထံလွဲအပ်ကာ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည် ။
Source
မလေးရှားရောက် မြန်မာနိုင်ငံသားများအရေးကူညီမှု့အဖွဲ့ (ကပုန်း)

No comments:
Post a Comment