- မလေးရှား ရောက် မြန်မာ တွေ ကို အုပ်စု ဖွဲ့  ရိုက် နှက် သတ်ဖြတ် မှု များရှိ
မလေး ရှား နိုင်ငံ ရောက် မြန်မာ လူ မျိုး တွေ ကို အုပ်စုဖွဲ့  ရိုက် နှက် ပြီး
သတ် ပြစ် ခြင်း နဲ့  ချောင်း မြောင်း လုပ် ကြံ ခြင်း တွေ ရှိ နေ ပြီ လို့ စင်္ကာပူ
Asia One သတင်း မှာ ဖော် ပြထား ပါတယ်။ အသက် အန္တရာယ် ခြိမ်း ခြောက် ခံ ရ မှု ကြောင့် ရဲစခန်း ကို သွားရောက် တိုင် ကြား တဲ့ မြန်မာ
တစ်ဦး ကို စခန်း က အထွက် မှာ အခြား လူ တစ်စု က သေနတ် နဲ့  ပစ်သတ် ရာ မှာ သေနတ် ကျဉ် ဆန် မထွက် လို့  အသက် ဘေး က လွတ် ခဲ့
တယ် လို့  သတင်း မှာ ဖော် ပြထား ပါတယ်။
အခြား လူ နှစ် ဦးက ဆလယမ်း မှာ အုပ်စု ဖွဲ့  ပြီး တုတ် ၊ ဓါး တွေ နဲ့  ရိုက်
နှက် ခံ ရ တာ ကြောင့် ဆေး ရုံ တင် ထား ရပါတယ်။
မြန်မာ အစိုးရ ပြန်ကြားရေး ဒုဝန်ကြီး နဲ့  သမ္မတ ရုံး ပြော ခွင့် ရ ပုဂ္ဂိုလ်
ဦး ရဲ ထွတ် က တော့ မလေးရှား မှာ မြန်မာ တွေ အရိုက် ခံရ တယ် ၊ အသတ်
ခံ ရတယ် ဆို တဲ့ သတင်း တွေ အင်တာနက် ပေါ် မှာ တွေ့  တာဟာ ကောလ
ဟာလ လို့  ဆို ပါတယ်။
ကွာလမ် လာ ပူ မှာ နေ တဲ့ ရန်ကုန် မြို့  က ကိုစိုးနိုင် က တော့ "စား ထိတ်ထိတ် သွား ထိတ်ထိတ် ပါ ဗျာ ၊ နှစ် ယောက် သေ ပြီး ကျန် တဲ့
လူ တစ်ချို့ လဲ ပျောက် နေတယ် ည နေ ဆို တာ နဲ့  အပြင် မထွက် ရဲ
တော့ ဘူး" ဟု FNG ကို ပြောသည်။
မြန်မာ နိုင်ငံ တွင် စီးပွားရေး ကျဆင်း မှု နှင့် အလုပ် အကိုင် အခွင့် အလမ်း
ဖန် တီး နိုင် မှု နည်း ခြင်း တို့  ကြောင့် မြန်မာ လူ မျိုး သိန်း နှင့် ချီ ၍ မလေး ရှား နိုင်ငံ တွင် အလုပ် လုပ် ကိုင် ကြသည်။........ဖေ့ဘွတ်စာမျက်နာမှကူးယူသည်

No comments:
Post a Comment